ondragstart="return false" onselectstart="return false"

Wednesday, March 28, 2012

နှစ်ဖက် ယုံကြည်နိုင်ရင် ငြိမ်း​ချမ်း​ရေး​ တည်​ဆောက်နိုင် (ပဒိုမန်း​ငြိမ်း​မောင်)

March 28, 2012 by နော်နိုရင်း ·

အနှစ် ၆၀ ကြာ ပဋိပက္ခ​တွေ ဖြစ်​နေတဲ့​ ကရင်ပြည်နယ်က ပြည်တွင်း​စစ်​တွေဟာ နှစ်ဖက်ယုံကြည်နိုင်ရင် ငြိမ်း​ချမ်း​ရေး​ရနိုင်မယ်လို့​ မကြာခင်ကမှ ပြည်​ထောင်စုအစိုး​ရ သမ္မတဦး​သိန်း​စိန်ရဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ အင်း​စိန်​ထောင်က​နေ ပြန်လည် လွတ်​မြောက်လာတဲ့​ ​ကေအန်ယူ ဗဟို​ကော်မတီဝင် ပဒိုမန်း​ငြိမ်း​မောင်က ​ပြောပါတယ်။

၂၀၁၁ ခုနှစ် ဇူလိုင်လက တရုတ်ပြည်က​နေ မြန်မာနိုင်ငံကို ပြန်အပို့​ခံရပြီး​ လဝက အက်ဥပ​ဒေ၊​ နိုင်ငံ​တော်ပုန်ကန်မှု​တွေနဲ့​ ​ထောင်ဒဏ်ချမှတ်ခံခဲ့​ရတဲ့​ ပဒိုမန်း​ငြိမ်း​မောင်ကို ​ထောင်တွင်း​ဖြတ်သန်း​ရတာ​တွေနဲ့​ ​ကေအန်ယူနဲ့​ မြန်မာ အစိုး​ရတို့​ ငြိမ်း​ချမ်း​ရေး​လုပ်ငန်း​တွေကို ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။

ဇူလိုင်လတုန်း​က ဘယ်လိုမျိုး​ ပြန်ပို့​ခံရတာလဲ၊​ ဘယ်လို ပြဿနာဖြစ်လို့​ ပြန်ပို့​ခံရတာလဲ။

“​လေယာဉ်ပျံနဲ့​ ပို့​တယ်​လေ။ အဲဒါ ဇူလိုင်လ ၂၄ ရက်​နေ့​ကပါ။ တရုတ်က ထိုင်း​ကိုပို့​တော့​ ထိုင်း​ကလက်မခံ၊​ တရုတ်ကို ပြန်ပို့​၊​ တရုတ်က လက်မခံ​တော့​ ထိုင်း​ကို ပြန်ပို့​၊​ ၃ ​ခေါက်​လောက် ပို့​ပြီး​တော့​မှ အန်ကယ်က ​ပြောတယ် တရုတ်အာဏာပိုင်နဲ့​။ ကျ​နော်က တခြား​လူမဟုတ်ဘူး​။ ကျ​နော်က အစိုး​ရနဲ့​ သ​ဘောထား​ ကွဲလွဲတဲ့​လူ၊​ ဒါ​ကြောင့်​ ကျ​နော်က ဒီမိုက​ရေစီလှုပ်ရှား​နေတဲ့​ တိုင်း​ရင်း​သား​ တ​ယောက်ဖြစ်တယ်။ ကျ​နော့်​ကို ပို့​ရင် အန္တရာယ်ရှိပါတယ် မပို့​ပါနဲ့​လို့​ အများ​ကြီး​ ​မေတ္တာရပ်ခံထား​ပါတယ်။ ဒါကို တရုတ်က မရဘူး​။ ပို့​ပေး​လိုက်တယ်။ ဒါက နိုင်ငံ​ရေး​ကြောင်း​နဲ့​ ပတ်သက်သလား​၊​ လဝက ဥပ​ဒေ​ကြောင့်​လား​ မ​ပြောတတ်ဘူး​။ လာအိုကို ပြန်ထွက်ပါရ​စေလို့​ ပြန်​ပြောတယ်။ ​ပြောလို့​လည်း​ မရဘူး​။”

ဇူလိုင်လ ၂၄ ရက်​နေ့​မှာ မြန်မာနိုင်ငံကို ပြန်ပို့​ခံရ​တော့​ ရန်ကုန်​လေဆိပ်ကို ​ရောက်​ရောက်ချင်း​ စပြီး​တော့​ ဘယ်လိုမျိုး​ ရင်ဆိုင်ခဲ့​ရလဲ။

“ဒါက ပတ်စ်ပို့​နဲ့​ ပတ်သက်တာဆို​တော့​ ပထမဦး​ဆုံး​ လဝက က စစ်တယ်။ လဝက က စစ်ပြီး​တော့​ အထူး​သတင်း​တပ်ဖွဲ့​ (SB) က စစ်တယ်။ SB ကစစ်ပြီး​တော့​ သူတို့​ ချုပ်ပြီး​တော့​ တရား​ရုံး​တင်၊​ တရား​စွဲ၊​ နယ်စပ်ဖြတ်​ကျော်မှုရယ်၊​ လဝက ဥပ​ဒေ၊​ ပတ်စ်ပို့​ရယ် ဒီ ၂ မှုနဲ့​ ရုံး​တင်တာ။ မြို့​နယ် ရုံး​တင်ပြီး​တော့​ ၂ လ​ကျော်​လောက် ကြာတဲ့​အခါကျ​တော့​ အဲဒီ ၂ မှု​ပေါင်း​ ၁ မှုကို ၆ လ၊​ ၁ နှစ်ကျတယ် ဒါ​ပေမယ့်​ ၂ မှု ​ပေါင်း​လိုက်​တော့​ ၆ လနဲ့​ ကျတယ်။”

အဲဒီအချိန်တုန်း​က အဆိုး​ဆုံး​ စစ်​ကြော​ရေး​စခန်း​ကို ​ရောက်ခဲ့​လဲ။ ဘယ်​နေရာမှာလဲ။ ​ပြောပြနိုင်မလား​။

”​အောင်သ​ပြေ SB ဌာနကို ပို့​တယ်။”

အန်ကယ့်​ကို ​အောင်သ​ပြေ စစ်​ကြော​ရေး​ စခန်း​ကို ပို့​သေး​တာ​ပေါ့​။ အဲဒီမှာ နှိပ်စက်ခံရတာမျိုး​တွေ ရှိလား​။

“မရှိဘူး​။ သူတို့​ အန်ကယ့်​ကို ​ကောင်း​ကောင်း​မွန်မွန်ပဲ ​မေး​တယ်။ လူ့​အခွင့်​အ​ရေး​ကိစ္စနဲ့​ ပတ်သက်ပြီး​တော့​ စိတ်ဓာတ်​ရေး​ရာအရ၊​ ရုပ်ပိုင်း​ရော ညှဉ်း​ပမ်း​နှိပ်စက်တာ ဘာမှ မလုပ်ဘူး​။ ​ကောင်း​ကောင်း​မွန်မွန် သူတို့​ ဆက်ဆံတယ်။”

