ondragstart="return false" onselectstart="return false"

Friday, January 27, 2012

"မှန်တာကိုဆက်လုပ်နေရင်ပေါ့" (စိတ်ဝင်စားစရာ ကွန်မက်တစ်ခု)

ကေအိုင်စီ သတင်းမှာ တင်ထားတဲ့ " နိုင်ငံရေးဆွေးနွေးရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးပူးပေါင်းပါဝင်မှု KNU ဆောင်ရွက်သွားမည်" ဆိုတဲ့ သတင်းအောက်မှာ စိတ်ဝင်စားမိတဲ့ ကွန်မက်တစ်ကို ယူပြီး တင်ပေးလိုက်ပါတယ်။ ၄င်းကွန်မက်ဟာ ၂၆၊ ၀၁၊ ၂၀၁၂ မှာ ထုတ်ပြန်တဲ့ ကေအဲန်ယူ ဗဟိုကော်မတီဝင်များ အရေးပေါ် အစည်းဝေးမှ ထုတ်ပြန်ကြေငြာချက် ကို ရည်းညွန်းရေးသားခြင်းဖြစ်ပါတယ်။ comment ရေးသူက အဂ္ဂ လို့ အမည်ရပါတယ်။
xxxxxxxxxxxxxxx

Agga said:

ကျေနပ်တယ်..

ကေအဲန်ယူရဲ့  ၂၆ရက်နေ့ စွဲနဲ့ ထုတ်တဲ့ ထုတ်ပြန်ချက်ကိုတွေ့ ရတော့အလွန်ကျေနပ်အားရမှုရှိပါတယ်..
ခုလိုဘဲ လိုအပ်ရင်လိုအပ်သလို ထုတ်ပြန်သွားဖို့ အကြံပြုပါတယ်။
အနာဂတ်ကိုဘယ်သူမှ တတ်အပ်မသိနိုင်တာမို့ ငြိမ်းချမ်းရေးအောင်မြင်တာမအောင်မြင်တာကို စိုးရိမ်ရမှာထက်ကေအဲန်ယူရဲ့ ရှိရင်းစွဲ နိုင်ငံရေးသိက္ခာကို တပြားမှလျော့မကျသွားစေဖို့ ရယ်..မရှင်းမလင်းလုပ်ဆောင်မှုတွေကြောင့်ပြည်တွင်းပြည်ပ ကမ္ဘာအနှံမှာရှိတဲ့ ကေအဲန်ယူပရိတ်သပ်တွေမလျော့နဲသွားဖို့ ရယ်ကအသက်တမျှပိုပြီးအရေးကြီးပါတယ်..

မိမိရဲ့ ပရိတ်သပ်ကိုအမြဲအသိပေးနေတာမှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်..ရေရှည်မှာမိမိဘက်ကနိုင်ငံရေးဆုံးရှုံးမှုဖြစ်စေမဲ့မရိုးမသား လျို့ ဝှက်လက်သိတ်ထိုးဆွေးနွေးတာမျိုးကိုလုံးဝအဖြစ်မခံပါနဲ့ ..တွေ့ ဆုံဆွေးနွေးကြရာမှာ ယဉ်ကျေးမှုရှိသလို ပုဂ္ဂိုလ်အရရော နိုင်ငံရေးအရပါ ဂုဏ်သိက္ခာအပြည့်အ၀ရှိသူတွေရဲ့ ဘာမထီ ဥပဓိအသွင် အပြင်မျိုးရှိနေအောင် ကြိုတင်လေ့ကျင့်ထားပါ.. တဘက်ကစေတနာမှန်တယ်လို့ ကေအဲန်ယူကနေ ကိုယ့်ဖါကိုယ်ရောင်ပေါင်ပြီးကြိုတင်အဖြေမထုတ်ပါနဲ့..သူတို့ ရဲ့စလာပုံကိုက ငတ်နေတဲ့ခွေးတွေလို့ သတ်မှတ်ပြီး အချင်းချင်းကိုက်ကြအောင် အမဲရိုးပစ်ချပေးတဲ့ပုံဖြစ်နေတယ်ဆိုတာက တကမ္ဘာလုံးကမြင်နေတယ်.. ဒါမျိုးက ကေအဲန်ယူကိုလုပ်ရမဲ့ အဆင့်အတန်းမဟုတ်ဘူး.. သူတို့ ဘက်ကလမ်းမှန်ပေါ်ရောက်လာအောင်လို့ ကေအဲန်ယူကဦးဆောင်မှုပေးပါ..

