ondragstart="return false" onselectstart="return false"

Tuesday, March 13, 2012

ပဒိုမန်း​ငြိမ်း​မောင်ကို တသက်တကျွန်းချမှတ်

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်ကို ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ် ကျခံစေဖို့ အင်းစိန် ထောင်တွင်း တရားရုံးက ဒီနေ့ စီရင်ချက် ချမှတ်လိုက်တာဟာ ယခု ကေအဲန်ယူနဲ့ ဗမာစစ်အစိုးရတို့ လုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းကို ဗမာအစိုးရက သောက်ဂရုမစိုက်ကြောင်း ကို သက်သေပြလိုက်ခြင်းဖြစ်ပါတယ်။ ကရင်အမျိုးသားတို့ ၏ တန်းတူအခွင့်အရေးရရှိဖို့ တိုက်ပွဲဝင်မှုကို အသိအမှတ်မပြုတဲ့အပြင် မလေးမခန့် နဲ့ ပညာပေးလိုက်တာပါ။ ရန်သူက သူ့ အလုပ်သူလုပ်နေမှာဖြစ်သည့်အတွက် ကေအဲန်ယူအနေနဲ့  ပဏာမ အပစ်ရရေး သဘောတူညီထားတာတွေကို ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။

ရန်သူက ကိုယ့်ကို တန်းတူမဆက်ဆံရင် ဆွေးနွေးပွဲရလဒ်တွေဟာ လည်း တဖက်စောင်းနင်းဖြစ်မှာဖြစ်ပြီး ကရင်အမျိုးသားတို့ လိုလားတောင့်တတဲ့ စစ်မှန်တဲ့ကိုယ်ပိုင်ပြန်ဌာန်းခွင့်ကို ဒီအစိုးရလက်ထက် ရနိုင်စရာအကြောင်းမရှိဘူးဆိုတာ ပေါ်လွင်ထင်ရှားနေပါသည်။ ယခုချိန်မှာ ကေအဲန်ယူအနေနဲ့  စစ်ရေးအတွက် ပြန်လည်အသင့်ပြင်ထားဖို့ လိုနေပြီဖြစ်ကြောင်း တိုက်တွန်းလိုပါသည်။

နှစ် ၆၀ ကျော်တိုက်လာခဲ့လို့ စစ်ကို ရပ်စဲသင့်ပြီလို့ အများသူငါ ဆန္ဒရှိနေပေမယ့် နှစ် ၆၀ ကျော် အသက်သွေးပေါင်းများစွာ ပေးဆပ်လာခဲ့ကြပြီး မှ ဘာမဟုတ်တာလေးနဲ့ အလှဲအလှယ် လုပ်ကြမှာလား မဖြစ်စလောက်လေးနဲ့  ကြေနပ်ကြမှာလား ဆိုတာမေးစရာဖြစ်လာတယ်။

ဘာမှမရသေးတာမက ထိပ်တန်း ကေအဲန်ယူခေါင်းဆောင်တစ်ဦးကို ဒီလို အပြစ်ပေးတာ ယခုလက်ရှိတာဝန်ထမ်းဆောင်နေ တဲ့ ကေအဲန်ယူခေါင်းဆောင်တွေ ရန်သူလက်ထည့်ရောက်သွားရင် ဥပဒေကို လက်တစ်လုံးကြားသုံးပြီး တစ်နေ့ ထောင်သွင်း မဆွဲထည့်ဘူးဆိုတာ ဘယ်သူအာမခံနိုင်မလည်းဆိုတာ စဉ်းစားစရာတွေအများကြီးပါ။

ကေအဲန်ယူခေါင်းဆောင်ကြီးများ အထူးသဖြင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်တော်ကြီးများ ရဲဘော်ရဲဘက်စိတ်ဓါတ် ဘယ်လောက်ရှိသလည်းဆိုတာ ဒီကိစ္စက စိန်ခေါ်မှုတစ်ရပ်ပါ။ ပဒိုမန်းငြိမ်းမောင်ရဲ့ နောက်ဆုံးလက်ကျန် အသက်ရှည်ကာလမှာ ထောင်နန်းစံသွားပြီး လုပ်ဖေါ်ကိုင်ဖက်တွေက အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ဒေသဖွံ့ ဖြိုးရေး ဆိုတဲ့ စကားလုံးလှလှလေးတွေအောက်မှာ ၀င်ပါနေကြရင် တစ်နေ့  ကရင်လူထုရဲ့ ၀ိုင်းဝန်းပြစ်တင် ကဲ့ရဲ့ခြင်းပြန်ခံရမယ်ဆိုတာ သတိမမေ့ကြဖို့ ဆန္ဒပြုလိုတယ်။

