ondragstart="return false" onselectstart="return false"

Tuesday, January 24, 2012

အီးမေး ပေးစာ တစ်စောင်

အီးမေးမှ လက်ခံရရှိတဲ့ စာတစ်စောင်ကို မူရင်း အတိုင်းတင်ပေးလိုက်ပါတယ်။
xxxxxxxxxxx

ကျတော်အခုရေးပို့လိုက်သောစာသည် နားဝင်ချိုပြီး ဖြောင့်တန်းအောင် သီကုံးထားသော စာမဟုတ်ပေ။ ကျွန်တော်အနေနဲ့ လိုအပ်လို့ ရေးလိုက်ခြင်း ပင်ဖြစ်သည် စာရေးဆရာ တယောက်မဟုတ်ပါ။ အရေးအသား မဖြောင့်လျှင် ခွင့်လွတ်ပြီးဖတ်ပေးကြပါ။

ယနေ့အချိန်တွင် တိုင်းရင်းသားတို့အတွက် နိုင်ငံရေးမိုးလေ၀သ ရာသီဥတု ကောင်းသောအချိန်ဖြစ်၍ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရာတွင် ရန်သူ၏ (road map) ရန်သူခင်ပေးသော လမ်းကြောင်းအတိုင်းမလိုက်မိစေဘဲ မိမိတို့ချမှတ်ထားသော နိုင်ငံရေးတောင်းဆိုမှု မူအတိုင်းဘဲ တသွေမတိမ်း တောင်းဆိုရမည်။ မိမိတို့ ချမှတ်ထားသောမူကို မလိုက်နာဘဲ ဆန့် ကျင် သွေဖီသော သူကိုလည်း ပြတ် သားစွာ အရေးယူဆောင်ရွက်ရမည်။ တမျိုး သား လုံး၏ကံကြမ္မာကို တစ်ဦးတစ်ယောက် တစ်ဖွဲ့လေး ၏ အကျိုးအမြတ် အတွက် အလဲမခံ။ ရန်သူ အစိုးရသည် ကျွန်တော်တို့ တိုင်းရင်းသားများကို နည်းမျိုးစုံ နှင့်၎င်းစီမံရာအောက်တွင် သွတ်သွင်းမည်ဖြစ်သည်။ ကျတော်တို့ ကရင်အမျိုး သားအစည်းအရုံးအနေနဲ့ နိုင်ငံရေးအရ လှမ်းလိုက်သည့် ခြေ လှမ်းတိုင် သတိ ရှိဖို့လိုမည်။ အမှားအယွင်းမခံပေ။

ကျွန်တော်အနေနဲ့ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးနှင့် ဦးသိန်းစိန် အစိုးရနှင့် ဗဟိုအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံရေးအရ ကရင်တမျိုးသားလုံးအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ တွင် အာမခံစေသည့်  အောက်ဖော်ပြပါ အချက်အလက်များကိုပါ ထည့်သွင်း တောင်းဆိုစေချင်သည်။
၁။ ကျတော်တို့နိုင်ငံသည် ဗမာအပါအ၀င်တိုင်းရင်းသား မျိုးနွယ်များစွာနေ ထိုင်သော နိုင်ငံဖြစ်သောကြောင့် လူမျိုးစု တစ်စုစီမှီတင်းနေထိုင်သော နယ် မြေဒေသကို အခြေခံ၍ ၎င်းဒေသကို၎င်းတို့မျိုး ပြည်နယ်အဖြစ် သတ် မှတ် စေရမည်။
၂။ ဗမာအပါအ၀င် တိုင်းရင်းသားလူမျိုးစုများနေထိုင်သော ပြည်နယ်များကို အခြေခံကာ ပြည်နယ်များစုပေါင်း၍ ပြည်နယ်ပေါင်းစု ဖက်ဒရယ်ပြည် ထောင်စု ဖြစ်ပေါ်စေချင်သည်။
၃။ တိုင်းရင်းသားတို့နေထိုင်သော ပြည်နယ်များကို တိုင်းရင်းသားတို့ ရွေးကောက်ထားသော လူမျိုးစု ခေါင်းဆောင်များဖြင့်သာ အုပ်ချုပ်စေရမည်။
၎။ လူမျိုးစုပြည်နယ်များတွင် လူမျိုးစုတို့၏စာပေ၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ ထုံး တမ်း များကို အပြည့်အ၀ ပြဌာန်းပိုင်ခွင့်ရိုရမည်။
၅။ လူမျိုးစုပြည်နယ်များတွင် လူမျိုးစုခေါင်းဆောင်တို့ ဖွဲ့စည်းထားသော လုံခြုံရေးအဖွဲ့ကသာ ၎င်းတို့ပြည်နယ်ကို လုံခြုံရေးယူပေးရမည်။ ဥပမာ။ (state security force)
6။ ပြည်နယ်မှ ထွက်ရှိသော သဘာဝ တွင်းထွက်ပစ္စည်းများကို ဗဟိုအစိုး ရနှင့် ညှိနှိုင်း ခွဲဝေယူရမည်။
၇။ပြည်နယ်ဖွံ့ဖြိုးရေးကို ဗဟိုအစိုးရနှင့် ပူးတွဲလုပ်ဆောင်ရမည်။
၈။ တိုင်းပြည်၏လက်နက်ကိုင်တပ်မတော်သည် တစ်ခုတည်းရှိရမည်ဖြစ်သည့်အတွက် တိုင်းပြည်၏ တပ်မတော်ကို ပြည်နယ်များတွင်နေထိုင်သော လူဦးရေကို အခြေခံကာ အချိုးအဆ ညီမျှစွာ ပြည်နယ်များမှ စေလွတ်ပြီး တပ်မတော် တွင် အမှုထမ်းဆောင်စေရမည်။
ဤအချက်အလက်များနှင့် ပြည့်စုံမှသာ ထာဝရ ငြိမ်းချမ်းရေးကိုတည် ဆောက်နိုင်မည်ဖြစ်သည်။ တိုင်းပြည်လည်းပိုမိုကျစ်လစ်ခိုင်မာလာမည်။တိုင်းရင်းသားစည်းလုံးညီညွတ်မှုလည်း ပို၍အားကောင်းလာမည်။ တိုင်းရင်းသား စာပေ ယဉ်ကျေးမှုကို လည်း မပျောက်မပျက် ထိန်းသိမ်းနိုင်မည်။ အချုပ်အချာအာဏာလည်း တည်တံ့ ခိုင်မြဲမည် ဖြစ်သည်။ စောဘဦးကြီးချမှတ်ခဲ့သော မူများနှင့် ကိုက်ညီမည်။
ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ချမှတ်ထားသော နိုင်ငံရေးလမ်းစဉ် ပန်းတိုင်ကို ကောင်းမွန်စွာရောက်ရှိနိုင်ပါစေ။

ဆက်သွယ်ရန်လိပ်စာ။ karenfighter500@gmail.com
မျိုးဆက်သစ် ကရင်လူငယ်တစ်ဦး
ခေတ္တ (ပြည်ပ)

No comments:

Post a Comment