ondragstart="return false" onselectstart="return false"

Saturday, June 2, 2012

မဲဆောက်ရောက် မြန်မာပြည်သူများ ဒေါ်အောင်ဆန်းစုကြည်အား သောင်းနှင့်ချီကြိုဆို

ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မဲဆောက်မြို့သို့ ယနေ့ နံနက် ၉ နာရီ ၄၀ မိနစ်တွင်ရောက်ရှိပြီး ရွှေ့ပြောင်းမြန်မာအလုပ်သမားများ သောင်းနှင့်ချီပြီး နံနက် ၈ နာရီကတည်းက မဲဆောက်လေယဉ်ကွင်းသို့ လာရောက် ကြိုဆိုနေကြောင်းသိရှိရသည်။

ဒေါ်စုသည် ထိုင်းနိုင်ငံ-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတစ်ခုဖြစ်သော ဘဲကလော်(မေလ) ဒုက္ခသည်စခန်းကို သွားရောက်ပြီး ယနေ့နေ့လည် ၁ နာရီခွဲတွင် မယ်တော်ဆေးခန်း၌ သောင်းနှင့်ချီကြိုဆိုနေကြသော ရွှေ့ပြောင်းမြန်မာအလုပ်သမားများအား မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် မဲဆောက်မြို့သို့လာမည်ကို သောင်းနှင့်ချီသော ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ သောင်းသောင်းဖျဖျနှင့် အားရဝမ်းသာ ကြိုဆိုနေတာကို သိရပြီး အိုမီကာအထက်စက်ရုံမှ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ဒေါ်စုကိုလာကြိုဆိုနေရသော အကြောင်းရင်းကို သူကအခုလိုပြောသည်။

“ ကျနော်တို့က အမေစုကို တစ်ခါမှမမြင်ဖူးတဲ့အတွက် မြင်ဖူးချင်တယ် တွေ့ဖူးချင်ပါတယ်။ မေစုက အခုကျနော်တို့ အားပေးထောက်ခံနေတာကို ပြချင်ပါတယ်။ ကျနော်တို့ အခုလိုမျိုး သူများနိုင်ငံမှာ လာပြီးတော့ ဒုက္ခခံအလုပ်လုပ်နေရတာကို သိစေချင်တဲ့ဆန္ဒနှင့် ကျနော်တို့အလုပ်သမားအားလုံးကို အမိမြန်မာပြည်မှာ အေးအေးချမ်းချမ်းနှင့် လုပ်ကိုင်စားသောက်နိုင်အောင် အမြန်ဆုံးပြန်ခေါ်ပါလို့ ကျနော်တို့တောင်းဆိုချင်ပါတယ်။ ” ဟု ဒေါ်စုကိုလာကြိုဆိုနေသော အလုပ်သမားတစ်ဦးက ပြောပြသွားသည်။
http://arakantimes.net/burmese/index.php/2012-02-24-06-58-57/164-2012-06-02-04-22-18

6 comments:

ကညော said...

