ondragstart="return false" onselectstart="return false"

Thursday, April 19, 2012

မြန်မာအစိုးရတပ်နှင့် ကေအဲန်ယူ ပူးပေါင်းငွေတောင်းခံဟုဒေသခံပြော

ငယ်ငယ်က မေမေပြောတဲ့စကားသွားအမှတ်ရတယ်။ အဲဒါက "မင်းသူခိုးနဲ့ ပေါင်းရင် မင်းလည်းသူခိုးကျင့် သူခိုးကြံ့တွေ တတ်လာမယ်" ဆိုဒါ။ တပ်မဟာ(၄)မှ လူကြီးမင်းများနှင့်ရဲဘော်တို့ ခင်ဗျား.. ဒီတခါတော့ ဗမာစစ်တပ်ကို မဆဲတော့ဘူး.. ကိုယ့်ဒူးကို ကိုကိုယ်တိုင် ပေါက်ဆိန်နဲ့ ပြန်ပေါက်ခွဲဖို့ ပြင်နေပြီဆိုဒါ.....

xxxxxxxxx
ဧပြီလ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

တနင်္သာရီတိုင်း၊ မေတ္တာမြို့နယ်ခွဲ ဆင်ဖြူတိုင်ကျေးနယ်အုပ်စုအတွင်း လှုပ်ရှားနေသည့် မြန်မာစစ်တပ်နှင့် ကေအဲန်ယူ တပ်မဟာ(၄) အောက်ခြေ တပ်ဖွဲ့ဝင်တို့ ပူးပေါင်းကာ ဧပြီလ၁ရက်နေ့မှစ၍ ငွေကြေးများ နေ့စဉ် ကောက် ခံနေသည်ဟု ဒေသခံများက ပြောသည်။

မြန်မာအစိုးရတပ် ရှေ့တန်း စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်(၈) လက်အောက်ခံ နည်းဗျူဟာ(၁)မှူး ဗိုလ်မှူးကြီးကြည်စိုး ဦးဆောင်သည့် ခမရ(၄၁၀)သည် ထိုဒေသရှိ ၀ါးတောရွာတွင် စစ်တပ်ဂိတ်ဖွင့်ကာ သွားလာနေသူများကို မေးမြန်းစစ်ဆေးခြင်းအပြင် တစ်ဦးလျှင် ထိုင်း ဘတ်ငွေ ၂၀၀နှုန်းဖြင့် ကောက်ခံပြီး ရရှိသည့်ငွေများကို ကေအဲန်ယူတပ်ဖွဲ့ထံ မျှဝေပေးနေကြောင်း ဒေသတွင်း သွားလာနေသည့် ကုန် သည်တစ်ဦးက ပြောသည်။

သူက “၀ါးတောရွာဂိတ်ကို ဖြတ်သွားတဲ့လူတွေ ဂိတ်ကြေး ပေးရတယ်။ အဲလို တောင်းတဲ့အခါကျတော့ သွားလာတဲ့သူတွေက အခက်အခဲ ရှိပေမယ့် မသွားလာလည်း မရတဲ့အခါကျတော့ သွားရတာပဲ။ ကောက်လို့ရတဲ့ငွေကို ကေအဲန်ယူကို မျှဝေပေးတယ်လို့ သိရတယ်။ ဘယ် လောက်လဲတော့ မသိဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါဂိတ်ကို တစ်ရက်လျှင် ဖြတ်သန်းသွားလာသူ ဒေသခံ အပါအ၀င် ခရီးသည် ၁၀၀ ၀န်းကျင်ရှိသလို ဆင်ဖြူတိုင်ကျေးရွာအုပ်စုတွင် ကေအဲန်ယူ လက်အောက်ခံ ဗိုလ်မောင်ကြည် ဦးဆောင်သည့် အင်အား ၂၀ခန့်ရှိ တပ်ဖွဲ့တစ်ဖွဲ့ လှုပ်ရှားလျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် အဆိုပါအစိုးရတပ်များသည် နယ်မြေခံ ကေအဲန်ယူအဖွဲ့နှင့် ပူးပေါင်းကာ သစ်တောထွက်ပစ္စည်းများကို ထိုင်းနိုင်ငံသို့ ခိုးထုတ် ရောင်းချနေပြီး ထိုသို့လုပ်ဆောင်မှုကို ကေအဲန်ယူအထက်ပိုင်းသို့ တင်ပြခြင်းမရှိကြောင်း ကေအဲန်ယူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းဝါးတောရွာဂိတ် ငွေကြေးကောက်ခံမှုနှင့် ပတ်သက်၍ ကေအဲန်ယူ၊ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းအား ကေအိုင်စီ က ယနေ့ မေးမြန်းရာ တစုံတရာ မကြားသိရသေးကြောင်း တုန့်ပြန်ပြောဆိုခဲ့သည်။

