ondragstart="return false" onselectstart="return false"

Saturday, January 14, 2012

မိုးပေါ်ကဆုလဒ်နဲ့ ဦးဒရောင်တန်ဂွန်းတို့မိသားစု

ပေးပို့ လာသူ ဆောင်းပါးရှင်အား အထူးကျေးဇူးတင်ပါသည်။

ဆောင်းပါးရှင်- Moon

နှစ်ပေါင်းဆယ်ကျော်ကြာတည်ငြိမ်အေးချမ်းတဲ့ ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့ဟာ မကောင်းဆိုးဝါး ရောက်ရှိလာသလို....အသက်ကြီးတဲ့မိဘများကိုယ့်သားသမီး မိသားစုများအတွက် ဘုရားဝတ်ပြုနေတဲ့အချိန်၊ အလုပ်လုပ်သူများ၊ အိပ်ယာဝင်ဖို့အနားယူနေတဲ့အချိန်၊ ကျောင်းသား ကျောင်းသူကလေးများ စာဖတ်အာရုံ စိုက်နေတဲ့ အချိန် ၂၀၁၁ နိုဝင်ဘာလ၊ ၁၃ ရက်နေ့ည တညပေါ့ ဦးဒရောင်တန်ဂွန်းတစ်ယောက် မရှိဆင်းရဲသား မိဘမဲ့ကလေးများကို စောင့်ရှောက်ရင်း ကလေးများတွေဟာ စာဖတ်သူကဖတ်၊ အိပ်ယာဝင်ဝတ်ပြုဆုတောင်းဖို့ စီစဉ်နေတဲ့အချိန်....

မမျှော်လင့်တဲ့မကောင်းဆိုးဝါးတစ်ကောင်ဟာ ဦးဒရောင်တန်ဂွန်းနဲ့မိဘမဲ့ကလေးများနေထိုင်တဲ့ အိမ်ကြီးကို ၀ါးမျိုပစ်ခြင်းကိုခံခဲ့ရတယ်၊ ကြေကွဲဖွယ်ရာဖြစ်ရပ်များကို မျက်ဝါးထင်ထင်မြင်တွေ့ရတဲ့သူတွေက ဘုရားရှင်ထံ ဆုတောင်းမေတ္တာပို့ပေးရုံကလွဲလို့ ဘာမှမကူညီနိုင်သလိုဖြစ်ခဲ့ရတယ်။

ဒီသတင်းဟာ ယနေ့အချိန်အထိ ကျွန်ုပ်တို့ကချင်ပြည်နယ်သားတွေသာမက အားလုံးဟာ စိတ်ဝင်တစား ဖြစ်ခဲ့ရတယ်။ ဘယ်သူလုပ်ကြံဖန်တီးပြီး ဘယ်သူဟာတရားခံဖြစ်သလဲဆိုတာ လက်ညိုးမထိုးပြနိုင်ခဲ့ဘူး။ သက်ဆိုင်ရာ စစ်အစိုးရကလည်း အိမ်ရှင်ဖြစ်တဲ့ ဦးဒရောင်တန်ဂွန်းကိုဘဲအဓိကတရားခံအဖြစ် ထိန်းသိမ်းစစ်ဆေး ကြတယ် လို့ကြားရတယ်။

အဆိုပါပေါက်ကွဲမှုကြောင့်အိမ်ရှင်ဖြစ်သူ ဦးဒရောင်တန်ဂွန်း၏ သားနှစ်ဦး၊ မြေးတစ်ဦးအပါအ၀င် လူ (၁၀)ဦး သေဆုံးပြီး၊ (၂၃)ဦးဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံတော်ပိုင် သတင်းစာများတွင်ဖေါ်ပြခဲ့တယ်။ အသက်မသေ ကျန်ရစ်ပြီး ဒဏ်ရာရတဲ့ကလေးတွေကိုလည်း သက်ဆိုင်ရာက စစ်ဆေးကြတယ်တဲ့...စစ်ဆေးခံဒဏ်ရာရ ကလေးနှစ်ဦးရဲ့ ထွက်ဆိုချက်က...မိုးပေါ်မှာ..ရှိုး..ဆိုတဲ့ အသံတစ်ခုကြားတယ်... အဲဒီအသံနဲ့အတူကျွန်ုပ်တို့အိမ်ပေါ်မှာ ပေါက်ကွဲ တော့တာဘဲ....လို့ အကြိမ်ကြိမ်ထွက်ဆိုပြီး သုံးကြိမ်လောက်ဆိုတော့ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ ကြားတယ်။

သတင်းတခုက ဦးဒရောင်တန်ဂွန်းအိမ်နဲ့ကပ် အိမ်နီးတစ်အိမ်က မိသားစုတွေဟာ ညအိပ်ယာဝင်ဖို့ မိသားစုဝတ်ပြုဆုတောင်းနေခိုက်မှာ..ရှိုး...ဆိုတဲ့အသံတခုကြားရပြီး သူတို့အိမ်အနီးမှာ ပေါက်ကွဲတော့တာပဲ..ဟု ပြောတယ်တဲ့။