အန်တီစုရေ သွားရောက်ြ့ကည့်ရှူ ရုံသက်သက်လား..နိုင်ငံတစ်ကာမြင်အောင်လို့ လား.....အဲဒီလူတွေရဲ့ ဘ၀ တွေကိုသွားရောက်ကြည့်ရှူ ရှူံသက်သက်ထက် ပိုပြီးစဉ်းစားပေးနိုင်ရင် ပိုကောင်းမလားလို့ ပါဗျာ....ဘာလို့ လည်းဆိုတော့ဒုက်ခသည်ဘ၀ဆိုတာခံစားနေရတဲ့အရာမပြောနဲဒုက်ခသည်လို့ အခေါ်ခံရတာကိုက ခံစားရတာမသက်သာပါဘူး....ဒီကြားထဲမှာ ထပ်ပြီးခုတုံးတော့အလုပ်မခံပါရစေနဲ့ ဗျာ.ဦးအောင်မင်းလည်း ကရင်ဒုက်ခသည်စခန်းကိုလာရောက်ကြည့်ရှူမည်လို့ ကြားလိုက်သလိုဘဲ...အန်တီစုက သူ့ အရင်ရောက်လာခဲ့ပြီဆိုတော့ ခြေတစ်လှမ်းပိုမြန် သွားတာပေါ့နော်..ပြီးတော့ ဒီ အချိန်မှာ ကျနော်တို့ ညီအကို တိုင်းရင်းသားတွေ ဖြစ်တဲ့ကချင် လူထု စစ်ပြေးဒုက်ခ သည်တွေလည်း နိုင်ငံ့ခေါ်င်းဆောင်လို့ အခေါ်ခံရတဲ့ လူတွေရဲ့ အရှူံစိုက်မှူနှင့် သူတို့ လက်ရှိခံစားနေရတဲ့ ပြသာနာကိုပြေလည်အောင်ဖြေ ရှင်းပေးဘို့ လိုအပ်နေတယ်ဆိုတာ ဒုက်ခသည်စခန်းတွေကိုလှည့်လည်ကြည့်ရှူ ဘို့ အတိအကျမပြောနိုင်သေးတဲ့အကြောင်းအရာတစ်ခုကြောင့်စိုင်းပြင်းနေကြတဲ့ အန်တီစု နှင့် ဦးအောင်မင်း ကိုတစ်ကယ်မသိသေးရင်ဖြစ်ဖြစ်၊မသိချင်ရောင်
ဆောင်နေတာ ဆိုရင်ဘဲဖြစ်ဖြစ် တစ်ခါထပ်ပြီး အသိပေးချင်တယ်ဗျာ.....
အတိအကျမပြောနိုင်သေးတဲ့အကြောင်းအရာတစ်ခုလို့ ကျနော်သုံးရတာကတော့ ပညာရှိတွေဆိုတာ ဘယ်အရာကိုမှ အကြောင်းမဲ့
မလုပ်ဘူးဆိုတာ ကျနော်နားလည်ထားလို့ပါဘဲ...အဲဒီအကြောင်းအရာကိုတော့ကာယကံရှင်တွေက အသိဆုံးဖြစ်မှာပါ..
(((ကျနော်ဆိုလိုသောပညာရှိ ထဲတွင် မီးကိုတော့ဘိုးတော် မင်းလေးဘက်ကုံန်းတဲ့ခေတ်ကတည်းကမှန်မှန်မပေးနိုင်ဘဲ၊ ပဒေသာရာဇ်ခေတ်ကတည်းက ဖရောင်းတိုင် ဆီမီးထွန်းပြီး အမှောင် ထုကို
ဖြစ်ကျော်လာခဲ့ရတဲ့ လူထုကို ..ဖရောင်းတိုင် မီးတွေကိုထွန်းထားပြီးလျှပ်စစ်
မီးတွေပိတ်ထားရင် မီးမမှန်တဲ့ပြသာနာပြေလည်သွားမှာပါလို့ အ ကြံပေးတဲ့ လက်ရှိ အစိုးရ ရဲ့ အကြံပေးအရာရှိ ကြီးမပါ ပါ ။။

Saw Patrick said...

