ondragstart="return false" onselectstart="return false"

Saturday, March 24, 2012

ငြိမ်းချမ်းရေးလက်ဆောင် မန်းငြိမ်းမောင် မဲဆောက်သို့ ပြန်လည်ရောက်ရှိ

ရဲဘော်ရှောင်း တစ်ယောက် ပြန်ရောက်လာပါပြီ။ ဦးအောင်မင်းကပြောတယ် ငြိမ်းချမ်းရေးလက်ဆောင်တဲ့.. မယုံရေးချ မယုံ... ကရင်ပြည်နယ်မှ ခင်ဗျားတို့ ရှေးတန်း တပ်စခန်းတွေ အကုန်လုံးဆုတ်ပေး ကချင်ပြည်နယ်တိုက်ပွဲတွေရပ် ဆုတ်မှသာ နည်းနည်းလေး စဉ်းစားမယ်။
xxxxxxxxxx
သတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
မတ်လ ၂၄ ရက်၊ ၂၀၁၂ ခုနှစ်



ယနေ့ မဲဆောက်သို့ ပြန်လည်ရောက်ရှိလာသည့် ပဒိုမန်းငြိမ်းမောင် (ဓာတ်ပုံ - STT)

နိုင်ငံတော်ပုန်ကန်မှုဖြင့် တသက်တကျွန်းပြစ်ဒဏ်မှ ပြန်လည်လွတ်မြောက်လာသော KNU ခေါင်းဆောင်တဦးဖြစ်သည့် ပဒိုမန်းငြိမ်းမောင်သည် ယနေ့တွင် မိခင်အဖွဲ့အစည်းထံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ယခုလ ၁၉ နေ့က နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ နှစ်ကျွန်းပြန် ပဒိုမန်းငြိမ်းမောင်ကို ယနေ့တွင် မြန်မာအစိုးရ မီးရထားဝန်ကြီး ဦးအောင်မင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ မိခင်အဖွဲ့အစည်းထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ယမန်နှစ် ဇူလိုင်လ ၂၄ ရက်နေ့က တရုတ်နိုင်ငံ ကူးမင်းလေဆိပ်မှတဆင့် မြန်မာနိုင်ငံသို့ ပို့ဆောင်ခြင်းခံရသည့် KNU ခေါင်းဆောင်တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကို မြန်မာအစိုးရက ယခုလ ၁၃ ရက်နေ့က မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှု စွဲချက်များဖြင့် တသက်တကျွန်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး နောက် ရက်သတ္တပတ်အတွင်း သမ္မတဦးသိန်းစိန်၏ အမိန့်ဖြင့် ပြန်လွတ်ပေးလိုက်ခြင်းဖြစ်သည်။

သိုက်ထွန်း (ခ) ပဒိုမန်းငြိမ်းမောင်သည် သားထူးဇော် အမည်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ် M073525 ကိုင်ဆောင်ပြီး ယမန်နှစ် ဇူလိုင်လကုန်ပိုင်းက တရုတ်နိုင်ငံ ကူမင်းလေဆိပ်မှတဆင့် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာရာ လေဆိပ်တာဝန်ရှိသူများ၏ စစ်ဆေးမှုအရ ၎င်းကိုင်ဆောင်သည့် နိုင်ငံကူးလက်မှတ်သည် လေဆိပ် လ၀က အထွက်တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ကို တွေ့ရှိရသဖြင့် အမှုဖွင့်အရေးယူ၍ မင်္ဂလာဒုံတရားရုံးသို့ တင်ပို့ခဲ့ရာ အပြစ်ရှိသည့်အတွက် တရားရုံးက ပုဒ်မ ၄၆၈ ဖြင့် ထောင်ဒဏ် ၆ လ၊ လူဝင်မှုအက်ဥပဒေပုဒ်မ ၁၃ (၁) အရ ထောင်ဒဏ် ၆ လ၊ စုစုပေါင်း ၁ နှစ်ကို ယမန်နှစ် စက်တင်ဘာလ ၂၇ ရက်နေ့က အမိန့်ချမှတ်ခဲ့သည်။

