ondragstart="return false" onselectstart="return false"

Wednesday, April 11, 2012

KIO ဗဟိုဌာနချုပ် လိုင်ဇာ သိမ်းရန် မြန်မာအစိုးရ စစ်ပြင်

By KNG


ကေအိုင်အို ဗဟိုဌာနချုပ် လိုင်ဇာမြို့၊ မြန်မာပြည် မြောက်ပိုင်း။

မြန်မာအစိုးရတပ်သည် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာကို ထိုးစစ်ဆင်ရန် စစ်ရေးပြင်ဆင်နေသည်ဟု ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အရာရှိများပြောသည်။

လိုင်ဇာမြို့မှ မြေပြင်ခရီးအားဖြင့် ငါးမိုင်အကွာရှိ လဂျားယန်ကျေးရွာတွင် မြန်မာအစိုးရတပ်က ထိုသို့ ပြင်ဆင်နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ KIA အရာရှိတစ်ဦးပြောသည်။

လဂျားယန်သို့ ၁၂၀ မမ အမြောက်များပို့ဆောင်ထားသည်ဟုဆိုသည်။
အဖြောင့်တိုင်းလျှင် ၃ မိုင်ခန့်သာကွာဝေးသည့် လိုင်ဇာသို့ လဂျားယန်မှ ထိုအမြောက်များဖြင့်ပစ်ခတ်လျှင် ပျက်စီးမှုကြီးမားနိုင်သည်။ လဂျားယန်အပြင် မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်က မဟာဗျူဟာကျသည့်နေရာများတွင်လည်း မြန်မာအစိုးရတပ်များ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသည်ကိုတွေ့ရသည်ဟု ဆိုသည်။ ထိုတပ်စခန်းများသို့ အစိုးရတပ်သားသစ်များလည်း ရောက်ရှိလာကြခြင်းလည်းဖြစ်သည်ဟု ဆိုသည်။

လွန်ခဲ့သော ကြာသပတေးနေ့က ဗန်းမော်ဆိပ်ကမ်းသို့ အင်အား ၂၀၀ ကျော်ရှိ မြန်မာအစိုးရစစ်သားများ စက်လှေဖြင့်ရောက်ရှိလာကြသည်။ ၎င်းတို့မှာလည်း လိုင်ဇာစစ်မျက်နှာအတွက် ပို့ဆောင်ကြခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်များတွင်လည်း မြစ်ကြီးနား-ဗန်းမော်လမ်းမရှိ KIO ခြေကုပ်စခန်းအနီး အင်ပေါန်နှင့် ဂန်တော်ယန်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

အကြီးဆုံးကချင်ဒုက္ခသည်စခန်းရှိသည့် လိုင်ဇာ
တရုတ်နယ်စပ်ရှိ လိုင်ဇာမြို့သည် အကြီးဆုံးဒုက္ခသည်များရှိရာဒေသဖြစ်သည်။ ၁၀ လ ကြာ အစိုးရတပ်၏ ထိုးစစ်ကြောင့် ဒုက္ခသည် အနည်းဆုံး ၂၅၀၀၀ ရှိနေသည်ဟု ခန့်မှန်းကြသည်။

အစိုးရတပ်၏ လိုင်ဇာတိုက်ပွဲကြောင့် ၁၉၉၀ နှစ်များနောက်ပို်င်းတွေ့ရမည့် အကြီးဆုံး ဒုက္ခသည်ပြဿနာ ဖြစ်နိုင်သည် ဟု သုံးသပ်ကြသည်။

ယမန်နှစ် ဒီဇင်ဘာလက ကုလသမဂ္ဂလက်အောက်ခံ အကူအညီပေးသည့်အဖွဲ့များ တစ်ကြိမ် လိုင်ဇာသို့ရောက်ရှိခဲ့သေးသည်။

ယခုအခါ ဒုက္ခသည်များအား KIO နှင့် ဒေသတွင်း NGO များက ကူညီပံ့ပိုးနေခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း မြန်မာစစ်သား ၃၀၀ ကျဆုံး
မြန်မာအစိုးရတပ်သည် ၁ နှစ်ကြာ ကချင်ပြည်နယ်ထိုးစစ်တွင် ၎င်းစစ်သား ၃၀၀ ကျော်ကျဆုံးသည်ဟု မြန်မာစစ်ဖက်နှင့်နီးစပ်သူများဆိုသည်။