တော်လှန်ရေးသမားဆိုတာ လူမျိုးအပေါ်သစ္စာရှိရသလို လုပ်ဖေါ်ကိုင်ဖက်အပေါ် ရဲဘော်ရဲဘက်စိတ်ဓါတ်လည်းရှိရမယ် သစ္စာလည်းရှိရမယ်။

ဒီကေဘီအေက သေနတ် အလက် ၂၀ ကျော်ပြန်မပေးရင် ငြိမ်းချမ်းရေးပျက်ပြီ စစ်ပြန်တိုက်မယ်လို့ တောင် အစိုးရကို ပြတ်ပြတ်စိန်ခေါ်ရဲလို့  သူတို့ လိုချင်တဲ့ သေနတ်တောင်အစိုးရက ပြန်ပေးရတယ်မဟုတ်ပါလား...

ကေအဲန်ယူ ထိပ်တန်းခေါင်းဆောင် တစ်ဦး ထောင်တသက်တကျွန်းကျခံရတာကို ကေအဲန်ယူက အစိုးရကို ဘာမှ ပြတ်ပြတ် မတုံ့ ပြန်ရင် ကရင်လူထုက ကေအဲန်ယူရဲ့ဦးဆောင်မှုကို စိတ်ပျက်သွားမှာဖြစ်ပြီး လုပ်ဖေါ်ကိုင်ဖက်အပေါ် ရဲဘော်ရဲဘက်စိတ်ဓါတ်မရှိကြသူတွေလို့ အထင်အမြင်ခံရမည်ဖြစ်သည်။
xxxxxxxxxxxxxxxx

March 13, 2012 by ​အေး​နိုင်

နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲခံရသူ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်ကို ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ် ကျခံစေဖို့ အင်းစိန် ထောင်တွင်း တရားရုံးက ဒီနေ့ စီရင်ချက် ချမှတ်လိုက်ပါတယ်။

ပဒို မန်းငြိမ်းမောင်

ဒီနေ့ အင်းစိန်ထောင်တွင်းမှာ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ခရိုင် တရားသူကြီး ဦးလှဝင်း ရုံးထိုင်ပြီး အမှုစီရင်ခဲ့တာလို့ ပဒိုမန်းငြိမ်းမောင်ရဲ့ ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

“ဘယ်လိုအမိန့်ချလည်းဆိုတော့ ၁၇/၁ နဲ့ ထောင် ၃နှစ်၊ အမြင့်ဆုံးပဲ။ နောက်တခါ ၁၂၂/၁ နဲ့ အနိမ့်ဆုံးပေါ့၊ တသက်တကျွန်း အဲဒါ ချတယ်။ ပြီးတော့ ပြစ်ဒဏ် ၂ ရပ်စလုံးအတွက် ၂မှုကို ပေါင်းပြီးတော့ ပြစ်ဒဏ်ကျခံစေလို့ ဆိုတော့ ၃ နှစ်က မရှိတော့ဘဲနဲ့၊ တစ်သက်တကျွန်း ဆိုတော့ အနှစ် ၂၀ ပေါ့။ ချုပ်ရက်ကို ထုတ်နှုတ်စေ၊ ဆိုပြီးတော့ အဲဒီလို အမိန့်ချတယ်။ ကျနော်တို့က မကျေနပ်ဘူးဆိုရင် ရက် ၆၀ အတွင်းကို အယူခံဝင်ပေါ့။ ဒေသလွှတ်တော် တရားရုံးမှာ အယူခံဝင်လို့ရတယ်။”

ပဒိုမန်းငြိမ်းမောင်ဟာ ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကိုအသွား ထိုင်းကို ပြန်ဝင်ဖို့ ဗီဇာ အခက်အခဲတွေ့ရာကနေ မြန်မာပြည် ပြန်ပို့ခံရပြီး အင်းစိန်ထောင်မှာ ချုပ်နှောင် တရားစွဲခံရတာပါ။ သူ့ကို နိုင်ငံတော် ပုန်ကန်မှု၊ တရားမ၀င် အသင်းအဖွဲ့တွေနဲ့  ဆက်သွယ်မှု စတဲ့ အမှုတွေနဲ့ စီရင်ထားတာပါ။

