ondragstart="return false" onselectstart="return false"

Saturday, April 9, 2011

ကောင်းကင်နိုင်ငံတော် (သို့ မဟုတ်) နိဗာန် - သတိရတယ် ပါးပါး(ဖေဖေ)

နအဖ စစ်တပ်၏ သတ်ဖြတ်မှုကြောင့် တချိန်လုံး ထွက်ပြေးပုန်းအောင်းနေရတဲ့ IDP ခေါ် ဌာနေမဲ့ပြည်သူ နေထိုင်ရာဒေသတွင် ကျန်ရစ်သူ မိဘမဲ့ ကရင်ကလေးငယ်များ၊ မုဆိုးမ များကို ရည်စူးပြီး DJ Sammy ၏ Heaven 911 Remix သီချင်းလေးကို ဘွဲ့ သွေးနီမှ ခံစားတင်ဆက်ပေးထားပါသည်။ သီချင်းစာသား တစ်ချို့ ကို ကရင်ပြည်နယ်မှာ တကယ်ဖြစ်ပျက်နေတာနဲ့  အစားထိုးပြီး ပြောင်းလည်း ဘာသာပြန်ထားပါသည်။ ပြည်တွင်း စစ်ပြေး ကလေးငယ်လေးတွေရဲ့ဘ၀ ကို နားလည်ခံစားနိုင်ကြပါစေ။

Untitled from Thawthikho on Vimeo.

ကောင်းကင်နိုင်ငံတော် (သို့ မဟုတ်) နိဗာန် - သတိရတယ် ပါးပါး(ဖေဖေ)
ဘွဲ့ သွေးနီ - ဘာသာပြန် ဖြည့်စွက်တင်ဆက်သည်။

တနှစ်ကျော် ကြာခဲ့ပြီ
အရမ်းပဲသတိရတယ် ပါးပါး….
မိုးမိုးပြောတယ် ပါးပါးက လှုံခြုံစိတ်ချတဲ့နေရာမှာတဲ့….
အဲဒီနေရာကို ကောင်းကင်နိုင်ငံတော်လို့ ခေါ်တယ်တဲ့….

ဒီနေ့ လေ… ဖိုးမူတို့ သိပ်ကောင်းတဲ့ ညစာ စား ကြတယ်…
ငပိထောင်းနဲ့ မျှစ်စားလို့ မကောင်းပေမယ့်
ဖိုးမူ ဒီနေ့ အကုန်လုံးစားပစ်လိုက်တယ် သိလား…

ဒီနှစ်နွေရာသီမှာ ဖိုးမူ အထမ်းနဲ့ အပြေးလေ့ကျင့်နေတယ်
ဗမာစစ်သားလာရင် မိုးမိုး ကျောပိုးစရာမလိုပဲ ထွက်ပြေးတတ်အောင်လို့ …
မောလွန်းလို့  မျက်လုံးတောင်မဖွင့်နိုင်ဘူး အပြေးလေ့ကျင့်တဲ့အချိန်မှာပေါ….
ဖိုးမူ ကိုတွေ့ လား ပါးပါး…….



ဒီနှစ် ဖိုးမူ မူလတန်းကျောင်း စတက်ပြီ …..
ပုံတွေအများကြီးပဲ ဆွဲတယ် ကျောက်ပြားပေါ်မှာ…
ပါးပါး ဟာ ဖိုးမူရဲ့ အကြီးမြတ်ဆုံးအရာပါ..

အရင်တုန်းကဆို ဗမာစစ်သားလာရင် ဖိုးမူကို ကျောပိုးပြီးထွက်ပြေးခဲ့ကြရတယ်လေ..
အခုဆို ဖိုးမူ တစ်ယောက်တည်းပြေးတတ်ပြီ.. ပါးပါး
ဖိုးမူ ပြေးတတ်ပြီဆိုတာ တွေ့ လား….