မတ်လမှဆက်တိုက်ဖြစ်ပွားနေသည့် အင်ပေါန်နှင့် ဂန်တော်ယန်တိုက်ပွဲများ၌ပင် မြန်မာစစ်သား ၁၀၀ ကျော် ကျဆုံးနိုင်သည်ဟု KIA အရာရှိများပြောသည်။

ပြီးခဲ့သည့် ဇွန်လမှ ယခုချိန်အထိဖြစ်ပွားနေသော တိုက်ပွဲတစ်ခုလုံးတွင် အစိုးရစစ်သား ၃၀၀၀ ခန့် ကျရှုံးနိုင်သည်ဟု KIA သတင်းရပ်ကွက်ဆိုသည်။

မြန်မာအစိုးရကလည်း ယခုတိုက်ပွဲတွင် ၎င်း၏တပ်သားသေဆုံးဒဏ်ရာရမှုစာရင်းကို တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိသေးပါ။

"မြန်မာစစ်သားတွေကို သတ်ဖို့မကြိုးစားပါဘူး။ သူတို့ကလာတိုက်လို့ ကျနော်တို့ ကိုယ့်ကိုယ်ကို ကာကွယ်ရတာပါ။" ဟု KIO/KIA ဒုတိယအကြီးဆုံးမြို့ မိုင်ဂျာယန်မှ အရာရှိတစ်ဦး ကချင်သတင်းဌာနသို့ပြောသည်။

KIA တွင် နှစ် ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သူ ထိုအရာရှိက KIA အမာခံစခန်းများကို ထိုးစစ်ဆင်ရသည့်တိုင် မြန်မာစစ်သားများ၏အမူအရာများသည် ထိတ်လန့်မှုနှင့် စိုးရိမ်ပူပန်မှုမျိုး မ ပြ ဟုဆိုသည်။

ထို့ကြောင့် မြန်မာစစ်သားများသည် စစ်ပွဲအတွင်း စိတ်ကြွဆေးပြားနှင့် အခြား မူးယစ်ဆေးဝါးများ သုံးစွဲထားဟန်ရှိသည်ဟု သူ့အနေဖြင့်ယုံကြည်ကြောင်း ကချင်သတင်းဌာနသို့ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း (မန်တုန်၊ နမ္မတူ၊ ကွတ်ခိုင်၊ မူဆယ်၊ မုံးကိုး) တိုက်ပွဲများတွင်လည်း မြန်မာစစ်သား ဒါဇင်နဲ့ချီ ကျဆုံးသည်ဟု ရှမ်းပြည်အခြေစိုက် KIA အရာရှိများပြောသည်။

ထိုဒေသတွင် ဖြတ်သန်းဖောက်လုပ်မည့် ရွှေ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းကြောင့် တိုက်ပွဲများ ပြင်းထန် လာခြင်းဖြစ်သည်။

ထိုပိုက်လိုင်းသည် ရခိုင်ကမ်းခြေမှ ရေနံနှင့် သဘာဝဓါတ်ငွေ့များကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရန်ဖြစ်သည်။
http://kachinnews.com/burmese/news

11 comments:

Anonymous said...

မီးဇာတစ်ဖက် ရေးမုတ်တစ်ဖက် ဖြစ်နေပါလား အစိုးရတို့ရေ........

Anonymous said...

