ondragstart="return false" onselectstart="return false"

Tuesday, April 24, 2012

မူးယစ်ရာဇာ ၂၀ ကျော် ထိုင်းတွင် ဆုငွေထုတ်၊ မြန်မာ ၃ ဦးကို ကြေးအများဆုံး ပေးမည် – Thailand announces $ 400,000 bounty for 25 drug smugglers

မိုးမခအထောက်တော် အမှတ် ဝဝ၇
ဧပြီ ၂၄၊ ၂ဝ၁၂


စိုင်းနော်ခမ်း၊ ဦးယိဆေး၊ ဦးနှုတ်ခမ်းမွေး တို့၏ ပုံ နှင့် အချက်အလက်များ ပါဝင်သော ဤပိုစတာအား မြန်မာဘာသာဖြင့်လည်း ပုံနှိပ်ဖြန့်ဝေမည်ဟု သိရှိရပါသည်။

မူးယစ်ဆေးကုန်ကူးမှုတွင် ထိပ်တန်းမှ ပါဝင်သည်ဟုဆိုသူ လူ ၂၀ ကျော်၏ အမည်ကို ထိုင်းအစိုးရက ထုတ်ပြန်လိုက်ရာ ထိုအထဲတွင် မြန်မာပြည်ဘက်မှ ၃ ဦး ပါဝင်နေသည်ကို တွေ့ရပြီး ထို ၃ ဦးမှာ ဆုငွေ အများဆုံး အထုတ်ခံထားရသူများ ဖြစ်နေလေသည်။

ထိုင်းအစိုးရက ထိုစာရင်းကို ပြီးခဲ့သည့် သောကြာတွင် ထုတ်ပြန်ခြင်း ဖြစ်၏။

ထိုသုံးဦးမှာ စိုင်းနော်ခမ်း၊ ဦးယိဆေး၊ ဦးနှုတ်ခမ်းမွေး တို့ ဖြစ်သည်။

ထို ၃ ဦးအကြောင်းကို ထိုင်းမြန်မာနယ်စပ် မူးယစ်ဆေးဝါးဆိုင်ရာ သတင်းများကို ဦးစားပေးဖော်ပြလေ့ရှိသော သျှမ်းသံတော်ဆင့် အင်တာနက်စာမျက်နှာတွင် အောက်ဖော်ပြပါအတိုင်း တွေ့ရှိရ၏။

စိုင်းနော်ခမ်း – အသက် ၄၂ နှစ်၊ ရွှေတြိဂံဒေသ လက်နက်ကိုင်အဖွဲ့တခု၏ ခေါင်းဆောင်၊
ဆုငွေ နှစ်သန်း (ဒေါ်လာ ခြောက်သောင်းခွဲ)

ဦးယိဆေး – အသက် ၆၆ ၀န်းကျင်၊ ရှမ်းပြည်နယ်ရှိ ပြည်သူ့စစ်အဖွဲ့တခု၏ ခေါင်းဆောင်၊
ဆုငွေ တစ်သန်း (ဒေါ်လာ သုံးသောင်းကျော်)

ဗိုလ်နှုတ်ခမ်းမွေး - DKBA တပ်ဖွဲ့ စစ်ဦးစီးချုပ်၊ ယခင်က နယ်စပ်တွင်မိသော ဆေးဝါးများ သူ့ထံမှလာဟု ထိုင်းအစိုးရပြော၊
ဆုငွေ တစ်သန်း (ဒေါ်လာ သုံးသောင်းကျော်)

ဤ ၃ ဦးအပါအ၀င် အလိုအရှိဆုံး လူ ၂၅ ဦးအတွက် ထိုင်းအစိုးရက ဆုချမည့် ငွေပမာဏမှာ ဘတ် ၁၂ သန်း (ဒေါ်လာ ၄ သိန်း) ဖြစ်၏။

ဤ ၂၅ ဦးသည် ထိုင်းအစိုးရ မူးယစ်တိုက်ဖျက်နှိမ်နင်းရေးအဖွဲ့စာရင်းတွင် ရှိသော မူးယစ်ကုန်ကူးသူ ခြောက်သောင်းကျော်ထဲမှ ထိပ်တန်းတွင် ပါဝင်သည်ဟု သိရသည်။

