ondragstart="return false" onselectstart="return false"

Wednesday, April 11, 2012

အပစ်အခတ်ရပ်စဲ​ရေး​ အ​သေး​စိတ်​ဆွေး​နွေး​ခဲ့​ကြောင်း​ ​ကေအန်ယူ​ပြော

April 11, 2012 by နော်နိုရင်း · No Comments

ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​နော်စီဖိုး​ရာစိန် ဦး​ဆောင်​သော ငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်အဖွဲ့​ဟာ မ​နေ့​က ပဲခူး​မြို့​ရှိ ​ရွှေဝါထွန်း​ဟိုတယ်မှာ ပြည်​ထောင်စုဝန်ကြီး​၊​ ပဲခူး​တိုင်း​ဒေသကြီး​ အစိုး​ရအဖွဲ့​ဝင်တချို့​နဲ့​ ​တွေ့​ဆုံခဲ့​ပြီး​ အပစ်အခတ်ရပ်စဲ​ရေး​ကိစ္စ အ​သေး​စိတ်ကို ​ဆွေး​နွေး​ခဲ့​ကြပါတယ်။

ဆွေး​နွေး​ချက်​တွေနဲ့​ ပတ်သက်လို့​ ​ကေအန်ယူ ငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ် အဖွဲ့​ရဲ့​ ​ပြောခွင့်​ရပုဂ္ဂိုလ် ​နော်​မေဦး​က ရှင်း​ပြပါတယ်။

“ကျမတို့​ဆွေး​နွေး​ခဲ့​တာ အဓိကအချက်က​တော့​ ခိုင်မာတဲ့​အပစ်အခတ် ရပ်စဲ​ရေး​ကို အ​ကောင်အထည် ​ဖော်နိုင်ဖို့​ပဲဖြစ်ပါတယ်။ အဓိက ​ဆွေး​နွေး​ခဲ့​တဲ့​ အချက်ကြီး​ ၄ ချက်ရှိတယ်။ ဒီအချက်ကြီး​ ၄ ချက်​ပေါ်မှာမှ အ​သေး​စိတ် ​ဆွေး​နွေး​ပြီး​တော့​ သ​ဘောတူညီချက်တချို့​ကို ချမှတ်နိုင်ခဲ့​ပါတယ်။ ပထမအချက်က နှစ်ဦး​နှစ်ဖက် အပစ်အခတ် တိုက်ခိုက်မှု ရပ်ဆိုင်း​ဖို့​၊​ ဒုတိယအချက်က သတ်မှတ်​သော ​ဒေသမှအပ အခြား​သို့​ လက်နက်ဖြင့်​ သွား​vmခြင်း​ မပြုဖို့​ကိစ္စ၊​ တတိယက နှစ်ဖက်သ​ဘောတူညီမှု ရရှိထား​သော သတ်မှတ်​နေရာများ​မှာ ​နေထိုင်ရန်ကိစ္စ၊​ စတုတ္ထအချက်က ဆက်ဆံ​ရေး​စခန်း​ကို နှစ်ဖက်သ​ဘောတူတဲ့​ သင့်​တော်ရာ ​နေရာများ​မှာ လက်နက်မပါဘဲ ထား​ရှိရန်တို့​ ဖြစ်ပါတယ်။”

တဖက်နဲ့​တဖက် လက်နက်ကိုင်​ဆောင်ခွင့်​ရတဲ့​နယ်​မြေနဲ့​ မရတဲ့​နယ်​မြေ​တွေကို နှစ်ဖက်စလုံး​က ​ဆွေး​နွေး​ညှိနှိုင်း​ပြီး​ ​နောက်ပိုင်း​တွေ့​ဆုံတဲ့​အခါ သတ်မှတ်မယ်လို့​ ​ပြောပါတယ်။

ဒီ​တွေ့​ဆုံပွဲမှာ အစိုး​ရဘက်က ရထား​ဝန်ကြီး​ ဦး​အောင်မင်း​၊​ လဝကဝန်ကြီး​ ဦး​ခင်ရီ၊​ စက်မှုဝန်ကြီး​ ဦး​စိုး​သိန်း​၊​ ပဲခူး​တိုင်း​ဒေသကြီး​ ဝန်ကြီး​ချုပ် ဦး​ဥာဏ်ဝင်း​၊​ တိုင်း​ဒေသကြီး​ နယ်စပ်​ရေး​ရာ လုံခြုံ​ရေး​ဝန်ကြီး​ ဗိုလ်မှူး​ကြီး​ သက်ထွန်း​ အပါအဝင် ​တောင်ပိုင်း​တိုင်း​ တိုင်း​မှူး​ နဲ့​ အခြား​အကျိုး​တော်​ဆောင်​တွေ ပါဝင်​ဆွေး​နွေး​ခဲ့​ပါတယ်။