ကဲဒီမိုကရေစီကိုချစ်တဲ့သူငယ်ချင်းအပေါင်းတို့ ကရင်နဲ့ငြိမ်းချမ်းရေးလုပ်ပြီး ကချင်နဲ့ရှမ်းကိုနယ်ချဲ့အစိုးရဆန်စွာကျူးကျော်ဝင်ရောက်တိုက်ခိုက်တဲ့ မြန်မာ
အစိုးရတပ်မတော်ကိုဒီလိုဘဲ ကြည့်နေကြတော့မှာလား။ ဟိုမှာသေကုန်တော့
မယ်။ မြန်မာဖက်ဆစ်စစ်တပ်ကို ဒီတိုင်းဘဲလွတ်ထားကြတော့မှာလား။ အပြစ်မဲ့တဲ့ကချင်တွေ၊ရှမ်းတွေကိုကယ်ကြပါအုံး၊ လွတ်တော်ကအမတ်တွေ
ဒီအကြောင်းကိုမဆွေးနွေးကြဘူးလား။ မောင်သိန်းစိန်၇ယ်မင်းနံမည်ကောင်း
အောင်ဘယ်လိုဘဲဟန်ဆောင်လုပ်နေပေမဲ့ မင်းနှလုံးသားထဲမှာဝှက်ထားတဲ့
သဘောထားအမှန်ကိုတော့မင်းနဲ့အကြံတူဖြစ်တဲ့မင်းအောင်လှိုင်ကတစ်ခုခြင်း
၊တစ်ခုခြင်းဖော်ပြနေတာရှင်းနေပါတယ်။ မောင်သိန်းစိန်မင်းရဲ့လိမ်ညာနေတဲ့
ငြိမ်းချမ်းရေးဟာဘယ်တော့မှတည်မြဲမှာမဟုတ်ပါဘူး။ မောင်သိန်စိန် မင်း
လိုချင်တာပြည်တောင်စုငြိမ်းချမ်းရေးမဟုတ်ပါဘူး။မင်းလိုချင်တာက မြန်မာ
ပြည်ကိုနိုင်ငံတကာကပိတ်ဆို့မှုတွေကိုရုတ်သိမ်းဖို့ဘဲမဟုတ်။ ဒါလေးအဆင်
ေံပြသွားရင်တော့ သိန်းစိန်တို့ကတော့ ပိုနေမြဲ ကျားနေမြဲဘဲ မဟုတ်လား
မောင်သိန်းစိန်ရေ။ ဒါကြောင့်ကရငိပြည်နယ်မှာမြန်မာကျူးကျော်စစ်တပ်
တွေအခုထိမရုပ်သေးတာကိုး။ ဟါးဟါး ဟါးဟါး

Anonymous said...

This is fucking bullshit.....

Anonymous said...

KNU and KNLA တာဝန်ရှိသူများ -ကချင်ရဲ့အရေးကို ဒီတိုင်းပစ်ထားပြီး သိန်းစိန်၊မင်းအောင်လှိုင်နှင့် အဆင်ပြေရင် ပြီးရော့လို့သဘောမထားသင့်ဘူး၊၊အင်းစိန်တိုက်ပွဲမှာရေကုန်ရေခမ်း လက်တွဲ တိုက်ခဲ့တဲ့ ကချင်တော်လှန်ရေးရဲဘော်တွေရဲ့ မျက်နှာကိုပြန်ထောက်ပါအုံး၊၊
နောက်ပြီး ဖယ်ဒရယ် ပြည်နယ်ပေါင်းစုပြည်ထောင်စုကိုတည်ထောင်ကြမယ်ဆိုတဲ့ ရည်မှန်းချက်ကို ပြန်သတိရပါ၊၊ကချင်ကိုစစ်ဆင်နေပြီ-ဆိုတော့ မှင်မခြောက်သေးတဲ့ စာချုပ်ပေါ်မှာရေးထားတဲ့- တစ်တိုင်းပြည်လုံးအပစ်အခတ်ရပ်စဲမယ်ပြောတဲ့သိန်းစိန်အစိုးရ ရဲ့ မျက်နှာကိုထောက်ရှုစရာမလိုဘူး၊၊တိုင်းရင်းသားအားလုံးညီညွတ်ပြီးတောင်းဆိုချက်လဲတူ၊ရပ်တည်ချက်လဲတူတယ်ဆိုတာကိုကမ်ဘန်သိအောင် ကြေငြာပြီးစစ်ပြန်တိုက်ပါ၊၊ သိန်းစိန်အစိုးရဖက်ကလျှော့ကိုလျှော့ပေးရမယ်ဆိုတာယုံယုံကြည်ကြည်နဲ့လုပ်ကြပါ၊၊မဟုတ်ရင် တိုင်းရင်းသားနှင့်ပတ်သက်ပြီးတို့ကရင်တွေ သမိုင်း(ရာဇ၀င်)ရိုင်းမယ်နော်၊၊သားစဉ်မြေးဆက်အထိဘဲနော်၊၊ကောင်းတဲ့သမိုင်းအစဉ်အလာကိုဆက်ထိန်းထားပါ၊၊ကမ်ဘန်မှာတို့ကရင်တွေတစ်ခါမှမညံ့ဘူးနော်၊အခုမှညံ့ရင် ခေါင်းဆောင်နေရာယူတဲ့လူတွေမှာဘဲ တာဝန်ရှိတယ်နော်၊၊

