ondragstart="return false" onselectstart="return false"

Tuesday, January 17, 2012

ကေအဲန်ယူ နှင့် မြန်မာအစိုးအရ အပစ်ရပ်ဆွေးနွေးပွဲနှင့် ပါတ်သက်၍ ကရင်မျိုးသမီးတစ်ဦး၏ ရင်ဖွင့်သံ

အီးမေးမှ လက်ခံရရှိတဲ့ စာတစ်စောင်ပါ။ ကေအဲန်ယူနှင့် မြန်မာအစိုးရ နှစ်ဖက် ပဏr အပစ်ရပ်သတောဘူ လက်မှတ်ထိုးသည့် ကိစ္စနှင့်ပါတ်သက်၍ ကရင်လူမျိုးများ လွတ်လပ်စွာ ဝေဖန်သုံးသပ် အကြံပေးစာများပေးပို့ နိုင်ပါသည်။ ဖိတ်ဖေါ်ပါသည်။ စာမူ ပေးစာများကို အချိန်နှင့်တပြေးညီး တင်ပေးမည်ဖြစ်ကြောင့် အသိပေးပါသည်။
xxxxxxxxxxxxx
ပေးစာ - နော်ဝါးဝါးဖိုး

ကရင်လူထုအားလုံးထံသို့ကျမရဲ့ပထမပို့ စာ

ကျမကရင်တိုင်းရင်းသူတယောက်အနေနဲ့ကျမလူမျိုးတွေပြိုကွဲနေခဲ့တာတွေ
နောက်ထပ်ထပ်ပြီးတော့မပြိုကွဲအောင်ကျမဘက်ကတက်နိုင်သလောက်အကူ
ညီပေးချင်သလိုကရင်လူထူအားလုံးကိုလည်းကျမတို့ကရင်အချင်းချင်းပြိုကွဲခဲ့တာ
တွေအားလုံးပြန်လည်သင့်မြတ်အောင်နောက်ထပ်မပြိုကွဲအောင်အတူတကွလက်တွဲ
ပြီးလုပ်ဆောင်ဘို့အတွက်ကျမကနေတောင်ဆိုချင်ပါတယ်။

ပထမဆုံးအနေနဲ့ယခုလက်ရှိအခြေအနေကိုစပြီးတော့ပြောချင်ပါတယ်။
မကြာသေးမီက KNU ငြိမ်းချမ်းရေးဆွေးနွေးမူအပေါ်ကရင်တိုင်းရင်းသားတွေရဲ့ဝေဖန်မူ
တွေကိုအမျိုးမျိုးကြားနေရပါတယ်။ တချို့ကကောင်းတယ်၊တချို့ကမကောင်းဘူးလို့မြင်ကြ
ပါတယ်။ တချို့ကလက်မှတ်ထိုးမူအပေါ်မှာစောတယ်လို့ပြောကြပြန်ရော။ ဘလော့တွေမှာ
လည်းအမျိုးမျိုးဖတ်ရပါတယ်။ ဝေဖန်မူတွေရှိလာတာက အရမ်းကိုကောင်းတယ် တိုးတက်လာ
မူရှိလာတယ်လို့ပြောလို့ရပါတယ်။ ကရင်ပြည်သူလူထုတွေကိုယ့်တိုင်းရင်း
သားအရေးဘယ်လောက်စိတ်ဝင်စားလည်ကိုယ့်ကရင်တိုင်းရင်းသားတွေအပေါ်ဘယ်လောက်
တိုးတက်စေချင်တဲ့သဘောနဲ့ကိုယ့်အမျိုးကိုယ်ချစ်တဲ့သဘောအများကြီးဆောင်ပါတယ်။
ထိုးနည်းတူပဲ ကျမတို့ရဲ့မိခင်အဖွဲ့အစည်းဖြစ်တဲ့ KNU ကလည်းပဲကိုယ့်တိုင်းရင်းသားအတွက်အသက်ပေး
ခဲ့တာနှစ်ပေါင်း ၆၀ကျော်သွားပါပြီ။

