ondragstart="return false" onselectstart="return false"

Sunday, April 15, 2012

မြစ်ကြီးနား သင်္ကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲ

15 April 2012
By KNG

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားရှိ သင်္ကြန်မဏ္ဍပ် တစ်ခုတွင် ဧပြီ ၁၄ ရက် စနေနေ့ ည ၉ နာရီဝန်းကျင်တွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း မြို့ခံများ ဆိုသည်။

မြစ်ကြီးနား သင်္ကြန်ပွဲ။

ဗုံးပေါက်နေရာသည် မြို့သစ်ကြီး ရပ်ကွက် ဦးဇခုန်တိန့်ယိန်း ၏ ‘မနောမြေ’ အမည် သင်္ကြန်မဏ္ဍပ်တွင် ဖြစ်သည်ဟု မြစ်ကြီးနား နာရီစင်အနီး “ထူး (ကုမ္ပဏီ)” သင်္ကြန်မဏ္ဍပ် ဖျော်ဖြေရေးအစီစဉ်တွင် ကြည့်ရှုပြီးပြန်လာသူ လူငယ်တစ်ဦးက ပြောသည်။

ဇခုန်တိန့်ယိန်းသည် ယခင် ပန်ဝါအခြေစိုက် နယ်ခြားစောင့်တပ်အသွင်ပြောင်း ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ဥက္ကဌ နှင့် ယခု ကချင်ပြည်နယ် အမျိုးသားလွှတ်တော် အမတ် ဖြစ်သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုမှာ ယခုချိန်ထိ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် ထိခိုက် ပျက်စီးမှုများ မသိရသေးပါ။ ၄င်းမဏ္ဍပ်တွင် ကချင်အဆိုတော်များသာ သီဆိုကြောင်းလည်း သိရသည်။

1 comment:

Anonymous said...

Than Shwe n Min Aung Hleing did.

Post a Comment