၎င်းကို ထပ်မံစစ်ဆေးချက်များအရ ပဒိုမန်းငြိမ်းမောင်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အဖွဲ့ဝင်နှင့် ခေါင်းဆောင်တဦးဖြစ်သောကြောင့် မတရားအသင်းဆက်သွယ်မှုပုဒ်မ၊ နိုင်ငံတော်ပုံကန်မှုပုဒ်မ ... စသည့် စွဲချက်များဖြင့် တသက်တကျွန်းနှင့် ထောင်ဒဏ် ၃ နှစ်ကို အင်းစိန်အကျဉ်းထောင်ရှိ တရားရုံးက ယခုလ ၁၃ ရက် နေ့က ချမှတ်ခဲ့ပြီးနောက် ၁၉ ရက်နေ့တွင် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

မြန်မာအစိုးရနှင့် KNU တို့အကြား လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ အထောက်အကူ ဖြစ်စေရန်အတွက် ပဒိုမန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးရခြင်းဖြစ်သည်ဟု ဦးအောင်မင်း ခေါင်းဆောင်သည့် မြန်မာအစိုးရ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့က ပြောသည်။
မြန်မာပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “ကျနော်တို့ပေးထားတဲ့ ကတိအတိုင်း ပဒိုမန်းငြိမ်းမောင်ကို လာရောက်ပို့ဆောင်ပေးတာဖြစ်တယ်” ဟု သတင်းထောက်များကို မဲဆောက်တွင် ပြောကြားခဲ့ပြီး ယနေ့ရောက်ရှိလာသည့် မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ ဦးခင်ရီ အပါအ၀င် အဖွဲ့ဝင် ၇ ဦး ပါရှိသည်။

KNU အဖွဲ့သည် လာမည့် ဧပြီလ ၂ ရက်နေ့မှ စတင်ကာ ၁၀ ရက်နေ့အထိ ရန်ကုန်မြို့တွင် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် ခရီးစဉ်ရှိပြီး ယနေ့တွင် ဆွေးနွေးပွဲမတိုင်မီ အချို့အချက်အလက်များကို ကြိုတင်ညှိနှိုင်းရန်အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်သို့ လာရောက်သည့်ခရီးစဉ်အတွင်း ပဒိုမန်းငြိမ်းမောင်ကို တပါတည်း ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

မြန်မာအစိုးရကိုယ်စားလှယ်များနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် KNU အဖွဲ့၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သည့် ၉ ဦးပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့သို့ လာမည့် ဧပြီလဆန်း ၂ ရက်နေ့တွင် စတင်ထွက်ခွာပြီး ၁၀ ရက်နေ့တွင် နယ်စပ်သို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ကာ ၎င်းခရီးစဉ်အတွင်း ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း သွားရောက်တွေ့ဆုံမည်ဖြစ်သည်။

ယနေ့ မိခင်အဖွဲ့အစည်းသို့ ပြန်လည်ရောက်ရှိလာသည့် ပဒိုမန်းငြိမ်းမောင်သည် မဆလခေတ် ၁၉၆၉ ခုနှစ်က နိုင်ငံရေးလှုပ်ရှားမှုကြောင့် တသက်တကျွန်း ထောင်ဒဏ်ချမှတ်ခံရပြီး ကိုကိုးကျွန်းသို့ ပို့ဆောင်ခြင်းခံရသူလည်းဖြစ်သည်။

ကိုကိုးကျွန်းအကျဉ်းစခန်းမှ အခြားအကျဉ်းသားနှစ်ဦးနှင့်အတူ လက်လုပ်လှေဖြင့် ပင်လယ်ပြင်ကို ဖြတ်ပြီး ကျွန်းနှင့် မိုင် ၂၅၀ အကွာရှိ မွန်ပြည်နယ် ရေးမြို့နယ် ကမ်းခြေရှိ ဒူးယားရွာသို့ ရောက်ရှိသွားသော်လည်း ဒူးယားရွာသူကြီးက နယ်မြေခံစစ်တပ်ကို အကြောင်းကြားခဲ့သဖြင့် အဖမ်းခံရကာ အင်းစိန်ထောင်တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရပြီး ၁၉၇၃ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

အသက် ၇၀ အရွယ်ရှိ ပဒိုမန်းငြိမ်းမောင်သည် ဘ၀တသက်တာတွင် တသက်တကျွန်းပြစ်ဒဏ်ကို ၁၉၆၉ ခုနှစ်တွင် တကြိမ်၊၂၀၁၂ ခုနှစ် မတ် ၁၃ ရက်နေ့တွင် တကြိမ် ချမှတ်ခံရသူလည်းဖြစ်သည်။
http://drlunswe.blogspot.com.au/2012/03/blog-post_4508.html

15 comments:

Anonymous said...