ကေအန်ယူ ​ခေါင်း​ဆောင်မှန်း​ ဘယ်လို သိသွား​တာလဲ။

“အဲဒါကို လဝက ဥပ​ဒေနဲ့​ ချပြီး​တဲ့​ ​နောက်ပိုင်း​မှ တလ​ကျော် ကြာတဲ့​အခါကျတာ့​ သတင်း​ဌာန​တွေက ​ဗြောင်း​ဆန်​အောင် ​အော်​ရော။ ​ဗြောင်း​ဆန်​အောင် ​အော်တဲ့​အခါကျ​တော့​ မန်း​ငြိမ်း​မောင်ဆိုတဲ့​ ပုဂ္ဂိုလ်က တရုတ်ပြည် ကူမင်း​ က​နေပြီး​တော့​ ရန်ကုန်ပြန်ပို့​ခံရတယ်။ ပတ်စ်ပို့​ထဲမှာ ပါတဲ့​ သိုက်ထွန်း​ဆိုတဲ့​ လူကလည်း​ ကူမင်း​ က​နေပြီး​တော့​ ရန်ကုန်ကို ပြန်ပို့​တယ် ဆို​တော့​ ဖြစ်စဉ်ချင်း​က တူတယ်။ နာမည်က ကွာတယ်။ ဓာတ်ပုံပါ ထည့်​လိုက်တဲ့​ အခါကျ​တော့​ မန်း​ငြိမ်း​မောင်နဲ့​ သိုက်ထွန်း​က လူတ​ယောက်တည်း​ဆိုတာ သူတို့​ သိသွား​တာ။”

ကေအန်ယူ ဗဟို​ကော်မတီဝင် ​ခေါင်း​ဆောင်မှန်း​ သိသွား​တဲ့​ အချိန်ကျ​တော့​ ဘာအမှု​တွေနဲ့​ ထပ်ပြီး​တော့​ တရား​စွဲလဲ။

“အန်ကယ့်​ကို သိတဲ့​အချိန်မှာ ​နေပြည်​တော် စစ်ဖက်​ရေး​ရာ လုံခြုံ​ရေး​ဌာန (စရဖ) က​နေ အန်ကယ့်​ကို လာ​ခေါ်ပြီး​တော့​ သူတို့​ဆီက လုံခြုံ​ရေး​ တပ်ရင်း​တခုမှာ ထိန်း​သိမ်း​ထား​တယ်။ ထိန်း​သိမ်း​ပြီး​တော့​ ဘာမှကို မလုပ်ဘူး​။ ​နေပြည်​တော်က ညွှန်ကြား​တယ်။ ဖထီး​ကို စိတ်ချမ်း​သာ​အောင်ထား​၊​ လိုတာအကုန်လုံး​လုပ်​ပေး​၊​ ​ဆေး​ဝါး​တွေ ဘာ​တွေ ကုသ​ပေး​ဆိုပြီး​တော့​ ညွှန်ကြား​တယ်။ ဒါကိုရ​တော့​ သူတို့​ ​ကောင်း​ကောင်း​မွန်မွန်ပဲ အန်ကယ့်​ကို ထား​တယ်။ ထား​ပြီး​တော့​ ​ကေအန်ယူနဲ့​ ငြိမ်း​ချမ်း​ရေး​အရ ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​မှာ အကြံဉာဏ်လိုချင်တဲ့​အခါကျ​တော့​ အကြံဉာဏ်​တွေ ​တောင်း​တယ်။ အန်ကယ်ကလည်း​ ဓမ္မဓိဋ္ဌာန် ကျကျပဲ အကြံဉာဏ်​တွေ ​ပေး​ခဲ့​တယ်။”

အဓိက အကြံဉာဏ်​တောင်း​တဲ့​အခါကျ​တော့​ ဘယ်လိုမျိုး​ ဥပမာ- ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲအတွက် အ​ထောက်ကူပြုမယ့်​ စကား​တွေအ​နေနဲ့​ရော။

“သူတို့​က အဲဒီတုန်း​က စတင်တာဘဲ ရှိ​သေး​တဲ့​အခါကျ​တော့​ ​ကေအန်ယူနဲ့​ ဆက်သွယ်စီး​ဆင်း​မှု မရှိ​သေး​ဘူး​။ ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​နဲ့​ ပတ်သက်လို့​ မရှိတဲ့​အခါကျ​တော့​ သူတို့​က ဘယ်လိုနည်း​လမ်း​နဲ့​ ဆက်သွယ်ရမလဲ။ ဘယ်လို ပုဂ္ဂိုလ်မျိုး​ကို အကျိုး​ဆောင်ခိုင်း​ပြီး​ ဆက်သွယ်ခိုင်း​ရမလဲ။ ဒါ​တွေကို သူတို့​က မသိဘူး​။ မသိတဲ့​အခါကျ​တော့​ အန်ကယ့်​ဆီကို အကြံဉာဏ်​တောင်း​တယ်။ အန်ကယ့်​ဆီကို အကြံဉာဏ်​တောင်း​တော့​ အန်ကယ်က အကြံဉာဏ်​ပေး​တယ်။