ပဒိုမန်းငြိမ်းမောင်ဟာ မိခင်အဖွဲ့အစည်းအဖြစ်တဲ့ ကေအန်ယူနဲ့ အစိုးရအကြား အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးအတွက် ထောင်ထဲကနေ အကြံပေး ကြားဝင် ဆောင်ရွက်ခဲ့သူ ဖြစ်ပြီး သူ့ကို ဖမ်းဆီးမိအပြီးမှာ အစိုးရနဲ့ ကေအန်ယူအကြား နှစ်ပေါင်း ၆၀ ကျော် ကြာ တိုက်ပွဲကို အပစ်အခတ် ရပ်ထားဖို့ ပဏာမ သဘောတူညီချက် ရခဲ့ပါတယ်။

ဒီဖြစ်ထွန်းမှုတွေကြောင့် ကနဦးပိုင်းက အစိုးရ ပြည်ထောင်စုဝန်ကြီး တဦးက ပဒိုမန်းငြိမ်းမောင်ကို ပြန်လည် လွတ်မြောက်မှာပါလို့ ထုတ်ပြောထားဖူးပါတယ်။ ပဒိုမန်းငြိမ်းမောင်ကို လက်ရှိကာလ အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ကာလ အခြေအနေအရပါ လွှတ်ပေးသင့် ပါတယ်လို့ သူ့ရဲ့ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

“ကျနော်တို့ဘက်က တင်ထားတာတော့ လွှတ်ပေးဖို့ပေါ့။ လွှတ်ပေးနိုင်တဲ့ အချက်အလက်တွေ ရှိတယ်။ ဘာလို့လည်းဆိုတော့ ၁ အချက် တရားစွဲဆိုမှု မှားတယ်။ တရားစွဲဆို ခွင့်ပြုမိန့်တွေကလည်း လိုအပ်နေတယ်။ နောက်တခါ ဖြစ်ရပ် တခုတည်းပေါ်မှာ အမှု ၂ မှု စွဲလို့မရဘူး။ စွဲမယ်ဆိုရင်လည်း နောက် တမှုကို အပြစ်မပေးရဘူး။ ဒါက ဥပဒေတွေပဲ၊ ဒါကြောင့် ဥပဒေအရ လွှတ်ပေးသင့်တဲ့ အကြောင်းပါ။

နောက် အကြောင်းချင်းရာအရ လွှတ်ပေးသင့်တဲ့ အကြောင်းတွေကတော့ အခုလို ကေအန်ယူ အဖွဲ့အစည်းကလည်း ပဏာမ လက်မှတ် ရေးထိုးထားတယ်။ သေနတ်ကိုင် ထားတယ်။ ကေအန်ယူ အဖွဲ့ကြီးက ခွဲထွက်သွားတဲ့ အဖွဲ့ ၅ ဖွဲ့ လောက်ကလည်း ငြိမ်းချမ်းရေး လက်မှတ် ထိုးထားတယ်။ သေနတ်ကိုင်ထားတယ်။ အဲဒီတော့ အဖွဲ့အစည်းတွေက အတူတူပဲ။ အဲဒီလို အတူတူမှာ ကေအန်ယူအဖွဲ့က လူကြီး တယောက်ကို ဒီလိုကွက်ပြီး အပြစ်ပေးတယ်ဆိုရင် တရားမျှတမှု ရှိမှာမဟုတ်ဘူး။ နောက် ပဒိုမန်းငြိမ်းမောင်ကို ငြိမ်းချမ်းရေးအတွက် ကူညီပါဆိုလို့ တတ်နိုင်သမျှ သူ ကူညီခဲ့တယ်။ အကြံဥာဏ်တွေ ပေးခဲ့တယ်။ အဲဒီ အပေါ်မှာ တရားမစွဲပါဘူးလို့ ပြောပြီးမှ အခုလို တရားစွဲခဲ့တယ်။ အဲဒါကလည်း အခုလို ငြိမ်းချမ်းရေး ယူနေတဲ့ ကာလမှာ ဒီလို မဖြစ်သင့်ဘူး။ ဒါကြောင့် ဒီအချက်အလက်တွေအရ လွှတ်ပေးသင့်တယ် ဆိုပြီး ဥပဒေအရ၊ အကြောင်းချင်းရာ အရကော ဒီလိုတော့ ပြောထားတာပေါ့။ အမှန်ကတော့ လွှတ်ပေးသင့်တဲ့ အမှုပေါ့။”