လိုလိုမယ်မယ်မှာချင်တာက ဒေါ်စု ၀န်ကြီးချုပ်ဒါမှမဟုတ် သမတဖြစ်တဲ့အထိ စောင့်ပါ..ခွန်ထွန်းဦးလို လူမျိုးစုတွေအတွက်အမြဲရပ်တည်ပြောဆိုနေသူတွေဆီကိုလဲဆက်သွယ်အကြံယူပါ..တဘက်က ကိုယ့်ကိုအထီးကျန်ဖြစ်အောင်လုပ်နေတဲ့ ကျော့ကွင်းကနေလွတ်အောင်နဲ့  အမှန်တရားကနေလမ်းမလွဲအောင် အခြေအနေကိုထိမ်းသိမ်းပါ..

ခုကိုယ့်နဲ့လာတွေသူတွေဟာ ယဉ်ကျေးတယ်..ဖေါ်ရွေတယ်..စိတ်ကောင်းတယ်..ဒါပေမဲ့ဒီလူတွေကို နောက်ပိုင်းမှာခေါက်ထားလိုက်ပြီး နဂိုလ်အတိုင်းမိုက်မိုက်ကန်းကန်းတွေက ဒီကိစ္စကိုတနည်းနည်းနဲ့ လွဲမယူသွားဘူးလို့ ဘယ်သူမှမပြောနိုင်ဘူး..

သမိုင်းရှိတယ်..လွတ်လပ်ရေးရဖို့ တိုင်းရင်းသားတွေကိုဆွဲဆောင်စည်းရုံးရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းကိုရှေ့ တန်းတင်ခဲ့တယ်..ပင်လုံစာချုပ်အောင်မြင်သွားပြီး မကြာခင်မှာ ဗိုလ်ချုပ်အောင်ဆန်းကိုတဖွဲ့ ဖွဲ့ သတ်ပစ်စေတဲ့ အခြေအနေကို ဖန်တီးလိုက်တယ်.. ပိးတော့နယ်ချဲ့ကိုမဆီမဆိုင်တရားခံအလွယ်တကူလုပ်တယ်..ဆုံးရှုံးသွားရသူတွေက တိုင်းရင်းသားတွေ…

နောက်တခုက..လွတ်လပ်ရေးရပြိး အစိုးရဖွဲ့ တော့ ဒီမိုကရေစီအစိုးရဖြစ်လာတယ်..လွတ်တော်မှာ တိုင်းရင်းသားအခွင့်အရေးတောင်းဆိုမှုတွေ အောင်မြင်ခါနီး စစ်တပ်ကို တဘက်လှည့်အာဏာသိမ်းစေလိုက်တယ်..

ခုလဲအဲဒီပွိုင့်အစကိုပြန်ရောက်နေတယ်..နိုင်ငံရေးသံသယာတပတ်လည်နေတာဖြစ်တယ်.. တိုးတက်နေတာမဟုတ်သေးဘူး.. တဘက်ကခုလိုလုပ်နေတာက နိုင်ငံတကာကအမြင်ကောင်းအောင် အိမ်နီးချင်းနိုင်ငံ တွေနဲ့ ပင်းပြီး စီးပွားရေးလုပ်ကွက်ထွင်ဖို့ ဆိုတဲ့ လာဒ်လာဘတွေရဖို့  ကအဓိဖြစ်နေတုန်းဘဲဆို တာပေါ်နေတယ်.. အပြုသဘောနဲ့ ကြည့်ကြည့် အဖျက်သဘောနဲ့ကြည့်ကြည့် မစင်က မစင်ဘဲ..တဘက်က တကယ်စေတနာမှန်တာတွေကိုလုပ်လာဖို့ ကိုတော့ မျှော်လင့်နေရမှာပါ..

ခုလိုပြောတာ ဆရာကြီးလုပ်တယ်လို့ သဘောမထားပါနဲ့.. ပြည်သူတယောက်ကအကြံပေးနေတာလို့ အမှန်အတိုင်းမှတ်ယူပါ..
ခင်ဗျားတို့ ကေအဲန်ယူ ကိုယ့်ဖါကိုယ်အရှုံးမပေးလိုက်မိဘဲနဲ့ တသက်လုံးမပြုတ်ဘူးဆိုတာ ဘယ်လိုတွက်တွက် ဒီအဖြေဘဲရတယ်..အမှန်တရားတခုကိုဘဲ ခင်ဗျားဆက်ပြိးဆုတ်ကိုင်..ရိုးရိုးဖြောင့်ဖြောင့်ပွင့်လင်းလင်းလုပ်.

ဒီမိုကရေစီခေတ်မှာ အနဲဆုံးတော့ ခင်ဗျားတို့ ကို အရင်ကလိုပစ်စလက်ခတ်လုပ်လို့ မရအောင် ပြည်တွင်းကပြည်သူတွေကရော ကမ္ဘာ့ပြည်သူတွေကပါ ကာကွယ်သွားမယ်ဆိုတာယုံကြည်ပါ..မှန်တာကိုဆက်လုပ်နေရင်ပေါ့……

လေးစားလျှက်
အဂ္ဂ
http://www.kicnews.org/?p=9688

4 comments:

Anonymous said...