ပါးပါးက ဖိုးမူဗိုက်ကို တစ်ခါတစ်ခါ ကလိထိုးဒါ အရမ်းသတိယတယ်…
ဗမာစစ်သားရွာကိုဝင်တော့ ဖိုးမူ ထွက်ပြေးရင်း သူတို့ ပစ်တဲ့ ကျည်ဆ ဗိုက်ကို မှန်နေတယ်…
ဒါပေမယ့် ဖိုးမူ မငိုဘူးသိလား.. ပါးပါး….
မိုးမိုးပြောတယ် ဘာမှမဖြစ်ဘူး မနာဘူး အိုကေတဲ့…
ဖိုးမူ ငိုတဲ့အခါဆိုရင် ပါးပါး မကြိုက်ဘူးဆိုဒါ ဖိုးမူသိတယ်…
ဖိုးမူ ၀မ်းနည်းတာ ပါးပါး မမြင်ချင်ဘူးဆိုတာသိတယ် …
ဖိုးမူ ကြိုးစားကြည့်ပါတယ်.. တာပေမယ့် ခံစားရတာ နာကျင်လွန်းပါတယ် ပါးပါရယ်…


မိုးမိုးပြောတယ် ပါးပါး အိမ်ပြန်မလာတော့ဘူးဆို.. အဲဒါဟုတ်လား…
တစ်နေ့ နေ့ တော ပြန်လာမှာပေါ့နော်….
ပါးပါးပြန်မလာနိုင်ရင်လည်း ကောင်းကင်နိုင်ငံမှာ ဖိုးမူ လာလည်မယ် သိလား. အိုကေ..?


အိပ်ချင်တန်ပြီ အိပ်တော့မယ်နော် ပါးပါး…
အရမ်းချစ်တယ်… အရမ်းသတိရတယ်.. ပါးပါ…..


Type the rest of your post here.

14 comments:

Anonymous said...

နားထောင်ရင်း ဓါတ်ပုံတွေကြည့်ရင်း မျက်ရည်ကျမတတ်ပါ။
ကျမတို့  ကလေးငယ်တွေဒီလို ဘ၀ရောက်ရဒါ ဗမာစစ်အစိုးရကြောင့်ပဲ ဆိုဒါ ကမ္ဘာကိုသိအောင် ပြောရမယ်။

နွေနောင်း

Anonymous said...

ဒါဟာ ဗမာအစိုးရကြောင့်ကြည့်ပဲမဟုတ်ပါဘူး။လက်နက်ကိုင်တော်လှန်ပုန်ကန်နေတဲ့ အဖွဲ့စည်းတွေကြောင့်လည်းပါပါတယ်။ဒီလက်နက်ကိုင်သောင်းကျန်းသူတွေ ရှိနေတာကြောင့် ဒီတိုင်းပြည် ဒီပြည်နယ်ဟာ အေးချမ်းမှုအရသာကို ပြည်သူတွေက ဝေးကွာပြီး ဒုက္ခတွေခံစားနေရတာပါ။ဒီဒုက္ခတွေ ကင်းဝေဖို့အတွက်ဆိုရင် လက်နက်ကိုင်သောင်းကျန်းသူတွေ ပပျောက်မှ တရားဝင်ဥပဒေအတွင်းရှိတဲ့အချိန်မှာ ဒီသောက ဒုက္ခတွေကနေ ထာဝရငြိမ်းချမ်းပပျောက်မယ်။

စတားလူ

Anonymous said...

ဟေး ချီးထုပ် စတားလူ..

သောင်းကျန်းသူဆိုဒါ ဗမာစစ်အစိုးရကွ.. ကရင်က သူပြည်နယ် သူနေဒါ.. မင်းတို့ ဗမာတွေက သာ နေရာတကာ လူစွာကျယ်လုပ်ခြင်ဒါ အဲဒါတော့မရဘူး.. ဘိုးဘွားဘီဘင်ကတည်းက ဘယ်ဗမာဘုရင်မှ မရောက်ခဲ့ဘူးတဲ့ ငါတို့ ပြည်နယ်ကို တော် ဘုရင့်နောင်မင်းရုပ်ထုတွေ လာတည်လို့ .. အဲဒါ လီး ဘုရင့်နောင်လား.. ရှေရှေဝေးဝေးမပြောတတ်ဘူးကွ..စောက်ခွေး မဟာဗမာတွေ လီးပဲ.. သတ္တိရှိရင် တစ်ယောက်ချင်းချမယ်.. ရှေးရှေးတုန်းက မင်းတို့ ဗမာဘုရင်ခေတ်လိုပေါကွာ.. ရဲကြားလား.. အခြောက်လိုလို ဘာလိုလို နက် လက်နက်အားကိုးပြီး ရွာသားတွေကို ပဲ ဖိ မချနဲ့ ပေါကွာ..