Refuge & migrate workers ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဆိုတာ နယ်နမိတ်ခြင်းထိစပ်နေတဲ့ တကမ္ဘာလုံးပေါ်ကနိုင်ငံအသီးသီး တွေ့ကြုံနေရတဲ့ပြသနာပဲ။ရွှေ့ပြောင်းအ လုပ်သမားကတော့ စီးပွါးရေးအရ ပေါ်ပေါက်လာတဲ့ ပြောင်းရွှေ့မှုပဲ။ဒါပေမဲ့ဒုက္ခသည်ဆိုတာတော့ နယ်မြေမအေးချမ်းလို့ မိမိအ၇ပ်ဒေသမှာဆက်နေဖို့ လုံးဝလုံခြုံမှုမရှိတော့လို့ အသက်ရှင်ရပ်တည်လို့ရမဲ့နေရာကိုအမြန်ဆုံးတိမ်းရှောင်ရတာမှို့ အဲဒီဒုက္ခသည်တွေရဲ့ကိစ္စကိုဖြေရှင်းရမှာ ပထမဆုံးတာဝန်ရှိတဲ့သူက ဒုက္ခသည်တွေဖြစ်အောင်ဖန်တီးလိုက်တဲ့ အစိုးရတရပ်ပဲဖြစ်တယ်။ဒါပေမဲ့ နှစ်ပေါင်း၅၀ ကျော်ကာလထဲက လစ်လျူပြုထားလို့ ကမ္ဘာ.ကုလသမ္ဂနဲ့ နိုင်ငံတကာကပူးပေါင်းပြီးဖြေရှင်းထောက်ပံ့ပေးခဲ့ရတာ ကြာပြီပဲ အဲဒီဒုက္ခသည်တွေကိုပြပြီး အချောင်စားနေတာတော့ ထိုင်းနိုင်ငံပဲဆိုတာ အန်တီစုသိလို့ ထိုင်းဖက်ကိုအရင်ချဉ်းကပ် ပြီးတော့မှ လွှတ်တော်ထဲမှာတင်ပြ အမြန်ဆုံးဖြေရှင်းသွားမယ်လို့ယုံကြည်ပါတယ်။အခုလို အမှန်တကယ်ဖြစ်ပြက်နေတဲ့နေရာတွေကို မိမိအသက်လုံခြုံရေးတောင်ဂရုမစိုက်ပဲ သွားရဲတဲ့သတ္တိ ကိုချီးကျူးသလို လက်ရှိအစိုးရအုပ်ချုပ်ရေးအဖွဲ့တွေတခါမှမလုပ်ခဲ့တဲ့အလုပ်ကိုပထမဦးဆုံးလုပ်ပြတဲ့အတွက်လေးစားရမှာပဲ။ လူကြီးတွေရဲ့နိုင်ငံခြားခရီးစဉ်တွေဆိုတာ အဲဒီနိုင်ငံတွေရဲ့ တိုးတက်လှပတဲ့နေရာတွေလျောက်ကြည့် ကောင်းတာတွေစားသောက် ရနိုင်တဲ့ ကိုယ်ကျိုးစီးပွါးတွေချိတ်ခဲ့ ပြီးတော့နိုင်ငံသားတွေအကျိုးစီးပွါးတခုမှဖြစ်မလာတဲ့နိုင်ငံခြားချစ်ကြည်ရေးခရီးစဉ်တွေဟာ ဦးနေ၀င်းလက်ထက်ကထဲကနေခုချိန်ထိ အခေါက်ပေါင်း သိန်းသန်းချီနေပြီ။ အန်တီစုတခါပဲသွားတယ် အဲဒီတခါမှာဒီလိုနေရာမျိုးရောက်အောင်သွားခဲ့တာ တန်ဖိုးရှိရှိစဉ်းစားကြဖို့တိုက်တွန်းလိုက်ပါတယ်။

sp said...