တွေ့​ဆုံ​ဆွေး​နွေး​တာ လွန်ခဲ့​တဲ့​ စစ်အစိုး​ရလက်ထက်တုန်း​က ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​ ငြိမ်း​ချမ်း​ရေး​ အကျိုး​ဆောင် ကြား​ပုဂ္ဂိုလ်​တွေက အစိုး​ရဖက်က လွှတ်လိုက်တဲ့​ ပုဂ္ဂိုလ်​တွေ​လေ၊​ အစိုး​ရက ဖြစ်​စေချင်တဲ့​ အာ​ဘော်​တွေကိုပဲ လာလာ​ပြောတဲ့​အခါကျ​တော့​ အစိုး​ရ ကိုယ်စား​လှယ်လို ဖြစ်​နေတယ်။ ငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ် အသွင်မ​ဆောင်ဘူး​။ အဲဒါ အန်ကယ်က ​ပြောပြတယ်။ အခု လာမယ့်​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲမှာ အစိုး​ရဖက်က ယုံကြည်တဲ့​ ပုဂ္ဂိုလ်မျိုး​လည် ဖြစ်ရမယ်။ ​ကေအန်ယူဖက်က ယုံကြည်တဲ့​ ပုဂ္ဂိုလ်မျိုး​လည် ဖြစ်ရမယ်။ ဂုဏ်သိက္ခာလည်း​ ရှိရမယ်။ အဲဒီလိုဟာမျိုး​တွေ အန်ကယ် အကြံဉာဏ်​ပေး​ခဲ့​တာ​ပေါ့​။ ဒါဆိုရင် ဘယ်သူက သင့်​တော်သလဲ ဖထီး​ အကြံဉာဏ်​ပေး​ပါဆို​တော့​ အန်ကယ်က ​ပြောတယ်။ ​တောင်က​လေး​ဆရာ​တော်ကို ခင်ဗျား​တို့​ ချဉ်း​ကပ်ပါ။ ​လျှောက်ထား​ပါ။ ​တောင်က​လေး​ဆရာ​တော်က ဗိုလ်ချုပ်မှူး​ကြီး​ သန်း​ရွှေနဲ့​ဇနီး​ ​ဒေါ်ကြိုင်ကြိုင်တို့​ ကိုး​ကွယ်တယ်။ ကျ​နော်တို့​ဖက်နဲ့​လည်း​ အဆက်အဆံရှိ​တော့​ နှစ်ဖက် ယုံကြည်မှု ရှိတဲ့​ ဆရာ​တော် တပါး​လည်း​ ဖြစ်တယ်။ သံဃာ​တော် တပါး​လည်း​ ဖြစ်တဲ့​အတွက် ဒီအ​ပေါ်မှာ အမြတ်ထုတ်မှာလည်း​ မဟုတ်ဘူး​။ အဲဒါ သူတို့​ လက်ခံတယ်။ အများ​ကြီး​ သ​ဘောကျတယ်။ အဲဒီအတိုင်း​ သူတို့​ လုပ်လိုက်တယ်​ပေါ့​။”

သူတို့​ အကြံဉာဏ်​တောင်း​တဲ့​ အချိန်တုန်း​က အန်ကယ်က ​ကေအန်ယူ​ခေါင်း​ဆောင် ဖြစ်တဲ့​အခါကျ​တော့​ သူတို့​က အလဲအလှယ် ရှိခဲ့​လား​။ ဥပမာ- အန်ကယ်က ဒီလိုမျိုး​ အကြံ​ပေး​လို့​ရှိရင် လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ပြန်လွှတ်မယ် ဆိုတဲ့​ စကား​မျိုး​တွေ​လေ။

“အဲဒါကို​တော့​ သူတို့​ ဘာမှ မ​ပြောဘူး​။ ဒါ​ပေမဲ့​ အန်ကယ့်​ရဲ့​ အကြံ​ပေး​ချက်​တွေကို သူတို့​ လက်ခံတယ်၊​ ကြိုက်တယ်။ ကြိုက်တဲ့​အခါကျ​တော့​ သူတို့​ပြောတဲ့​ စကား​တခွန်း​ ရှိတယ်​လေ။ ​နေပြည်​တော်က အရာရှိကြီး​တွေ​ပြောတာက ဖထီး​ ကျ​နော်တို့​ဆီ ​ရောက်လာတာ ကံ​ကောင်း​တယ်တဲ့​။ ဖထီး​ဘာမှ မပူပါနဲ့​တဲ့​။ အမှု​တွေ ဘာ​တွေကို ​ခေါင်း​ထဲ မထည့်​နဲ့​တဲ့​ စိတ်ချမ်း​သာ​အောင်ပဲ ​နေတဲ့​။ ဒါ​တွေက ဒီလိုပဲ ပြီး​သွား​မှာပဲဆိုပြီး​ အဲဒီလို ​ပြောတာ​ပေါ့​။ သူတို့​ ဒီလို ​ပြောတဲ့​အခါကျ​တွော့​ လူကြီး​တွေ ​ပြောတဲ့​စကား​ဆို​တော့​ အန်ကယ်လည်း​ ယုံတာ​ပေါ့​။ အန်ကယ်လည်း​ ယုံပြီး​တော့​ ပြီး​တဲ့​အခါကျ​တော့​မှ အမှုကပ်တာ​ပေါ့​။ အမှုကပ်တာကလည်း​ အဲဒီ လွတ်ငြိမ်း​ချမ်း​သာခွင့်​က ဇန်နဝါရီလ ည​နေ ၄ နာရီမှာ လာတယ်။ ၄ နာရီမှာ လာပြီး​ အန်ကယ့်​ကို ၃ နာရီခွဲ ရုံး​ထုတ်ပြီး​တော့​ တရား​စွဲလိုက်တယ်။ အန်ကယ် လွတ်ငြိမ်း​ချမ်း​သာခွင့်​ ရမှန်း​တောင် မသိဘူး​။ ​ထောင်ထဲပြန်ဝင်​တော့​မှ၊​ အန်ကယ့်​ ပထမ အမှုက​တော့​ ပြီး​သွား​ပြီတဲ့​။ လွတ်သွား​ပြီး​တော့​ အခုဟာက ​နောက်အမှု ဆိုပြီး​တော့​။ အဲဒီလို လွတ်ငြိမ်း​ချမ်း​သာခွင့်​လာမှ ကပ်ပြီး​တော့​ လုပ်တဲ့​အခါကျ​တော့​ ဒါက​တော့​ သိပ်ပြီး​တော့​ ရိုး​သား​မှု နည်း​တယ်လို့​ အန်ကယ်ထင်တယ်​လေ။ လွန်ခဲ့​တဲ့​ တပတ်​လောက်က ကြိုပြီး​တော့​ တရား​စွဲထား​ရင် တမျိုး​ပေါ့​။ နည်း​နည်း​ ခံစား​ရတာ တမျိုး​ပေါ့​။ အခုက သတင်း​က​တော့​ ထွက်​နေတယ်။ အန်ကယ့်​ကို တရား​စွဲထား​တယ်တို့​ ဘာတို့​ ဂျာနယ်မှာ အဲဒါ​ပြောထား​တယ်။ အမှုဖွင့်​ထား​တယ်လို့​ ​ပြောတယ်။ ဒါ​ပေမဲ့​ အန်ကယ့်​ဆီကို ဘာမှ မ​ရောက်ဘူး​။ အဲဒီ လွတ်ငြိမ်း​ချမ်း​သာခွင့်​လာတဲ့​ ဇန်နဝါရီလ ၂ ရက် ​နေ့​ ည​နေကျမှ လွတ်ငြိမ်း​သာခွင့်​လည်း​လာ​ရော အန်ကယ့်​ကို ​နောက်အမှုနဲ့​ ကပ်​ရော။

နောက်အမှုနဲ့​ ကပ်တာက ၁၇(၁) မတရား​အသင်း​နဲ့​ ဆက်သွယ်မှု၊​ ၁၂၂(၁) နိုင်ငံ​တော်ကို လက်နက်ကိုင်ပုန်ကန် ဆန့်​ကျင်မှု။ အဲဒီလို တရား​စွဲတယ်။ တရား​စွဲတာက ၂၁၁(၁) ဆိုတာက ​သေဒဏ်နဲ့​ တကျွန်း​ပဲ ရှိတယ်​လေ။ အဲဒီ အမှု ၂ မှုနဲ့​ သူတို့​ ရုံး​တင်တာ။”