ဒေါနသွေး

Anonymous said...

ကျွန်တော်တို့နိုင်ငံဟာ The Union ဆိုတဲ့ပြည်ထောင်စုနိုင်ငံပါ။တစ်သီးတစ်ခြားစီနေတဲ့ နိုင်ငံမဟုတ်ပါဘူး။ဒါကြောင့် ဗမာပြည် ကရင်ပြည် ရှမ်းပြည်ဆိုပြီး သီးသန့်နေချင်လို့မရပါဘူး။ဒီတော့ နိုင်ငံတစ်ဝှမ်းလုံး ဘယ်တိုင်းရင်းသားလူမျိုးမဆို ကြိုက်တဲ့ဒေသနယ်မြေတွေမှာ နေထိုင်ခွင့်ရှိတယ်။ဒါဟာ The Union ရဲ့အနှစ်သာရပဲ။

ကရင်ပြည်နယ်ထဲမှာလည်း ဗမာတွေ ရှမ်းတွေ မွန်တွေ တိုင်းရင်းသားပေါင်းစုံ ချစ်ခင်စွာအတူနေထိုင်တာရှိမယ် ဗမာပြည်တွင်းမှာလည်း တိုင်းရင်းသားအစုံလင်အတူငြိမ်းချမ်းစွာနေထိုင်တာရှိမယ်။ဒီတော့ ပြည်ထောင်စုဆိုတဲ့ အ၀န်းဝိုင်းကြီးထဲမှာ အေးအတူပူအမျှနေထိုင်တဲ့စိတ်ဓာတ်ကို မထားပဲ အစွန်းရောက် သီးသန့်နေချင်တဲ့ပုံစံဖြစ်နေလို့မရပါဘူး။

မြန်မာပြည်အထူးသဖြင့် ကရင်ပြည်နယ်မှာဖြစ်နေတဲ့ပြသနာက အဲဒီလိုခင်ဗျားတို့ရဲ့အစွန်းရောက်တွေရှိနေတဲ့တွက် ဖြစ်နေတာပါ။

ခင်ဗျားတို့ စွဲလမ်းပြောနေတာတွေက မင်းတို့ ဗမာပြည်ကလူတွေက ဗမာပြည်မှာပဲနေ ငါတို့ကရင်မှာမနေနဲ့။ငါတို့ပဲသတ်သတ်နေမယ်ဆိုတဲ့ပုံစံဖြစ်နေတယ်။ဒါဟာ Union စိတ်ဓာတ်မဟုတ်ဘူး။ခွဲထွက်တဲ့နိုင်ငံတစ်ခုလိုအစွန်းရောက်နေတဲ့ စိတ်ဓာတ်မျိုးဖြစ်ပါတယ်။


ဒေါသတွေလျှော့ပြီး နှစ်လုံးစိတ်သွင်းပြီး အရာရာကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် မြင်တတ်အောင် ကြိုးစားပါ မောင်ဒေါန။

Be Gentleman!

စတားလူ

Anonymous said...

ဒီမှာစတားလူ..

