ondragstart="return false" onselectstart="return false"

Sunday, April 17, 2011

အခွင့်အလမ်းတစ်ရပ်လား

အီးမေးဖြင့်ပေးပို့ လာသော မန်းကိုကိုအား အထူးကျေးဇူးတင်ပါသည်။
xxxxxxxxx

NLD အပါအဝင် ဒီမိုကရေစီလိုလားသူတွေအနေနဲ့ လက်လွတ်ခဲ့တဲ့ အခွင့်အရေးကြီးငယ်တွေ
ဟာမနည်းတော့ဘူးလို့ပြောရင် မှားမလား ။ အခွင့်အရေးတွေဟာ ပုံစံအမျိုးမျိုး ၊ အခြေအနေအ မျိုးမျိုးနဲ့အချိန်အတိုင်းအတာ အမျိုးမျိုးမှာတွေ့လာရောက်လာတတ်တာ အားလုံးသိကြမှာပါ ။ တကယ့်အခွင့်အရေး ၊ အယောင်ပြနဲ့ မသဲမကွဲအခွင့်အရေးတွေ အမျိုးမျိုးရှိနိုင်ရာမှာ မြင်တာတစ်
ခုကိုပြောကြည့်မယ် ။

အဲဒါကတော့ ခုတလောသတင်းသဲ့သဲ့ထွက်လာတဲ့ မှော်ဘီဖက်ကစစ်တပ်အရေးအခင်းပါ ။
သူတို့ရဲ့တောင်းဆိုချက်တွေကိုကြည့်တော့ (အမှန်သာဖြစ်မယ်ဆိုရင်) မြန်မာတစ်ပြည်လုံးအ
တွက်ကောင်းတဲ့ဦးတည်ချက်တွေ ပါတယ်လို့မြင်မိပါတယ် ။

ခုထိဘီဘီစီနဲ့ သောသီခိုဘလော့တွေရဲ့ နေပြည်တော်အတွင်းရေးဆိုတဲ့ စာတွေလောက်မှာပဲ
အဓိကတွေ့ရလို့ ကျယ်ပြန့်တဲ့ မီဒီယာနဲ့ လူထုသတိထားထောက်ခံမှုတွေ မရသေးဘူးလို့ ယူဆလို့
ရပါတယ် ။

ခုဖြစ်နေတာလူတိုင်းအတွက်မဟုတ်ဘူးလား ။
ဒီမိုကရေစီလိုချင်ပါတယ်ဆိုတဲ့သူတွေ ဘာလို့ဆွံ့အနေကြတာလဲ ။
ဒီမိုကရေစီလုပ်ငန်းစဉ်တွေမှာစစ်တပ်မပါရဖူးလား ။
အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာကိုယုံကြည်လက်ခံကြသလား ။
အန်အယ်ဒီကကောဘာလို့အနည်းဆုံး နှုတ်အားဖြင့်မထောက်ခံသေးတာလဲ ။

ပထမဆုံးသဘောထားတာကိုပြောရရင် ဒီအဖြစ်မှာပါနေကြတဲ့ တပ်သားနဲ့ အရာရှိတွေဟာ
အသက်ကိုဖက်နဲ့ထုပ်ထားရတဲ့လုပ်ရပ်ကိုလုပ်နေကြတယ်လို့ နားလည်ပါတယ် ။ ဒါပေမယ့် ဒီ
လှုပ်ရှားမှုကိုအရေးထားဖို့ ထောက်ခံဖို့နဲ့ပတ်သက်လို့ တိုက်ကြခိုက်ကြ သေကြေကြစေဖို့ မရည်
ရွယ်ပါဘူး ။ စားဝတ်နေရေးနဲ့ အထွေထွေကြပ်တည်းခံစားနေရတာတွေကိုအခြား မြန်မာပြည်
သူပြည်သားအားလုံးနဲ့ မတိမ်းမယိမ်းခံစားနေကြရတဲ့ ပြည်သူရဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်တဲ့ လက်
နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ ကြိုးပမ်းရုန်းကန်မှုကိုအသိအမှတ်ပြုသင့်တယ် ယူဆမိလို့ပါ ။ အခွင့်အ
ရေးတစ်ခုကိုအလဟဿ မဖြစ်စေချင်ဖူး ။

ဒီနေရာမှာစစ်သားဆိုတာကိုနည်းနည်းထည့်ပြောချင်တယ် ။
စစ်သားကိုစစ်သားလို့မြင်ရင် အရပ်သား ၊ ကျောင်းသား ၊ ဘုရားသားတွေဆိုပြီးအမျိုးမျိုးခွဲခြား
မြင်မိကြမယ်လို့ထင်တယ် ။ စစ်တပ်ဆိုတာအထင်ကြီးအောင်အင်္ဂလိပ်လိုပြောရင်တော့ institutionတစ်ခုပဲ ၊ ဗမာလိုရှင်းရှင်းပြန်လိုက်တော့ ဘာမှမဟုတ်ပါဘူး ၊ အဖွဲ့အစည်းတစ်ခုပဲ ။
အဖွဲ့အစည်းတစ်ခုဆိုရင် ကျနော်မြင်တာကတော့ လူအချို့ကနေသူတို့ရဲ့ဘဝမှာခဏတာအတူခို
အောင်းကြတဲ့အစုလေးတစ်စုသာပါ ။

