ondragstart="return false" onselectstart="return false"

Thursday, April 19, 2012

CDSSEA အရှေ့တောင်အာရှ ဖွံ့ဖြိုးမှုလေ့လာရေး ပညာတော်သင်ဆု

Written by မြတ်ပန်းရှင်

CDSSEA အရှေ့တောင်အာရှ ဖွံ့ဖြိုးမှုလေ့လာရေးအဖွဲ့က ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ကျောင်းသားများအတွက် မဟာတန်းဘွဲ့ (ဖွံ့ဖြိုးမှုပညာ) ပညာတော်သင်ဆုကို ချီးမြှင့်ရန်စီစဉ်ထားရှိသည်။ ပညာသင်ဆု အောင်မြင်သော ကျောင်းသားများအနေဖြင့် ထိုင်းနိုင်ငံတက္ကသိုလ်များဖြစ်သည့် ချင်းမိုင်တက္ကသိုလ်၊ Chiang Mai University, Chulalongkorn University, AIT တို့တွင် တက်ရောက် ဆည်းပူးခွင့်ရရှိနိုင်ပါသည်။

ပညာတော်သင်ဆုအနေဖြင့် ကျောင်းလခ၊ လစဉ်ထောက်ပံ့ကြေး၊ သုတေသနကုန်ကျစရိတ်နှင့် လေယာဉ်လက်မှတ်တို့ကို ခံစားခွင့် ရရှိပါမည်။ မဟာဘွဲ့သင်တန်းကာလမှာ ၁၄ လမှ ၂၂ လ အထိကြာမြင့်နိုင်ပါသည်။

BA ဘွဲ့လက်မှတ်ကို အဆင့်ကောင်းကောင်းဖြင့်ရရှိထားသူ၊ TOEFL အမှတ် ၅၅၀၊ (သို့မဟုတ်) IELTS 6.0 ရရှိထားသူဖြစ်ရမည်။ ပညာတော်သင်ကာလ ပြီးဆုံးပါက မိမိတိုင်းပြည်သို့ ပြန်ပြီး အလုပ်လုပ်နိုင်သူဖြစ်ရမည်။ လုပ်သက်ရှိသူများလည်း လျှောက်ထားနိုင်ပါသည်။

ဆက်သွယ်ရန်
Contact the Secretariat
The Consortium of Development Studies in Southeast Asia (CDSSEA) Program
Regional Center for Social Science and Sustainable Development (RCSD)
Faculty of Social Sciences, Chiang Mai University
Tel. +66 53 943595 - 6
Fax +66 53 893279
Email: rcsd@cmu.ac.th"> rcsd@cmu.ac.th
အသေးစိတ်သိရှိလိုပါက http://cdssea.weebly.com/index.html ၀ဘ်ဆိုက်တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။
http://www.maukkha.org/index.php/news-menu/myanmar-educational-news-maukkha/2031-cdssea-scholarship-myanmar

No comments:

Post a Comment