ကလေးစကားလာမပြောနဲ့ .. မင်းတို့ က လူယုတ်မာတွေမို့ လို့ ငါ ခပ်လူပြိန်းမင်းတို့ လိုကောင်တွေက ခပ်ပြတ်ပြတ်ပြောဒါ။ ပြည်ထောင်စု ဆိုဒါ ငါတို့ နားလည်တယ်။ ဒါပေမယ့် ပြည်ထောင်စု စစ်မစစ်ဆိုဒါ မင်းတို့ ဗမာတွေရူးခြင်ယောင်ဆောင်မနေနဲ့ ဟေ့ကောင်.. ဘာမဟုတ်သေးတဲ့ စာပေလေးကို တောင် အမျိုးမျိုး ကတ်သတ်ချူပ်ချယ် ငါလို့ ကရင် က ကရင်စာ မတတ်ပဲ ခွေးစာတတ်လို့ မင်းတို့ ကိုလိုက်ဆဲနေဒါ ပဲ ငါအတွက်အမြတ်..

လူမျိုးတိုင်းမှာ သူ့ မွေးရာပါကိုယ်ပိုင်ပြဌာန်းခွင့်ရှိတယ်ကွ.. မင်းတို့ ဗမာ တွေက သာ ဆရာကြီးလိုလို လူစွာကျယ်နဲ့ နေရတကာ.. လီးပဲဟေ့ကောင်.. ငါစာမတတ်ဘူးမင်းထင်နေလား.. ENG.. လိုဆွေးနွေးချင်လည်းရတယ်.. လူပေါ်လူဇော်တွေ ကြည့်လို့ မရဒါ ငါ့ရဲ့ပင်ရင်းဗီဇပဲ..
မင်းတို့  ၂၀၀၈ ဥပေဒေ ညောင်နှစ်ပင် ဆွေးနွေးပွဲတုန်းက တိုင်းရင်းသားတွေ တင်ပြဒါ တွေ မင်းတို့ ဘယ်တစ်ခု လက်ခံလည်း.. ငါ ငတုံးမဟုတ်ဘူး.. မင်းတို့ မဟာဗမာ ၀ါဒ စစ်အာရှင် သက်ဆိုးရှည်ရေးအတွက်ရေးဆွဲထားတဲ့ ဥပဒေ အဲဒါ လီးပြည်ထောင်စုပဲ ပေါ်ပေါက်လာမယ်...

မင်းကို ငါဗမာဆဲနည်းနဲ့ပဲ စကားပြောနေတယ်.. ကရင်ဆဲနည်းတစ်ခုမှမပါဘူး.. သူတောင်ကောင်းလိုလို မင်းတို့ လိုလူယုတ်မာအမျိုးတွေ ငါအံတိုပြီကွ ဟေ့ကောင်.. အညာမှာ ဘောစကိုင်းရွက်စားပြီး တမာပင်အောက်မှာ ကြီးလာတဲ့ကောင် ဆိုဒါ မှတ်ထား..
ခုချိန်မှာ ငါ့သွေးရှိရာနေရာ ငါလိုက်ရှာနေဒါ။

မဟာဗမာ စောက်ခွေးတွေ အားလုံးလီးပဲ..

ဒေါနသွေး

မကြေနပ်ရှင် ဆက်ရှင်း ငါအားတဲ့အချိန်ဝင်လာအုံးမယ်

Anonymous said...

(ငါလို့ ကရင် က ကရင်စာ မတတ်ပဲ ခွေးစာတတ်လို့ မင်းတို့ ကိုလိုက်ဆဲနေဒါ)

ဒါကတော့ ခင်ဗျားတို့အသုံးမကျမှုမှာပဲ။ဘယ်တိုင်းရင်းသားမဆို ကိုယ့်ဘာသာကို သိတဲ့သူတွေကြည့်ပါပဲ။ကိုယ့်ပြည်နယ်မှာ ကိုယ့်ဘာသာကို လွတ်လပ်စွာသင်ခွင့်ရှိတယ်။ကိုယ့်ဘာသာ ငယ်ငယ်ကတည်းက သူတစ်ပါးတိုင်းပြည်ထွက် သူတစ်ပါးဘာသာစကားကိုသင်နေမှတော့ ကိုယ့်မိခင်ဘာသာစကားကို ဘယ်တတ်တော့မလဲ။မြန်မာစကားတတ်တာ မဆန်းပါဘူး။ဒါဟာ လူတိုင်းတတ်ထားရမယ့်ဘာသာစကားပါ။အကြောင်းက မြန်မာနိုင်ငံဆိုတဲ့ တိုင်းပြည်မှာနေရင် မြန်မာစကားသိရမှာပေါ့။တရုတ်မှာနေရင် တရုတ်စကားတတ်ရမယ် ဂျပန်မှာနေရင် ဂျပန်စကားတတ်ရမှာပဲလေ။

