ondragstart="return false" onselectstart="return false"

Saturday, August 27, 2011

သံလွင်ချောင်းခြား

ပြည်တွင်းစစ်ကြီးကို မီးမောင်းထိုးပြထားတဲ့ စိုင်းထီးဆိုင်ရဲ့ ဂန္တ၀င်တေးတပုဒ်ကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ ကချင်၊ ရှမ်း၊ ကရင်နီ၊ ကရင်ပြည်နယ်တွေမှာ တိုက်ပွဲတွေ နေ့ စဉ်ရက်ဆက် ဖြစ်ပေါ်နေလျက်ပါ။ န၀တ နအဖ လက်ထက်မှာ သံလွင်မြစ်တံတားတွေကို တည်ဆောက်ပြီး တိုင်းရင်းသားဒေသတွေမှာ ဖွံ့ ဖြိုးတိုးတက်နေပါပြီ အေးချမ်းနေပါပြီလို့  စစ်အစိုးရက အမြဲတမ်းကြွေးကြော်နေလျက်ပါ။ တကယ်တော့ ကျနော်တို့ တိုင်းပြည်မှာ အဓိက လိုအပ်နေတာက ဒီသံလွင်တံတားကြီးတွေ မဟုတ်ပါဘူး။ တကယ်လို အပ်နေတာက ဗမာပြည်မနဲ့ တိုင်းရင်းသားတွေအကြား ရင်ထဲက ပေါင်းကူးတံတားပါ။ အပြန်အလှန်အသိမှတ်ပြုလေးစားပြီး မျက်လုံးဖြင့် မမြင်တွေ့ နိုင်တဲ့ တံတားလေးပါ။ ထိုသို့ သောတံတားမျိုးတည်ဆောက်နိုင်မှသာ ကျနော်တို့ ပြောပြောနေတဲ့ ပြည်ထောင်စုစိတ်ဓါတ်ဆိုတဲ့ဟာကို လက်တွေ့ အကောင်အထည်ဖေါ် ဖန်တီးနိုင်ကြမှာဖြစ်ပါတယ်။

နောက်ထပ် သံလွင် တံတား အစင်းတရာထပ်တည်ဆောက်အုံး တိုင်းရင်းသားတွေလိုအပ်နေတဲ့ တန်းတူညီမျှမှု အခွင့်အရေးတွေ ဆုံးရှူံးနေသေးသ၍ ကျနော်တို့ တတွေ ဝေးနေကြရအုံးမှာပါ။




သံလွင်မြစ်ရေတွေကုန်ကာမှ တွေ့ ရမှာလား သံလွင်ရေတွေခန်းသွားမှ နီးရမလား???????




Type the rest of your post here.

No comments:

Post a Comment