ondragstart="return false" onselectstart="return false"

Friday, May 20, 2011

စောပလာထူး၊ သိက္ခာတော်ရ ဆရာ စောမာဂေကြီး၊ ဒေါက်တာစိုင်းမွန်သာ တို့ မျှော်လင့်ခဲ့ကြသော ငြိမ်းချမ်းရေး (ဗီဒီယိုမှတ်တမ်း)

ဒီဗီဒီယိုမှတ်တမ်းက အဖိုးတန်မှတ်တမ်းလေးပါ။ http://www.knljapan.co.cc/ သတင်းစာမျက်နှာမှ ပြန်လည်ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။ KNL Japan ၀ိုင်းတော်သားများကိုလည်း ကျေးဇူးအရမ်းတင်ပါသည်။

တချိန်က ကေအဲန်ယူ တပ်မဟာ(၇)မှူး ဗိုလ်မှူးချူပ်ဟောင်း ထိန်မောင် နအဖ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူသွားခဲ့ရတဲ့ ဇတ်လမ်းမှာ အဓိက ဇာတ်ကောင်တွေနဲ့ သူတို့ တွေ ဗမာစစ်အစိုးရအပေါ် ဘယ်လိုယုံကြည်ခဲ့တာတွေကို ယနေ့ ဖြစ်ပျက်နေတာတွေနဲ့ ပြန်ချိန်ထိုးကြည့်လိုက်ရင် ကွက်ကွက်ကွင်းကွင်း မြင်တွေ့ ကြရမှာဖြစ်ပါသည်။

ဒီနေရာမှာ အမြင်နှစ်မျိုးနဲ့ မြင်တွေ့ ကြည့်လိုက်ရင် ဗီဒီယိုဖိုင် ထဲမှာ အားတက်သရော ပါဝင်ဆွေးနွေးသူတွေက နအဖ အလိုတော်ရိ အသုံးတော်ခံတွေ လို့ ယူဆ၍ ရသလို နောက်အမြင်တစ်ခုက တဖက်မှာ သူတို့ တွေကိုယ်တိုင် ဗမာစစ်အစိုးရရဲ့လှည့်ကွက် ပတ်ကွက်တွေကို ကြိုမြင်နိုင်စွမ်းမရှိကြ၍ နအဖစစ်အစိုးရပြောခဲ့တဲ့ အတုအယောင်ငြိမ်းချမ်းရေး ကို
အဟုတ်ကြီးထင်မှတ်ခဲ့ကြသူတွေလို့ အကောင်းမြင်ယူဆပေးလို့ ရပါသည်။ ထိုအချိန် ထိုကာလက သူတို့ တွေဟာ ယခု BGF လို့ ခေါ်တဲ့နယ်ခြားစောင့်တပ်ကိစ္စ ပေါ်ပေါက်လာမည်လို့ ဘယ်သူတွေမှ ထင်ခဲ့ပုံမရပါဘူး.. ကချင်တွေငြိမ်းချမ်းရေးယူဒါကို အားကျနေတဲ့ ပုံပမာတွေပေးသူက ပေးနေပါတယ်။ ကချင်ကိုယ်တိုင်လည်း တစ်နေ့ နယ်ခြားစောင့်တပ်သို့ အရေခွံ့ လှဲပစ်ခံရမယ်ဆိုတာ အစကတည်းက ကြိုမြင်နိုင်စွမ်းမရှိခဲ့ကြပါဘူး….

လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း တိုင်းရင်းသားအဖွဲ့ တွေ တဖွဲ့ ဖွဲ့ ဗမာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူနေချိန်မှာ အစတည်းက ဗမာစစ်အစိုးရရဲ့မူမမှန်တဲ့ သဘောထားတွေကို ကြိုသိနေတဲ့ KNU ပါမသွားခဲ့ပါဘူး.. ရိုးရိုးလေးတွေးပြီး ငြိမ်းချမ်းရေးမယူရကောင်းလားဆိုပြီး KNU ကိုပစ်တင်ရှုတ်ချခဲ့တဲ့ ကရင်လူမျိုးတွေလည်း အများကြီးပေါ့။ အခုတော့ သိပ်ရှင်းသွားပါပြီ။ နအဖက နယ်ခြားစောင့်တပ်ကို အသက်သွင်း ဖို့  စတင်ကြိုးစားလာတာနဲ့  နိုင်ငံရေးမှာ ကကြီး ခခွေးလောက်ပဲသိထားတဲ့သူတွေအတွက် KNU နအဖ စစ်အစိုးရနဲ့ ငြိမ်းမယူဖြစ်ခဲ့တဲ့ပုစ္ဆာက သူတို့ အတွက် အဖြေရှင်းရှင်းထွက်သွားပါပြီ။ ခုချိန်မှာ ကချင်၊ မွန်၊ ရှမ်း အစသဖြင့် နအဖနဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့အဖွဲ့ တွေ BGF ကိစ္စမှာ သူတို့ ဘ၀ စာမျက်နှာသစ်တစ်ရွက် ပြန်ဖွင့်ဖို့ ပြင်ဆင်နေရတယ်မဟုတ်ပါလား။

ဒီဗီဒီယိုဖိုင် ယခုအွန်လိုင်းပေါ်သို့ ပေါ်ထွက်လာတာဟာ အင်မတန်မှ ကောင်းမွန်ပါသည်။ ကရင်အမျိုးသားတွေကြားမှာ သို့ လောသို့ လောနဲ့ အမြင်မရှင်းခဲတာတွေ ယခု ဒီဗီဒီယိုဖိုင်က သက်သေခံပေးလိုက်ပါပြီ။ KNU နဲ့ KNLA နိုင်ငံရေးနဲ့ တပ်ကို ခွဲပြီး တပ်ကို ဆွဲထုတ်ဖို့ ကြံစည်ခဲ့တဲ့ဇတ်လမ်းတွေ၊ ဘယ်သူတွေက အဓိက ဇတ်ကောင်တွေလည်းဆိုတာလည်း ရှင်းနေပါပြီ။ ဗီဒီယိုဖိုင်ထည့်မှာ ဒေါက်တာတိမသေ တယောက်မမြင်လိုက်ရပေမယ့် သူလည်း အခုဆွေးနွေးပွဲမှာ ပါဝင်တဲ့သူတွေနဲ့  အင်မတန်မှ ရင်းနှီးပါတယ်။ သူလည်းဒီဇာတ်လမ်းမှာ ပါဒါပါပဲ။

ဗိုလ်မှူးချူပ်ဟောင်းထိန်မောင်အပါအ၀င် ဒီထဲမှာ အားတက်သရော ဆွေးနွေးသူတွေက စိတ်ရင်းစေတနာမှန်ခဲ့သည်တိုင်အောင် ဗမာစစ်အစိုးရရဲ့လက်ကွက်ကြောင့် ခင်ဗျားတို့ သမိုင်းမှာ အမည့်စက် တစ်စက် စွန်းထင်းသွားခဲ့ပါပြီ။ အင်မတန်မှ သင်ခန်းစာယူသင့်ပါတယ်။






Type the rest of your post here.

4 comments:

Anonymous said...

ဒီလူတွေဟာ အမျိုးသားရေးနဲ့ပတ်သက်ပြီး အတွင်းကျကျ မသိပဲ ဖခင်ကြီး နေရာယူချင်တဲ့ သာပေါင်းညာစားလို့ ခပ်ရိုင်းရိုင်း ပြောလို့ရ ပါတယ်။
ပထမဆုံတုန်းက ဒီကေဘီအေ မကောင်းကြောင်း လျှာအရိုး မရှိတိုင်း ပြောပြီး KNU နယ်မြေမှာ သူနာပြုသင်တန်းသွားဖွင့်ပါသေးတယ်။
ဆင်သွားလမ်းဖြစ်၊ ငါမှငါ ဆောင်ပုဒ်ကို ကိုင်စွဲထားတဲ့ သူတို့တွေကို ဒုတိယတစ်ခေါက်ဆုံတော့ သူတို့တွေကို အကြွင်းမဲ့အယုံအကြည်မရှိတဲ့
KNU တွေက ဘာဖြစ်ညာဖြစ်နဲ့ ဒီကေဘီအေရဲ့ ရွေကုက္ကိုကို ချီးမွမ်းခန်း
ဖွင့်ပြီး အဲဒီမှာပဲ သူနာပြုသင်တန်း ဖွင့်လိုက်ပါသေးတယ်။