ပဒိုမန်းငြိမ်းမောင်အနေနဲ့ အမှုကို အယူခံတင်ဖို့ ဆန္ဒ ရှိ၊ မရှိကို မေးမြန်းပြီး ဆန္ဒ ရှိတယ် ဆိုရင် အယူခံတင်ရေး ဆက်လက် ဆောင်ရွက်မယ်လို့ ရှေ့နေ ဦးကြီးမြင့်က ဆက်ပြောပါတယ်။

ကေအန်ယူ ထိပ်တန်းခေါင်းဆောင် တဦးဖြစ်တဲ့ ပဒိုဒေးဗစ်ထောကတော့ ပဒိုမန်းငြိမ်းမောင် အမှုမှာ ဆက်လက်ပြီး အယူခံနိုင်တာ၊ သမ္မတထံ အသနားခံစာ တင်နိုင်တာမျိုးတွေ ဥပဒေကြောင်းအရ ဆက် ရှိနိုင်သလို ကေအန်ယူအနေနဲ့လည်း ပဒိုမန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးဖို့ ဆက်လက် တောင်းဆိုသွားမှာ ဖြစ်လို့ ပြန်လည် လွတ်မြောက်မယ်လို့ ယုံကြည်တဲ့အကြောင်း ပြောပါတယ်။

ပဒိုမန်းငြိမ်းမောင်ဟာ ကေအန်ယူ ဗဟို ကော်မတီဝင် တဦးဖြစ်သလို တိုင်းရင်းသား လက်နက်ကိုင်တွေ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီရဲ့ ခေါင်းဆောင် တဦးလည်း ဖြစ်ပါတယ်။

ပဒိုမန်းငြိမ်းမောင်ဟာ အသက် ၇၀ ၀န်းကျင်ခန့် ရှိပြီ ဖြစ်ပြီး ပျိုရွယ်စဉ်တုန်းကလည်း နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် ကိုကိုးကျွန်းမှာ ထောင်ဒဏ် တသက်တကျွန်း ကျခံခဲ့ရဖူးပါတယ်။
http://burmese.dvb.no/archives/22508

17 comments:

Anonymous said...

I think DKBA or KNU need to arrest Oo Aung Min if he come to see them again.
Or He need to bring Mahn Nyin Mg with him if he want to talk with KNU or DKBA.
If KNU or DKBA love him the should request that.
I think KNU don't care Mahn Nyin Ma.
If they can't solve Mahn Nyin Ma case i think KNU leader are useless.
or they should not lead Karen revolution.
If they can't solve one person case how can they are good at the whole karen people or Karen state.

Anonymous said...

I am so sorry Mahn Nyin Mg.
Your case will tell us the quality of Karen leader.
If the can't save you they are useless.
That is what i want to say.

Anonymous said...

We will see this time.
Some KNU leader talk like they can save the whole Karen problem.
If they can't save Mahn Nyin Mg it is automatically burmese will laughing at them. ha ha ha Stupic KNU leader. Kayin Ha Chee Beh, Nga Paul Beh.
when They meet with Oo Aung Min and the day when the sign cease fire document the are very happy dancing in ther night club.
They trust Oo Aung Min like their God.
See what they do to Mahn Nyin Mg.

Anonymous said...

Hey Friend
KNU leader not read the new or comment about good suggestion from Media. They will tell you come back let fight we need soldier.
be quiet don't say anything. Do you know why
Now they trust their father Rail road person Aung Min.
Burmese have been told before ( ta Bya Ma A sho ma pin Bu)
They don't let to lose even a (cent US) (Ta Bweh Karen) Nu Star Thai

Anonymous said...