ဆိုလိုတာကခင်ဗျားကို ပြည်သူလူထုဒါမှမဟုတ် အရပ်သားလို့ပြောရင် တစ်သက်လုံးစာမှန်
နေမှာပဲ ။ ဘာလို့လည်းဆိုတော့ ခင်ဗျား ၁၀ နှစ်သားနဲ့ စစ်ထဲဝင်လို့မရသလိုအသက်ပြည့်ရင်
လည်းသံယောဇဉ်ကလွဲရင် စစ်သားဆိုတဲ့ဂုဏ်ပုပ်ကိုဆက်စွဲကိုင်ထားလို့ မရတော့ဘူးလေ ။ စစ်သားဘဝမှာလည်း ၂၄ နာရီစစ်ဝတ်စုံဝတ်မထားနိုင်သလိုမိန်းမကလေးနဲ့ မိဘဆွေမျိုးတွေကို
လည်းစစ်သားစစ်သမီးတွေ လုပ်ထားလို့မရပါဘူး ။ ဝန်ထမ်းတွေလည်းထို့နည်းလည်းကောင်းပါပဲ။

ဒီတော့ ပြည်သူ (အရပ်သား) ထဲကပဲအဖွဲ့အစည်းအားလုံးနဲ့ လုပ်ဆောင်ချက်အဆိုးအ
ကောင်းအားလုံးသန္ဓေတည် ပေါ်ထွက်လာတာပါ ။ အစုအဖွဲ့ဖြစ်သွားလို့ စိတ်ထားတွေအပေါ် သက်ရောက်မှုရှိတာတွေနဲ့ ရာထူးမြင့်သွားလို့ ကိုယ့်ကိုယ်ကိုလူဆိုတာမေ့သွားတတ်တာတွေက
တော့ မလိုလားအပ်တဲ့ သဘာဝအစိတ်အပိုင်းတစ်ခုပါ ။ ဒီနေရာမှာဒါတွေဟာမလိုလားအပ်တဲ့ သဘာဝအစိတ်အပိုင်းတစ်ခုဆိုတာမြင်လာပြီး ဖြတ်တောက်ပြစ်ဖို့ ၊ သံသရာဆိုးကနေထွက်နိုင်
အောင်လို့ ကြိုးစားမယ့်လုပ်ရပ်မျိုးကိုဘာအကြောင်းကြောင့် မထောက်ခံပဲနေကြရမှာလည်းလို့ လေးလေးနက်နက် မေးချင်ပါတယ် ။

ဒီနေရာမှာတစ်ချက်ရှိတာကနအဖစစ်သားတွေ ၊ မကောင်းတာလုပ်တဲ့အဖွဲ့သားတွေဆိုတဲ့
သဘောထားနဲ့ပတ်သက်လို့ပါ ။ အထူးသဖြင့် တိုင်းရင်းသားတပ်တွေကောသူတို့နေရာမျိုးမှာဆို
ရင် ပိုကောင်းနိုင်ကြလေမလားဆိုတာကအင်မတန်ရှည်ရှည်လျားလျားဆွေးနွေးငြင်းခုံရမယ့်အ
ချက်ပါ ။ဖြစ်ခဲ့ပြီးတာတွေဟာအကြောင်းရင်းခံတွေ အများကြီးရှိသလိုတခါတရံမှာလူဆိုးကြီးတွေ
ဟာလည်းသူတို့ဘဝထဲမှာဓါးစာခံတွေပြန်ဖြစ်နေတတ်ကြတဲ့ သဘောသဘာဝရှိတာကိုနားလည်
ပေးနိုင်ကြရင်တော့ အခုဖြစ်နေတဲ့ အဆိုးသံသရာကို ဖြတ်တောက်နိုင်မယ့်အခွင့်အရေးမှာအစွဲ
ကင်းကင်းနဲ့ တွေးတောဆုံးဖြတ် လုပ်ကိုင်လိုက်ကြပါ ။

အချိန်တိုင်းဟာတန်ဖိုးရှိပါတယ် ။
အခွင့်အရေးတိုင်းဟာလူတွေအတွက် ထာဝရစောင့်မနေပါဘူး ။ အချိန်အကန့်အသတ်ရှိပါတယ် ။
(ဥပမာ - လက်ရှိတင်းခံထားတဲ့ မှော်ဘီတပ်ဟာဘယ်လောက်တောင့်ထားနိုင်မလဲဆိုတာမျိုးပါ) ။
လွန်သွားမှ ၊ အသက်တွေ အလကားစတေးလိုက်ကြရပြီးမှ နောင်တတွေ မရကြစေချင်ပါ ။


မန်းကိုကို
၁၇၊ ၀၄၊ ၂၀၁၁

No comments:

Post a Comment