ondragstart="return false" onselectstart="return false"

Monday, May 30, 2011

ကချင် လက်နက်ကိုင်အဖွဲ့စစ်ရေးပြင်ဆင်ထား

ကချင်တွေက စစ်ရေးအတွက် အဆင်သင့်ဖြစ်နေပြီလို့  လိုင်ဇာ သတင်းရပ်ကွက်က ကျနော်တို့ သောသီခိုကို ပြောပါတယ်။ ဆက်လက်ပြီးသူက "ဗမာစစ်တပ်က ကျနော်တို့ ကို မတိုက်ရဲပါဘူး.. ဖြဲချောက်ကြည့်တာလောက်ပဲရှိဒါပါ" လို့ ဆိုပါတယ်။ "ကျနော်တို့ ထက် သူတို့ ဘထွေးတရုတ်တွေကို ကြောက်လို့ " ဆိုပါတယ်။
KIO ကချင်လက်နက်ကိုင်တပ်ဟာ ငြိမ်းချမ်းရေးယူစဉ်ကာလမှာ ဆုံးရှုံးမှုတွေအများကြီးရှိခဲ့ပါတယ်။ နယ်မြေဆုံးရုံးမှုတွေ၊ လူထုထောက်ခံမှုစဒါတွေ ဆုံးရှုံးခဲ့တာပါ။ တဖက်မှာ စီးပွားရေးလုပ်ငန်းကို အတိုင်းအတာတစ်ခုအထိလုပ်နိုင်ခဲ့ပေမယ့် အထက်အောက်မညီမျှမှုတွေနဲ့ ပြည့်နေတယ်လို့ ဆိုပါတယ်။ သို့ သော် နယ်ခြားစောင့်တပ်ကို လက်မခံပဲ ငြင်းဆိုလိုက်တဲ့နောက်ပိုင်းမှာ ကချင်လူထုထောက်ခံမှု အပြည့်အ၀ ပြန်ရရှိလာကြတယ်လို့ ဆိုပါတယ်။
ဘာပဲဖြစ်ဖြစ် KIO ကချင်လက်နက်ကိုင်အဖွဲ့ လုံးဝအမြတ်ထွက်သွားတာ တစ်ခုရှိတယ်လို့ ဆိုပါတယ်။ အဲတာက ရန်ကုန် တက္ကသိုလ်၊ မန္တလေး၊ စတဲ့ ဗမာပြည်အနှံ့ မြို့ ကြီးတွေမှာ ဘွဲ့ ရ ကချင်လူငယ်တွေဟာ ဗမာပြည်အစိုးရက အလုပ်အကိုင်တွေကို မဖန်တီးပေးနိုင်တော့ KIO ထည့်ကို လိမ့်ပြီးဝင်လာပါတော့တယ်။ KIO လူကြီးတွေကလည်း ခေတ်ပညာတတ် ဗမာအကြောကို နှောကြေနေတဲ့ ကချင်လူငယ်တွေကို ဗိုလ်လောင်းသင်တန်းတွေ အပတ်စဉ် တစ်ခုပြီးတစ်ခုဖွင့်ပြီး တော်လှန်ရေးအတွက် New Generation တွေကို မွေးထုတ်တော့တာပါပဲ။
ယခုအချိန်မှာ ဗိုလ်သင်တန်းဆင်း ကချင် တပ်မှူးငယ်လေးတွေဟာ အရမ်းတက်ကြွနေတယ်လို့ ဆိုပါတယ်။ ဘန်းစကားအရပြောရရင် ဗမာ့တပ်မတော်ကို အရမ်းဆော်ချင်တဲ့သူတွေ လို့ ဆိုရပါမယ်။ KIO လူကြီးတွေက မနည်းထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ထားရတယ် လို့ လည်းဆိုပါတယ်။ မဟုတ်ရင် အနားကပ်လာပြီဖြစ်တဲ့ ရန်သူကို ပြေးဆော်ချင်နေတဲ့သူတွေကြီးပဲလို့  လိုင်ဇာသတင်းရပ်ကွက်က ကျနော်တို့ သောသီခို ပြောပါတယ် ခင်ဗျား.....
xxxxxxxxxxxxxxx
သန်းထိုက်ဦး Monday, 30 May 2011 18:57