Until Thein Sein government or SPDC were withdraw their troop from ethnic control area absolutly, no reason to trust in your peace talk. If they realty want to build a peace and build a democracy in burma, they must be show the first action for withdraw their troop from ethnic control area absolutly; just reducing the number of soldiers from front line are not acceptable....

Anonymous said...

မန်းငြိမ်းမောင်ကို ခင်ရီနဲ့အောင်မင်းလာပို့တာမြင်ရတော့ ဟောလီးဝုဒ်ကောင်းဘွိုင်ဇာတ်ကားလို မြင်ယောင်နေတယ်။

ခင်ရီ အောင်မင်းအဖွဲ့က မြင်းကိုယ်စီနဲ့ ဒုန်းစိုင်းပြီး တရားခံ မန်းငြိမ်းမောင်ကို စီးတဲ့မြင်းကို ညှပ်ပီး နယ်စပ်ဖြတ်လာ။ ကွင်းပြင်ရဲ့တဘက်မှာ ကေအန်ယူခေါင်းဆောင်တွေက မြင်းကိုယ်စီနဲ့ စောင့်နေ။ ၀ါး၂ရိုက်အကွာရောက်မှ ခင်ရီက မန်းငြိမ်းမောင်စီးတဲ့မြင်းကို တင်ပါးရိုက်ပီး ကေအန်ယူဘက် ကန်လွှတ်။ မန်းငြိမ်းမောင်က မြင်းပေါ်မှာ ခေါင်းငိုက်စိုက်နဲ့ပါသွား။ ကေအန်ယူကလဲ ပြုံရမလား-သေနတ်နဲ့ပစ်ရမလား မဝေခွဲနိုင်။….

တရားခံ မန်းငြိမ်းမောင်ကို ငြိမ်းချမ်းရေးလက်ဆောင်ဆိုရင် သူလာတဲ့ လေယာဉ်ပျံလမ်းကြောင်းနဲ့သာ ပြန်ပို့သင့်တာပေါ့။

ခုတော့ သူခိုးဂျပိုးတွေဖြတ်တဲ့ နောက်ဖေးဂိတ်ကနေ မန်းငြိမ်းမောင်ကို ပေါချောင်ကောင်း ပြန်ပို့သတဲ့။ ထားတော့။ ပြဿနာက ကေအန်ယူ။
ပြည်ထောင်စုအဆင့်ကို လက်မှတ်ထိုးရင် ကေအန်ယူကို စီးပွားရေးလုပ်ခွင့်လေးတွေနဲနဲ အီးနံပေးပီး နိုင်ငံရေးပါတီဖွဲ့ဘို့ သဘောတူရတော့မယ်။ နိုင်ငံရေးပါတီဖွဲ့ဘို့ သဘောတူရင် လက်နက်စွန့်ရတော့မယ်။ သိန်းစိန်အစိုးရလိုချင်တာ အဲလို လက်နက်စွန့်ပီး လွှတ်တော်ထဲရောက်မှာ ဘီလူးဆိုင်းတီးပီး နှိပ်စက်လို့ရမှာ။ တကဲ့ ဘေးကျပ်နံကျပ်။

နော်စီဖိုးရာစိန်အဖွဲ့ ရန်ကုန်သွားအုံးမတဲ့။ ရန်ကုန်ရောက်ရင် ဗိုလ်ထိန်မောင်အဖွဲ့လို အားကျမခံ ဒေါ်စုနဲ့တွေ့မယ်။ ပီးရင် ခရစ္စမတ်ကာလ ဆန်တာကလော့နဲ့တွဲ ဓါတ်ပုံအရိုက်ခံသလို ဒေါ်စုနဲ့ အရိုက်ခံမယ်။ အင်တာနက်တွေတင်မယ်။ ပီးရင်ပြန်။ ဒေါ်စုလဲ လေပဲအားပေးနိုင်။ ခရစ္စမတ်ကျော်ရင် ဆန်တာကလော့လဲမရှိတော့။ ကေအန်ယူဘာလုပ်မလဲ။

သိန်းစိန်အစိုးရနဲ့ ငြိမ်းလက်မှတ်ထိုးထားတဲ့အတွက် မဲဆောက်နိုင်ငံရေးကို လုပ်နေမယ်ဆိုရင်လဲ ကေအန်ယူသိက္ခာ နှစ်ပြားတောင်မရှိ။ လုပ်စရာနိုင်ငံရေးလဲ မဲဆောက်မှာမရှိတော့။
မြင်းပေါ်က ခင်ရီနဲ့အောင်မင်းကတော့ ဆေးပြင်းလိပ်တွေကိုယ်စီခဲ ဦးထုတ်ခပ်ငိုက်ငိုက်ဆောင်းထားရင်း မျက်လုံးတွေ စွေကြည့်နေလေရဲ့xxxxxxx

Anonymous said...