လက်မှတ်ထိုးသွားကြတဲ့ မူးတူးတူး စေးဖိုး၊ မောင်ဂျော်နီ၊ ငပျော့ ဒေးဗစ်ထော ကွယ်ထူး တို့ မှာ တာဝန်ရှိတယ်။။ ဒီလူတွေ သူတို့ဘထွေး အောင်မင်း ဖင်ချလိုက်ပြီဆိုဒါခုချိန်ထိ မသိသေးရင် ရန်သူနဲ့ သွားပြီး ဆက်ဆွေးနွေး.. ဟားဟား စောက်ရူးတွေ..
တိုက်ပွဲပြန်ဖြစ်ရင် ခံရမှာက တပ်မဟာ ၂၊ ၃၊ ၅၊ ပဲ။ ရန်သူက အခွင့်အရေးယူပြီး ရိကခာတွေ ပို့ ပြီးဖြစ်တယ်။ မောင်ဂျော်နီတို့ တပ်မဟာ က တိုက်စရာမှမလိုဒါ နယ်ခြားစောင့်တပ်နဲ့ ထိန်းလို့ ရတယ်။ တပ်မဟာ ၂၊ ၃၊ ၅ တွေ မှာ တိုက်ပွဲပြန်ဖြစ်ရင် မူတူးစေးဖိုး ဒေးဗစ်ထော ကွယ်ထူး မောင်ဂျောင်နီ တို့ သွားတိုက်ကြ။ မင်းတို့ ထိုင်းနိုင်ငံမှာ နေဒါ ကြာပြီ။ မန်းငြိမ်းမောင် မလွတ်လာရင် မင်းတို့ ကောင်တွေ တော်လှန်ရေးအမည်ခံ ကိုယ်ကျိုးသမားတွေပဲ ဆိုဒါ ပေါ်လွင်နေပါပြီ

Anonymous said...

We will be very proud of you Pa Do Mahn Nyein Maung be cause you are the hero we ever had in our Karen history. You have sentenced for live twice in your single life. You had made it for the first time and the charged you again second time to you to make the another miracle. But anyway for our Karen people you are the best hero we ever had and also you are the hero in the world and the first person have sentenced for life twice in your single life.

Anonymous said...

This is fucking bitch. KNU must withdrawal thier cases-fire agreement as soon as possible and start fighting again if this fucking bitch govt regime doesn't release Ma Nyein Maung. if not, KNU leaders are useless.

Anonymous said...

DKBA တောင်မှ အစိုးရကို စိန်ခေါ်ရဲတယ်။ ဘာဖြစ်လို့ ကေအိုင်ယူ က မရဲတာလဲ။ ထွီး...............အဲ့ဒါ ငြိမ်းချမ်းရေးကိုယ်စားလှယ်တော်ကြီးများ ဘယ်လို ပြန်လုပ်မလဲ။ စစ်ပြန်တိုက်မယ်ဆိုရင် ဒို့ တပ်မဟာ(၂၊ ၃၊ ၅)ပဲ ခံရမှာ တပ်မဟာ ၇ ဆိုရင် ဘာမှတိုက်စရန်မလိုတော့ဘူး။ ဘာမှလဲမရှိတော့ဘူး။

Anonymous said...

လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ စုစည်းပြီး တွေ့ဆုံဆွေးနွေးမှ ဆွေးနွေးနိုင်မယ် လို့ဆုပ်ကိုင်ထားတဲ့မူက နေပြီးဖဲ့ထွက်...
ချင်းမိုင်မှာလုပ်တဲ့ အစည်းအဝေးကိုလည်းမတက်...
နောက်တကြိမ် ထပ်တွေ့ဖို့ဆိုတာကိုလည်း ခဏနောက်ဆုတ်တာ...
စတဲ့စတဲ့ ကေအင်ယူရဲ့ ထူးဆန်းတဲ့ ခြေလှမ်းတွေဟာ ရဲဘော်ရှောင်းအတွက်ကြောင့် လို့ဆိုရင်တော့ သူတို့ရဲ့ ရဲဘော်ရဲဘက်စိတ်ဓါတ်ကို သဘောပေါက်နိုင်ပါတယ်။

ဂိုးမရှိသရေနဲ့ ခေါက်ဆွဲစားကန်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် တကယ်တမ်းကျတော့ တဖက်အသင်းက ငြိမ်းမောင်ဂိုးကို ပွဲဦးထွက် ပထမဂိုး အနေနဲ့ လှလှပပသွင်းပစ်လိုက်ပါပြီ။
ပွဲကတော့မပြီးသေးပါဘူး။ ရှေ့တန်းမှာ အကွက်ကျကျနေရာယူတာတွေ လည်းတွေ့နေရပါတယ်။ နောက်ထပ်အနိုင်ဂိုးတွေ ဆက်သွင်းသွားဦးမယ်လို့ ထင်မြင်ရပါတယ်။ ချေပဂိုးပြန်သွင်းဖို့ရယ်၊ စားတဲ့ခေါက်ဆွဲကို မေ့ပစ်ပြီး သန့်သန့်ရှင်းရှင်းပြန်ကစားတဲ့ ကေအင်ယူအသင်းအဖြစ် မြင်ချင်ပါတယ်။

Anonymous said...

this is fucking peace thein sein.fucking peace that you has invited to karen?fuck you burma goverment and thein sein.you all are the same.KNU!you must prepare to fuck back to burma.other wise they will try to fucf you all.let re oganize faderal army that you all had decided.don't be late again.