ဝါးတောရွာသည် ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်၊ ဆာယို့မြို့နယ် ဘောတီကျေးရွာနှင့် ၂မိုင်ကျော် ကွာဝေးပြီး အမိုရွာနှင့် ဆင်ဖြူတိုင်ရွာအ ကြားတွင် တည်ရှိသည်။ ဆင်ဖြူတိုင်ကျေးနယ်အုပ်စုရှိ ဒေသခံများသည် အများအားဖြင့် တောင်ယာ၊ လယ်ယာနှင့် သစ်လုပ်ငန်းများကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်လျှက်ရှိသည်။

မြန်မာအစိုးရနှင့် ကေအဲန်ယူတို့ အပစ်ခတ်ရပ်စဲရေး သဘောတူမှု ရရှိပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်း အစိုးရတပ်နှင့် ကေအဲန်ယူ အောက်ခြေတပ်တို့ လူထုထံ ငွေကြေးကောက်ခံခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။
http://www.kicnews.org/?p=11052

21 comments:

Anonymous said...

ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် မောင်ကွယ်ထူးနှင့်တပ်မဟာ ၄ က လူကြီးတချို့ အထုပ်ကြီးပိုက်ပြီးသွားပြီပဲ.. အောက်ခြေက ရဲဘော်တွေ အဲလောက်တော့ လုပ်စားအုံးမှာပေါ့.. အော်ငြိမ်းချမ်းရေးတဲ့လား...

ဟားဟားဟား

မန်းစော

Anonymous said...

Is it mean KNU loves Karen? All are the same. You're killing your people.

Anonymous said...

ငါမပြောဘူးလား။ ခွေးရူးနဲ့ပေါင်းပြီးတော့ ခွေးရူးဖြစ်သွားတာပဲ။ ဒီအတိုင်းဆိုရင်တော့ ပြည်သူတွေက ကေအဲန်ယူကို မယုံတဲ့အပြင် ထောက်ခံမှုမရှိတော့မှာ ၉၉% မှာသေချာပြီး။ ကေအိုင်စီ ကလည်း မောင်ကွယ်ထူးဝင်း ကို သွားမေးတော့ ပွဲပဲပေါ့။ သူက အရင် အဲ့လို အကျစ်ရှိ ထားတယ်လေ။ လောလောဆယ် သူ့စီးပွားရေး မရှိသေးဘူးဆိုတော့ တောင်းစားရတာပေါ့။ ဒါကြောင့် သူဘာမှဖြေကြားချက် မရှိဘူးပေါ့။ မောင်ကွယ်ထူဝင်း တစ်ယောက် ပြည်သူတွေရဲ့ ပစ္စည်း၊ မြေယာတွေကို ယူပြီး တိုက်နဲ့ကားနဲ့ နေရပြီး ဒီလောက်ဆို မလိုလောက်သေးဘူးလား ဆိုတဲ့မေးခွန်းလေးကို ငါမေးချင် တယ်ဗျာ။

Anonymous said...