ကရင်တစ်ကျပ်၊ ဗမာတစ်ကျပ် တဲ့..
ဗမာက တစ်ကျပ်ပြတော့ ကရင်ကလည်း တစ်ကျပ်ပြန်ပြရတော့မယ်။
ဗမာက မုဒိန်းကျင့်ပြလာရင်တော့ ကရင်က ဘာပြန်လုပ်ကြမလဲ။ မလုပ်တတ်ရင် ကရင်ဂျယ်...

Anonymous said...

If Mahn Nyin Maung think carefully it is not the way to be trust Burmese .
Why, He was kill two time no one can be kill two time.
They kill them but Mahn Nyin Ma not die. It is not the Burmese goodness.
He is on his own luck. not burmese mercy.
Karen army arrest a lot burmese soldier of high rank position person but we don't kill them or sentence them to dead penalty either.
You see them Mahn Nyin Mg but he is in good luck.
It is not burmese mercy.

Anonymous said...

ကျနော် ငယ်ငယ်က ကုန်ခြောက်ဆို်င်တစ်ဆိုင်မှာချိတ်ထားတဲ့ဆိုင်းboard
တစ်ခုကိုပြန်မြင်ရောင်မိတယ်။ဘာတဲံ့လဲ"သူပြုံးနေသည်အကြွေးယူတော့မည်"တဲ့
KNUရေ သိန်းစိန်ပြူံးနေပြီနော်သတိထား၊သူကအကြွေးယူမှာမဟုတ်ဘူးနော်
တစ်ကောင်လုံးစားတော့မှာ၊၊

Anonymous said...

ွီိ ဒါးတောင်ကိုကျော်ပြီးမီးပင်လယ်ကို ကျော်ဖြတ်ဖြတ်ခဲ့တဲ့ရဲဘော်ရှောင်းလဲဒီတစ်
ခါ့တော့ဗမာအစိုးရက KNU ကိုလှည့်စားရာမှာအသုံးချတဲ့တည်ကြက်ဖြစ်သွားပြီ၊၊
ငြိမ်းချမ်းရေးလက်ဆောင်တဲ့ ၊"" ထွီ.....""

Anonymous said...

မှားတာမှအစကတည်းကမှားနေတာ၊အခုမှမဟုတ်ဘူး၊၊ကရင်ပြည်နည်မှာအပစ်အခတ်ရက်စဲရေးလုပ်မည်ဆိုတော့အရှေ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကတိုင်မှုးတစ်ယောက်ယောက်နဲ့ဆိုပိုသင့်တော်မလားလို့ပါ.ဒါပေ
မဲ့မီးရထားဝန်ကြီးကိုမှလွတ်ခဲ့တယ်ဆိုတော့၊ဘာလဲ ကရင်ပြည်ထဲမှာမီးရထားလမ်းလာဆောက်မလို့လား၊၊အလကား စောက်ပိုတွေလျှောက်ပြောနေတယ်.

Anonymous said...

thank you so much for release man nyaung maung.And if you really meant to deal with KNU for peace,we have a lot of revoluation presinor in your jail uncle thein sein.So we hope you willo release them very soon too.

Anonymous said...

အေးကွာ၊ဒီမီးရထားဝန်ကြီးကနကိုကတည်းကတောင်မှသူနဲ့သက်ဆိုင်တဲ့သူ့
တာဝန်တောင် သူကျေပွန်အောင် သူမထမ်းဆောင် နိုင်တဲ့ဟာကို ၊အခု သူနဲ့
ဘာမှ မဆိုင်တဲ.လိုင်း ကိုလာလုပ်ခိုင်းတော့သွားပြီပေါ့၊၊ အမှန်က သူ့ကို သူ
ရဲ့ မူလတာဝန်ဖြစ်တဲ့၊ ရထားအချိန်မှန်မှန် မထွက်နိုင်၊မဆိုက်နိုင်တာတွေ၊၇ထားခဏခဏပျက်နေတာတွေ၊၇ထားလမ်းမကောင်းလို့ ၇ထားစီးတာကနေ
ပုခက်စီးသလို ခံစားနေ၇တဲ့ပြည်သူအမိအဖတွေ၇ဲ့ဘ၀တေ၊ွ၇ထားခဈေးနုန်း
တွေမတ၇ားခုန်တက်လာတာတွေကို အ၇င်ဆုံး ဖြေ၇ှင်းခိုင်း၇မှာ၊၊ခုတော..............၇င်လေးပါတယ် မြန်ပြည်၇ယ်၊၊

