ondragstart="return false" onselectstart="return false"

Friday, March 2, 2012

ကရင့် အမျိုးသား နှီးနှောဖလှယ်ပွဲကြီး ပြီးဆုံး

Written by ဖြူဖြူကို

ဖေဖေါ်ဝါရီ (၂၇) ရက်နေ့မှ ကျင်းပခဲ့သည့် ကရင် လူမျိုးရေးရာနှီးနှော ဖလှယ်ပွဲ တရပ်ကို မတ်လ (၁) ရက်နေ့တွင် ပြီးဆုံး သွားပါသည်။ ဤဆွေးနွေးပွဲကို ကရင်ပြည်နယ် ဖါပွန်မြို့ နယ်၊ သံလွင်မြစ်ချောင်း နံဘေးရှိ KNU နယ်စပ် စခန်း တနေရာ၌ ကျင်းပခဲ့ပြီး ပြည်တွင်း ပြည်ပမှ ကရင်လူထု လူတန်းစား အဖွဲ့အစည်းမှ ကိုယ်စားလှယ်ပေါင်း ၁၅၀ ကျော် တက်ရောက် ခဲ့ပါသည်။ ထိုအထဲတွင် အမျိုးသမီး ကိုယ်စားလှယ် အယောက် ၄၀ ခန့် ပါဝင်ခဲ့ပါသည်။

“အမျိုးသမီးတွေတောင်းဆိုတာ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ ကောင်းကောင်းမွန် ဂုဏ်သိက္ခာ ရှိရှိ နဲ့ အလိမ်မခံရအောင် လုပ်ကြဖို့တောင်းဆို ခဲ့ပါတယ်။ နောက်ပြီး ပြည်တွင်း အမျိုးသမီးတွေနဲ့ ပတ်သတ်ပါတယ်။ သူတို့က အစော်ကား ခံရတာဘဲဖြစ်ဖြစ်၊ အသတ်ခံရတာဘဲဖြစ်ဖြစ် ချက်ချင်းဆိုသလိုပေါ့ နိုင်ငံခြားမှာ ရှိတဲ့ ကရင်အဖွဲ့တွေကို သတင်းပေးပို့နိုင်ဖို့ အဓိကကတော့ net work တွေ ဖွဲ့ဖို့ပေါ့ အကြံပြုခဲ့သည်ဟု အမျိုးသမီး ကိုယ်စားလှယ်တဦးက ပြော ပါသည်။

အပစ်အခတ် ရပ်စဲရေး ကိုယ်စားလှယ်တွင် ကရင်အမျိုးသမီးအဖွဲ့ (KWO) လည်း ပါရမည်ဟု ကေအန်ယူက ဆုံးဖြတ် ထားပါသည်။ အမျိုးသမီး ကိုယ်စားလှယ် ၆ ဦးရွေးချယ်ထားပြီး အကြောင်းအရာ အပေါ် မူတည်ပြီး အလှည့်ကျ သွားရန် ရှိသည်ဟု KWO တွဲဖက် အတွင်းရေးမှူး (၁) နော်ဘလူးမင်းနိုက်ဇန်က ပြောပါသည်

ရွေးချယ်ထားသူများမှာ (၁) နော်ဘလူးမင်းနိုက်ဇန်၊ (၂) နော်ကညောဖော၊ (၃) နော်ဒါးဒါး၊ (၄)မြိုင်ဖိုး၊ (၅)ထူးဖော် နှင့် (၆)ဖော်ဂေး တို့ဖြစ်ပါသည်။

ကေအန်ယူ၏ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် အမျိုးသမီးများ ပါဝင်ရေးကိုလည်း အဆိုပြုခဲ့ပါသည်။ အနည်းဆုံး အမျိုးသမီး တစ်ဦး ပါဝင်သင့်ပြီး အရည်ချင်းပေါ် မူတည်ပြီး ကဏ္ဍအလိုက် ပါဝင်သင့်ကြောင်း အဆိုပြု ခဲ့ပါသည်။

အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရမည့်နေရာနှင့် လက်မှတ်ရေးထိုးမည့်နေရာကိုလည်း ကြားနေနိုင်ငံတနေရာတွင် ဖြစ် သင့်ပြီး၊မရနိုင်သည့်အဆုံးမှသာ ပြည်တွင်းကိုရွေးချယ်ရန် ဖြစ်ပါသည်။

နှီးနှောဖလှယ်ပွဲကို တက်ရောက်ကြသည့်သူများသည်၊ ပြည်ပနိုင်ငံများသို့ ရောက်ရှိနေကြသည့် ကရင်လူမျိုးတို့၏ အ ခြေနေနှင့် ပြည်တွင်းက မြစ်ဝကျွန်းပေါ်ဒေသ၊ ဖါးအံဒေသ တွင်ရှိနေသော ကရင်လူမျိုးတို့၏အခြေနေ များကိုဆွေးနွေး ခဲ့ကြပြီး အနာဂတ်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
“ ဆုံးဖြတ်ချက် ချတာကတော့ တွေ့ဆုံဆွေးနွေးကိစ္စကို သတိနဲ့ ဆက်လက်ဆောက်ရွက်ဖို့၊ ကရင်တွေက တ ယောက်နဲ့ တယောက် contact ရှိဖို့နဲ့ မိခင် ကရင်အစည်းရုံးကို တက်နိုင်သလောက် ကူညီပံ့ပိုးကြဖို့ ဆုံးဖြတ်တယ်။ ပြီးတော့ သတင်းအချက်လက်တွေကို မျှဝေဖို့ နဲ့ ကရင်တမျိုးသားလုံးနဲ့ ပတ်သတ်လာရင် အားလုံးဝိုင်းဝန်းပြီး တော့ မိမိတို့ရဲ့သက်ဆိုင်ရာနိုင်ငံက အစိုးရတွေနဲ့ တွေ့ဆုံစကားပြောဖို့ အချိတ်ဆက်ကွန်ယက် အချိန်မီ မလစ်ဟာ အောင်အမြဲ လုပ်ကြဖို့ ဆုံးဖြတ်ကြပါတယ်။” ဟု အစည်းအဝေးတက်ရောက်သူတဦးက ပြောပါသည်။

ဤနှီးနှောဖလှယ်ပွဲသည်၊ ကေအန်ယူနှင့် အစိုးရကြားဆွေးနွေးနေသော အပစ်အခတ်ရပ်စဲရေး ကိစ္စအပေါ်တွင် တမျိုး သားလုံး၏အကြံပြုချက်လည်း လိုအပ်သဖြင့် ကေအန်ယူက ကမကထ လုပ်ပြီး ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ဤ ဆွေးနွေး ပွဲသည် ဒုတိယအကြိမ်မြောက် ဆွေးနွေးခြင်းဖြစ်သည်ဟု သိရပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/1200-2012-03-03-02-33-37.html

No comments:

Post a Comment