ဟုတ်ပါပြီ ကိုယ့်ကိုယ် ကိုကရင်အမျိုးသား ခေါင်းဆောင်လို့ အမွန်းတပ်ပြီးဝပ်ဆိုဒ်ထဲမှာ ကြော်ငြာ ထည့်ရတဲ့ အထိကြောင်တောင်တောင်ဆန်လွန်းတဲ့
ကျော ကျောပက်ထရစ်ရယ်.....ခင်ဗျားမှန်ပါစေလို့ ဘဲကျုပ်ဆုတောင်းပါတယ်.....ဒါပေမဲ့နေရာဒေသနဲ့ အချိန်အခါအပ်ါမှာ ဖြစ်ပြက်နေတဲ့အကြောင်းအရာတစ်ခုကို သာမာန်လူပြီန်းအတွေးနဲ့ အပေါ်ယံ
ကိုဘဲ မြင်တတ်တဲ့ ခင်ဗျားတို့ လို သံချေးတတ်နေတဲ့ ဦးနောက် အညံ့စားတွေကြောင့် ကျုပ်တို့ တိုင်းရင်းသားတွေရဲ့ ဘ၀ ဟာ အခုထပ်ထိ
အသနားခံ လူတန်းစားဘ၀ကနေ မတတ်နိုင်သေးတာ.....ခင်ဗျားကိုကျူပ်
ပြောမည်....ကျူပ်တို့ လိုချင်တာ သူများသနားတာမဟုတ်ဘူး....ကျုပ်တို့ ရသင့်ရထိုက်တဲ့အခွင့်အရေး နဲ့ တန်းတူရည်တူ ဆက်ဆံရေးဘဲ..မရရင်ပင်
လုံစာချုပ်ပါ သဘောတူညီ ချက်အရ ဒီဗမာတွေ လက်ထဲကခွဲထွက်ရမှာဘဲ...
ဒီ တိုင်းရင်းသားတွေအပေါ်မှာ သဘောထားမမှန်တဲ့ လူတစ်စုက တိုင်းရင်း
သားတွေရဲ့အခွင့်အရေးကိုလည်း အပြည့်အ၀မပေးချင်ဘူး...တိုင်းရင်းသားတွေကစည်းလုံးညီညွတ်ကုန်ပြီး ခွဲထွက် မှာကိုလည်း ကြောက်
နေကြတယ်....ဒီအချိန် မှာ ဒီမဟာ လူမျိုးရေးဝါဒီ တွေန့ဲ့ အဲဒီသွေးတွေမကင်းတဲ့လူတွေ ဘာလုပ်ကြမလဲ.......ဒါကျုပ်စဉ်းစားလို့ မှီတဲ့အချက် တွေများစွာထဲကတစ်ချက်ပါ...ဒီထက်မြင့်တဲ့ အကြံတွေ ဒီလူတွေမှာ ရှိနေတယ် ဆိုတာ ကျုပ်တတ်အပ်ပြောရဲတယ်.......
ကျုပ်က ဘယ်သူ့ ကိုမှမယုံဘူး......ဖြစ်နိုင်ရင် မြန်မာပြည်ကိုလေးပိုင်း...ပိုင်း
လိုက်ချင်တယ်....စစ်တိုက်ချင်နေတဲ့ စစ်ရူးတွေကိုတစ်ပိုင်း....အာဏာလိုချင်
ဖင်ထိုင်ခုံ လုချင်တဲ့ နိုင်ငံရေးပါတီ..အဖွဲ့ အစည်းတွေကိုတစ်ပိုင်း....လူမျိုးရေး
ခွဲချားပြီး လူတိုင်းအပေါ်ဆရာလုပ်ချင်နေတဲ့  စိတ်ဒစ ဝေဒနာရှင်တွေအတွက် တစ်ပိုင်းနဲ့  အေးအေးဆေး ဆေးလုပ်ကိုင်စားသောက်
ပြီး ဘာ အရှုပ်အရှင်းမှ မလုပ်ချင်တဲ့ သာမာန် ရိုးစဉ်းတဲ့ လူတန်းစားတွေအတွက်ကတစ်ပိုင်း ဆိုတာ မျိုးပေါ့......မဟုတ်လို့ ရင် ကျွဲ အကောင်ပေါင်းများစွာ ဝှေ့ တဲ့ ကြားမှာ ကျုပ်တို့ ပြည်သူတွေက ဘယ်သူ့ ကို
ယုံကြည်အားကိုး အဖေခေါ် ရမှန်း မသိတော့လို့ ပါ....

Saw Patrick said...

Dear SP.
Actually we do not have enough Time to make arguments with reckless peoples who never have political sense as well as no experience in practical dealing.Just count your-self whether you are usable for society.All your comments is rising from hardship of your life as you are Optimistic.Politic is not for the peoples of senseless peoples and for advantage person.Sending comments on webside is not to quarrel each other.You are a patient of Inferiority Complex because you were born in poor society I think.My boy I am 63 year old politician as well a lecturer at University.Just keep away from our track SP,thanks.

sp said...