အခုချိန်မှာ ခင်ဗျားမိခင် ကရင်ဘာသာစကားကို ပြန်သင်လို့ရတာပဲလေ။ဘာတွေ ဖီးလ်ဖြစ်နေတာလဲ။သူများကို အပြစ်မတင်ပါနဲ့ ကိုယ်အသုံးမကျလို့သာမှတ်။

ခင်ဗျားကို ကျုပ်က စာမတတ်ဘူးလို့ တစ်ခါမပြောဘူး ငါစာမတတ်ဘူးထင်နေတာလားလို့ပြောနေတော့ ကျုပ်က ဘာပြောရမှာတုန်းဗျ။စာတတ်လို့ အွန်လိုင်းသုံးနေတာမဟုတ်လား။စာမတတ်ပဲ အွန်လိုင်း ဘယ်သူသုံးမှာလဲ။ကလေးအတွေး ကလေးစကားတွေမပြောပါနဲ့ဗျာ။

သိပ်လည်း ဆဲမနေပါနဲ့အုံး။ဒေါသရှေ့ထား မှားတတ်တယ်တဲ့ဗျ။
ဂရုစိုက် ဂရုစိုက်။တော်ကြာ ဒေါသတွေထွက်ပြီး နှလုံးရောဂါတွေရနေလိမ့်မယ်။

စေတနာဖြင့်
စတားလူ

Anonymous said...

နအဖ စစ်ဗိုလ်က ဒီမှာ လာအာနေဒါ.. ဘာလည်းတိုင်းရင်းသားတွေ သူ့ စာပေသူ လွတ်လပ်စွာသင်ကြားခွင့်ရတယ်တဲ့.. ဟားဟား.. ငါတို့ မွန်ပြည်နယ်မှာ မွန်စာပေကို မွန်စာကြည့်တိုက်မှာတောင် ထားခွင့်မပေးတဲ့ ဗမာအာဏာပိုင်တွေ လုပ်ရပ် မင်းမသိရင် လမ်းစရိတ်အကုန်ခံပြီး ငါသွားလေ့လာခိုင်းလိုက်မယ်.

မဟာဗမာတွေက တိုင်းရင်းသားတွေ စနစ်တကျဖျက်ဆီးထားဒါ။ တိုင်းရင်းသားတွေ ပညာမဲ့လေလေ သူ တို့ အကြိုက်ပေါ။ မင်းတို့ ဒီအတိုင်းဆက်သွားရင် ရှေးနှစ်တရာလည်း ဒီအတိုင်းပဲဆက်ဖြစ်အုံးမယ်။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် တော့ ဆက်တိုက်ကြရအုံးမှာပါ။

ဗညားနိုင်

Anonymous said...

နအဖ ခေတ်မဟုတ်တော့ပါဘူး။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ခေတ်ရောက်ပါပီ။တစ်နည်းအားဖြင့် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီကို ရောက်နေပါပြီ။ဒါကြောင့် နအဖ ဆိုတဲ့စကားလုံးကို သုံးနှုံးစရာမလိုတော့ပါ။