ကချင်ပြည်နယ် အရှေ့တောင်ဘက် မန်စီမြို့နယ်အတွင်းရှိ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ရင်း၂၇ ထိန်းချုပ် ထားသော ဒေသတွင် ၎င်း တပ်ဖွဲ့ဝင်များကို စစ်အင်အား တိုးချဲ့၍ စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်ထားသည်။

ပြီးခဲ့သည့်တပတ် သောကြာနေ့က အစိုးရ၏ ခြေလျင်တပ်ရင်း (ခလရ ) ၁၀၅ တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ထိုကဲ့သို့ စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့(KIO)မှ တွဲဖက် အတွင်းရေးမှူး ဦးလနန်က ယနေ့ ဧရာဝတီ ကို ပြောသည်။

KIA တပ်ဖွဲ့ဝင်များသည် စစ်အစိုးရတပ်များ တည်ရှိသည့် နေရာအနီး တ၀ိုက်တွင် နေရာယူထားပြီး စစ်ရေးအရ အသင့် ပြင် ဆင်ထားသည်ဟု ၎င်းက ဆိုသည်။

အစိုးရတပ်ဖွဲ့ဝင်များက ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် တပ်အင်အား တိုးချဲ့ခြင်းမရှိဘဲ KIA ထိန်းချုပ်နယ်မြေ အတွင်းရှိ ရှ ဒန် ကျေးရွာ တွင် လှုပ်ရှားနေကြောင်း သိရသည်။

“သူတို့ အခု နေနေတဲ့ ရွာက အတွင်းပိုင်း တော်တော်လေး ကျသွားပြီး ကျနော်တို့ လုံခြုံရေး စီမံချက် လုပ်ထားတဲ့ အတွင်းပိုင်း ကို ရောက်နေတယ်၊ အဲဒီတော့ သူတို့ တောထဲကို ဟိုဝင် ဒီဝင် လုပ်ရင်တော့ မဖြစ်သင့်တာတွေ ဖြစ်တော့မှာပဲ”ဟု ဦးလနန်က ဆက်ပြောသည်။

အစိုးရတပ်များ လှုပ်ရှားနေသည့် ကျေးရွာတွင် ဒေသခံများက စစ်ဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် နီးစပ်ရာ ဆွေမျိုးနှင့် မိတ်ဆွေများထံ တိမ်းရှောင်နေကြောင်းလည်း သိရသည်။

ဦးလနန်၏ အဆိုအရ အစိုးရတပ်က ရွာသား၂ ဦးကို ဖမ်းဆီးထားကြောင်း ပြောဆိုသော်လည်း သီးခြားအတည်မပြု နိုင်ပေ။

KIA တွင် စစ်အင်အား တသောင်း ၀န်းကျင်ရှိပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် စခန်းချထားကြောင်း သိရသည်။
၁၉၉၄ ခုနှစ်မှ စတင်ပြီး KIA သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များ နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရေး အစီအစဉ်ကို KIA က လက်မခံသဖြင့် အစိုးရနှင့် ဆက်ဆံရေး ပျက်ပြား လျက်ရှိသည်။ နှစ်ဘက် စစ်ရေးပြင်ဆင်သည့် သတင်းများလည်း ပြီးခဲ့သည့်နှစ်က ပေါ်ထွက်လာသည်။

KIA ကို “သောင်းကျန်းသူ” အဖွဲ့ဟု အစိုးရပိုင် သတင်းစာများတွင် မကြာခဏ သုံးနှုန်းဖော်ပြသည်အထိ နှစ်ဘက် ဆက်ဆံရေး ဆိုးရွားလျက်ရှိသည်။

ပြီးခဲ့သည့် တပတ် သောကြာနေ့က တရုတ် နိုင်ငံတော်ကောင်စီဝင် Meng Jianzhu နှင့် မြန်မာ ပြည်ထဲရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို တို့ တွေ့ဆုံခဲ့ပြီး နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးများကို တိုးမြှင့် ဆောင်ရွက်သွားရန် သဘောတူ ခဲ့ကြောင်း သိရသည်။
http://www.irrawaddy.org/bur/index.php/news/6495-2011-05-30-11-58-09

No comments:

Post a Comment