ondragstart="return false" onselectstart="return false"

Tuesday, April 12, 2011

တိုက်ပွဲများ ရပ်စဲချင်သည့် ကရင်ပါတီ

နယူးဒေလီ (မဇ္ဈိမ)။ ။ ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကရင် လက်နက်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား အပစ်အခတ် ရပ်စဲစေလိုကြောင်း ကရင်ပြည်သူ့ပါတီက ပြောသည်။

“ဒေသမှာ လိုအပ်နေတဲ့ လမ်းတွေ၊ ကျောင်းတွေ ဆောက်တယ်။ တောကလူတွေနဲ့ တိုက်ပွဲဖြစ်၊ မီးရှို့၊ ဒါတွေဖြစ်နေရင် ဘယ်လိုတိုးတက်မလဲ။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးမှုက ဆက်နွယ်နေတာဆိုတော့ တယောက်နဲ့တယောက် အပြန်အလှန် နားလည်မှုရှိအောင် လုပ်ရမယ်” ဟု ကရင်ပြည်သူ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစောစေးဝါးက မဇ္ဈိမကို ပြောသည်။

ပြည်နယ် အစိုးရ အနေဖြင့် အပစ်ရပ်ရေးကို ဦးစားပေး လုပ်ငန်းအဖြစ် လုပ်ကိုင်စေလိုသော်လည်း ချက်ချင်း လက်ငင်း ဆောင်ရွက်နိုင်လိမ့်မည် မဟုတ်ဟုလည်း သူက ဆိုသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်အတွက် တိုက်ပွဲဝင်သည့် ကရင်အမျိုးသားအစည်းအရုံး KNU၊ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် DKBA နှင့် နေပြည်တော် တပ်များအကြား ပြည်နယ်အတွင်း မကြာခဏ ဆိုသလို တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။

ကရင်ပြည်နယ်အစိုးရ ဝန်ကြီးဌာန ၉ နေရာတွင် ကရင်ပြည်သူ့ပါတီမှ တဦး၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ ၂ ဦး၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ တဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ တဦး အသီးသီး ပါဝင်သည်။ ကျန်နေရာများမှာ စစ်တပ်ကိုယ်စားလှယ်နှင့် ကြံ့ခိုင်ရေးပါတီမှ ဖြစ်ကြသည်။

ကရင်ပြည်သူ့ပါတီမှ သံတောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဦးစောခရစ္စတိုဖာက လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီး ဖြစ်သည်။

ဝန်ကြီးချုပ်မှာမူ အခြားပြည်နယ်များနှင့်မတူ တမူထူးခြားစွာပင် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဇော်မင်း (ဥက္ကဋ္ဌဟောင်း၊ ကရင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) ဖြစ်သည်။

“ဝန်ကြီးချုပ်နေရာမှာ ကိုယ့်ပါတီက မရတောင် တခြားပါတီက ကိုယ့်အမျိုးသား တယောက်ယောက်ရရင် ပိုအားရှိတာပေါ့။ အဲလိုမဖြစ်လာတာ ကျနော်တို့တွေ ညံ့လို့ပါ” ဟု ဦးစောစေးဝါးက ပြောသည်။

ကရင်အမျိုးသားလက္ခဏာ တရပ်ဖြစ်သည့် ကရင်စာပေ သင်ကြားနိုင်ရေးမှ စတင်ကာ ပြုပြင်ပြောင်းလဲရေးကို တဆင့်ချင်း လုပ်ဆောင်နိုင်လိမ့်မည်ဟုလည်း ကရင်ပြည်သူ့ပါတီက မျှော်လင့်ထားသည်။

ပြည်နယ်လွှတ်တော်၌ အမတ်နေရာ ၂၃ နေရာအနက် တပ်မတော်သားကိုယ်စားလှယ် ၆ ဦးနှင့် ရွေးကောက်ခံ အမတ် ၁၇ ဦး ဖြစ်သည်။ ထိုအထဲတွင် ကရင်အမျိုးသားများ၊ စစ်မှုထမ်းဟောင်းများဖြင့် ဖွဲ့စည်းထားသည့် ကရင်ပြည်သူ့ပါတီမှ ၂ ဦး ပါဝင်သည်။

