ondragstart="return false" onselectstart="return false"

Saturday, April 23, 2011

သိသာထင်ရှားတဲ့ အပြောင်းအလဲ

ယခင် (နအဖ) စစ်အစိုးရ


မြန်မာ့အလင်းသတင်းစာ (၂၀၁၁ ခုနှစ်၊ ဧပြီလ ၁၀ ရက်)

ယခု သမ္မတဦးသိန်းစိန်အစိုးရ


မြန်မာ့အလင်းသတင်းစာ (၂၀၁၁ ခုနှစ်၊ ဧပြီလ ၁၁ ရက်)

အထက်မှာဖေါ်ပြထားတဲ့ သတင်းစာဖြတ်ပိုင်း ၂ ခု နှိုင်းယှဉ်ကြည့်ပါ။ ထင်ရှားတဲ့အပြောင်းအလဲကို သင်မုချတွေ့ပါလိမ့်မယ်။

နိုင်ငံရေး ဦးတည်ချက်

“အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး” – ကနေ- ” အမျိုးသားစည်းလုံးညီညွတ်မှု ခိုင်မာရေး” သို့ ပြောင်းသွားတယ်။

အမျိုးသားပြန်လည်စည်းလုံးညီညွတ်သွားပြီ။ ဒါကြောင့် ညီညွတ်သွားတဲ့ အမျိုးသားစည်းလုံးညီညွတ်မှုကို ခိုင်မာအောင်လုပ်ရမယ် ဆိုတဲ့သဘော။ ဒါပေမယ့် ဒါတွေဟာ “ကြွားလုံးတွေ”သာ ဖြစ်တယ်ဆိုတာကို အောက်ပါဖြစ်ရပ်တွေက သက်သေခံနေတယ်။

- ကရင်ပြည်နယ်မြဝတီဘက်မှာသေနတ်သံတွေ ကြားနေရတယ်။

- ရှမ်းပြည်နယ်ထဲမှာ ဧပြီလ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ တိုက်ပွဲတွေ ဖြစ်နေတယ်။

- ကချင်ပြည်နယ်ထဲမှာလည်း အပြန်အလှန်ဖမ်းဆီးမှုတွေဖြစ်နေတယ်။

စီးပွားရေး ဦးတည်ချက်

ဈေးကွက်စီးပွားရေးစနစ်ကတော့ (နဝတ-နအဖ) စစ်အစိုးရ ၂၃ နှစ်တာကာလအတွင်း မပီပြင်ခဲ့ဘူးဆိုတာကို ဝန်ခံထားတယ်။ မပီပြင်သေးဘူး ပီပြင်အောင် ဆက်လုပ်ရဦးမယ်။ “ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွားဖြစ်ပေါ်လာရေး” ဘဲ ဒါတော့ မပြောင်းဘူး။ (နဝတ-နအဖ) စစ်အစိုးရရဲ့ စီးပွားရေးပေါ်လစီကို “ကြော်ညာနဲ့ဈေးဝယ်” မဂ္ဂဇင်းထဲက ဆောင်းပါးရှင် “ကျော်ဆန်းမင်း” ဆိုသူက “command market economy” လို့ ဝိဂြိုလ် ပြုပါတယ်။

လူမှုရေး ဦးတည်ချက်

ဈေးကွက်စီးပွားရေးက မပီပြင်ခဲ့လေတော့ လူမှုရေးဦးတည်ချက်တွေကလည်း ဘယ်ပီပြင်လိမ့်ဦးမလဲ။ ဒီတော့ နေမြဲအတိုင်းပေါ့။ ဒါပေမယ့် အမျိုးသားစည်းလုံးညီညွတ်မှုရခဲ့ပြီ ခိုင်မာအောင်လုပ်ရတော့မယ်ဆိုတာနဲ့ ကိုက်ညီအောင် “စစ်မှန်သည့်ပြည်ထောင်စု စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး” လို့ဆိုထားတယ်။ ဒါဆိုရင် (နဝတ- နအဖ) စစ်အစိုးရ ၂၃ နှစ်အောက်မှာ ပြည်ထောင်စုစိတ်ဓါတ် မစစ်မှန်ခဲ့ဘူးပေါ့။ ဒီခေတ်မှာ စစ်တယ်မှန်တယ်ဆိုတာ အာဂျီနိုမိုတိုဟင်းချိုမှုန့်ပဲရှိမယ်။

ချုပ်လိုက်တော့ အမျိုးသားပြန်လည်လုံးညီညွတ်ရေးဆိုတာ လုပ်စရာမလိုတော့ဘူးဆိုတဲ့ သဘောပဲ။ ဒီတော့ (ပြည်တွင်း/ပြည်ပက) အမျိုးသားပြန်လည်သင့်မြတ်ရေး တောင်းဆိုနေတာကို လျစ်လျူရှုတဲ့သဘော ဖြစ်နေတယ်။

ဘာဘဲဖြစ်ဖြစ် သမ္မတဦးသိန်းစိန်အစိုးရ (သစ်) အနေနဲ့ တတိုင်းတပြည်လုံးနဲ့ဆိုင်တဲ့ နိုင်ငံရေးဦးတည်ချက်/စီးပွားရေး ဦးတည်ချက်/ လူမှုရေးဦးတည်ချက်တွေကို ခိုးကြောင်ခိုးဝှက် ပြောင်းလဲလိုက်တာမျိုး မလုပ်သင့်ပါဘူး။ တိုင်းပြည်နဲ့ လူထုကို အသိပေးရမှာပေါ့။ လွှတ်တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းပြင်ဆင်သင့်တာပေါ့။ အခုတော့လွှတ်တော်ကိုရော လွှတ်တော် ကိုယ်စားလှယ်တွေကိုရော ဂရုမစိုက်တဲ့အချိုး ချိုးလိုက်တာပဲ။

တူမောင်ညို
၂၀၁၁ ဧပြီလ (၁၉) ရက်
http://www.yoma3.org/?p=2021

No comments:

Post a Comment