ရုံး​တင်ပြီး​တော့​ ဘယ်လိုမျိုး​ ထိန်း​သိမ်း​ခံထား​ရလဲ၊​ ဘယ်လို အမှု​တွေ ရင်ဆိုင်ရတာလဲ။

“ရုံး​တင်တဲ့​အခါကျ​တော့​ အန်ကယ့်​ကို စက်တင်ဘာ ၅ ရက်​နေ့​မှ စအဖ (စစ်ဖက်​ရေး​ရာအထူး​လုံခြုံ​ရေး​အဖွဲ့​) က ​ခေါ်​တွေ့​ပြီး​တော့​ ​အောက်တိုဘာ ၂၀ ရက်​နေ့​မှာ အင်း​စိန်​ထောင်ကို ပြန်ပို့​တယ်။ အင်း​စိန်​ထောင်ကို ပြန်ပို့​တော့​ တိုက်ထဲမှာ အန်ကယ်က ​နေရတယ်။ တ​ယောက်တည်း​ပဲ အခန်း​တခန်း​မှာ တ​ယောက်​ပေါ့​။”

အင်း​စိန်​ထောင်တွင်း​မှာ ​နေရ​တော့​ ​စောင့်​ရှောက်မှု​တွေ၊​ ကျန်း​မာ​ရေး​ ​စောင့်​ရှောက်မှုတို့​ ဘာတို့​ရော အဆင်​ပြေရဲ့​လား​။ စား​ရ ​သောက်ရတာ ဘယ်လိုမျိုး​ အ​နေအထား​ ရှိလဲ။

“မဆိုး​ပါဘူး​ အန်ကယ်က ​ထောင်ထဲကို ခဏခဏ ​ရောက်တယ်​လေ။ ၄ ​ခေါက်ရှိပြီ ​ထောင်ထဲ​ရောက်တာ။ ​ရောက်ရင်လည်း​ အသည်း​အသန် ကိစ္စ​တွေနဲ့​ပဲ ​ရောက်တာ။ လွန်ခဲ့​တဲ့​ ၄၅ နှစ်တုန်း​က ဒီအင်း​စိန်​ထောင်ကို ​ရောက်ဖူး​တယ်။ ​ထောင်ထဲက​တော့​ အများ​ကြီး​ ​ပြောင်း​လဲသွား​ပြီ။ အရင်တုန်း​က အန်ကယ်တို့​ အသက် ၂၀ ​ကျော်တုန်း​က အခန်း​ထဲမှာ ဘုရား​ရှိခိုး​လည်း​ ဝင်ရိုက်တာပဲ။ တခန်း​နဲ့​ တခန်း​ ဆက်သွယ်လည်း​ ဝင်ရိုက်တာပဲ။ သီချင်း​ဆိုလည်း​ ရိုက်တာပဲ။ နံရံမှာ စာ​ရေး​လည်း​ ရိုက်တာပဲ။ အခု အဲဒါ​တွေ ဘာမှ မရှိ​တော့​ဘူး​။ အပြင်ကို မနက် ၆ နာရှိဆိုရင် ဖွင့်​ပေး​တယ်၊​ ၁၂ နာရီဆိုရင် ခဏ ပြန်ဝင်​နေရတယ်။ ၂ နာရီထိုး​ ပြန်ဖွင့်​ပေး​တယ်၊​ ည​နေ ၅ နာရီထိုး​ဆိုရင် ပြန်ပိတ်တယ်။ အများ​ကြီး​ လွတ်လပ်တယ်။ တတိုက်နဲ့​ တတိုက်၊​ တခန်း​နဲ့​ တခန်း​ကို ဆက်သွယ်လို့​ ရတယ်။ အခု​ခေတ်ကျ​တော့​ အပြင်က ဂျာနယ်​တွေ၊​ မဂ္ဂဇင်း​တွေ အဲဒါ​တွေ အကုန်လုံး​ သွင်း​လို့​ ရတယ်။ ​နောက်ပြီး​တော့​ သတင်း​စာလည်း​ သူတို့​ ​ပေး​ဖတ်တယ်။ အများ​ကြီး​ ​ကောင်း​ပါတယ်။ အစား​အ​သောက်က​တော့​ တပတ်ကို အသား​တခါ စား​ရတယ်။ ကျန်း​မာ​ရေး​စောင်​ရှောက်မှုက​တော့​ အများ​ကြီး​ ​ကောင်း​ပါတယ်။ ​စောင့်​ရှောက်မှုအပိုင်း​မှာ ကျန်း​မာ​ရေး​ကိစ္စ တခုခုဖြစ်ရင် ​ဆေး​ခန်း​ ရှိတယ်။ သက်ဆိုင်ရာ အ​ဆောင်​ပေါ့​။ တိုက်ဆိုလည်း​ တိုက် အဲဒီမှာ ​ဆေး​မှူး​တွေ ရှိတယ်။ ​ဆေး​မှူး​က သတင်း​ပို့​တာပြီး​ရင် ​ထောင်တွင်း​ဆေး​ရုံကြီး​ကို သွား​ရတယ်။”

အန်ကယ်ကို အမှု​တွေများ​စွာနဲ့​ ​ထောင်ဒဏ်ချမှတ်လိုက်တဲ့​ ​နေ့​မှာ​ရော ဘယ်လို ခံစား​ရလဲ။

“အန်ကယ်က ​ထောင်ကျတာ ၄ ခါရှိပြီ။ ​ထောင်ကျတာ ၄ ခါ ရှိပြီဆို​တော့​ ​ထောင်ကလွတ်​တော့​လည်း​ တခါမှ မ​ပျော်ခဲ့​ဘူး​။ အခု အ​ခေါက်လည်း​ မ​ပျော်ဘူး​။ ဒီလို အမိန့်​ချတာလည်း​ အန်ကယ် ဘာမှ မခံစား​ရဘူး​။ ဒါက အန်ကယ့်​ကို နိုင်ငံ​ရေး​ဓား​စာခံအဖြစ်နဲ့​ လုပ်ထား​တာ။ အဲဒီလို နား​လည်ထား​တယ်။ ဘာဖြစ်လို့​လဲဆို​တော့​ အခုလို ​ကေအန်ယူနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲက ​အောင်မြင်လို့​ရှိရင် အန်ကယ့်​ကို ပြန်လွှတ်​ပေး​မယ်။ ​ကေအန်ယူနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲက မ​အောင်မြင်ဘူး​ ဆိုလို့​ရှိရင် အန်ကယ့်​ကို ​သေဒဏ် တကယ်ချမှာ။ အန်ကယ့်​ကို နိုင်ငံ​ရေး​ ဓား​စာခံအဖြစ်နဲ့​ ထား​တာ။ အဲဒါကို အန်ကယ်က သိထား​တယ်။ အန်ကယ်က လွတ်မယ်ဆိုတာလည်း​ သိထား​တယ်။ ဘာလို့​လဲဆို​တော့​ ဝန်ကြီး​ ဦး​အောင်မင်း​က ကတိ​ပေး​ထား​တယ်။ ဦး​အောင်မင်း​ကိုလည်း​ ​ကေအန်ယူက ​တောင်း​ထား​တယ်​လေ။ ပြန်​တောင်း​ထား​တဲ့​အခါကျ​တော့​ လွတ်မယ်ဆိုတာကိုလည်း​ ​ပြောတယ်။ အဲဒါ ဂျာနယ်​တွေထဲမှာ ဖတ်ရတယ်။ ဂျာနယ်​တွေထဲမှာ ဖတ်ရတဲ့​အခါကျ​တော့​ နိုင်ငံ့​ခေါင်း​ဆောင်တ​ယောက် ​ပေး​ထား​တဲ့​ ကတိကို​တော့​ ယုံတယ်​လေ။ ယုံတယ်ဆိုတာ အပြည့်​တော့​ မယုံဘူး​။ ဘာဖြစ်လို့​လဲဆိုရင် အန်ကယ် ​ထောင်ထဲမှာ ခဏခဏ အလိမ်ခံရတာကိုး​။ ၇၀ ရာခိုင်နှုန်း​လောက် ယုံတာ​ပေါ့​။