နောက်သတင်းတခုကျန်သေးတယ်...မြစ်ကြီးနားမြို့၊ ကြာရာပတ်တီးရပ်ကွက်ကရ၀မ် တိုင်းရင်းသူ.. အားနန်း.. ဆိုတဲ့ ကချင်အမျိုးသမီးဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမြောက်တပ်က တပ်ကြပ်ကြီး သိန်းအောင် နဲ့ချစ်သူရည်းစားဖြစ်နေတော့...အဲဒီညမှာ သူတို့အချင်းချင်း ဖုန်းဆက်ပြောကြတယ်တဲ့။....ဘယ်နေရာမှာ ဗုံးကျပေါက်ကွဲ တဲ့အကြောင်း...အားနန်း..ကိုမေးတဲ့အခါ..အားနန်း..က ကားကြီးဝင်းအနီးမှာကျတဲ့ အကြောင်းပြန်ပြောတော့..... ဟာ..ပစ်မှတ်လွှဲသွားပြီ၊ ကေ-အိုင်-အို ဆက်ဆံရေးရုံးကိုချိန်ပစ်တာ...လို့၊ တပ်ကြပ်ကြီး သိန်းအောင်က သူ့ချစ်သူ မအားနန် ကိုပြန်ပြောပြတယ်တဲ့။ ဒီသတင်းကိုကြားပြီး မအားနန် ကိုမေးကြည့်ဖို့စီစဉ်တဲ့အခါမှာ အားနန်း တယောက် ဘယ်နေရာကို ထွက်ပြေးလွှတ်မြောက်သွားသည်ကို ယနေ့အထိတိုင် မသိရတော့ဘဲ...ဒီစကားလောက်သာ သူပြော ဆိုသွားခဲ့တယ်လို့ သိရတယ်။

သက်ဆိုင်ရာမြန်မာစစ်အစိုးရက အိမ်ရှင်ဦးဒရောင်တန်ဂွန်းကို အဓိကတရားခံအဖြစ် စွပ်စွဲကြတယ်။ သူကဒီလို မိဘမဲ့ကလေးတွေကို စုဆောင်းထားပြီး အသေခံ ဗုံးဖေါက်ခွဲဖို့ စီစဉ်တယ်လို့ ပြောကြတယ်တဲ့။ စဉ်းစားဖို့က ဘာမှအသိတရားမရှိ၊ မလုံချုံနိုင်တဲ့ကလေးများရှေ့မှာ ဖေါက်ခွဲရေးပစ္စည်းတွေကို သိုလှောင်သိမ်းဆည်း ထားဖို့ဟာ ဖြစ်နိုင်ချေရှိပါသလား..ပေါ့...။ နောက်ပြီး ဒီလိုကလေးများရှေ့မှာ သူတယောက်ကရော..ဒီလိုအလုပ်မျိုးကို တကယ်လုပ်နိုင်ပါသလား..ဆိုတာစဉ်းစားဖို့လိုပါတယ်။ ကျွန်ုပ်တို့ ကချင်အမျိုးသားများဟာ နိုင်ငံရေးကိုမလုပ်ပြီး အကြမ်းဖက်အလုပ်ကိုသာ အဓိကလုပ်မယ်ဆိုရင် ဒီလိုမိဘမဲ့ဆင်းရဲသားများ ပညာကိုဆည်းပူးနေတဲ့ ကလေး သူငယ်များကိုအသုံးချဖို့မလိုပါဘူး။ ကေ-အိုင်-အို အနေနဲ့လည်း ယခုအချိန်စစ်မျက်နှာမှာတိုက်ပွဲဝင်နေတဲ့ မျိုးချစ်စစ်သည် မြောက်များစွာရှိပါတယ်။ တကယ်အကြမ်းဖက်မှုဘဲ လုပ်မယ်ဆိုရင် သူတို့ကိုသုံးမှာပေါ့။ ဘာမှခိုင်လုံမှုမရှိတဲ့ အိမ်ရှင်ဦးဒရောင်တန်ဂွန်းကိုဘဲ အဓိကတရားခံစွပ်စွဲပြီး ညှင်းပန်းနှိပ်စက်စရာမလိုပါဘူး။ ဘယ်သူကြိုးကိုင်တယ်၊ ဘယ်သူတရားခံအစစ်လဲ...ဆိုတာ..သမိုင်းကပေါ်လာမှာပါ။

ဘယ်လိုဘဲဖြစ်ဖြစ် ယခုအချိန်မှာတော့ ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဦးဒရောင်တန်ဂွန်းအမှုအတွက် ဒေါ်ဒွဲဘူက ရှေ့နေအဖြစ် လိုက်ပေးနေတယ်ဆိုတဲ့ အနေအထားလောက်မှာဘဲရှိနေပါတယ်။

No comments:

Post a Comment