Anonymous said...

Don't be afraid and worry too much about Mahn Nyein Maung. This is the first step of Thein Sein peace (21 Century of Pro-Democracy in Burma/Myanmar) to every ethnic groups.They will act more in the future. So, what KNU's Peace Committee will move to the next step?

Anonymous said...

ကေအိုင်ယူ က မန်ငြိမ်းမောင် တစ်ယောက်သာမပြတ်သားခဲ့တာ မကဘူး တခြားကရင်တွေရဲ့အားလုံးအပေါ်မှာ ပြတ်သားခဲ့တာရှိလို့လား.... ဟင့်....စည်းလုံးညီညွတ်မှုဟာ အဓိကပါ ဥပမာ ဒီကေဘီအေ၊ ကေအိုင်ယူ၊ကေအိုင်အိုင်လ်အေ ထင်မောင် တို့နယ်ခြားစောင့်တပ်နဲ့ပြန်ပြီးတော့ သွားတွေ့ပါလား။ ကရင်အချင်းချင်း အဲ့ဒီလို မျိုးပြန်စည်းလုံးညီညွတ်ခဲ့ရင် မြန်မာအစိုးရ ကို မပြောနဲ့ ဒီလောကကြီးကို ဘယ်ရန်သူမဆို ရင်ဆိုင်နိုင်ပါတယ်။ နောက်တစ်ခေါက် ငြိမ်းချမ်းရေးကိုယ်စားလှယ်တော်ကြီးများ သွားရင် ဘယ်လိုပြတ်သားအိုးမလဲ ဆိုတာကို စောင့်ကြည့်ရသေးတာပေါ့.....

Anonymous said...

်ကျွန်တော်တို.တိုင်းရင်းသားတွေဟာတကယ်ကိပိန်းဒါပါဘဲဘယ်တော.မှမမှတ်ဘူး ကလိမ်ကကျစ်လုပ်ခံခဒါလည်းအကြိမ်ပေါင်းမနည်းတာ.ဘူး၊ အခု KNU စဉ်းစားလုပ်ရမှာက မန်းငြိမ်းမောင်ကိုလွတ်ပေးမလား ပြန်တိုက်မှာလား ဒါဘဲကျန်တော.တယ်၊ ဒီဗမာ တွေရဲ.မာယာထောင်ချောက်က နေ အသိတရား အမြန်ရပြီးပြည်တိုင်းရင်းသားပြည်သူတွေအတွက်မှန်ကန်တဲ.ဘက်ကိုမြန်စွာပြန်လှည်.ပါအုံး

Anonymous said...

see as far as you all can and think as deep as you can. better publish supported suggestion. Be educated. We all love our people and KNU.
Thesedays, everyone worried about cease-fired agreement, we also need to trust our leaders and give the best suggestions for the future and freedom of Karen State. Politic is always complex, but never clear.For me, i agree with everyone, both side, i mean both KNU leaders and people who give comments. Sometime, bad relevences give us best solutions. It is good to blame each other, but not to break ourselves into small different parts. Lets go together. Support your leaders, when they do not listen to you good suggestion, warn them.
Just small suggestion
Thanks

Anonymous said...

Johny son wrecka brand new car of his friend.
His friend tell him you have to pay me because i don't have full cover.
He told his friend don't worry! your car doesn't as one telephone call of my father. Just one telephone call to Thailand and the brand new car very paid off.
If the soldier at the front line step on land mine and call for Johny car, i am pretty sure Johny will give him one shout of bullet or Rambo knife.

Anonymous said...

yeah...lol...I enjoy seeing stupid Karen barking each other like dogs,,,i love seeing this..keep barking,,,,don't worry..i am cheering your guys...

Anonymous said...

the one who enjoy seeing barking each other is also the one stupid fucking bitch. ha ha ha

Post a Comment