ဝန်ကြီး​ ဦး​အောင်မင်း​ကလည်း​ လွှတ်မယ်ဆိုတာကို ခဏ ခဏ ​ပြောတဲ့​အခါကျ​တော့​ အန်ကယ် မ​တွေ့​ဖူး​ပေမဲ့​ ယုံတယ်။ သမ္မတကြီး​က လွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​မှာပဲလို့​ သူက ဒါကို ထပ်ထပ်​ပြောတဲ့​အခါကျ​တော့​ အများ​ကြီး​ ယုံပါတယ်။ အဲဒါ​ကြောင့်​မို့​ စိတ်ဓာတ်မကျတာလည်း​ ပါတာ​ပေါ့​။ တ​နေ့​ကျရင် လွတ်မယ် ​ပေါ့​။ အမိန့်​မချခင် ကြား​ထဲမှာ ဝန်ကြီး​ဦး​အောင်မင်း​ရဲ့​ အထူး​ကိုယ်စား​လှယ်​ပေါ့​။ သမ္မတကြီး​ရဲ့​ အထူး​ကိုယ်စား​လှယ်လို့​လည်း​ ​ပြောလို့​ ရတယ်။ အဲဒီ အရာရှိကြီး​ က အန်ကယ့်​ကို လာ​တွေ့​တယ်။ လာ​တွေ့​တော့​ စိတ်ဓာတ် မကျပါနဲ့​။ အမှုပြီး​အောင်သာ၊​ အမှုပြီး​လို့​ရှိရင် ကျန်တဲ့​အပိုင်း​က သမ္မတကြီး​ အပိုင်း​ပဲဆို​တော့​ လာပြီး​တော့​ အား​ပေး​တာ​တွေလည်း​ ရှိ​တော့​ အန်ကယ် အများ​ကြီး​ စိတ်​အေး​အေး​ ချမ်း​ချမ်း​ ရှိပါတယ်။”

အန်ကယ်​ပြောသလို နိုင်ငံ​ရေး​ဓား​စာခံအဖြစ် အသုံး​ချခံရတယ်ဆိုတဲ့​ အ​ပေါ်မှာ အခု လက်ရှိ ​ကေအန်ယူနဲ့​ အစိုး​ရ လုပ်​နေတဲ့​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​မှု အ​ပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

“အန်ကယ် ယုံကြည်ပါတယ်။ ယုံကြည်တယ် ဆိုတာက အကြံဉာဏ်​ပေး​ခဲ့​တာက အန်ကယ်​လေ။ အခု ကျ​နော်တို့​က နှစ်​ပေါင်း​ ၆၀ ​ကျော် ပဋိပက္ခဖြစ်လာတယ်။ ပဋိပက္ခ ဖြစ်လာတဲ့​အခါကျ​တော့​ တ​နေ့​တချိန်တည်း​နဲ့​ ဒီ ပဋိပက္ခကို ရှင်း​လို့​ ရမှာ မဟုတ်ဘူး​။ နှစ်ဖက်စလုံး​က သံသယ​တွေ၊​ ခံစား​ချက်​တွေ၊​ ရန်ငြိုး​ရန်စ​တွေက တ​ထွေး​တပိုက်ကြီး​ရှိတယ်။ ဒါ​တွေကို ​လျှော့​ချနိုင်မှ နှစ်ဦး​နှစ်ဖက် ယုံယုံကြည်ကြည်နဲ့​ ယုံကြည်မှုကို တည်​ဆောက်နိုင်မှ ​ရှေ့​ဆက်ခရီး​မှာ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်နိုင်မယ်လို့​ အန်ကယ် နှစ်ဖက်စလုံး​ကို ​ပြောတယ်​လေ။ ​ကေအန်ယူဖက်ကိုလည်း​ ​ပြောတယ်။ နိုင်ငံ​တော် အစိုး​ရဖက်ကိုလည်း​ ​ပြောတယ်။ ​ပြောတဲ့​အခါကျ​တော့​ အန်ကယ့်​ အကြံ​ပေး​ချက်အတိုင်း​ကို သူတို့​ လက်ခံမယ် ဆိုရင်​တော့​ အန်ကယ်တို့​ ငြိမ်း​ချမ်း​ရေး​ တည်​ဆောက်မှုက ရမယ်လို့​ အန်ကယ်​တော့​ ယုံကြည်ပါတယ်။”

မကြာခင်မှာ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ ဆက်ပြီး​တော့​ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲမှာလည်း​ ​ကေအန်ယူနဲ့​ ​ဆွေး​နွေး​ဖို့​ ရှိတယ်ဆို​တော့​ အန်ကယ့်​အ​နေနဲ့​ ဒီ​ဆွေး​နွေး​ပွဲမှာ ပါဝင်ဖို့​ ရှိလား​။

“​ထောင်ကလွတ်လာ​တော့​ ၂၄ ရက်​နေ့​မှ ဒီကို ​ရောက်တယ်​လေ။ ၃ ရက်ပဲ ရှိ​သေး​တယ်။ သူတို့​က နဂိုကတည်း​က ကိုယ်စား​လှယ်​တွေ ​ရွေး​ချယ်ပြီး​ပြီ။ ​ရွေး​ချယ်ပြီး​တော့​ အခု အန်ကယ့်​ကို အနား​ပေး​ထား​တော့​ မပါ ပါဘူး​။”

