ondragstart="return false" onselectstart="return false"

Friday, April 22, 2011

အသက် ၅၀ ကျော် နိုင်ငံခြားသားများ ကမ္ဘောဒီးယား အမျိုးသမီးကို လက်ထပ်ခွင့်မရှိ



ထိုင်းနိုင်ငံတွင်တော့ အသက် ၆၀ နှင့် ၇၀ ကျော် အနောက်မှ လူဖြူအဖိုးကြီးများ ထိုင်းအမျိုးသမီးများနဲ့ တွဲသွားခြင်းက ဖက်ရှင် တစ်ခု လို ဖြစ်သည်။ ဒါပေမဲ့ ကမ္ဘောဒီယား ကတော့ ဒါမျိုးကို လက်မခံချင် ဟု ဆိုရမည်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လက ကြေငြာချက်တစ်ခု ထုတ်သည်။ နိုင်ငံရပ်ခြားမှ အသက် ၅၀ ကျော်သူများနှင့် တစ်လ၀င်ငွေ ဒေါ်လာ ၂၅၅၀ အောက် ရှိသူများ ကမ္ဘောဒီယား အမျိုးသမီးများကို လက်ထပ်ခွင့်မရှိတဲ့အကြောင်း။ သို့သော် အသက် ၅၀ ကျော် နိုင်ငံခြားသားများ ကမ္ဘောဒီးယား အမျိုးသမီးများကို ယူခွင့်မရှိဟု တရားဝင်တားမြစ်ပေမဲ့၊ နိုင်ငံခြားသူ အမျိုးသမီးများ အနေဖြင့် အသက် ဘယ်လောက်ရှိရှိ၊ ကမ္ဘောဒီယား အမျိုးသားများကိုတော့ ယူနိုင်ကြောင်းလည်း ဖော်ပြထားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Koy Kuong က “ကျနော်တို့ ကမ္ဘောဒီယားသူတွေကို သင့်တင့်လိုက်ဖက်တဲ့ စုံတွဲမျိုးတွေနဲ့သာ ကြည့်ချင်ပါတယ်။ စုံတွဲတွေမှာ အဖိုးနဲ့ မြေးမ ပုံစံမျိုးတွေ မဖြစ်စေချင်ပါဘူး။ အခုအမိန့်ကို ပြင်ပတွေက ဘယ်လောက် ဝေဖန်ဖန် လက်ခံမှာ မဟုတ်ဘူး” ဟု ဖနွမ်းပင် ပို့စ် အင်္ဂလိပ်သတင်းစာကို ပြောကြားခဲ့သည်။ ပါလီမန်မှ တရားဝင် ပြဌာန်းနိုင်ဖို့လည်း လုပ်ဆောင်သွားမည်ဟု ဆိုသည်။

လူ့အခွင့်ရေး အဖွဲ့များကတော့ ကမ္ဘောဒီယား အမျိုးသမီးများ အကျိုးအတွက်နှင့် ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲအစည်းဖြစ်အောင် အစိုးရရဲ့ ဆောင်ရွက်မှုမှာ ပုံစံမကျကြောင်း ဝေဖန်နေကြသည်။ Cambodian Center for Human Rights အဖွဲ့ ဥက္ကဌ ဦးဗီရခ် က “အစိုးရအနေနဲ့ အမျိုးသမီးတွေကို အကာအကွယ်ပေးချင်တယ်ဆိုရင် လိင်ကျွန်ဖြစ်နေသူတွေ၊ လိင်ကုန်ကူးခံနေရသူတွေ၊ ပြည့်တန်ဆာရုံတွေ အပေါ်မှာ လုပ်စားနေတဲ့ အကျင့်ပျက် ၀န်ထမ်း အရာရှိတွေကို အရင် ရှင်းသင့်ပါတယ်၊ အမျိုးသမီးတွေကို ကာကွယ်ဖို့ ဥပဒေကို ကြောင်းကျိုးရှိရှိ ထိထိရောက်ရောက် ဆောင်ရွက်သင့်တယ်” ဟု ဆိုသည်။

ပြီးခဲ့တဲ့နှစ် Amnesty International အစီရင်ခံစာအရ ကမ္ဘောဒီယား ရဲများမှာ မုဒိမ်းပြုကျင့်သူ၊ ကလေးငယ်များကို ရှာဖွေဖမ်းစား အဓမ္မပြုကျင့်သူ နိုင်ငံခြားသားများထံကနေ လာဘ်ယူမှု အများအပြားရှိနေကြောင်း ဖော်ပြထားသည်။

ကမ္ဘောဒီယား အစိုးရက ပြီးခဲ့တဲ့ နှစ်များအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးမြင့်ဖို့ ကြိုးစားခဲ့သော်လည်း၊ ပြင်ပသံရုံးများနှင့် NGO များရဲ့ ၀င်ရောက်စွက်ဖက်မှု၊ ထောက်ပြမှုများကို လုံးဝ လက်ခံမည် မဟုတ်ဟု ပြောဆိုထားသည်။

မောက္ခ နိုင်ငံတကာသတင်း

Source: AFP & The Economist & The Phnom Penh Post
http://www.maukkha.org/index.php?option=com_content&view=article&id=1560:2011-04-22-00-17-45&catid=120:2010-10-11-07-37-22&Itemid=374

3 comments:

Anonymous said...

ဟားဟား စိတ်ဝင်စားစရာသတင်းဗျား.. အထက်ဗမာပြည်မှာ ဗမာမလေးတွေကို အရုတ်အဖိုးကြီးလာဝယ်နေပါတယ်ခင်ညာ...

စိုးစိုး

Anonymous said...

ဗမာမတွေကလည်းတရုပ်အဖိုးကြီးနောက်လိုက်ရမယ်ဆိုရင်ဘောင်ဘီတောင်ဝတ်ဖို့ သတိမရဘူးပြီးရင်အမျိုးတွေကိုရောမမျိုးတွေကိုမမောနိုင်မပန်းနိုင်ကြွားတော့တာဘဲ

Anonymous said...

ဟုတ်တယ် ဒါဟာ တားမြစ်သင့်တယ်။ဗမာတွေရော ကရင်တွေရော အားလုံးပဲ တိုင်းတစ်ပါးသားကိုယူနေကြတာ။ဒီလိုသွေးနှောနေတာတွေကို ရပ်ပစ်တားမြစ်ရမယ်။

Post a Comment