အခက်အခဲကြားမှာဖြတ်သန်းလာခဲ့တာကရင်လူထုအားလုံးအသိပါပဲ။
နားလည်မူလည်းပြိုကွဲခဲ့တာလည်းအကြိမ်ကြိမ်ပါပဲ။ ကျမတို့ကရင်တိုင်းရင်းသားကြားမှာချစ်ချင်းကရှိပြီး
သားပါပဲ။ ဒီချစ်ချင်းကဖြူစင်ကြပါတယ်။ဒီချစ်ချင်းက ပြန်လည်ပြီးအတူတကွလက်တွဲလို့ရပါတယ် ။
နားလည်မူသာရှိခဲ့ကြရင်ဘာမပြိုကွဲစရာအကြောင်းမရှိခဲ့ပါဘူး။ ပြီးတော့ခွင့်လွတ်မူလည်းအရေးကြီးပါတယ်။

ဒီလိုနဲ့ KNU အဖွဲ့ကြီးဖြတ်သန်းလာတာဘယ်သူမမထင်မှတ်ထားတဲ့တော်လှန်ရေးကြီးဟာနှစ်ပေါင်းမနည်း
တော့ပါဘူး။ စစ်ကိုလိုလားလို့လက်နက်ကိုင်နေတာမဟုတ်ပါဘူး။ အခုပထမဆုံးငြိမ်းချမ်းရေးဆွေးနွေးဘို့ပွဲမှာ
လည်းကရင်လူထုအားလုံးရဲ့အကြံတွေတောင်းခဲ့ကြပါတယ်။ တော်တော်များများပေးပို့တယ်လို့လည်းသိရှိရပါတယ်။
ဒီအကြံတွေကရင်တွေရဲ့အဓိကလိုအပ်ချက်ကိုလည်းအများလိုချင်ခဲ့အချက်တွေကိုရွေးပြီးတောင်းဆိုခဲ့တယ်လို့ပဲ
ကျမထင်ပါတယ်။ ကိုယ့်ရဲ့တောင်းဆိုတဲ့အချက်မပါတာရှိလည်းနားလည်ပေးရမှာပေါ့။ အခူသွားခဲ့တဲ့အဖွဲ့လည်း
ကရင်လူထုရောတိုင်းရင်းသားအားလုံးအတွက်ရောအကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးအတက်နိုင်ဆုံး
လုပ်ဆောင်ခဲ့ကြတာပါပဲ။ သူတို့အပေါ်ဝေဖန်မူကတော့ကောင်းပါတယ်။ ဝေဖန်မူကနေအပြစ်တင်မူမရောက်ဘို့
ကအရေးကြီးပါတယ်။ KNU ခေါင်းဆောင်တွေလည်းဗမာလိုကောက်ကျစ်တဲ့သူနဲ့တွေဘို့ သတိမွေးရတာပါပဲ။
သို့ပေမဲ့လည်း ကိုယ့်လူမျိုးအတွက်အရဲစွန့်ပြီးသွားကြရတာပါပဲ။ အခုမ မဟုတ်ပါဘူးအရင်ခေါင်းဆောင်တွေလည်း
သတိမွေးခဲ့ရတာပါပဲ။ အခုချူပ်ဆိုတဲ့စာချုပ်မှာအားလုံးအတွက်ရည်ရွယ်ပြီးတော့လုပ်ခဲ့တာဟာ ကျမတို့ကရင်တွေမြင်
စေချင်ပါတယ်။ တမျိုးသားလုံးအတွက်အပြည့်အဝအခွင့်အရေးမရှိ စေရဘူးဆိုတဲ့ရည်ရွယ်ချက်နဲ့ ဆိုပြီး ကိုယ့်ရန်သူတွေနဲ
အပျော်တမ်းထမင်းစားနိုင်မှာတော့မဟုတ်ပါဘူး။ ကရင်လူထုအတွက်အာမခံတဲ့ငြမ်းချမ်းရေးမဟုတ်ဘူးဆိုတာတော့ အခုချက်
ချင်းမပြောနိုင်ပါဘူး။ KNU ဘက်ကတော့ကြိုးစားပြီးတော့ငြိမ်းချမ်းရေးလုပ်ဆောင်နေတာပါပဲ။ ဗမာဘက်ကဘိုးဘွားစဉ်ဆက်အ