ကော်မတီဝင်ထဲမှာ အန်ကယ် မပါ​ပေမဲ့​ ​ကေအန်ယူနဲ့​ အစိုး​ရဖက်ကို ဘယ်လိုမျိုး​ တိုက်တွန်း​မှု​တွေနဲ့​ ​ပြောချင်တာမျိုး​တွေ ရှိလဲ။

“ဒီလိုရှိတယ် အခုလည်း​ အန်ကယ်​ပြောချင်တဲ့​စကား​က ပြည်​ထောင်စု အစိုး​ရဘက်က ဝန်ကြီး​ဦး​အောင်မင်း​တို့​၊​ ဝန်ကြီး​ ဦး​ခင်ရီတို့​ ကိုယ်တိုင် ဦး​စီး​ပြီး​တော့​ အန်ကယ့်​ကို လာပြီး​တော့​ ပြန်အပ်​ပေး​တယ်။ ​ကေအန်ယူကို လာပြန်အပ်တယ်။ ​ကေအန်ယူကို ပြန်အပ်တဲ့​အချိန်မှာ ​ကေအန်ယူ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ချုပ် ရှိတယ်။ ​ကေအန်အယ်လ်​အေ စစ်ဦး​စီး​ချုပ် အပါအဝင် ဗဟို​ကော်မတီဝင်​တွေ ရှိတယ်။ နှစ်ဖက် ​ခေါင်း​ဆောင်​တွေ ​ရှေ့​မှာ အန်ကယ်က ​ပြောတယ်။ ကျ​နော်တို့​ နှစ်​ပေါင်း​ ၆၀ ​ကျော် ပဋိပက္ခက ရန်ငြိုး​ရန်စ​တွေ၊​ အာဃာတ​တွေ၊​ သံသယ​တွေက အများ​ကြီး​ ရှိကြမှာပဲ အဲဒါ​တွေ ကျ​နော်တို့​ ​လျှော့​ချပြီး​တော့​ တဦး​နဲ့​တဦး​ ယုံယုံကြည်ကြည်နဲ့​ တကယ့်​ ငြိမ်း​ချမ်း​ရေး​ကို တိုင်း​ပြည်မျက်နှာ ပြည်သူ​တွေမျက်နှာကို ​ရှေ့​ထား​ပြီး​တော့​ ကျ​နော်တို့​ လုပ်မယ်ဆိုရင် ငြိမ်း​ချမ်း​ရေး​က ရကိုရမယ်။ ရဖို့​လည်း​ တာဝန်​တွေ အများ​ကြီး​ ရှိတယ်။ ကျ​နော်တို့​မှာ တာဝန်ရှိတယ်လို့​ အန်ကယ် နှစ်ဖက်စလုံး​ကို အကြံ​ပေး​တယ်။”

သမ္မတလွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ပေါ့​။ ပြန်လည် လွတ်​မြောက်လာ​တော့​ သမ္မတကို ​ပြောချင်တဲ့​ စကား​များ​ ရှိဦး​မလား​။

“ရှိတာ​ပေါ့​ အန်ကယ်က သမ္မတကြီး​ကို ​တွေ့​တောင် ​တွေ့​ချင်တယ်။ တ​နေ့​တချိန်မှာ ​တွေ့​အောင် လုပ်​ပေး​ပါလို့​လည်း​ ဝန်ကြီး​ဦး​အောင်မင်း​ကို ​ပြောတယ်။ အန်ကယ်က သမ္မတကြီး​ကို သိပ်​လေး​စား​တယ်။ ​လေး​စား​တယ်ဆိုတာ အန်ကယ် အခု​လေ့​လာ စုံစမ်း​ကြည့်​သ​လောက် သူတို့​နဲ့​ ထိ​တွေ့​ဆက်ဆံရ​တော့​ သိလာတယ်။ သမ္မတကြီး​က ​လေး​စား​တယ်။ တိုင်း​ပြည်ကို တကယ် ငြိမ်း​ချမ်း​စေချင်တယ်။ တိုး​တက်​စေချင်တယ်။ ဒီမိုက​ရေစီနိုင်ငံ ဖြစ်​အောင် ​ဖော်​ဆောင်မယ်ဆိုတာ အန်ကယ်က ယုံကြည်တယ်။ ဒါ​ကြောင့်​မို့​ သမ္မတကြီး​ရဲ့​ ဒီ ဂုဏ်သိက္ခာကို ​လေး​စား​သောအား​ဖြင့်​ အန်ကယ် အများ​ကြီး​ ယုံကြည်တယ်။ အန်ကယ့်​ကို လွှတ်​ပေး​လို့​ ​လေး​စား​ယုံကြည်တာ မဟုတ်ဘူး​။ သမ္မတကြီး​ရဲ့​ သီလဂုဏ်၊​ သမာဓိဂုဏ်၊​ နိုင်ငံ့​ခေါင်း​ဆောင်ဂုဏ်ကို အန်ကယ်က ​လေး​စား​ယုံကြည်တယ်။

ဝန်ကြီး​ ဦး​အောင်မင်း​ကိုလည်း​ အများ​ကြီး​ ​လေး​စား​တယ်၊​ ကြည်ညိုတယ်။ ဝန်ကြီး​ဦး​အောင်မင်း​က တွဲလုပ်လို့​ ရတဲ့​ နိုင်ငံ့​ခေါင်း​ဆောင် တ​ယောက်ဖြစ်တယ်၊​ ရိုး​သား​တယ်၊​ ဖြူစင်တယ်၊​ ​စေတနာမှန်တယ်။ အန်ကယ်က ဘာလဲဆို​တော့​ အန်ကယ်လွတ်ပြီး​တာနဲ့​ ​ထောင်ဗူး​ဝက​နေ သူ့​ကိုယ်စား​လှယ်က လာကြိုပြီး​တာ့​ ​နေပြည်​တော်ကို ​ခေါ်သွား​ပြီး​တော့​ သူ့​ဧည့်​သည် အဖြစ်နဲ့​ တပတ်နီး​ပါး​ သူ့​ဆီမှာ ​နေရတယ်။ သူ့​အိမ်မှာကို ထား​တယ်။ သူ့​အိမ်မှာ ထား​ပြီး​တော့​ တခါတည်း​ကို ပြုစုတယ်။ အန်ကယ့်​ကို ​ဆေး​တွေ အကုန်လုံး​ စစ်​ပေး​တယ်။ ​နောက်ပြီး​တော့​ အန်ကယ့်​ကို ဖထီး​တဲ့​ သွား​ချင်တဲ့​ ​နေရာသွား​၊​ ဓာတ်ပုံရိုက်ချင်တဲ့​ ​နေရာရိုက် အန်ကယ့်​ကို လွတ်လွတ်လပ်လပ် ​ပေး​သွား​တယ်။