ပြောင်းလဲလာတဲ့နိုင်ငံရေးအခြေအနေပေါ်မှာ တခါမှမလုပ်ဘူးတဲ့ အလုပ်တွေလဲ
လုပ်ရမှာပေါ့။ ဒါတွေကိုကျွန်တော်တို့ကရင်ပြည်သူတွေကလက်ခံနိုင်ပါတယ်။ အ
ခုပြုလုပ်တဲ့မြန်မာလူမျိုးကြီးဝါဒ/နယ်ချဲူ့အစိုးရတပ်နဲ့ငြိမ်းချမ်းရေးအတွက်လဲ
နားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့အခုဖေါ်ပြတဲ့သတင်းကတော့ တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်။
အခုသတင်းဟာမှန်သလား/မှားသလားဆိုတာကို ကရင်အမျိုးသားအဖွဲ့ချုပ်မှ သတင်းစာရှင်းလင်းပွဲပြုလုပ်ပေးပါ။ ဘာဖြစ်လို့လဲ
ဆိုယင်ကရင်အမျိုးသားအဖွဲ့ချုပ်ကိုအားပေးကူညီကြတဲ့ နိုင်ငံအသီးသီးမှက
ရင်လူမျိုးများစိတ်ပျက်/စိတ်ဝမ်းကွဲစရာအကြောင်းရှိလို့ပါ။ တကယ်လို့မှန်ကန်
မယ်ဆိုယင်ပဒိုကွယ်ထူးဝင်းကိုချက်ချင်းနေရာပြောင်းပေးပါ။ ဗမာလူမျိုးများ
ဟာဟိုးရှေးခေတ်ကာလထဲက သူတို့ဗီဇဖြစ်တဲ့ လိမ်တယ်၊ညာတယ်၊ ကလိန်
ကကျစ်ကျတယ် ဆိုတာဟာဘယ်တော့မှဖျောက်ဖျက်ပစ်လို့ရမယ်မထင်ပါ
ဘုး။ အောင်မင်းပြောတဲ့စကားကိုပြန်သတိရမိတယ်။ လက်နက်ကိုင်တဲ့လူ
ဟာ ဘယ်တော့မှလက်နက်ချခိုင်းလို့မရဘူး။ သူ့ကိုချမ်းသာအောင်လုပ်ပေး
လိုက်ယင်သူ့ဟာသူ လက်နက်ကိုစွန့်ရောဆိုတဲ့စကားက မှန်လာပြီနော။
ဒါပေမဲ့မကောင်းတဲ့သူ ရှိသလို ကောင်းတဲ့သူကတော့ရှိနေမှာ ဘဲဆိုတာယုံ
ကြည်လျှက်။

Anonymous said...

ဗမာဆိုတာ လက်သန်းလောက်ကျွေးပြီးယင် တစ်ထမ်းလောက်ကြွားပြောတဲ့
လူမျိုးတွေဆိုတာသတိမထားမိဘူးလား။ ဗမာကျွေးတာစားရင်မင်းတစ်သက်လုံး
ကျေးဇူးဆပ်လို့မကုန်ဘူးဆိုတာ သတိမထားမိဘူးလား။ ပဒိုမန်းငြိမ်းမောင်
တောင်မှ ခုထက်ထိဗမာကျေးဇူးကိုဘယ်လိဆပ်ရမှန်းမသိဖြစ်နေတယ်လေ။ ဒါကြောင့်ကျွန်တော်တို့
ကရင်ပြည်သူတွေကစဉ်းစားတယ် ဗမာကလိန်ကကျစ်တွေက မြန်မြန်ဆန်ဆန်
ငြိမ်းချမ်းရေးလုပ်ချင်တာ အကြောင်းတော့ရှိမယ်။ အခုနိုင်ငံတကာက ပိတ်ပင်တားဆီးမှုတွေ လျှော့ချလိုက်တာနဲ့ ရက်ပိုင်းအတွင်းမှာဘဲ သမတ
အကြံပေးနဲ့အဖွဲ့အမေရိကန်ရောက်သွားတယ်၊ အောင်မင်းနဲ့အဖွဲ့နော်ဝေး
ရောက်သွားတယ်။တယ်မြန်ပါလား။ ဒါပေမဲ့ ပဒိုကွယ်ထူးဝင်းကတော့နံ
မည်ပျက်သွားတယ်။ တွေ့တယ်မဟုတ်လား ဗမာတွေရဲ့ကလိန်ကကျစ်ပညာ
ရပ်တွေ။ ဗမာတွေအရမ်းတော်တယ်နော်= ကလိန်ကကျစ်ပညာတွေ။

Anonymous said...

