ondragstart="return false" onselectstart="return false"

Monday, March 26, 2012

ကေအန်ယူနဲ့ ဒေါ်အောင်ဆန်းစုကြည် ရက်ပိုင်းအတွင်းတွေ့မည်

March 26, 2012 by နော်နိုရင်း

ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်တွေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ မကြာခင် ရက်ပိုင်းအတွင်း ဧပြီ လဆန်းမှာ တွေ့ဆုံဖို့ ရှိတယ်လို့ ကေအန်ယူ အသိုင်းအ၀ိုင်း က ပြောပါတယ်။

ကေအန်ယူနဲ့ အစိုးရ ကိုယ်စားလှယ်တို့ ဧပြီ ၄ ရက်နေ့ မှာ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လျာထားပြီး ဒီ ဆွေးနွေးပွဲ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်တွင်း ကရင် နိုင်ငံရေး ပါတီတွေ၊ ကရင်အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံ မှာ ဖြစ်တယ်လို့ အမည် မဖော်လို တဲ့ ကေအန်ယူခေါင်းဆောင် တဦး က ပြောပါတယ်။ အပြီးသတ် ရက် အတိအကျ သတ်မှတ်နိုင်ဖို့တော့ ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

ကေအန်ယူ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်နဲ့ ဗိုလ်ချုပ်စောမူတူးဆေးဖိုးတို့ ဦးဆောင်မယ့် ကေအန်ယူကိုယ်စားလှယ်တွေဟာ မတ် ၃၁ ရက်နေ့မှာ နယ်စပ်ကနေ ရန်ကုန်ကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြားတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ဒီခရီးစဉ်မှာ ပြည်တွင်း ကရင်နိုင်ငံရေးပါတီတွေ ဖြစ်တဲ့ ကရင်ပြည်သူ့ပါတီ၊ ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်၊ ဖလုံ-ဆဝေါ် ဒီမိုကရက်တစ် ပါတီတွေနဲ့ ကရင် အဖွဲ့အစည်းတွေ အပါအ၀င် ဘာသာရေး ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမယ် လို့ ပြောပါတယ်။

ဒီတွေ့ဆုံပွဲသာ ဖြစ်မယ်ဆိုရင် နိုင်ငံရေးသြဇာကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည် အဖို့ နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားအဖွဲ့ ၁ဖွဲ့ နဲ့ တရားဝင် တွေ့ဆုံဆွေးနွေးခွင့် ပထမဆုံးအကြိမ် ရရှိမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါမှာ တိုင်းရင်သားလူမျိုးစုတွေ အတွက် ပြောဆိုပေးဖို့ တိုက်တွန်းဖို့ ရှိတယ်လို့ အမည်မဖော်လို တဲ့ ကေအန်ယူ ခေါင်းဆောင်က ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး အပါအ၀င် တိုင်းရင်းသားအဖွဲ့တွေဟာ ၁၉၉၇ ခုနှစ် မှာ ကေအန်ယူ ထိန်းချုပ်နယ်မြေ မယ်သရောထာမှာ တိုင်းရင်းသားလူမျိုးများ နှီးနှော ဖလှယ်ပွဲ ကျင်းပပြီး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး အပြည့်အ၀ ရှိပြီး အမျိုးသားပြည်နယ်များ စုပေါင်းပါဝင် ဖွဲ့စည်းထားသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တညီတညွတ်တည်း သဘောတူ ထုတ်ပြန်ခဲ့ ပါတယ်။

အဲဒီသဘောတူညီချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံကြောင်း ထုတ်ဖော် ပြောဆိုခဲ့ဖူးပါတယ်။

http://burmese.dvb.no/archives/23101

6 comments:

Anonymous said...

KNUေ၇...ကြိုဆိုပါတယ်.ကို၇တဲံ့အခွင့်အေ၇းကိုလုံးဝအဆုံး၇ှူးံမခံနဲ့၊အကုန်သုးံ၊၊ဘိုချုပ်အောင်ဆန်းသမီးအကြောင်းကိုတော့မပြောလိုပါ၊ဒါပေမဲ့ နှစ်ပေါင်းများစွာ၊အဆက်ပြတ်နေတဲ့ ၊ပြည်ထဲကက၇င်အဖွဲ့အစည်းတွေ၊ပြည်သူတွေနဲ့အကုန်တွေ့၊ပြီုး၇င်
နားလည်မှုယ၊ူ၊အချိတ်အဆတ်လုပ်၊၊ဒါပေမဲ့ သတိထားနော်၊သတိဆိုတာ ပိုတယ်မ၇ှိုဘူး၊၊ဗမာအစိုး၇ကေ၇ွးကောက် ပွဲ ကိုကလိမ်ကကျစ်နဲ့ နိုင်အောင်ဗျူဟာတွေဆင်ပြီးသား၊၊နောက်ဆုံးသူတို့ကြိုတင်စည်မံထားသလို
ဖြစ်မလာ၇င် သူတို့၇ဲ့ လက်ကိုင် တုတ်ဖြစ်တဲ့ ကြံ့ဖွတ်၊ထောက်လှမ်းေ၇းတွေ
ကို အသုံးချ ဆူ ပူအောင်လှူပ်၊ဗုံးတွေခွဲ၊ပြီး၇င်ပြည်သူတွေ အတိုက်အခံအဖွဲ့အ
စည်းတွေက ဆူ ပူအောင်လုပ် လို့ တိုင်းပြည်မပြက်အောင် အာဌာတွေသိန်းပြီးထိန်းသိန်း၇ပါတယ်ဆိုတဲ့အချိန်နဲ့ သွားတိုး၇င် အကိုန်လုံး ဆွဲစိ ခံထား၇မှာစိုးလို့ပါ၊၊