နောက်ပြီး​တော့​ ကင်မရာလည်း​ တလုံး​ပေး​တယ်။ အဲဒါ ရိုက်ချင်တာ ရိုက်ပါ လိုတာ ကျ​နော် ဘာမှ မချုပ်ချယ်ဘူး​တဲ့​။ ​လော​လောဆယ်​တော့​ မီဒီယာနဲ့​ မ​တွေ့​ပါနဲ့​ဦး​တဲ့​။ ဘာဖြစ်လို့​လဲ ဆို​တော့​ ဖထီး​ကို ​ကေအန်ယူ လက်ထဲကို ပြန်မအပ်မချင်း​ ကျ​နော့်​မှာ တာဝန်ကြီး​လို့​တဲ့​ ဒီကြား​ထဲမှာ တခုခုဖြစ်ရင်။ အဲဒါ​လေး​ တခု​တော့​ ​မေတ္တာရပ်ခံတယ်။ ကျန်တဲ့​ဟာ ဘာမှ ကန့်​သတ်ချုပ်ချယ်တာ မရှိဘူး​။”

နေပြည်​တော် ​ရောက်သွား​တော့​ အန်ကယ် ​နေပြည်​တော်ရဲ့​ အ​ခြေအ​နေ အ​နေအထား​ကို ကြည့်​ပြီး​တော့​ ဘယ်လိုမျိုး​ ​ပြောချင်တာမျိုး​တွေ ရှိဦး​မလဲ။

“​နေပြည်​တော်ကြီး​က​တော့​ အင်မတန် ခမ်း​နား​၊​ ခန့်​ညား​ထည်ဝါ မြို့​တော်ကြီး​တရပ်ရဲ့​ ဂုဏ်အင်္ဂါနဲ့​ ညီပါတယ်။ အ​ဆောက်အဦ​တွေက​တော့​ အများ​ကြီး​ပဲ လူ​တွေက နည်း​နည်း​လေး​ရယ်။ ကား​တွေကလည်း​ နည်း​နည်း​လေး​။ မြို့​တော် အင်္ဂါရပ်နဲ့​တော့​ ပြည်စုံတယ် ဒါ​ပေမဲ့​ လူဦး​ရေ အင်္ဂါရပ်က​တော့​ မပြည့်​စုံဘူး​။”

တခြား​ ဘာများ​ ​ပြောချင်တာ ရှိဦး​မလဲ။

“အန်ကယ်​ပြောချင်တာက​တော့​ အန်ကယ့်​ လွတ်​မြောက်​ရေး​အတွက် ကြိုး​ပမ်း​ပေး​ခဲ့​တဲ့​ မိခင်​ကေအန်ယူ အစည်း​အရုံး​နဲ့​ ကရင်က ​ခေါင်း​ဆောင်​တွေကို ​ကျေး​ဇူး​တင်တယ်၊​ ကရင်အမျိုး​သား​တွေကို ​ကျေး​ဇူး​တင်တယ်၊​ အန်ကယ့်​အ​ပေါ်မှာ စာနာ​ထောက်ထား​ပြီး​တော့​ အန်ကယ်လွတ်​မြောက်​ရေး​အတွက် ကြိုး​ပမ်း​ပြီး​တော့​ ဝိုင်း​ဝန်း​တောင်း​ဆိုကြတဲ့​ လှုပ်ရှား​ပေး​ခဲ့​ကြတဲ့​ ပြည်တွင်း​ပြည်ပ၊​ အဖွဲ့​အစည်း​များ​၊​ လူပုဂ္ဂိုလ်များ​၊​ အင်အား​စုများ​ကို အများ​ကြီး​ ​ကျေး​ဇူး​တင်တယ်။

ဒါ​ကြောင့်​မို့​လို့​ အန်ကယ်​ပြောချင်တာက​တော့​ ငယ်ငယ်ကတည်း​က ​လေ့​လာခဲ့​တဲ့​ တရား​တခု ရှိတယ် အဲဒါက ဘာလဲဆိုလို့​ရှိရင် တရား​ရှိရင် ကူသူများ​တယ်၊​ တရား​မဲ့​ရင် ကူသူရှား​တယ် ဆိုတာ။ အန်ကယ့်​ရဲ့​ ဘဝ လက်​တွေ့​ က​နေပြီး​တော့​ ဒါ လက်​တွေ့​ဖော်ပြလိုက်တာပဲ။ ဒီတရား​က မှန်တယ်ဆိုပြီး​တော့​ အန်ကယ် ပိုပြီး​တော့​ ​လေး​နက် ယုံကြည်တယ်။”
http://burmese.dvb.no/archives/23258

7 comments:

ခန့်ချောလေး said...

မရေး...ဖြစ်နိုင်ရင် ကျွန်တော်တို့ ဆိုဒ်လေး www.zwekapinmyae.com ...ဇွဲကပင်မြေဆိုဒ်လေးထဲကိုလာရောက်ကူညီတင်ပေးစေချင်ပါတယ်ဗျား..

Anonymous said...

တော်ပါပေတယ် ဒေးဗစ်ကိုဗာ ဖီး(နအဖ)အစိုးရရယ်၊။ကျုပ်ထင်တာခင်ဗျား
တို့ က မန်းငြိမ်းမောင်ကို KNU လှည့်စားဖို့တည်ကြက်အဖြစ်ဘဲအသုံးချခဲ့နတယ်ထင်ခဲ့တာ။ဒါပေမဲ့ခင်ဗျားတို့
ကအကြံဥာဏ်တောင်းချင်ရောင်ဆောင့်ပြီးအဖိုးကြီးခေါင်းထဲကို ကူးစက်
လွယ်တဲ့ ဘက်တီးရီးယား(စကားလိမ်)တွေပါ ထဲ့နိုင်ခဲ့တာ ကိုး။

Anonymous said...

အောင်မင်းတို့ ၊ ခင်ရီတို့ ကိုယ်တိုင်...သူတို့ ကိုယ်သူတို့ ဘာမှအာမခံချက်ရှိတာမဟုတ်သလို၊ ဘာမှဆုံးဖြတ်ပိုင်ခွင့် ရှိတာမဟုတ်ပါ။ တကယ့်ဆုံးဖြတ်ပိုင်ခွင့်ရှိတာက အနောက်မှာကြိုးကိုင်တဲ့ မဟာလူမျိုးကြီးဝါဒ စစ်မိစ္ဆာ၊ မုဒိမ်းအာဏာရှင်တစုပါ။

Anonymous said...