တိုင်းရင်းသားပေါင်းစုံနေထိုင်တာဖြစ်လို့ တိုင်းရင်းသားစာပေတွေကို မိမိတို့ပြည်နယ်ဒေသတွေမှာ သင်ကြားချင်တယ်ဆိုရင် အစိုးရအနေနဲ့ အထူးအားပေးမည်ဖြစ်ကြောင်း ပြောထားပါသည်။ထို့ကြောင့် တိုင်းရင်းသားစာပေတွေကို မပျက်စီးရအောင် ရှေးအစဉ်လာကတည်းက နိုင်ငံတော်က အထူးထိမ်းသိမ်းကာကွယ် အားပေးနေတယ်ဆိုတာ အထူးသတိပြုသင့်။တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု စာပေတွေကို အထူးထိန်းသိမ်းသောအားဖြင့် ဗမာပြည်တွင်းမှာကိုပဲ တိုင်းရင်းသားကျေးရွာလိုမျိုးတွေတည်ဆောက်ပေးထားတာဟာ ရိုးရာယဉ်ကျေးမှုစာပေတွေကို အထူးလေးစားကာကွယ်ထိန်းသိမ်းတယ်ဆိုတဲ့ ပြယုဂ်တစ်ခုဖြစ်တယ်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်တွေကိုယ်တိုင် ဒီစာပေယဉ်ကျေးမှုတွေကို အထူးမြှင့်တင်နေကြတယ်ဆိုတာလည်း သတိပြုသင့်။ဒါ့အပြင် တိုင်းရင်းသားစာပေယဉ်ကျေးမှု ၀န်ကြီးဌာနမှ ၀န်ကြီးတွေဟာလည်း မိမိတို့တိုင်းရင်းသားတွေပဲဖြစ်လို့ စာပေယဉ်ကျေးမှုကိုအထူးတန်ဖိုးထားလေးစား ကာကွယ်စောင့်ေ၇ှာက်တယ်ဆိုတာ မြန်မာပြည်တွင်းက တိုင့်းရင်းသားအားလုံး သိရှိနားလည်းပြီးဖြစ်လို့ အထူးဝမ်းမြောက်ဂုဏ်ယူနေတယ်။ပြည်ပက မောင်ဗညားနိုင် တို့လို အစွန်းရောက်တွေပဲ အခုလိုတစ်ဖက်စွန်းမဟုတ်မမှန်ကန်သော အမြင်တွေထင်မှားနေတာတွေဟာ တိုင်းပြည်နဲ့လူမျိုးအတွက် သိက္ခာကျစေပါတယ်။

စတားလူ

စတားလူ

Anonymous said...

ဗမာအများစုနဲ့  အခြေခံထားတဲ့ NLD တောင် မင်းတို့ ရွေးကောက်ပွဲကို လက်မခံဘူးဆိုရင် ကျန်တဲ့တိုင်းရင်းသားတွေ ဝေးပေါကွာ.. ဘယ်လိုပဲ မျက်နှာဖုံးတွေ ပြောင်းပြောင်း မင်းတို့ ရဲ့ ပင်ရင်း မဟာဝါဒက ၂၀၀၈ ဥပေဒေမှာ အသေအချာဆွဲထားပြီးသား.. ဒီတော့ ထွက်လာတဲ့ အစိုးရ ဘယ်ကောင်ပဲတက်အုပ်ချူပ်ချူပ်နေ မဟာလူမျိုးကြီးဝါကို အခြေခံတဲ့စနစ်အောက်မှာ တိုင်းရင်းသားတွေ လုံးပါးပါးနေအုံးမှာပဲ။ ဒီနေ့ ငါဆဲချင်စိတ်မရှိဘူးကွ.. ဒါပေမယ့် ကလေးကို လာမုန့် ကျွေးပြီး ချောသလိုမျိုးအပြောနဲ့ ပြောနေရင် ခွေးတွေနားလည်တဲ့ စကားပဲ ငါပြန်ပြောမယ်...

ဒေါနသွေး

Anonymous said...