ကေအန်ယူငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်အဖွဲ့​နဲ့​ ပဲခူး​တိုင်း​ဒေသကြီး​အစိုး​ရအဖွဲ့​နဲ့​ ​တွေ့​ဆုံချိန် မြန်မာနိုင်ငံကို​ရောက်​နေတဲ့​ အ​မေရိကန်အထက်လွှတ်​တော်အမတ် မစ္စတာဂျင်ဝက်ဘ်ကလည်း​ ​ဆွေး​နွေး​ပွဲကိုသွား​ရောက်ခဲ့​ပြီး​ ​ကေအန်ယူနဲ့​ ​တွေ့​ဆုံခဲ့​တယ်လို့​ ​ပြောပါတယ်။

“အစည်း​အ​ဝေး​ပြီး​မှ မစ္စတာ ဂျင်ဝက်ဘ် ​ရောက်လာပြီး​တော့​ ကျမတို့​နဲ့​ နှုတ်ဆက်​တွေ့​ဆုံခဲ့​ပါတယ်။ သူက အစိုး​ရကိုယ်စား​လှယ်အ​နေနဲ့​ လာတာမဟုတ်ဘူး​။ သူ့​ရဲ့​သီး​သန့်​ခရီး​စဉ်လည်း​ဖြစ်တယ်။ နိုင်ငံ​တော်သမ္မတကြီး​ ဦး​သိန်း​စိန် အပါအဝင် နိုင်ငံ​တော်အစိုး​ရ အဖွဲ့​ဝင်တချို့​နဲ့​ ​တွေ့​ဖို့​ ခရီး​စဉ်ပဲဖြစ်တယ်။ အစိုး​ရကို ကိုယ်စား​ပြုပြီး​ လာတာမဟုတ်ဘူး​ဆိုတာကို သူက​ပြောတယ်။ ဒါ​ပေမယ့်​ ကျမတို့​ ​ကေအန်ယူ ငြိမ်း​ချမ်း​ရေး​ခရီး​စဉ်ကို စိတ်ဝင်စား​မှု ရှိပြီး​တော့​ အ​ကောင်း​ဆုံး​ ဖြစ်​စေဖို့​ သူ​မေ်ွာ်လင့်​တဲ့​အ​ကြောင်း​ ​ပြောသွား​ပါတယ်။”

ကေအန်ယူအဖွဲ့​ဟာ ၈ ရက်​နေ့​က နှစ်ဖွဲ့​ခွဲပြီး​ ပဲခူး​မြို့​မှာ တဖွဲ့​တွေ့​ဆုံခဲ့​သလို တနင်္သာရီတိုင်း​ မြိတ်၊​ ထား​ဝယ်ကို တဖွဲ့​သွား​ရောက်ခဲ့​ပါတယ်။ တနင်္သာရီတိုင်း​ မြိတ်၊​ ထား​ဝယ်ဘက်ကို ​ရောက်ရှိ​နေတဲ့​ ပဒို​စောကွယ်ထူး​ဝင်း​နဲ့​အဖွဲ့​ကလည်း​ မ​နေ့​က တိုင်း​ဒေသကြီး​ ဝန်ကြီး​ချုပ်နဲ့​ အစိုး​ရ အဖွဲ့​ကို ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​သလို မြိတ်၊​ ထား​ဝယ်မှာလည်း​ ဆက်ဆံ​ရေး​ရုံး​ဖွင့်​လှစ်ခဲ့​ပါတယ်။

တိုင်း​ဒေသကြီး​ ဝန်ကြီး​ချုပ်နဲ့​ တိုင်း​မှူး​အပါအဝင် အစိုး​ရအဖွဲ့​တွေနဲ့​ နှစ်ဘက်​တွေဆုံ​ဆွေး​နွေး​ပြီး​ ရွာပုန်း​ရွာ​ရှောင်ပြည်သူ​တွေအတွက် ပြန်လည်ထူ​ထောင်​ရေး​ကိစ္စနဲ့​ အပစ်အခတ်ရပ်စဲမှု အ​သေး​စိတ်ကိစ္စ​တွေကို ​ဆွေး​နွေး​ခဲ့​တယ်လို့​ ပဒိုကွယ်ထူး​ဝင်း​က ရှင်း​ပြပါတယ်။