မန်းငြိမ်းမောင်ပြောသလို သံသယတွေလျော့ချနိုင်ဖို့ဆိုတာက ခင်ဗျားတို့ဘက်
က ကလိမ်စေ့ငြမ်းမဆင်ဖို့၊သံသယဖြစ်စရာအပြုအမူတွေမလုပ်မိစေဖို့ဘဲ။
သံသယဖြစ်စရာအပြုအမူများစွာထဲက တစ်ခုနှစ်ခုကိုဘဲတင်ပြပါရစေ။
၁။မန်းငြိမ်းမောင်ကိုလွတ်ချင်ရင် ဒါရိုက်လွတ်ရင်ရရဲ့သားနဲ့ဘာဖြစ်လို့ တစ်ဖက်
လှည့်နဲ့ တရားရူ့းတွေကနေ တစ်သက်တစ်ကျွမ်းအမိန့်ချခိုင်းပြီးမှကရုဏာ
ရှင်ယောင်ဆောင်ပြီး ပြန်လွတ်ရတာလဲ။
၂။KNU က နအဖအစိုးရနဲ့ အပစ်ရပ်၊ငြိမ်းချမ်းရေးလုပ်ဖို့ ဟိုး ဥကဏကြီးဘဦး
ကြီးလက်ထက်ကတည်းက နေအခုအချိန်ထိကြိုဆိုလမ်းဖွင့်ထားတယ်ဆိုတာ
နအဖအသိ၊နိုင်ငံတစ်ကာ အသိပါ။ဒါနဲ့ဘဲခေါင်းပေါင်းများစွာတိုက်ပြီးအကြံ
ဥာဏ်ထုပ် ကလိမ်စေ့ငြမ်းဆင်နိုင်ရဲ့သားနဲ့ ရိုးသားတဲ့ အဖိုးကြီးဆီကို ချဉ်း
ကပ်၊း အကြံအဥာဏ်တောင်းချင်ယောင်ဆောင်ပြီး အဖိုးကြီးကနေတစ်
ဆင့် ကရင်တစ်မျိုးသားလုံးနဲ့ နိုင်ငံတစ်ကာကိုလိမ်လည်လှည့်စားရတာ
လည်း....
၃။ရွေးကောက်ပွဲ နိုင်အောင် ကလိမ်ကကျစ်နည်းနဲ့ ဘာလို့ မဲရအောင် ချိန်းချောက်တာတို့ မဲလိမ်တာတို့ လုပ်ရတာလည်း။
၎။တိုင်းရင်းသားနယ်မြေတွေမှာ ဘာလို့ လက် နက်၊လူအင်အား၊နဲ့ရိပ်ခါတွေကို
လိုအပ်တာထက် ပို့ရတာလည်း...

Anonymous said...

ယခုသိန်းစိန်အစိုးရ(သို့ ) နအဖ အစိုးရသည်ဒီမိုကရေစီသို့ ချီတက်နေသည်၊ လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ချင်လို့ အပစ် အခတ်ရပ်စဲရေးကိုသူတို့ ကစခေါ်တာ အမှန်တကယ်စစ်မှန်သည့်ငြိမ်းချမ်း ရေးတည်ဆောက်ချင်သောဆန္ဒရှိလျင်တိုင်းရင်းသားနယ်မြေမှာရှိနေသောသူ တို့ စစ်တပ်တွေအားလုံးအရင်ပြန်ရုပ်သိမ်းပေးလိုက်ပါ၊ ဒါလက်တွေ့ ကျသည့် အပြုသဘောဆောင်သက်သေပြချက်တစ်ချက်ဖြစ်သည်၊ သည်လိုမျိုးအပြု သဘောဆောင်သောသက်သေပြချက်ဘာတစ်ခုမှမလုပ်နိုင်သေးသရွေ့ ကာ လပတ်လုံးကျုပ်တို့ ငြိမ်းချမ်းရေးတည်ဆောက်ချင်သည်လို့ ပြောနေရုံတော့ အလကားဘဲ။

Anonymous said...

ဘိုထေမောင် ဒုတိယတစ်ယောက်တော့ပေါ်လာပြန်ပြီ။အဆိပ်အတောက်ဖြစ်မလာခင်လက်ဦးအောင်ရှင်းပြစ်လိုက်။ဘိုထေမောင်
လည်း ပြန် မဆင်းသွားခင် သူ့ပထွေးဗမာတွေကောင်းကြောင်းကိုချီးမွမ်းသွား
သေးတယ်။သူ့ရဲဘော်လေးတွေဓါးနဲ့လယ် ပင်းကိုလီးပြီး မီးရှို့အသက်ခံရတော့
ဘာမှမတတ်နိုင်ဘူး။ရန်သူကိုလိုအပ်တာထက်ပိုယုံကြည်တာဟာ ကိုယ့်ကိုကိုယ်လည်ပင်းကြိုး
ကွင်းစွတ်တာပဲ။ဒါမှမဟုတ်ရင် ကိုယ်ဟာ ရန်သူ့လူ ဖြစ်မှန်းမသိဖြစ်နေတာဘဲ။
အသက်ညှာဆုံးစဉ်းစားရရင်တော့၊ဒီအဘိုးကြီးကြောင်သွားပြီ။ပင်စင်ပေးလိုက်

Anonymous said...

ရိုးတာလား၊အ ..တာလား၊ကြောင်သွားတာလား အတီးရယ်။ဒီခွေးမသားတွေက
ထောင်မြင်လို့ ရာစွန့်တာပါ။အတီးပေါ်နဲ့ တိုင်းရင်းသားတွေ အပေါ် စိတ်ရင်း
စေတနာ အ မှန်မရှိဘူးဆိုတာ ကျနော် အတီးနောက်က မွေးတဲ့ လူတောင်သိ
ပါတယ်။အတီးကိုထောင်ထဲမှာထားရင်သူတို့အတွက် ဘာမှအကြိုးမရှိုပါဘူး။
ဒါကြောင့်ထုပ်ပြီးအသုံးချလိုက်တာပါ။ဒီဝန်ကြီးတွေ အတီးကို ကောင်းမွန်စွာ
ဆက် ဆံတယ်ဆိုတာသူတို့ရဲံ့မဟာဗျူဟာတစ်ခုပါ။စိတ်အရင်းအမှန်မဟုတ်ပါ
ဘူး။အဲဒီခွေးမသားတွေကိုချီးမွမ်းတာ ကိုထားလိုက်ပါတော့......အတီးတစ်ခါ
မှမမြင်ဘူးတဲ့ ခွေးသူတောင်းစား သိန်းစိန်ကို ချီးမွမ်းတာကတော့ အတီးကို
ကျနော်ဘယ်လို နားလည် ရမလည်းမသိတော့ဘူး။ အဲဒီလို မှမဟုတ်ရင်တော့
သိန်းစိန် နဲ့သူ့နောင်လိုက်တွေကို စင်ပေါ်တင်ပြီး မနက်တစ်ခါ..ညနေတစ်ခါ
သာ ရှိခိုးလိုက်ပါတော့ဗျာ၊နိုင်ငံရေးနဲ့၊ကိုယ့်အမျိုးသားရေးအတွက်လုပ်မနေနဲ့
တော့။နိုင်ငံရေးလုပ်မယ်ဆိုရင် ၊ကိုယ်လည်းကလိမ်ကကျစ်လုပ်တတ်၊သူများ
လုပ်ရင်လည်းမြင်တတ်ရတယ်။

Post a Comment