ondragstart="return false" onselectstart="return false"

Monday, May 23, 2011

နေ့ စဉ်သတင်း 23 May 2011 - SSA ‘South’, SSA ‘North’ declare ‘We are one’

သျှမ်းတွေက ပြောတယ် "We are one" တဲ့... အင်မတန်မှ အားရစရာကောင်းပါသည်။

Daily_News_on_May_23-_2011


Type the rest of your post here.

1 comment:

ဗမာ နဲ့ တိုင်းရင်းသားတွေကို သွေးကွဲအောင် စစ်အုပ်စုက လုပ်နေတာပါ။ said...

ဗမာ နဲ့ တိုင်းရင်းသားတွေကို သွေးကွဲအောင် စစ်အုပ်စုက လုပ်နေတာပါ။


ဗမာ နဲ့ တိုင်းရင်းသားတွေကို သွေးကွဲအောင်၊ တိုင်းရင်းသား အချင်းချင်းကို သွေးကွဲအောင်၊ ပြည်သူတွေနဲ့ စစ်တပ်ကို သွေးကွဲအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာက အစိုးရ အမည်ခံ စစ်အုပ်စု ဖြစ်ပါတယ်။

မြန်မာစစ်တပ်က ပြည်သူတွေကို သွေးခွဲတဲ့ အနေနဲ့ရော၊ ခြိမ်းခြောက်တဲ့ အနေနဲ့ပါ ကျယ်ကျယ်ပြန့်ပြန့် မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် သုံးနေတာကို ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖေါ်ပြောကြားလိုက်တာကို ဖတ်ကြည့်ပါ။



"မုဒိမ်းစစ်တပ်" ဟု ဒေါ်စုပြောပြီ


ရာဇဝတ်ကောင်တွေ ကြီးစိုးနေဆဲဖြစ်တဲ့ တရားမဝင် ပြည်ဖျက်အစိုးရရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ် အဖြစ် အသုံးချခံနေရတဲ့ မြန်မာ မုဒိမ်းစစ်တပ် အကြောင်းကို ဒေါ်စုပြောတာက ဒီလိုပါ။

"ကျမတို့ မြန်မာနိုင်ငံမှာ စစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် အသုံးပြုနေပါတယ်။

ငြိမ်းချမ်းစွာ နေနိုင်ရုံ နေလိုတဲ့ မြန်မာပြည်သူတွေနဲ့ မိမိရဲ့ အခြေခံလူ့အခွင့်အရေးကို ကာကွယ်ရုံ ကာကွယ်တဲ့ မြန်မာပြည်သူတွေ အပေါ်မှာ မြန်မာစစ်တပ်က မုဒိမ်းမှုတွေကို လက်နက်သဖွယ် သုံးပြီး ကျူးလွန်နေတာပါ။

အထူးသဖြင့် တိုင်းရင်းသားနယ်မြေတွေမှာ မြန်မာစစ်တပ်ရဲ့ မှုဒိမ်းမှုတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပါတယ်။

တိုင်းရင်းသားတွေကို ခြိမ်းခြောက်ဖို့ နဲ့ မြန်မာနိုင်ငံသားတွေ အချင်းချင်း မညီညွတ်ပဲ အကွဲအပြဲ ဖြစ်အောင် ရန်တိုက်ပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ မြန်မာစစ်တပ်က မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် သုံးနေတာပါ။

မြန်မာစစ်တပ်က ကျူးလွန်တဲ့ မုဒိမ်းမှုတိုင်းဟာ မြန်မာပြည်သူတွေကြားမှာ အကွဲအပြဲ ဖြစ်စေပါတယ်၊

မြန်မာစစ်တပ်က ကျူးလွန်တဲ့ မုဒိမ်းမှုတိုင်းဟာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကြားမှာ အကွဲအပြဲ ဖြစ်စေပါတယ်၊

မြန်မာစစ်တပ်က ကျူးလွန်တဲ့ မုဒိမ်းမှုတိုင်းဟာ စစ်တပ်နဲ့ ပြည်သူတွေကြားမှာ အကွဲအပြဲ ဖြစ်စေပါတယ်၊

မြန်မာစစ်တပ်က ကျူးလွန်တဲ့ မုဒိမ်းမှုတိုင်းဟာ (ဗမာအများစုနဲ့ ဖွဲ့စည်းထားလို့ "ဗမာစစ်တပ်" လို့ ခေါ်နေကြတဲ့ မြန်မာစစ်တပ်က ကျူးလွန်တာ ဖြစ်လို့) ဗမာတွေနဲ့ တိုင်းရင်းသားတွေကြားမှာ အကွဲအပြဲ ဖြစ်စေပါတယ်။

ဒါကြောင့် တိုင်းရင်းသားတွေ အပါအဝင် ငြိမ်းချမ်းစွာ နေလိုသူ ပြည်သူတွေ နဲ့ မိမိရဲ့ အခြေခံလူ့အခွင့်အရေးကို ကာကွယ်သူ ပြည်သူတွေကို ခြိမ်းခြောက်တဲ့အနေနဲ့ရော၊ သွေးခွဲတဲ့အနေနဲ့ပါ မြန်မာစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် အသုံးပြုနေတာကို အဆုံးသတ်သွားအောင် ကျမတို့အနေနဲ့ လုပ်နိုင်တာအားလုံးကို လုပ်ကြရပါမယ်။


http://www.yeyintnge.com/2011/05/aung-san-suu-kyi-on-sexual-violence-in.html

Post a Comment