တတိယတစ်ခေါက်ဆုံတော့ ဘယ်ကရင်မှ မကောင်းပဲ မိသားစုတစ်စုလုံး
ကရင်စကားမပြောတတ်ရှာတဲ့(ဒေါ်ဖေါဖါက နည်းနည်းရ)ဦးပလာထူးနဲ့
ဒေါ်ဖေါဖါသာလျှင် ကရင်အမျိုးသားရဲ့ ဖခင်မိခင်ကြီးလိုလို ပြောနေရှာလေရဲ့.......

သူတို့နဲ့ (KSDF) လမ်းခွဲပြီး ကိုယ်ယုံရာအမျိုးသားရေးကို လုပ်နေချိန်
နယ်စပ်တစ်နေရာမှာ ဖခင်ကြီး၊ မိခင်ကြီးပါ လက်ကမ်းစာစောင်တွေကို
ထူးနဲ့ဖေါက ဝေငှနေတုန်းပါပဲ။

ခုချိန်မှာ သူတို့တွေဟာ ကရင်အမျိုးသားတွေရဲ့ ဖခင်ကြီး မိခင်ကြီး
ဖြစ်နေသလား။
စစ်အစိုးရရဲ့ ရုပ်သေးရုပ်လား။
ကရင်အမျိုးသားရဲ့ တံတွေးခွက်လားဆိုတာ သူတို့ဘာသာ ကောင်းကောင်းသိနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Anonymous said...

သူတို့ တွေက တံတွေးခွက်ထည့်မှာပို သေချာပါတယ်။

Anonymous said...

I know both group pretty good.
Both group have weak point. I have been in the training that Dr.Paw Paw and Dr.Simon Tha arrange called ( Karen Medical Consortium ). After the trainings student have need place for practice their skill. But KDHW (Karen Department of Health and Welfare) don't take any responsible. Among the trainees there is a student have to contact with AMI in Mae La Camp. Then practical process getting better.
Now KMC request transportation for Medical student. Driver from Karen at the border side (let say openly KNU car drivers) ask for 3,000 Bht for a car. But they can take less than 6 students no more than that.
so about 20 students will cost 12,000 Bht transportation form Mae Sot to Walleikee 201 area and Mae La Camp. Too much so KMC surprise. Later we call Kwe Ka Baw School in Mae Sot that under control DKBA 999. They provide 12 students free transportation. At that time DKBA is our enemies.
As i have been experience Karen from the border need to change a lot. They become NGO and economic revolutionary.
KNLA soldier form Mae Sot to go home to the camp KNU driver ask for 1000 Bht for a trip. Because passenger from Myawaddy pay 3000 to go to the camp. how cam KNU soldiers pay. Let me say openly and list all the driver name:
DAY DAY, Sheper, Dreamer, Ta Lay Lay, Ka Doe, Ah Mu,Lu Ku,Tamlabaw Daughter.
Too many thing i need to say but it is not good to say all of that. Mar Ner Plaw create tension between soldiers and leader because of boat driver, now it seem like car drivers.


It is too long story.

Anonymous said...

Hay you list the name of driver is not all,
one more person call Ma Nee. Johnny driver.
You know in the camp now more Burmese than Karen refugee. They come through KNU drivers.
No body dare to take them.
Now it is time for UN registration.
Every day some HQ KNU drivers are busy. I mean not all KNU driver. For those who mostly in Mae Sot city only.

Post a Comment