ondragstart="return false" onselectstart="return false"

Tuesday, August 9, 2011

ကေအိုင်​အေနှင့်​အစိုး​ရတပ် တိုက်ပွဲ ၄ဝ ခန့်​ဖြစ်

August 9, 2011 by ဒီဗွီဘီ

ကချင်ပြည်လွတ်လပ်​ရေး​တပ်မ​တော် (​ကေအိုင်​အေ) နဲ့​ မြန်မာအစိုး​ရတပ်​တွေအကြား​ ဇွန်လ ၉ ရက်​နေ့​ကစလို့​ တိုက်ပွဲ​တွေ ဖြစ်ခဲ့​ရာမှာ ဒီ​နေ့​ဆိုရင် ၂ လတင်း​တင်း​ ပြည့်​မြောက်ခဲ့​ပြီဖြစ်ပါတယ်။

အဲဒီနှစ်လအတွင်း​ တိုက်ပွဲကြီး​၊​ တိုက်ပွဲငယ်နဲ့​ မိုင်း​ထောင်တိုက်ခိုက်တဲ့​ တိုက်ပွဲ​ပေါင်း​ အနည်း​ဆုံး​ ၃၉ ပွဲရှိခဲ့​ပါတယ်။ ဒါ့​အပြင် စစ်​ရေး​အရ ဗျူဟာကျတဲ့​ တံတား​အစင်း​ ၃ဝ ထက်မနည်း​ မိုင်း​ခွဲဖျက်ဆီး​ခဲ့​ရာမှာ ဒီ​နေ့​အထိ ပြန်လည်ပြင်ဆင်နိုင်ခြင်း​မရှိလို့​ ကား​လမ်း​တွေ ပြတ်​တောက်​နေပါတယ်။

တိုက်ပွဲ​တွေအတွင်း​ မြန်မာအစိုး​ရတပ်ဘက်က အနည်း​ဆုံး​အ​ယောက် ၃ဝဝ ​ကျော် ထိခိုက် ​သေ​ကျေ ဒဏ်ရာရရှိခဲ့​ရာမှာ ဒုဗိုလ်မှူး​ကြီး​ ၁ ဦး​၊​ ဗိုလ်မှူး​ အဆင့်​ ၃ ဦး​အပါအဝင် ၁ဝဝ ထက်မနည်း​ ​သေဆုံး​ခဲ့​တယ်လို့​ စစ်ဘက်သတင်း​ရပ်ကွက်အရ သိရပါတယ်။

ကေအိုင်​အေဘက်က မိုင်း​နဲ့​ လက်နက်ငယ်​တွေကို အဓိက အသုံး​ပြုပြီး​ အနီး​ကပ် ချုံခိုတိုက်ခိုက်ခဲ့​လို့​လည်း​ အခုလို မြန်မာအစိုး​ရတပ်ဘက်က အများ​အပြား​ ထိခိုက်​သေဆုံး​မှု​တွေရှိခဲ့​တာလို့​ ဆိုပါတယ်။

ကျဆုံး​ခဲ့​ရတဲ့​ တိုက်ပွဲဖြစ်စဉ်​တွေအရ ဇွန် ၁၆ ရက် ည​နေ ၄ နာရီ​ကျော်အချိန်က တနိုင်း​နဲ့​ နမ္မတီး​အကြား​ လီဒို လမ်း​မကြီး​ပေါ်က ဝရာဇွပ် ​ကျေး​ရွာအနီး​က တံတား​ကို ခလရ ၂၉၇ က ဒု-ဗိုလ်မှူး​ကြီး​ တင်​မောင်စိုး​ တို့​အဖွဲ့​က ​မော်​တော်ကား​နဲ့​သွား​ရောက်စစ်​ဆေး​ပြီး​အပြန်မှာ ​ကေအိုင်​အေ တပ်ဖွဲ့​ဝင်​တွေက မိုင်း​ခွဲတိုက်ခိုက်ခဲ့​လို့​ ဒုဗိုလ်မှူး​ကြီး​ တင်​မောင်စိုး​ မိုင်း​ထိ ကျဆုံး​သွား​သလို စရဖအရာရှိ ဗိုလ်ပြည့်​ဖြိုး​အောင်နဲ့​ တပ်ကြပ်တဦး​ ​သေနတ် ဒဏ်ရာ ရရှိသွား​ခဲ့​ပါတယ်။

