ondragstart="return false" onselectstart="return false"

Thursday, January 12, 2012

ကေအန်ယူနှင့်​ အစိုး​ရ အပစ်ရပ်​ဖို့​​ သ​ဘောတူပြီ

January 12, 2012 by နော်နိုရင်း

ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ)နဲ့​ က​ရင်​ပြည်​နယ်​ အစိုး​ရကိုယ်စား​လှယ်တို့​ နှစ်ဖက် အပစ်ရပ်ဖို့​ သ​ဘောတူလိုက်ကြပြီး​​ ​လက်​မှတ်​ရေး​ထိုး​လိုက်​ကြ​ပါ​တယ်​။

ဘား​အံ့​မြို့​ ဇွဲကပင်ဟိုတယ်မှာ ဒီက​နေ့​ မနက်ပိုင်း​က စတင်တဲ့​ အစည်း​အ​ဝေး​မှာ သ​ဘောတူညီချက် ၄ ခု ရရှိသွား​ပြီလို့​ အဲဒီကို​ရောက်ရှိ​နေတဲ့​ သတင်း​ထောက် တဦး​က ​ပြောပါတယ်။

“အချက်​လေး​ချက်က​တော့​ အပစ်အခတ် ရပ်စဲမယ်။ ဆက်ဆံ​ရေး​ ရုံး​တွေဖွင့်​မယ်။ လက်နက်မပါဘဲ တနိုင်ငံလုံး​ သွား​လို့​ရမယ်။ ​နောက်အဆင့်​တွေ ဆက်​ဆွေး​နွေး​သွား​မယ်။”

ဒီ​နေ့​ည​နေပိုင်း​မှာ ​ကေအန်ယူ ကိုယ်စား​လှယ်အဖွဲ့​ဟာ အ​ရှေ့​တောင်တိုင်း​ စစ်ဌာနချုပ်ရှိရာ (​မော်လမြိုင်)မှာ သွား​ရောက်ပြီး​ စစ်​ရေး​ကိစ္စ ​ဆွေး​နွေး​ဖို့​ ရှိတယ်လို့​ ​ကေအန်ယူရဲ့​ ဒု-ဥက္ကဋ္ဌ ​ဒေး​ဗစ်သာက​ပေါ်က ​ပြောပါတယ်။

ကရင်အမျိုး​သား​အစည်း​အရုံး​ဟာ အမျိုး​သား​တန်း​တူ​ရေး​နဲ့​ ကိုယ်ပိုင်ပြဌာန်း​ခွင့်​ အတွက် လက်နက်ကိုင်​တော်လှန်​နေတာ နှစ်​ပေါင်း​ ​ခြောက်ဆယ်​ကျော်ပြီ ဖြစ်ပါတယ်။

တိုက်ပွဲ​တွေ​ကြောင့်​ ထိုင်း​-မြန်မာနယ်စပ်မှာ စစ်​ပြေး​ဒုက္ခသည် တသိန်း​ကျော်​လောက် ဒုက္ခသည် စခန်း​တွေမှာ ခိုလှုံ​နေကြပါတယ်။
http://burmese.dvb.no/archives/19869

No comments:

Post a Comment