“ပြည်သူလူထုနဲ့​ ပတ်သက်တဲ့​ အိုင်ဒီပီကိစ္စ၊​ ပြန်လည်ထူ​ထောင်​ရေး​ကိစ္စ​တွေကို နှစ်ဦး​နှစ်ဖက် ​ဆွေး​နွေး​ပြီး​ အ​ကောင်အထည်​ဖော်ဖို့​၊​ ​မြေယာနဲ့​ပတ်သက်တဲ့​ ကိစ္စ၊​ အပစ်အခတ် ရပ်စဲ​ရေး​ မူဝါဒ သ​ဘောတရား​ ပိုခိုင်မြဲ​အောင် နား​လည်မှု ရ​အောင် ​အောက်​ခြေမှာ မူဝါဒ​တွေ တိတိကျကျ မရှိ​သေး​တဲ့​အ​ပေါ် နား​လည်မှုယူတာ​ပေါ့​။ ကျ​နော်တို့​ သွား​လာတဲ့​အခါမှာ ဘယ်လိုများ​ အသိ​ပေး​ရမယ်။ ပုံမှန်မဟုတ်တဲ့​ လှုပ်ရှား​မှု​တွေကျ​တော့​ ဒီဆက်ဆံ​ရေး​ရုံး​က​နေ တဆင့်​အ​ကြောင်း​ကြား​ပြီး​ သွား​လာဖို့​ အတွက် သ​ဘောတူညီမှုရခဲ့​ပါတယ်။”

ဒီ​နေ့​မှာ သူတို့​အဖွဲအ​နေနဲ့​ မြိတ်၊​ ထား​ဝယ်မှာရှိတဲ့​ ကရင်လူထုအဖွဲ့​အစည်း​နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​မှု​တွေ ပြုလုပ်ခဲ့​ပါတယ်။ ​ကေအန်ယူ ငြိမ်း​ချမ်း​ရေး​ ကိုယ်စား​ လှယ်အဖွဲ့​ဟာ ဧပြီ ၄ ရက်​နေ့​ကစပြီး​ အစိုး​ရနဲ့​ ဒုတိယအကြိမ်​တွေ့​ဆုံ​ဆွေး​နွေး​မှု ခရီး​စဉ်ကို စတင်ခဲတာဖြစ်ပြီး​ ဧပြီလ ၁၁ ရက်​နေ့​မှာ​တော့​ အဖွဲ့​ဝင် အများ​စု ထိုင်း​နယ်စပ်ကို ပြန်လည်​ရောက်ရှိလာကြပါတယ်။

ခရီး​စဉ်အတွင်း​ အန်အယ်လ်ဒီပါတီ ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည် အပါအဝင် ပါတီအဖွဲ့​အစည်း​ ​တွေနဲ့​ ​တွေ့​ဆုံခဲ့​သလို နိုင်ငံတကာ သံတမန်​တွေနဲ့​လည်း​ ​တွေ့​ဆုံခဲ့​ပါတယ်။ အစိုး​ရနဲ့​ ​ဆွေး​နွေး​မှုမှာ​တော့​ ပြည် ​ထောင်စုနဲ့​ ပြည်နယ်၊​ တိုင်း​အဆင့်​က အပစ်အခတ်ရပ်စဲ​ရေး​အ​သေး​စိတ်ကို ​ဆွေး​နွေး​ခဲ့​သလို ​ကျောက်ကြီး​နဲ့​ မြိတ်မြို့​မှာ ဆက်ဆံ​ရေး​ရုံး​နှစ်ရုံး​ဖွင့်​လှစ်ခဲ့​ပါတယ်။
http://burmese.dvb.no/archives/24016

3 comments:

Anonymous said...

တောင်ပိုင်းတိုင်း တိုင်းမှူးရဲ့ အမည်ကို ဖော်ပြပေးစေလိုပါတယ် သတင်းစုဆောင်း၊ပေးပို့သူများခင်ဗျား၊
ကျေးဇူးတင်ပါတယ်၊၊

Anonymous said...

ေ၇ွှက၇င်တွေေ၇ငါတော့သူများတွေလိုစကားများများမပြောတတ်ဖူးကွာ
ဗမာတွေလိမ်နေသမျှခံနေရတဲ့မင်းတို့  ဒီနေ့ အချိန်လဲမင်းတို့ က မမှတ်သေးဘူးဘဲကို သတိတော့ထားပေါ့ကွာ ငါ့အထင်ကတော့ မင်းတို့ ဟာက
ငှက်ပြောသီးခွာစားတာတောင်ခက်နေသေးသလားလို့  မင်းတို့ ကိုဗမာတွေစည်းရုံးလိုက်တာကလွယ်လွယ်လေးဘဲကွာ အံ့ပါရောကို့ လူတို့ ရေ

Anonymous said...

In the past history, Gen. Bo Mya and other leaders tried to get the cease-fire with Burmese Government; Gen. Khin Nyunt but what happened finally. You had more than 60 years about civil war in Burma history, why do you want to solve the political probllems for a few hours?

Post a Comment