ondragstart="return false" onselectstart="return false"

Thursday, August 18, 2011

ဒုက္ခရောက်နေသူအား ကူညီပေးကြပါ



ဇူလိုင်လ(၇)ရက်နေ့က ထိုင်းနိုင်ငံ စိန်ပူလီမြို့တွင် တရားမ၀င်ရခိုင်အလုပ်သမား (၁၅)ဦးအား သယ်ဆောင်လာသော ကားတစ်စီးအားရဲကားတစ်စီးမှတားဆီးရာကားသမားကရပ်မပေးသဖြင့်ကားဖြင့်ဝင်တိုက်ရာ အလုပ်သမားတစ်ဦး အပြင်း အထန်း ဒဏ်ရာ ရကာ ကိုယ်အောက်ပိုင်းသေဆုံးသွားခဲ့သည်။

ကားတိုက်ခံရသူမှာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သောင်းဒရင်းကျေးရွာမှ ကိုလှသိန်းအောင်ဖြစ်ပြီး သူ၏အသက်မှာ (၃၀) နှစ်ဖြစ်သည်။ ကိုလှသိန်းအောင်မှာ စိန်ပူလီမြို့ ဆေးရုံတွင် တစ်လမျှ ဆေးကုသမှု ခံယူခဲ့သော်လည်း သူ့၏ ကျန်းမာရေးမှာ ပြန်လည်ကောင်းမွန် လာခြင်းမရှိတော့ပါ၊ ထိုင်းအာဏာပိုင်များမှလည်း ထိုအမှုအား မည့်သည့်တစ်စုံတရာမှ လုပ်ဆောင် ပေးခြင်းမရှိပါ၊

ကိုလှသိန်းအောင်မှာ စိန်ပူလီဆေးရုံတွင် ဆက်မနေချင်တော့သဖြင့် သူ့၏ ညီအစ်ကိုများ အားအကူညီတောင်းကာ ဆေးရုံမှဆင်းပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ ဒေါက်တာ စင်သီယာမောင် ဆေးခန်းတွင် ခေတ္တမျှနေထိုင်လျှက်ရှိပြီး ရခိုင်သို့ ပြန်နိုင်ရန် ကြိုးစားနေပါသည်။ ကိုလှသိန်းအောင်မှာ ယခုအခါ ခေါင်းနှင့် လက်နှစ်ဘက်သာ လှုပ်ရှားနိုင်တော့သည်။

ကိုလှသိန်းအောင်မှာ စီးပွါးရေး အဆင်မပြေသဖြင့် အလုပ်လုပ်ရန် ထိုင်နိုင်ငံသို့ ထွက်လာရာ ကားတိုက်ခံရ၍ ကိုယ်အောက်ပိုင်းသေးဆုံးသွားသည့်အပြင် ရခိုင်တွင် ဇနီး၊ ၅ နှစ်သားအရွယ် သားတစ်ဦးနှင့် ၂ လအရွယ်သမီး တစ်ဦးရှိနေသည်။ ကိုလှသိန်းအောင်မိမိနေရပ်သို့ပြန်နိုင်ရန်နှင့် သူ၏ မိသားစု ဘ၀ရပ်တည်ရေးအတွက် ကူညီတောင်ပံ့ပေးကြပါ။

အကြောင်းစုံအား အောက်ပါဖုန်းနံပါတ်ဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဆက်သွယ်ရန် -

ညီဖြစ်သူများ- မောင်မောင်မြင့် (0827195620) ။ ဇော်နိုင်ဦး ( 0853546692)


ပေးပို့သူ-

အလုပ်သမားတစ်ဦး (0827672500)

No comments:

Post a Comment