ondragstart="return false" onselectstart="return false"

Thursday, August 5, 2010

နအဖ က မောင်ချစ်သူကို ဗိုလ်နှူတ်ခမ်းမွှေးအား တက်တိုက်ခိုင်းတော့မည်

၅၊ ၈၊ ၂၀၁၀

နအဖ စစ်ခေါင်းဆောင်များက DKBA 999 ဗျူဟာမှူး မောင်ချစ်သူအား ခေါ်ယူတွေ့ ဆုံးပြီး နယ်ခြားစောင့် တပ်ကို လက်မခံသော DKBA 555 တပ်မဟာမှူး ဗိုလ်မှူး စောလားပွယ်ခေါ် နှူတ်ခမ်းမွှေးအား တက်တိုက်ခိုင်းတော့မည်ဖြစ်ကြောင်း ကွယ်ကလူသတင်းမှာ ဖေါ်ပြထားပါသည်။

ကရင်အချင်းချင်းကို ပေးသတ်တာဟာ မဟာဗမာဝါဒီ နအဖ စစ်ခေါင်းဆောင်တွေရဲ့ အထူးအလေးထား စနစ်တကျ ဆောင်ရွက်နေတဲ့ မဟာဗျူဟာ တစ်ခုဖြစ်တယ်ဆိုတာ DKBA မောင်ချစ်သူ KNLA တပ်မဟာ(၇) ကိုတက်တိုက်တုန်းက သဓက တွေ ရှိခဲ့ပြီးဖြစ်သည်။ ယခုတဖန် DKBA အချင်းချင်းကို ပြန်သတ်ခိုင်းပါတော့မည်။

မဟာဝါဒီ နအဖ တွေအတွက် ဘယ်သူသေသေ ကရင်တွေ သေရင် ပြီးတာပဲမဟုတ်ပါလား??????
တာတွေဟာ မဟာဗမာဝါဒီ နအဖ စစ်အုပ်စုရဲ့ အလိုချင်ဆုံးအရာပဲ မဟုတ်ပါလား..

၂၀၀၇ - ၂၀၀၈ အချိန်ကာလလေးကိုပဲ ပြန်ကြည့်လိုက်ကြပါအုံး.. ထိုအချိန်က နအဖ တပ်တွေက ဗိုလ်နှူတ်ခမ်းမွှေးကို KNLA တပ်ရင်း(၂၀၁) စခန်းကို သဲကြီးမဲကြီး တက်တိုက်ခိုင်းတာ ထိုအချိန်က ဗိုလ်နှူတ်ခမ်းမွှေးက နအဖ ခိုင်းသည့် အတိုင်းလုပ်ခဲ့ပါသည်။

ခိုင်းကောင်းတဲ့ နွားကို ခိုင်းပြီးရင် ခိုင်းမကောင်းတော့တဲ့နေ့  ပေါ်စား တော့မည် မဟုတ်ပါလား….

တပ်မဟာ(၇)တိုက်ပွဲ၊ ၂၀၁ တပ်ရင်းတိုက်ပွဲတွေမှာ ဒီကေဘီအေဖက် ဘယ်လောက် သေကြေ ပြတ်ကြတာ လူတိုင်းသိပါသည်။ KNLA ဖက်လည်း အသက်တွေ ဆုံးရှူံးခဲ့ရပါသည်။ ထိုကဲသို့ သေကြေ ပျက်ဆီးနေတဲ့ လူတွေဟာ ဘယ်သူတွေပါနည်း.. ကရင်တွေပဲ မဟုတ်ပါလား….

နောက်ဆုံးတော့ ဒိုင်ပဲ စားသွားပါသည်.. ဒိုင်ဘယ်သူလည်းလို့ မမေးပါနဲ့ .. ခွေးတွေ အကြောင်းပြောရတာ ရင်နာလွန်းပါတယ်။

နောက်ဆုံးအနေနဲ့ မှတ်ချက်ပေးလိုတာက ကျနော်တို့ ခေါင်းဆောင် မန်းဘဇန် ပြောသွားခဲ့တဲ့ စကားလေးတစ်ခွန်းပါ။ “တခြားလူမျိုးက ကျနော်တို့ ကရင်လူမျိုးကို ချစ်ပါတယ်လို့ ပြောပြောနေတာ ကျနော်တို့ ကရင်အချင်းချင်း မုန်းကြတာလောက်တောင် မရှိဘူး” ဆိုတာပါပဲ။

ကွယ်ကလူသတင်းဖတ်ရန်

SPDC force Chit thu to attack Na ka mway

Type the rest of your post here.

No comments:

Post a Comment