ondragstart="return false" onselectstart="return false"

Friday, March 2, 2012

ကေအန်ယူနှင့် ရထား ၀န်ကြီး ဦးအောင်မင်း ထပ်မံ တွေ့ဆုံ ဆွေးနွေး

Written by လေးငယ်

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့မှ ရထား ပို့ဆောင်ရေး ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနှင့် အဖွဲ့သည် ယနေ့ နေ့လည်ပိုင်းတွင် ထိုင်းနိုင်ငံ မဲဆောက်ကို ရောက်လာပြီး အပစ်အခတ် ရပ်စဲရေး အတွက် ကေအန်ယူ ခေါင်းဆောင် များနှင့် တွေ့ဆုံ ဆွေးနွေး ခဲ့သည်ဟု ဆွေးနွေးရေး ဖြစ်မြောက်ရေး အတွက် စီမံခန့်ပေးသည့် အန်အယ်ဒီ လွတ်မြောက် နယ်မြေမှ နိုင်ငံရေးခြားရေး တာဝန်ခံလည်းဖြစ် ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်သူ ဦးညိုအုန်းမြင့်က ပြောပါသည်။

ယခုတွေ့ဆုံဆွေးနွေပွဲသည် အစိုးရနှင့် ကေအန်ယူကြား အပစ်အခတ် ရပ်စဲရေးကိစ္စ အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရန်၊ ရှင်းလင်းစရာရှိနေသည့် စစ်ရေးကိစ္စ တချို့ကို ရထားဝန်ကြီး ဦးအောင်မင်းက လာရောက် ရှင်းလင်းခြင်းဖြစ်ပါသည်။ ယခုမူ နားလည်မှု ရသွားပြီးဖြစ်သည့်အတွက် တရားဝင်ဆွေးနွေးကြမည့်ရက်ကို ဧပြီလ ဆန်းပိုင်းသို့ ချိန်းဆိုလိုက်ကြသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်ကဆိုပါသည်။

“ ကေအန်ယူ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်ပြောတာက သူတို့လည်း ငြိမ်းချမ်းရေးကို ပိုပြီးခိုင်မြဲအောင် ဖြစ်စေချင်လို့ပါတဲ့။ စစ်ရေးကိစ္စတွေမှာ မရှင်းလင်းတဲ့အချက်တွေကို ရှင်းလင်းသွားအောင်ဖို့ပါဘဲ။ ပြီးရင်တော့ ရက်ချိန်း လိုက်ယုံပါဘဲလို့ ဆိုပါသည်။

ဤဆွေးနွေးပွဲသို့ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနှင့် အတူ နယ်စပ်ရေးရာ ၀န်ကြီး၊ ဦးလှမောင်ရွှေ၊ ဒေါက်တာ ကျော်ရင်လှိုင်နှင့် ဦးညိုအုန်းမြင့် တို့ဖြစ်ပါသည်။ ကေအန်ယူဖက်၌ အထွေအထွေ အတွင်းရေးမှုး၊ နော်စီဖိုးရာစိန်ဦး ဆောင်ပြီး၊ ဗိုလ်ချုပ်ကြီးမူးတူးဆေးဖိုး၊ ဗိုလ်မှူးတူးတူးလေး နှင့် စစ်ရေးကိုယ်စားလှယ်များ ပါဝင်ခဲ့ပါသည်။

ကေအန်ယူနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့တိုသည်၊ ပြီးခဲ့သည့် ပြီးခဲ့တဲ့ ဇန္နာဝါရီလတုန်းကလည်း ကရင်ပြည် နယ်ဖါးအံမြို့မှာ ဆွေးနွေးခဲ့ကြပြီး အပစ်အခတ် ရပ်စဲရေးအတွက် ပဏာမအချက် (၅)ချက် သဘောတူထား ခဲ့ပါ သည်။ ယခုလာရောက်ဆွေးနွေးသည့် ၀န်ကြီး၏ ဤခရီးစဉ်သည်လည်း ၄င်းတို့သဘောတူထားသည့်အချက် (၅)ချက်ကို အသေးစိပ် ညှိနှိုင်းပြီး ဆွေးနွေးမည့်ရက်တွက် လာရောက် သတ်မှတ်သွားခြင်း ဖြစ်ပါသည်။

No comments:

Post a Comment