နောက်ထပ်တစ်မျိုး တိုးလာပြန်ပြီ...ကရင်အမျိုးသားခေါင်းဆောင်ကနေ 63 years old politician as well a lecture at University တဲ့။ နောက်တစ်ချက် ဆက်ခေါက်လိုက်ရင် သမတလင်ကွန်းနဲ့ များ အမျိုးတော်
စပ်လာမလားမသိဘူး...ဦးလေးကြီး ....သားသားက ကိုယ့်ကိုယ်ကို ခေါင်း
ဆောင်လို့ ကြော်ငြာ ထည့်လာတဲ့ ဦးလေးကြီးရဲ့ ခေါင်းဆောင် အရည်အသွေးတစ်ချို့ နဲ့ အတွေးအ ခေါ် အဝေအဖန် ခံနိုင်မှူလေးကို စမ်းကြည့် တာပါ ဂျာ......စိတ်ကြီးဘဲ...ခေါင်းဆောင်ဆိုတာ အဝေဖန်ခံနိုင်ရတယ် ဂျ......သူများကိုပြန်ပြောလိုက်တာရစရာတောင်မရှိတော့ဘူး....ထားလိုက်ပါတော့
ဗျာ...ကျုပ်ကခင်ဗျားပြော သလို....ဘာမှ မဟုတ်တဲ့ ကောင်၊နိုင်ငံရေးအတွေးအမြင်မရှိတဲ့ကောင်၊လက်တွေ့ ဖြတ်သန်းမှုမရှိတဲ့အကောင်၊
ဆင်းရဲချို့ တဲ့တဲ့ လူအဖွဲ့ အစည်းထဲမှာ မွေးဖွား ခဲ့တဲ့ကောင် ဆိုပေမဲ့ ဒီလမ်းပေါ် မလာနဲ့ ဒါ ငါတို့ တွေဘဲ သွားလို့ ရတယ် သွားမည်လို့ တော့ ကျူပ်ကို မကန်ထုပ်ပါနဲ့ ဗျာ....အဲဒီလိုဆိုရင် ခင်ဗျားလည်း နအဖ စစ်အစိုးရ
လမ်းစဉ်ထဲကို ရောက်မှန်းမသိ ရောက်နေသလို များဖြစ်နေ မလားလို့ ပါ ခေါင်းဆောင်ကြီးရယ်....ကျူပ်မှာလည်း လွတ်လပ်စွာ တွေးခေါ်ဝေဖန်ပိုင်ခွင့်လေးတော့ရှိသင့်ပါတယ်ဗျာ...အထူးသဖြင့် ခေါင်းဆောင်တွေ..ကိုယ့်ကိုယ်ကို ခေါင်းဆောင်လို့ ကြော်ငြာတဲ့လူ တွေကိုပေါ့....ခင်ဗျားကခေါင်းဆောင်လို့ ကိုယ့်ကိုယ်ကို ကြော်ငြာထည့် တဲ့လူဆိုတော့ ပိုနားလည်မှာပေါ့...ကျုပ်ရဲ့ဝေဖန်မှုလေးတွေက ခင်များရဲ့ အသည်းကိုထိသွားခဲ့ရင် ဆောရီးဘဲဗျာ...ဒါပေမဲ့.အဝေဖန် မခံနိုင်ရင်ကိုယ့်ကိုယ်ကို ခေါင်းဆောင်လို့ မကြော်ငြာ နဲ့ ......ခေါင်းဆောင်ဆိုရင် အဝေဖန်ခံနိုင်ရတယ်.......ဒါပေမဲ့ ခင်ဗျားလိုအတွေးအမြင်ရှိတဲ့ လူကိုတော့ ကျူပ် မဝေဖန်ချင်တော့ပါဘူးဗျာ..လေကုန်တယ်........ဒီကွန်မန့် လေးထဲမှာ ဘာမှ အတွေးအခေါ်မရှိတဲ့ချာတိတ်လေး ငါ့ကို ဘာတွေများဆက်ပြီး ဝေဖန်ဦးမလဲ
ဆိုပြီး လာ မခိုးကြည့်နဲ့ တော့နော်....အသက်လေးလဲ ရလာပြီဆိုတော့ စိတ်လေး လဲလျှော့ြ့ပီး နားနားနေနေ.......နေပါနော် ....ခေါင်းဆောင်ကြီး.....

လွင့်မျောနေသောဌက်ငယ်လေး... said...

ဘာထူးခြားတာလည်း ဆက်ပြီးကိုက်ကြအုံးမှာလား...ကျွန်တော်က ကျောင်းသားပဲရှိသေးတယ်...ဝေဖန်ရတာလည်းကြိုက်တယ် ၊ ခုခံဖို့ ကလည်းဝါသနာတစ်ပါးပါပဲ....
ဒါပေမယ့်တော့ အကြိုးရှိမယ်ဆိုရင်ဆက်လုပ်ပါ...ကျွန်တော်တို့ တစ်တွေဟာ တိုင်းရင်းသားတွေပါ...မကိုက်ကြပါနဲ့ တော့လို ပြောချင်ပါတယ်ဗျာ...ကျွန်တော်တို့ တွေလက်တွဲနိုင်တဲ့နေ့ ကိုတော့ မမေ့ကြဖို့ လိုတယ်...
နောက်ဆုံးတစ်ချက်ကတော့ "life is nothing"

Post a Comment