ဝန်ကြီးများ စာရင်း
၁။ ဗိုလ်မှူးကြီးအောင်လွင် (တပ်မတော်သား ကိုယ်စားလှယ်) လုံခြုံရေးနှင့် နယ်စပ်ရေးရာ
၂။ ဦးသံဒိုင် (ကြံ့ဖွံ့) စက်မှုနှင့်ဆက်သွယ်ရေး
၃။ ဦးစောဆာလောလ (ကြံ့ဖွံ့) သတ္တု
၎။ ဦးစောဝင်းထိန် (ကြံ့ဖွံ့) စိုက်ပျိုးရေးနှင့်မွေးမြူရေး
၅။ ဦးစောခရစ္စတိုဖာ (ကရင်ပြည်သူ့) လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး
၆။ ဦးမင်းစိုးသိန်း(ခ)နိုင်မင်းစိုးသိန်း (မွန်ဒေသလုံး) စွမ်းအင်
၇။ ဦးချစ်လှိုင် (ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး) စီးပွားရေး
၈။ ဦးစောကြည်လင်း (ဖလုံ-စဝေါ်) သစ်တော
၉။ ဦးစောခင်မောင်မြင့် (ဖလုံ-စဝေါ်) ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး
http://www.mizzimaburmese.com/news/inside-burma/7383-2011-04-11-13-06-50.html

4 comments:

Anonymous said...

စောစေးစေးဝါးရေ...

ဆင်လီးခွေးမျှော်မနေနဲ့ .. ၀န်ကြီးချူပ်နေရာ ခွေးတွေက သူ့ နေရသူပြင်ထားပြီးသား.. ကရင်ပြည်နယ်မှာ ခွေးမျိုးတွေက ၀န်ကြီးတက်ဖြစ်ဒါ ငါ့အတွက် အဆန်းမဟုတ်ဘူး ၂၀၀၈ ဥပဒေကတည်းက စောက်ခွေးတွေ ပြင်ထားဒါ အဲဒါ မင်းတို့ စောက်သုံးမကျတဲ့ကောင်တွေက ၀င်ပြိုင်ဒါ အခုတော့ဘာဖြစ်လဲ..တွေ့ တယ်မှုတ်လား မင်းတို့ ညံ့ဒါမဟုတ်ဘူး.. ခွေးမျိုးတွေက စနစ်တကျ ယုတ်မာထားဒါ..

စောက်ခွေးမဟာဗမာမျိုးတွေအားလုံးလီးပဲ

ဒေါနသွေး

Anonymous said...

အခြားသော တိုင်းရင်းသားပြည်နယ်အားလုံးဟာ သူတို့ပြည်နယ်သား လူမျိုးတွေပဲ ၀န်ကြီးချုပ်ဖြစ်တာပါ။ ကရင်ပြည်နယ်မှာ ဘာကြောင့်မဖြစ်တာလည်းဆိုတာ ရှင်းပါတယ်။နိုင်ငံေ၇းကို နိုင်ငံေ၇းနည်းနဲ့ဝင်ရောက် မယှဉ်ပြိုင်ပဲ လက်နက်ကိုင် အကြမ်းဖက်တဲ့အတွက် ၀င်ပြိုင်တဲ့သူ အားနည်းလို့ အခုလို ဖြစ်သွားတာ မဆန်းပါဘူး။ဘာပဲဖြစ်ဖြစ် အခုဝင်ပြိုင်တဲ့ ကရင်ပြည်သူ့ပါတီတွေဟာ KNU လို လူတွေထက် တရားဥပဒေဘောင်ထဲကနေ အများကြီးလုပ်ပိုင်ခွင့်ရှိနေတာတော့ အမှန်ပါပဲ။

