ondragstart="return false" onselectstart="return false"

Tuesday, March 20, 2012

ချင်းခရစ်ယာန်ညီလာခံကို စစ်တပ် နှောင့်ယှက်

March 20, 2012 by နော်နိုရင်း

ချင်းပြည်နယ် မတူပီမြို့နယ်မှာ ကျင်းပတဲ့ ချင်း ခရစ်ယာန် ဘာသာ ညီလာခံ တခုကို အစိုးရ စစ်တပ်က လက်နက်နဲ့ ခြိမ်းခြောက်ပြီး ဆဲဆို ကြိမ်းမောင်းမှုတွေ ပြုလုပ်ခဲ့တယ် လို့ ချင်း လူ့အခွင့်အရေးအဖွဲ့က ထုတ်ဖော် ပြောဆို လိုက်ပါတယ်။

မတူပီမြို့နယ် စပေါင်းတည် ရွာမှာ မတ် ၈ ရက်ကနေ ၁၃ ရက်နေ့ အထိ မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက် အရ ချင်း ခရစ်ယာန် ဘာသာညီလာခံကို ကျင်းပကြ တာ ဖြစ်ပြီး ညီလာခံ ကျင်းပနေစဉ် အတွင်း စစ်တပ်က နယ်မြေခံ ခလရ ၁၄၀ တပ်ဖွဲ့ ၁ ဖွဲ့က လာရောက် ခြိမ်းခြောက် နှောင့်ယှက်ခဲ့တာလို့ ဒီနေ့မှာ ထုတ်ပြန်တဲ့ ချင်း လူ့အခွင့်အရေးရဲ့ အစီရင်ခံစာ မှာ ဖော်ပြပါတယ်။

ဒီညီလာခံမှာ လူဦးရေ ၁ ထောင် လောက် တက်ရောက်ခဲ့ပြီး ဘာကြောင့် သူ့တို့ကို အကြောင်းမကြားဘဲ အစည်းအဝေး လုပ်ရတာလဲ ဆိုပြီး စစ်တပ်က လာရောက် ဆဲဆိုကြိမ်းမောင်းခဲ့တာလို့ ချင်းလူ့အခွင့်အရေး အဖွဲ့က ပြောပါတယ်။

ဒါ့ပြင် ညီလာခံကို တက်ရောက်တဲ့ ချင်းပြည်နယ် လွှတ်တော်အမတ် ဦးဗာကျင်က ၀င်ရောက် ပြောဆိုရာ သူ့ကိုပါ စစ်ဗိုလ်တဦးက သေနတ်နဲ့ ချိန်ရွယ်ပြီး ဆဲဆိုခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ ဒါရိုက်တာ ဆလိုင်း ဇအုတ်လင်း က ပြောပါတယ်။

ဘာသာရေး အစည်းအဝေးပွဲမှာ လက်နက်တွေနဲ့  လာရောက် ခြိမ်းခြောက်တာဟာ လူ့အခွင့်အရေးချိုး ဖောက်ရာ ရောက်တယ်လို့ ဆလိုင်း ဇအုတ်လင်း က ပြောပါတယ်။

“စစ်တပ်တွေက ချင်းပြည်နယ်မှာ လုပ်ဆောင်နေတာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်နေတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီက စီအန်အက်ဖ်နဲ့ လည်း ငြိမ်းချမ်းရေး လက်မှတ်ရေးထိုး ထားတာ ရှိတယ်။ အပစ်အခတ် ရပ်စဲထားတယ်။ ဒါပေမယ့် မြန်မာ စစ်တပ်တွေက ချင်းပြည်နယ် မှာ တပ်စွဲနေတုန်းပဲ။ သူတို့က ဆုတ်ခွာမှု မပြုသေးဘူး ဆိုတော့ တပ်စွဲထားတဲ့ နေရာတိုင်းမှာ ကျနော်တို့ ချင်းလူ့အခွင့်အရေး အဖွဲ့အနေနဲ့ အတွေ့အကြုံ အရ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အမြဲတမ်း ရှိနေတယ်။ အဲဒါကြောင့် မြန်မာ စစ်တပ်တွေ ချင်းပြည်နယ်မှာ တပ်စွဲ ထားခြင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိလာဦးမယ် ဆိုတာ အသေအချာ ယုံကြည်တယ်။”

ချင်းလူ့အခွင့်အရေးအဖွဲ့ဟာ ၁၉၉၅ မှာ စတင် ဖွဲ့စည်းပြီး ကနေဒါနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ အဖွဲ့ဖြစ်သလို အမေရိကန်၊ အိန္ဒိယနဲ့ ထိုင်း နိုင်ငံမှာ ရုံးခွဲ ဖွင့်လှစ် ထားပြီး ချင်းပြည်နယ်အတွင်း လူ့အခွင့် အရေးချိုးဖောက်မှုတွေကို မှတ်တမ်းပြုစု ထုတ်ဖော် ရေးသားနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။
http://burmese.dvb.no/archives/22838

No comments:

Post a Comment