Anonymous said...

အေးဗျာ KNU ဒေါ်စုနဲ့ သွားတွေ့မည်ဆိုတော့မှ ဘိုထေမောင် ဒေါစုနဲ့သွားတွေ့ခဲ့
တုံးက အဖြစ်အပြက်တစ်ခု ကို သတိ၇မိတယ်၊၊ထေမောင်ကအောင်
ဆန်းဆုကြည်ကို သူတို့ဆီကိုလာဖို့ဖိတ်ကြားတဲ့ကိစ်စပါ၊၊ိဒေါ်စုပြောလိုက်တဲ့စကားလေးတစ်ခွန်းကကျနော့ကိုစဉ်းစားစ၇ာတွေဖြစ်စေခဲ့
တယ်၊၊ဘိုထေမောင်ကတော့သူ့အဖွဲ့အစည်းအနေနဲုလည်းဖြစ်နိုင်တယ်၊တစ်မျိုး
သားလုံးအနေနဲ့လည်းဖြစ်ဖြစ်ဖိတ်ကြားတာဖြစ်နိုင်ပါတယ်၊၊ဒါပေမဲ့ဒေါစုပြန်ပြောလိုက် တာက၊ဘာတဲ့လဲ.....တစ်ကယ်စိတ်ဆန်ဒ၇ှိ၇ှိှိှိှိလို့ဖိတ်တာဟုတ်လားတော့မသိဘူး၊၊ဆိုတဲ့စကားလေးပါ။ဆိုတော့စဉ်းစားစ၇ာဖြစ်လာတာက....ဒေါစုအနေနဲ့ဘိုထေမောင်အဖွဲ့၊သို့မဟုတ်က၇င်တစ်မျိုးသား
လုံးအပေါ်မှာတစ်ခုခုအမြင်မ၇ှင်းတာများ၇ှိနေလားလိုပါ။။အဲဒီဗွီဒီယိုတိတ်ကို
သေသေချုာချာကြည့်၇င်တွေ့မှာပါ။။

Anonymous said...

ပြင်ဆင်ချက်။ ။။commentent 2 က တစ်ကယ်စိတ်ဆနဒ၇ှိလိုးဖိတတာနေ၇ာမှာတစ်ကယ်(်လာချငလာ် မလာချင်ခ်ျင်လာမသိ)လို့ပြင်ေ၇းခြင်ပါတယ်။။

Anonymous said...

david htaw ကိုလည်းပြောပေးပါ၊၊စကားကိုကုန်အောင်မပြောပါနဲ့လို့၊၊
အထူးသဖြင့်သူ့ကပထွေးဗမာအစိုး၇ကောင်းကြောင်းကိုပေါ့၊၊
သူ့အတွက်ပြောတာပါ။။

Anonymous said...

All KNU leader has to ask one question. Will they be doing the same thing Burmese military do making their family rich. Burma is in rag, the poor become slave and prostitute. To all of you who want to be future leader in Burma will you sell Burma to foreign country and make your family rich, or you will really like change in Burma? All you guy have the chance to talk and exchange idea make it work. I know Military leaders family, KNU leaders' family won't suffer a thing if Burma under fire? you know what because all of their family are in western country with with Burmse tax payer money. All I can see now is the all the Burmese leaders are robbing their own country.

Anonymous said...

အောင်ဆန်းမစားခဲ့ရသေးတဲ့ကရင်ပြည်နယ်ကနယ်မြေကသံယာဇာတတွကို စုကြည်ကရွေးလိုက်တာပါ ကေအင်ယူရယ်- ခင်ဗျားတိုသိထားတဲ့အတိုင်း ဗမာစစ်တပ်ခေါင်းဆောင်အချို့က ကချင်ပြည်နယ်ကို စားသောက်တာကုန်သလောက်ရှိပြီးလေ
ကိုယ်ညံကိုယ်ခံပေါ့တိုင်းရင်းသားကရင်တို့ရေ
ငြိမ်းချမ်းရေလုပ်ပါဆိုတဲ့သူတွေဟာခင်ဗျာတို့လိုလူမျိုးအတွက်အသက်ပေး
လုပ်သူတွေလိုထမင်းတစ်ရက်အငတ်ခံနိင်ခဲ့သလားဆိုတာမေးသင့်တယ်

Post a Comment