Anonymous said...

ah lone thay lae' cow tar pae

Anonymous said...

အေပါ။ မပူပါနဲ့ ။ ကရင်တွေဟာ တစ်ခါမှ ငြိမ်းချမ်းမလုပ်ဖူးဘူးလို့  လုပ်ကြည့်တာပါ။ အဆင်မပြေရင်လဲ ခံရမှာပဲလေ။ နိုင်ငံရေးလုပ်တယ် ဆိုတာ ကိုယ့်ညံ့ရင် ကိုယ်ခံပေါ့။ ဘယ်သူ့ ကိုမှ အပြစ်တင်လို့ မရဘူး။ သူများကို အပြစ်တင်ရင် ကိုယ်ပဲအပြစ်ကြီးတာ။ ဒါကြောင့်မို့ လို့ လုပ်စရာရှိ တာပြတ်ပြတ်သားသားလုပ်ရမယ်။ ချီတုံချတုံလုပ်လို့ မရဘူး။ ရန်သူဟာရန်သူပဲ။ ဘယ်တော့မှ မိတ်ဆွေ မဖြစ်နိုင်ဘူး။ ဖြစ်စရာအကြောင်းလည်းမရှိဘူး။ ဒါပဲ။

Anonymous said...

If each ethnic group has the same aims like Thein Sein Government wants, there will be too far away from as you aim (Peace and Democracy).

Anonymous said...

Hi.....We pray for u(KIO/KIA).God love u,God will be help u guys.God bless u(kachin).

Anonymous said...

Do not upset about that you face in the current time! It will be become full with joy soon. Do not give up in your ways! Just Thein Sein Government tries to get the other ethnic group to be part of their friends; still using " Divide in Rules" only.

Anonymous said...

ဟေ့ပေါ်က ကချင်နဲ့ နှိုင်းတဲ့ကောင် ကေအဲန်ယူသွားနေတဲ့လမ်းကြောင်းက အားလုံးအတွက်ပဲ။ လောလောဆယ် တောထဲမှာ နှစ်ပေါင်းများနေခဲ့တဲ့သူ့ လူထုကို ပြန်ပြီး အဖတ်ဆယ်နေဒါ။ ကချင်ပြည်လူထုထောထည့်မှာနေဒါ တနှစ်မပစ်သေးဘူးကွ.. လွန်ခဲ့တဲ့ ၁၇ ကျော်ကာလပါတ်လုံး ကရင်တယောက်ချနေဒါ ကချင်နဲ့ မွန် ဘာလုပ်နေလည်း ငါ့ကို ပြောပါအုံး.. ဗိုလ်ခင်ညွန့် လီးကို ပဲစုပ်နေကြတယ်မလား.. လောလောဆယ် မဟာဗျူဟာ မတူဒါပဲနေမယ်လို့ ငါမြင်တယ်.. ဒီထဲပိုပြီး ငါထောက်ပြရင် သိပ်မကောင်းတော့ဘူး.. ဘယ်သူမှ ကရင်လောက် အနာခံလာခဲ့အဖွဲ့ မရှိဘူးဆိုဒါ ရှင်းရှင်းလေး မှတ်ထားကြ။

Anonymous said...

That why Burmese Government liked your voice as above, and they will try to use more and more to destroy their enemies as much as they can. Do not think about they really want peace! Just they try to improve their political and to stop the sanction in the current time.

Post a Comment