ondragstart="return false" onselectstart="return false"

Wednesday, August 31, 2011

မြန်မာစစ်တပ်ချင်း ပစ်ခတ်မှုတွင် ၃ ဦးသေ၊ ၄ ဦးဒါဏ်ရာရ

Written by KNG

သြဂုတ် ၃၀၊ အင်္ဂါနေ့က မြန်မာပြည်၏အကြီးဆုံး မန္တလေး-မူဆယ် နယ်စပ်ကုန်သွယ်ရေး ကားလမ်းမကြီးတွင် မြန်မာအစိုးရစစ်တပ် အချင်းချင်း ပစ်ခတ်ကြရာ (၃) ဦးသေဆုံးပြီး ၄ ဦး ဒါဏ်ရာရရှိသည်ဟု မျက်မြင် သက်သေများပြောသည်။

တရုတ်နိုင်ငံမှ စစ်ကားများအား မူဆယ်မှ မန္တလေးဘက် မောင်းနင်ယူဆောင်ရာ ကားလမ်းလုံခြုံရေးယူ ထားသည့် သိန္နီအခြေစိုက် စကခ (၁၆) လက်အောက်ခံ မြန်မာစစ်သားများအား မူဆယ်-ကွတ်ခိုင်ကြား KIA တပ်ရင်း (၉) က တိုက်ခိုက်ခဲ့သည်ဟု KIA ကဆိုသည်။

သို့သော် အစိုးရ စစ်အင်အားများလွန်းသည့်အတွက် KIA တပ်များ အချိန်တိုပစ်ခတ်ပြီး ဆုတ်ခွာသွားသည်ဟု သိရသည်။

http://kachinnews.com/burmese

2 comments:

Anonymous said...

သတင်းထည့်သွင်းပေးပို့တဲ့နေရာမှာစာပုဒ်တစ်ပုဒ်ချင်းစီကိုထပ်ခါ(နှစ်ခါ)မရေး သင့်ပါ။

Anonymous said...

လွယ်လွယ်နဲ့ copy and paste လုပ်လို့ မှားသွားဒါလည်းဖြစ်နိုင်ပါတယ်။ ဘယ်သူမှ အချိန်ကုန်ခါပြီး သတင်းတွေကို ပြန်မရေးကြောင်း နားလည်မိပါသည်။

Post a Comment