ondragstart="return false" onselectstart="return false"

Wednesday, April 18, 2012

နော်ဝေနိုင်ငံရောက် စစ်ကျောင်းတက်နေသည့် ကရင်လူငယ်တဦးရင်ဖွင့်သံ

သတင်း + ဓါတ်ပုံ = Overran 

 နော်ဝေ ခေတ္တရောက်နေတဲ့ ဗိုလ်မှူးထူးထူးလေး နှင့် စောဆါလား


ကျွန်နော်နာမည် စောဆါလါးလို့ခေါ်ပါတယ်. ကျွန်တော့် ညီလေးနှင့်အတူ နော်ဝေးကို ငယ်ငယ်လေးကတည်းက နော်ဝေးနိုင်ငံသား မိသားစု တစုရဲ့ ပြုစုပျိုးထောင်ပေးမှူကြောင့် ကြီးပြင်းလာခဲ့ပါတယ်. ယခု ကျွန်တော်အသက် ၂၄ နှစ် ပြီးတော့ နော်ဝေးနိုင်ငံသား ခံယူလိုက်ပါပြီ. ကျွန်တော့်မွေးမိခင်ဟာ ငယ်ငယ်လေးထဲက ဆုံးသွားပါပြီး. အဖေက ယခုထိသူက တပ်မဟာ ၄ ထဲမှာတာဝန်ထမ်းဆောင် တဲ့ရဲဘော်တစ်ဦးပေါ့ဗျာ. ယခု စစ်ကျောင်းတက်နေပါတယ်. တကယ်လို့ အခွင့်အရေး ပေးလာမယ်ဆိုရင် ကျွန်တော် တပ်အရာရှိ ဖြစ်တဲ့အထိ ဆက်တက်ဖို့ ရည်ရွယ်ချက်ရှိပါတယ်။

 KNU နှင့် ဗမာ အစိုးရ ငြိမ်းချမ်းရေး နှင့်ပတ်သက်ပြီး သဘောတူတယ် တိုက်တွန်းပါတယ်.. ဒါပေမဲ့ ဒီနိုင်ငံရေး ပြသာနာဟာ အများနှင့်ဆိုင်တဲ့ ပြသာနာမို့ KNU အ၇မ်းသတိထားဖို့လိုပါတယ်။ တို့အမိ KNU နိုင်ငံရေး တရားခံ မဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။

 တိုင်းပြည်ငြိမ်းချမ်းရင် အဖေနှင့်မွေးရပ်ဇာတိကို ပြန်တွေ့ချင်တယ် ပြန်နေလည်ချင်သေးတယ်.

အဝေးရောက်က၇င်လူငယ်နှင့်ညီမငယ်တွေကို ကျွန်တော်တိုက်တွန်းချင်ပါတယ်. ဘယ်နေရာပဲရောက်ရောက် ကိုယ့်ဘ၀ကိုယ်ပြန်မမေ့ကြဖို့အလွန်အရေးကြီးပါတယ်. ကျွန်နော်တို့ဟာ ကရင်လူမျိုးဆိုကိုလဲ သတိရကြဖို့လိုပါတယ်. ငါဟာကရင်လူမျိုးပါလို့ မရှက်မကြောက် မတ်မတ်မားမား အကောင်းဆုံးအသက်ရှင်ကြဖို့လိုပါတယ်.. ကိုယ့်လူမျိုးဂုဏ်ကိုဖော်ထုတ်ကြဖို့ ငါတို့ကရင်လူငယ်တိုင်းမှာတာဝန်ရှိတယ် ပြီးတော့ ရသမျှအခွင့်အရေးကို ယူတတ်ဖို့လိုပါတယ်. ပညာကို ကြိုးကြိုးစား သင်ယူကြပါလို့ တိုက်တွန်းချင်ပါတယ်.. ကျွန်တော့်ဘာပဲလုပ်လုပ် ကျွန်တော့်ရဲ့ မွေးစား မိဘက ဘ၀ကို မမေ့ဖို့ အမြဲတမ်းသွန်သင်ခဲ့ပါတယ်.. တကယ်လို့ ကျွန်တော် ရည်ရွယ်ချက်ပြည့်လာတဲ့တနေ့ကျရင် ကျွန်တော့လူမျိုးကို ပြန်ပြီး ကူညီချင်ပါသေးတယ်.. Type the rest of your post here.

3 comments:

Anonymous said...

ခု နောက်ပိုင်း ကရင်လူမျိုးတော်တော်များများက ဘ၀ကိုမေ့ထားကြပြီး ပျော်သလိုဘဲနေတတ်ကြတော့တယ်.ကရင်လူမျိုးတွေအတွက် အလုပ်လုပ်စ၇ာတွေအများကြီင်္း ၇ှိပါသေးတယ်...ငါတို့က၇င်လူမျိုးတိုင်းရဲ့ တာဝန်ပါ..

Anonymous said...

ပြောလိုက်တဲ့ စကားတွေက နားထောင်လို့ကောင်းသားပဲ။ ဒါပေမယ့် မင်းပညာက ဘယ်တော့ ပြည့်စုံမှာလဲ။ ကရင့်တော်လှန်ရေး ပျောက်ကွယ်သွားတဲ့နေ့လား။ စဉ်းစားစရာဖြစ်နေပါတယ်။

Anonymous said...

Knyau(sgaw and pwo)have alot of educated people but we want only blessing, we don't want to help our selves, that our people weakness.pyau(myanmar) know that very well, they can create religious cricise among the knyau people any time

Post a Comment