ကျွန်မ ဗမာတစ်ယောက်ပါ။ ကိုဒေါနသွေးကို တစ်ခုတော့ ပြောချင်ပါတယ်။ အစ်ကို ဆဲနိုင်ပါတယ်။ ဒါပေမယ့် ကျေးဇူးပြုပြီး နအဖအာဏာရှင်လို့ နာမည်တပ်ပြီး ဆဲပါလားရှင်။ အဲဒီလို လူမဟုတ်တဲ့ဟာတွေကို ဗမာအဖြစ် နာမည်တပ်ခံနေရတာ ကျွန်မ အရမ်းဝမ်းနည်းရပါတယ်။ ကျွန်မတို့ ဗမာလည်း အစ်ကိုတို့ တိုင်းရင်းသားတွေလောက် အဖိနှိပ်မခံရပေမယ့် တန်းတူအခွင့်အရေးတော့ ရနေတာမဟုတ်ပါဘူး။ ဗမာတွေအကုန် နအဖနဲ့အတူ ကောင်းကျိုးခံစားနေရတာ မဟုတ်ပါဘူး။ တခြားတိုင်းရင်းသားတွေနည်းတူ အခြေအနေတိုင်းမှာ တားမြစ်ပိတ်ပင်ခံနေရတာပါပဲ။ ဗမာနဲ့ တိုင်းရင်းသားကြားက ပြဿနာဆိုတာထက် အခုဖြစ်နေတာက အာဏာရှင်နဲ့ ဖိနှိပ်ခံပြည်သူ ပြဿနာလို့ ထင်ပါတယ်။။ ကျွန်မတို့အားလုံး အာဏာရှင်ကဘယ်သူ၊ ဖိနှိပ်ခံက ဘယ်သူဆိုတာ ခွဲခြားပြီးမြင်ရင် ကျွန်မသွားမယ့်နေရာက ဝေးမှာမဟုတ်ပါဘူး။ စတားလူ ဆိုတဲ့လူ ဦးနှောက်မရှိတာ သူပြောတဲ့စကားတွေကြည့်ရုံနဲ့ အရမ်းသိသာပါတယ်။ သူပြောသမျှ ရိုင်းရိုင်းပြောရရင် သောက်တလွဲတွေချည်းပါပဲ။ ကျွန်မ ကိုဒေါနသွေးပြောတာတွေကို အပြည့်အ၀ထောက်ခံပါတယ်။ တစ်ခုပါပဲ ဗမာဟာလည်း တိုင်းရင်းသားပါ။ အာဏာရှင်ဘက်တော်သား မဟုတ်ပါဘူး။ ကျွန်မပြောခဲ့တဲ့အထဲ အမှားပါရင် ကိုဒေါနသွေးအနေနဲ့ ခွင့်လွှတ်စေချင်ပါတယ်။

Thit Car Myay said...
This comment has been removed by the author.
nayzawmaung said...

ဗမာလူမျိုးတွေ ကောင်းမကောင်းဆိုတာကိုတော့ မသိဘူး ကျနော်တို့ရခိုင်ပြည်မှာ ရခိုင်ဘုရင်တွေ ဓည၀တီခေတ်၊ဝေသာလီခေတ်၊လေးမြို့ခေတ်၊မြောက်ဦးခေတ် စတဲ့ခေတ်အဆက်ဆက် တည်ထားကိုးကွယ်ခဲ့ကြတဲ့ ဗုဒသာသနိက အဆောက်အအုံတွေ စေတီပုထိုးတွေကို မီရထားသံလမ်းဖောက်တာကို အကြောင်းပြပြီး အကုန်လုံးဖျက်ဆီးပျက်လိုက်တယ် ဒါတွေကို ဘယ်လိုပြန်လျှော်ပေးမှာလဲ ဘာနဲ့အစားထိုးပေးမှာလဲ လူမျိုးတစ်မျိုး ရဲ့ရှေးဟောင်းယဉ်ကျေးမူအမွှေအနှစ်တွေ ဆိုတာဟာ အစားထိုးလို့ရကောင်းတဲ့ အရာတွေလားဗျာ...နာကျဉ်းမုန်းတီးမိတာအမှန်ပါဘဲ...။

hainzar said...

ဒေါနသွေး ရဲ့ဟိတ်ကောင်ကိုပြောပြမယ် စစ်တပ်ထဲထဲမှာဆိုတာလည်း
ဗမာကြီးဘဲမဟုတ်ပါဘူး တိုင်းရင်းသားပေါင်းစုံ ပါဘာတယ် ဒီတော့ ဒေါနသွေး မင်းဗဟုသုတအရမ်းနည်းတယ်ကောင်းလေ စာတွေများများ လိုက်ဖက်ပေးပါ ကလေးဆန်တဲ့ မင်းရဲ့စိတ်လေးကို ရင့်ကြတ်လာအောင်လုပါ စမ်းပါကွာ။

burmaaffairs said...

