ondragstart="return false" onselectstart="return false"

Wednesday, April 11, 2012

ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များထိုင်း-မြန်မာ နယ်စပ်သို့ ပြန်လည်ရောက်ရှိ

ဧပြီလ ၁၁ရက်။ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)

ပြည်တွင်းငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် ယနေ့ နေ့လည်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်သို့ ပြန်လည် ရောက်ရှိလာပြီဟု သိရသည်။

ယနေ့မနက် ၇နာရီအချိန်တွင် ဘားအံမြို့ရှိ ဇွဲကပင်ဟိုတယ်မှ စတင်ထွက်ခွာခဲ့ပြီး နေ့လည် ၁၂နာရီဝန်းကျင်းတွင် နယ်စပ်ဒေသသို့ ပြန်လည်ရောက်ရှိလာသည့် အဆိုပါ ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် ယခုခရီးစဉ်အပေါ် အားရပ်ကျေနပ်မှု ရှိသည်ဟု ဆိုသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးက “အစိုးရနဲ့ ကျမတို့ အရေးကြီးတဲ့ အချက်တွေကို လိုအပ်သလောက် ကျမတို့ ဆွေးနွေးနိုင်ခဲ့တယ်။ နောက်ဆက်တွဲ အကောင်အထည်ဖော်ရမယ့်ဟာ တွေတော့ ရှိတာပေါ့။ ဒီခရီးစဉ်တစ်ခုလုံးခြုံပြီး ပြောရရင်တော့ ကျမတို့ ကျေနပ်အားရပ်မှုရှိတယ်။”ဟု ပြောသည်။

ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့သည် အစိုးရနှင့် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် အဓိက အချက် ၆ချက်ဖြစ်သည့် တပြည်လုံးအတိုင်းအတာအဖြစ် အပစ်အခတ်ရပ်ဆိုင်းရန်နှင့် အထူးသဖြင့် တိုင်းရင်းသား ဒေသများ တွင် ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်စဲပေးရန်၊ ကြောက်ရွံ့ခြင်းကင်းသည့် ပြည်သူပြည်သားများ အဖြစ် ဘဝရပ်တည် နိုင်ရေး အာမခံရန်၊ ပြည်သူပြည်သားများအတွင်း ယုံကြည်မှု တည်ဆောက်ရန်၊ အတင်းလုပ်အားခိုင်း စေခြင်း၊ ပုံစံအ မျိုးမျိုးဖြင့် ငွေတောင်းခံခြင်း၊ ပေးကမ်းလှူဒါန်းခိုင်းခြင်း စသည့် လုပ်ရပ်များ ရပ်တန့်ပေးရန်၊ အကျဉ်းသားများ လွှတ် ပေးရန်အပြင် ပြည်သူပြည်သားများ၏ မြေယာကိစ္စများအား ဖြေရှင်းပေးရန်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စောင့်ကြည့်ခြင်း၊ စိစစ်အတည်ပြုခြင်းနှင့် တည့်မတ်မှန်ကန်အောင် စီစဉ်ဆောင်ရွက်မှုများ စတင်ရန် စသည့်အချက် များကို ဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးချက် ၆ချက်အပေါ်တွင် နှစ်ဦးနှစ်ဖက် လိုက်နာရမည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကျင့်ဝတ်များ၊ စောင့်ကြပ်ကြည့်ရှူ့သည့်အဖွဲ့ ထားရှိရန်နှင့် ပြည်သူလူထုဘ၀လုံခြုံရေး အာမခံချက်ရရှိရန်အတွက် အကောင်အ ထည်ဖော် ဆောင်ရွက်ရမည့် အစည်းအဝေးဆုံးဖြတ်ချက် ၁၃ချက်ကို သဘောတူညီမှု ရရှိခဲ့သည်ဟု ဧပြီလ ၇ရက်နေ့၌ ကေအဲန်ယူက ထုတ်ပြန်ခဲ့သည်။

ဧပြီလ ၄ရက်နေ့က စတင်သည့် ကေအဲန်ယူ၏ ငြိမ်းချမ်းရေးခရီးစဉ်တွင် ပြည်တွင်းငြိမ်းချမ်းရေးတွက် မြန်မာအစိုးရနှင့် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်နှင့် ပဲခူးတိုင်းဒေသကြီးတွင် တိုင်းအဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသလို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း အပြုသဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ပြည်တွင်းရှိ ကရင်လူထုများ၊ ကရင်လူမှုအဖွဲ့အစည်းများ၊ ကရင်ပါတီများ၊ ဒီမိုကရေစီ နိုင်ငံရေးပါတီများနှင့် အခြားတိုင်းရင်း သားပါတီများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံကာ မြန်မာပြည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြို့တိုးတက်ရေးတွက် အပြန်အလှန် အကြံပြုချက်များ ရယူကြသည်။

9 comments:

Anonymous said...

ဒီတခါ မိကလေး ပြိုးပြီး သိပြောင်တယ်

Anonymous said...

လက်ရှိ ကချင် ဒေသကို လှမ်းမြင်ပြီး ပြုံးပျော်နေသော အပြုံးများ မဖြစ်ပါစေနှင့်လို့ ကြိတ်ပြီးဆုတောင်းမိပါတယ် အပြုံးပိုင်ရှင်ရေ-

Anonymous said...

pound sar thu dwe lar pyi pot

Anonymous said...

KNU Peace Committee, you can say what you want to say, you can request what you want and you can share the information to Thein Sein Government, but the new government will talk to you " Do as I say, not as I do".

Anonymous said...

Hello....Karen(KNU) please think about for KACHIN(KIO/KIA).

Anonymous said...

is KIO/KAI think for Karen for the past time?

Anonymous said...

Could you please make sure about your medical check after you come back to your control area? Burmese Government has many strategies to gain thier goals. Do not forgive someone easily!

Karen Girl said...

Hey.....
All ethnicity are the same.
They all are fight for Free.
So don't blame each other.......
WE ALL LOVE FREEDOM>>>>
WE ALL LOVE ALL ETHNICITY FROM BURMA>>>
GOD BELL YOU ALL>>>>

Anonymous said...

Yes, you right! All ethnicities want "Peace and democracy except Gen. Ne Win's generations who use over power".
So, Let wait and see which power will win at the end of this game!

Post a Comment