ကရင်ပြည်သူ့ပါတီအနေနဲ့ စေတနာနဲ့ငြိမ်းချမ်းမှုကို လိုလားပေမယ့် တောင်းဆိုနေပေမယ့် နေ့စဉ်မပျက် KNU နဲ့ ဗိုလ်နုတ်ခမ်းမွှေး အဖွဲ့ကတော့ တပ်မတော်ကို ပုန်ကန်တိုက်ခိုက်နေတာတွေကို တွေ့ရတော့ ငြိမ်းချမ်းမှုဆိုတာ ဘယ်လိုရမှာလဲဗျာ။ဒီတော့ ငြိမ်းချမ်းမှုကိုရဖို့ဆိုတာ ကရင်ပြည်နယ်ဖွံ့ဖြိုးဖို့ကြိုးစားလုပ်ဖို့ဆိုတာ ဒုက္ခသည်တွေ မိမိနေရပ်ကို ပြန်ပြီးနေထိုင်ဖို့ဆိုတာ KNU နဲ့ နုတ်ခမ်းမွှေးတို့အဖွဲ့တွေအားလုံး တရားဥပဒေဘောင်အတွင်းမှာ ရှိနေဖို့အတွက် အရင်ဆုံး နားချသင့်တာ အမှန်ပါပဲ။

စတားလူ

Anonymous said...

ဟားဟား စစ်ဗိုလ်က သူ့ ဘထွေးလေသံအတိုင်းပါပဲ.. အဲဒီ ဗမာဇော်မင်းက ကရင်ပြည်နယ်မှာ အရင်က စစ်ဗိုလ်ချူပ်.. ခင်ဗျားတို့ ခွေးတွေ အရေခွံ့ လဲနေဒါ..ချီပြီးတုတ်ပြီး လုပ်ထားတဲ့ကိစ္စ.. ခင်ဗျားလေသံက KNU ကို အပစ်တင် မီးမောင်းထိုးပြဟုတ်လား.. ရိုးနေပါပြီ ခင်ဗျားတို့ ကြေးမုံတို့ မြန်မာ့အလင်းတို့ ကေအဲန်ယူကောင်းတဲ့အကြောင်းတွေ အမြဲတမ်းပြောနေတဲ့ကောင် တွေ ကရင်လူမျိုးအတွက်အဆန်းတော့မဟုတ်ဘူး..

ဒီမှာကိုယ့်လူ ငါတစ်ခုပြောမယ်ကွာ.. မင်းတို့ ပြောပြောနေတဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့် ပြီး ရွေးကောက်ပွဲဝင်မယ့် ကချင် ခေါင်းဆောင် ဒေါက်တာတူးဂျာ လို ကချင်အဖွဲ့ တွေကို ရွေးကောက်ပွဲ ၀င်ပြိုင်ခွင့်မပေးဒါလည်း.. ဘာသဘောလည်း..??? မင်းတို့ မပိုင်လို့ နိုင်ချေမရှိလို့  အဲဒီကချင်ခေါင်းဆောင်ကို ကြိုပြီး ဂျောင်ထိုးထားဒါပဲ..

အေးငါပြောဒါ မင်းတို့ ဗမာ တွေ စောက်ကျင့်မကောင်းဒါ အဲဒါငါပြောဒါ.. ယုတ်မာတယ်ဆိုဒါ အဲဒါကိုပြောဒါ။ စောက်ခွေးတွေ စောက်ကျင့်ကဒီလိုပဲလား.. ငါ့ကို အဲဒီကိစ္စ ဖြေပါအုံး.. သန်းရွေဒူးမနာသား စတာလူးရေ..

ဒေါနသွေး

Anonymous said...

well...i have a point of view.that said"Do not wear a sun glass when you work on dark,and do not turn on torch when you walk on sunshin" a strong power glass can make you
blind...

eyes ball

Post a Comment