စစ်အာနာရှင်ရဲ့ ဖိနှိပ်မှုအောက်မှာ တိုင်းရင်းသားတွေဘဲ ခံနေရတာမဟုတ်ပါဘူး၊ အားလုံးဖိနှိပ်ခံနေရတာပါ၊ ဦးနေ၀င်းအာနာရှိစဉ်က ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ (၅) ရက်ဦးသန့်အရေးအခင်းပေါ်ပေါက်ခဲ့ဘူးတယ်၊ အဲဒီအရေးအခင်းမှာ ကျောင်းသားတွေကိုပစ်သတ်ဘို့၂၂ တို့ ၄၄ တို့ ခေါ်ပစ်ခိုင်းတာဘဲ အဆင်မပြေလို့ နောက်ဆုံး ပဲနွယ်ကုန်းမှာ ရှိတဲ့ ချင်းသေနပ်ကိုင်တပ်ရင်းကို ခေါ်ပစ်ခိုင်တယ်၊ ထောင်ပေါင်းများစွာသော ကျောင်းသားတွေကျဆုံးခဲ့ရပါတယ်၊ ဒါပေမဲ ဒီကိစ္စမှာ ချင်းကို ဗမာကအပြစ်မတင်ဘူး၊ ဒါဟာအာနာရှင် လုပ်ရပ်ဖြစ်တယ်ဆိုပြီးဦးနေ၀င်းကိုဘဲ ခွဲခြားမြင်တယ်။ ၈ လေးလုံးမှာ သိန်းနဲချီပြီး အာနာရှင်က ပြည်သူတွေကို သတ်ခဲ့ကြတယ်။ ဗမာအများစု အစုလိုက်သေခဲ့ကြရတယ်၊ နောက်ကြောင်းပြန်ပြေနေတာမဟုတ်ပါဘူး၊ စစ်အုပ်စုရဲအောက်မှာ ဗမာလည်း အသက်တွေသွေးတွေရင်းခဲ့ရတယ်၊ အရိုးစုတွေတောင်လိုပုံခဲ့ရတယ်ဆိုတာ အမှတ်ရစေချင်တာပါ၊ တကယ့်တရားခံကတော့ စစ်အုပ်စုပါဘဲ၊ တရားရုံးမှ ပြစ်မှုထင်ရှားတယ်ဆိုပြီး စီရင်ချက်ချမှတ်ခံလိုက်ရတာကတော့ စစ်အုပ်စုမဟုတ်ဘူး၊ ကျနော်တို့ ဗမာတွေပါ။ အခုသမတကြီး မွန်စပ်ပါတယ်၊ ဗမာတွေအားလုံးက ချစ်ကြပါတယ် လေးစားကြပါတယ်၊ ဗမာမစစ်လို့ဆိုပြီး ကလန်တာမရှိပါဘူး၊ စစ်အာနာရှင်လက်ပါစေကလွဲလို့ပေါ့၊ ဒုသမတ ကြီး ချင်းလူမျိုး ဘာသာလည်းမတူဘူး၊ ဗမာအားလုံးကလေးစားကြတယ်၊ ချစ်ခင်ကြတယ်၊ ၇၄ အရေးအခင်းမှာ ကျောင်းသားတွေသတ်ခဲ့သူ ဒင်းတို့ဆိုပြီး မကလန်ပါဘူး၊ အမှန်ကိုမြင်နိုင်ကြပါစေ၊ လှပတဲ့ အနာဂါတ်ကို ကျနော်တို့ မြန်မာနိုင်ငံတွင်းမှာနေကြတဲ့ ပြည်သူတွေအားလုံး ဖန်တီးနိုင်ကြပါစေ။။။။

Post a Comment