အလား​တူ ဇူလိုင် ၇ ရက်​နေ့​က ဗန်း​မော်ကချီတက်လာတဲ့​ ကား​တန်း​တခုကို မိုး​မောက်မြို့​နယ်၊​ ကျခမ်း​ဒပ်​ကျေး​ရွာအနီး​မှာ မိုင်း​ခွဲတိုက်ခိုက်ရာ စစ်သား​ ၃ဝ ဝန်း​ကျင်လိုက်ပါလာတဲ့​ ကား​တစီး​ လုံး​ဝ ပျက်စီး​ကာ အား​လုံး​နီး​ပါး​ ​သေ​ကျေ ဒဏ်ရာရရှိခဲ့​ပါတယ်။

ကေအိုင်​အေဘက်က​တော့​ သုံ့​ပန်း​အဖြစ်အဖမ်း​ခံရပြီး​ အသတ်ခံရတဲ့​ ရဲ​ဘော် ၂ ဦး​ အပါအဝင် ၁ဝ ဦး​ခန့်​ ထိခိုက်​သေဆုံး​ခဲ့​ရတယ်လို့​ ​ကေအိုင်​အေသတင်း​ရပ်ကွက်အရ သိရပါတယ်။

ကေအိုင်​အေဘက်က စစ်​ရေး​အရ အ​ရေး​ပါတဲ့​ တာပိန်​ရေအား​လျှပ်စစ်စက်ရုံအနီး​က ဘွန်ဆန်​တောင်ကုန်း​နဲ့​ ဆန်ဂါစခန်း​၊​ ဆင်ဘိုမြို့​နယ်ခွဲအတွင်း​က တပ်ရင်း​ ၅ စခန်း​တို့​ကို လက်လွှတ်​ပေး​ခဲ့​ရပါတယ်။

ဇူလိုင် ၁၆၊​ ၁၇ ရက်​တွေက ဗန်း​မော်-မြစ်ကြီး​နား​လမ်း​ပေါ်က တုံဖုံး​ယန်မြို့​နယ်ခွဲ ခါယာ-​အောင်ဂျာယန် တိုက်ပွဲ​တွေအတွင်း​ ခလရ ၂၁ က ဗိုလ်ကြီး​တဦး​၊​ ဗိုလ် ၁ ဦး​အပါအဝင် စစ်သား​ ၁၁ ဦး​ကို ​ကေအိုင်​အေဘက်က သုံ့​ပန်း​အဖြစ် ဖမ်း​ရမိခဲ့​ပြီး​ အခြား​နေရာ​တွေမှာလည်း​ သုံ့​ပန်း​အဖြစ် ဖမ်း​ဆီး​ရမိတာ​တွေရှိ​ပေမယ့်​ ပြန်လွှတ်​ပေး​ခဲ့​ပါတယ်။

မြန်မာအစိုး​ရဘက်က ကချင်ပြည်နယ် လုံခြုံ​ရေး​နှင့်​နယ်စပ်​ရေး​ရာဝန်ကြီး​ ဗိုလ်မှူး​ကြီး​ သန်း​အောင် ဦး​ဆောင်တဲ့​ကိုယ်စား​လှယ်အဖွဲ့​နဲ့​ ​ကေအိုင်​အေ ဒုစစ်ဦး​စီး​ချုပ် ဗိုလ်မှူး​ချုပ် ဂွမ်​မော် ဦး​ဆောင်တဲ့​ ​ကေအိုင်​အေ ကိုယ်စား​လှယ်​တွေအကြား​ ဇွန် ၃ဝ ရက်​နေ့​မှာ တကြိမ်၊​ ဩဂုတ် ၁ ရက်နဲ့​ ၂ ရက်​နေ့​မှာ တကြိမ် ​ကေအိုင်အိုထိန်း​ချုပ်ရာ လိုင်ဇာအနီး​က လဂျား​ယန်မှာ နှစ်ဖက် အပစ်ခတ်ရပ်စဲ​ရေး​တွေ ပြုလုပ်ဖို့​ ​ဆွေး​နွေး​ခဲ့​တာ​တွေ ရှိ​နေတဲ့​ကြား​က နှစ်ဖက် တိုက်ခိုက်မှု​တွေ ရှိခဲ့​တာ ဖြစ်ပါတယ်။
http://burmese.dvb.no/archives/13916

No comments:

Post a Comment