ဖမ်းဆီးနိုင်ရေး သတင်းပေးရုံမျှဖြင့် ထိုဆုငွေ ပေးမည်ဟု ဆိုသည်။

ဆုငွေအား သတင်းပေးသူက ၆၀% ရမည် ဖြစ်ပြီး ဖမ်းဆီးသည့် အရာရှိ/၀န်ထမ်းက ၄၀% ရမည်ဟု MCOT သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။
http://moemaka.com/2012/04/thailand-announces-400000-bounty-for-25-drug-smugglers/

2 comments:

ကညော said...

ဗိုလ် လားဘွယ် ရေ ဒါ မျိုးက အထောက်အထားမရှိရင် အသရေဖျက်မှုနဲ့ တ
ရားပြန်စွဲလို့ ရတယ်နော်....တိတ်ဆိတ်မနေနဲ့ ...။တစ်ခုခု သတင်းပြန်ထုပ်ြ့ပန်
ပါ။ဒါပေမဲ့ ဒါမျိုးက အခုခေတ်မှာ မဆန်းပါဘူး။ကမ်ဘာ မီးလောင် သားကောင်
ချနင်းဆိုတဲ့စကားဆိုတာအလား ဖြစ်လာတာမှမဟုတ်ဘဲ။နိုင်ငံ တိုင်းလိုလို
ကမ်ဘာ မီးလောင်ရင် သားကောင်ကိုချနင်းတဲ့ပေါ်လစီကိုကျင့်သုံးကြတာဘဲ။
လုပ်နည်းလုပ်ဟန်ဘဲကွာ တာပါ..။ဒါ ဗမာအစိုးရ လက်ချက်လည်းမကင်းနိုင်
ဘူး။အဲဒီမိန်းမလျှာတွေက နုတ်ခမ်းမွေးက သူတို့ ရဲ့အရှက်ကိုခွဲ ခဲ့လို့ မကျေ
နပ်တာ ကြာနေပြီ။အခုတော့ ထိုင်းနိုင်ငံကို စီးပွားရေး နဲ့ လုပ် ပိုင်ခွင့်လေးအ
ကြောင်းပြပြီး နုတ်ခမ်းမွေး ကို ဖမ်းဖို့ ချွန်တွန်းလုပ်လိုက်တာ။ဒါပေမဲ့နုတ်ခမ်း
မွေးတစ်ယောက်တည်း ဆုငွေထုပ် လိုက်ရင် သူတို့ ဖင်ပေါမှာစိုးလို့ တစ်ခြားလူတွေကို ပါ ထည့်ကြော်ငြာလိုက်တာပါ။နတ်ခမ်းမွေးက မူးယစ်ဆေးခိုးပြီး
ထုပ်လုပ်ရအောင် သူ့ ပိုင်နက်ကဘယ်လောက်ကျယ်နေလို့ လည်း
။ချီးခိုးပါရင်တောင်မြင်နေရတဲ့ဟာကို...တစ်ကယ်ဖမ်းရမှာက သန်းရွေ၊ခင်ညွန့် ၊မောင်အေး၊သိန်းစိန်နဲ့ သူတို့ အပေါင်းအပါတွေ၊။ဒီလူတွေ ကမှတစ်ကယ်မူး
ရစ် ဆေးဝါး ရာဇာတွေ၊။အရင်ကဆိုဗမာစစ်သားတွေ စခန်းလာတတ်သိမ်းရင်ပလိမ်းကြီးဆို မတတ်ရဲတော့ ဆေးတွေ
တစ်အားချ ထားလို့ ဆေးကြောင်နေရှံမကဘူး ကျောပိုးအိတ်ထဲမှာ လည်း အ
များကြီးကိုလွယ်လာတာ။အခုတော့ ဗိုလ်လားဘွယ်က တရားခံဖြစ်သွားရပြန်ပြီ။အင်း....ဒါလည်းကမ်ဘာ မီးလောင်သားကောင်ချနင်း ဆိုတာ လိုဘဲနေ မှာပါ...

hero said...

Yes, you are right..I think ဗိုလ် လားဘွယ် should do something about it.

Post a Comment