Anonymous said...

KNUေ၇ နိုင်ငံေ၇းလုပ်တယ် ဆိုတာ ကလိမ်ကကျစ်လုပ်တတ်၊လိမ်တတ်ညှာတတ်၊လိုအပ်၇င် ယုတ်မာတတ်၇တယ်နော်၊ကို့၇န်သူအပေါ်ကိုပြောတာနော်၊၊၊ဒါမှမဟုတ်၇င်တော့
ခေါင်းတုံး တုံးပြီး ဘုန်းကြီးလုပ် တာပိုကောင်း လိမ့်မယ်။ဗမာကတော့ လိမ်နေ
ပြီ။ကိုယ်က နိုင်ငံေ၇း လုပ်တာ၊အ ၇ာ၇ာကို့ သံသယမျက်လိုးနဲ့ကြည့်၊။အခုအချိန်က အ၇ည်အချင်း၇ှိသူတွေ အစွမ်းပြ ၇မဲ့ အချိန်ပဲ၊၊

Anonymous said...

ကြိုဆိုပါတယ်။ ဒါပေမဲ့ ဒီဓါတ်ပုံထဲမှာကြည့်ရရင် စီပွားရေးမျက်စိက များတယ်။ ကြည့်ပါလား ရထားဝန်ကြီးတဲ့ ငြမ်းချမ်းရေးဝန်ကြီးမှမဟုတ်တာ သိန်းစိန် ပေးတွေ့တဲ့လူကလည်း မြ၀တီ နယ်စ တလျှေက် စီးပွားရေး လုပ်မဲ့ပုံပဲ။ အဲ့ဒီအချိန်ကြရင် ငြိမ်းချမ်းရေးဘယ်သွားမလဲ။ အပစ်ရပ်စဲ တာကလည်းကြည့်ပါ။ တပ်မဟာ ၁ ၂ ၃ ၄ ၅ ၆ အဲ့ဒီဘက်မှာဆို အစိုးရက စစ်အင်းအား ရိက္ခာ အင်းအားတွေ ပို့တယ်ဟင့်.. ပြီးတော့ ကရင်ပြည်နယ် သံလွင်မြစ် မကူးရဘူး။ ထွီး..............သူတို့ အစိုးရကြတော့ လာတယ်ကူးတယ်။ ငြိမ်းချမ်းရေးကိုယ်စားလှယ်တော်ကြီးများ နောက်တစ်ခေါက်သွားရင် ဒီကိစ္စကို မမေ့နဲ့ ............အမြဲပဲ စောင့်ကြည့်မယ်ဟင့်........

Anonymous said...

This is a part of the strategy that Thein Sein Government to follow. They will act more in coming soon. Do not forget to protect yourself and to act more for the future.

Anonymous said...

What make me sick is KNU do not have ability to protect his EC. Is that what you do to the people who serve his country? They can protect their family and send their family to western world but they can not protect their EC. It is sick and bunch of shit head. They will be doing they same thing what Burmese military do if they are in power. History is written.

Anonymous said...

Hey Man Don't blame KNU leaders. Look at yourself first. Now you are third country and suck the Foreign DICK and have to work as slavery. You just bark like a DOG. look at yourself into mirrom first and stop to talk.If you do not know the story of this leader was arrested just be quiet and go and asked Black man fuck ur ass. OK???

Your song linke who race killed his lader and who race serve as slave as BGF.But they think they are always right and blame other. However what they are doing is slave work. Postitutes. ha ha ha

Anonymous said...

That's is the example undecated naive Karen who lover their leaders and not dare to talk back. I bet stupid Karen like you spill alot of innocent Karen blood. Stay in Thailand and pay Thai rent.Buy Thailand and Tax your peaople you are the same shit but smell different.

Post a Comment