ရထိမ်းသိမ်းလာတဲ့ '' ကိုယ့်စကားအပေါ်ကိုယ်မတည်မူ၊ သစာမရှိမူ'' တွေကိုမပြင်ပဲဆက်လက်ထိမ်းသိန်းချင်သေးရင်တော့
KNU ဘက်ကလည်းလက်နက်ထပ်ကိုင်ရုံပဲရှိတော့တာပေါ့။ ငြိမ်းချမ်းရေးအတွက်သွားခဲ့တဲ့ KNU ခေါင်းဆောင်တွေက
ကရင်တွေထပ်ပြိးတော့ပြိုကွဲအောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့သွားမယ်ဆိုပြီးဒီခရီးစဉ်ကိုစခဲ့တယ်ဆိုရင်မြဝတီတဘက်
ကမ်းကိုသူတို့ကူးတော့မှာမဟုတ်ပါဘူး။ ချောင်းထဲမှာပဲသူတို့ကိုယ်သူတို့သတ်သေသွားတာကပိုပြီး မြတ်တယ်လို့သူတို့ရဲ့နှလုံးသား
ထဲမှာရှိနေပြီးသားပါပဲ။ သို့ပေမဲ့လည်း တချို့လူတွေကပူပင်လွန်လို့ပဲလားမသိပါဘူးထပ်ပြီးပြိုကွဲမှာကိုဆိုးရိမ်နေတာတွေ့ရပါတယ်။
ကျမပြောခဲ့သလိုကျမတို့ကရင်တွေအချင်းချင်းမှာ ဖြူစင်တဲ့ချစ်ချင်းကရှိပြီးသားပါပဲ နားလည်မူနဲ့ခွင့်လွတ်တတ်မူမရှိလို့သာပြိုကွဲခဲ့ရတာပါ။
ဒီလိုမပြိုကွဲအောင်ကျမတို့တိုင်းရင်းသားအားလုံးအပေါ်မှာတာဝန်ရှိပါတယ်။ KNU နဲ့ DKBA အပေါ်မှာပဲတာဝန်ရှိတယ်လို့မယူဆကြပါနဲ့။
ကျမတို့ကရင်လူထုတွေအားလုံးကိုယ့်လူမျိုးကိုကိုယ်တကယ်ချစ်တယ်ဆိုရင် ကရင်အချင်းချင်းကြားမှာဖြစ်စေ ယခုလက်မှတ်ရေးထိုးခဲ့
တဲ့ကိစမှာဖြစ်စေ တစ်ယောက်နဲ့တစ်ယောက်အပြစ်မဆိုကြပဲနဲ့ နောက်ထပ်ပိုပြီးကောင်းလာအောင်ကိုယ့်ဘက်က ဘယ်လိုလုပ်ဆောင်ပေး
မလည်းဆိုတာသာစဉ်းစားကြစေချင်ပါတယ်။

ဆက်လက်ဖော်ပြသွားပါမည်

နော်ဝါးဝါးဖိုး



အခုကျမပေးပို့တဲ့စာထဲမှာတချို့စာလုံးပြန်လည်ပြီးတော့ပြင်ဆင်ပေးစေချင်ပါတယ်။ အထူးသဖြင့်စာလုံးထပ်တာကျမရိုက်လို့မတတ်ပါဘူး ဒီအတွက်
ပြန်လည်ပြင်ဆင်ပေးစေချင်ပါတယ်။ ဒီစာကိုဘလော့ပေါ်မှာတင်ပေးစေချင်ပါတယ်။ တင်ပေးဘို့အတွက်အခက်အခဲရှိမယ်ဆိုရင်လည်း ကျမဘက်က
နားလည်ပေးပြီးသားပါပဲ။ ကျမဘက်ကနိုင်ငံရေးအမြင်လည်းအဲ့လောက်ထိမရှိပါဘူး။ လူမျိုးရေးကိုရည်ရွယ်ပြီးတော့ရေးတာပါ။

လေးစားစွာဖြင့်

နော်ဝါးဝါးဖိုး
၁၇၊ ၀၁၊ ၂၀၁၂

No comments:

Post a Comment