မိခင်အဖွဲ့အစည်းKNU သို့............

KNU ဟာ ကရင်အမျိုးသားတစ်ရပ်လုံးရဲ့ ရှေ့ပြေးမိခင်အဖွဲ့အစည်းဆိုတာ ငြင်းလို့မရသလို ကရင်လူမျိုးတွေရဲ့ ကျောထောက်နောက်ခံအဖြစ် ရပ်တည်မြဲရပ်တည်လျှက် ရှိတယ်ဆိုတာလည်း ကရင်တိုင်း လက်ခံယုံကြည်ကြပါတယ်။
ငြိမ်းချမ်းရေးလုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး ကရင်တစ်ယောက်အနေနဲ့ စိုးစဉ်းမျှ သံသယရှိစရာမရှိပေမဲ့..
ကြိုတင်ပြင်ဆင်မှုအားနည်းချက် ရှိတာကိုတော့ ထောက်ပြစရာ ရှိလာပါတယ်။
မဲဆောက်မှာ အရင်(၂)ကြိမ်ဆွေးနွေးတုန်းက ပြည်တွင်းပြည်ပမှာရှိတဲ့ ကရင်လူထုတွေကို အသိမပေးပဲ ခွဲထွက် အဖွဲ့အစည်းတစ်ခုကနေ မီဒီယာမှတစ်ဆင့် ပြောကြားမှ စတင်ကြားသိရပြီး ထိုမှတစ်ဆင့်
ပြည်တွင်းပြည်ပရဲ့ အမြင်သဘောထားကို တောင်းခံလာတာ ဖြစ်တယ်။ ဒါတွေဟာ ယုံကြည်မှုကို မထိခိုက်နိုင်ပေမဲ့ သို့လော
သို့လော........ တွေးမြင်စရာ ရှိလာပါတယ်။
ဒါဟာ ကြိုတင်ပြင်ဆင်မှု အားနည်းချက်လို့မြင်မိသလို အစီအစဉ်မှာမပါတဲ့ နေပြည်တော်အထိ သွားတဲ့ကိစ္စဟာလည်း
နှစ်(၆၀)ကျော် ရပ်တည်ချက်ကို ပျော့ပျောင်းသွားစေပါတယ်။

အမျိုးသမီးအဖွဲ့မှ သဘောထားထုတ်ပြန်ချက်တွေ ပေါ်လာပြီးမှ အမျိုးသမီးအဖွဲ့ကို ငြိမ်းအဖွဲ့ထဲ ပြန်လည် ပါဝင်စေတာဟာလည်း ကောင်းတယ်ဆိုပေမဲ့
ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်မှု အားနည်းသလိုလို ဖြစ်သွားပါတယ်။

ဘာပဲဖြစ်ဖြစ် ယခုတော့ အတွေ့အကြုံပေါ်အခြေခံပြီး အီးစီအစည်းအဝေးကနေတစ်ဆင့် ထုတ်ပြန်တဲ့ ကြေငြာချက်တွေက ကရင်လူထုအတွက် အားရစရာ ရှိလာတာတော့အမှန်ပါပဲ။

KNU မိခင်အဖွဲ့အစည်းအနေနဲ့လည်း ရန်သူကို မိတ်ဆွေပြုပြီး ငြိမ်းချမ်းရေးဆွေးနွေးရာမှာ အမြဲတမ်း သတိတရားရှိလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။

Anonymous said...

ခင်ဗျားတို့ အပြင်မှာ နေပြီး သိပ်ပြောတတ်ကြပါလား.. ကိုယ်တိုင်ဆင်းလုပ်ကြလေကွ..


ဂျစ်တူး

မန်းဒုံ said...

မောင်ဂျစ်တူး

ပြောစရာရှိရင် ပြောမှာပဲ။
ငါတို့ကိုယ်ငါတို့ အပြင်လူလို့ တခါမှမသတ်မှတ်ဘူး။
ငါ့တို့က ကရင့်အမျိုးသားလှုပ်းရှားမှုမှာ တကယ့်အတွင်းလူတွေပါ။

ရှေ့တန်းတက်မှ အတွင်းလူလို့ မင်းသတ်မှတ်ရင်တော့
ဒီမှာမောင်ဂျစ်တူး....

..............................

BIGEYE said...

ကို Agga ရေ ခင်ဗျားရဲ့သဘောတရားကိုအပြည့်အ၀ထောက်ခံတယ်ဗျာ
လေးစားလျက်

စောဘစ်အိုင်း
အမေရိကန်

Post a Comment