တံငါနားနီး တံငါသည်ဖြစ်သွားဒါ အခုမှ မဟုတ်ဒါ၊ အော်...ထာဝရငြိမ်းချမ်းရေးဆိုဒါ ဒါကို ဆိုလိုတယ်လို့ထင်တယ်၊ သဘောတူ လက်မှတ်သွားထိုးလဲ ရက်ပိုင်းလပိုင်းပဲ ရှိသေးတယ်၊ ရက်ပိုင်းကလေးသာသာလောက်ပဲရှိတယ်။ နေပြည်တော်ကပြန်လာဒါ ဒါတွေ ယူလာတယ်။ နောင်ဆိုရင် ဒုတိယမ္ပိ အဆိုးဆုံးအဖွဲ့အစည်းတခုဖြစ်လာမှာ သတိ မထားမိဘူးလားတော့ မသိဘူးနော် ကောက်တဲ့လူက ကောက်ပြီး ပြည်သူတွေက တော့ အရိုးကြေကြေ အရေခံ့ခံ့ ကြုံတွေ့သွားအုံးမှာပဲနော် K...နော်

Anonymous said...

သဘောတူငြိမ်းချမ်းရေးလက်မှတ်သွားထိုးတုန်းက တောင်းဆိုထားဒါ အတင်းအဓမ္မငွေကောက်ခံခြင်းကို မလုပ်ရဘူးတဲ့ အခုတော့ ပြောင်းပြန်ဖြစ်သွားပြီးတဲ့ အတုမြင်အတတ်သင် တယ်လဲမြန်ဒါပဲနော်၊ နံစော်နေတဲ့ ဒီအနံ့ကိုတော့ KNUရေ...ကေအိုင်စီမှာ သတင်းထွက်လာပြီးဆိုတော့ KNUက တာဝန်ရှိတဲ့သူတွေ ပြည်သူ့အသံတွေကို နားမထောင်တတ်တော့ဘူးလား၊ ဇော်ပိုင် သီချင်းလို မင်းနဲ့မှ.....ျပီးေပါ့ၟၟၟၟ

Anonymous said...

ဒါပြသာနာအစဘဲရှိသေးတယ်၊ ဒါငြိမ်းချမ်းရေးရဲ.အနှစ်သာရတွေဘဲ၊ ဒီလိုပြသာနာတွေ ကချင်မှာတော.ဖြင်.လွန်ခဲ.တဲ.၁၈နှစ်လုံးလုံးကြုံခဲ.ရပြီ၊ စစ်သားဆိုဒါစစ်မတိုက်ရတဲ.အချိန်မှာသူများလိုဘဲဇိမ်နဲ.သက်တောင်.သက်သာနေချင်လာမှာဘဲ ဆိုတော.ကိုကောင်းစားဖို.ရတဲ.နည်းနဲလုပ်တော.မှာဘဲ ဒါသူတို.အပြစ်လို.ကြီးဘဲလို.လဲပြောလို.မရဘာဘူး ဒါကြောင်.အပြစ်အခတ်ရပ်စဲလိုက်ဒါဟာငြိမ်းချမ်းေ၇းမဟုတ်ဘူး၊ နိုင်ငံရေးကိစမဖြေရှင်းနိုင်ရင်တော.ဒီလိုဟာမျိုးတွေဆက်လာမှာဘဲ

ZARNIMIN said...

FUCK YOU ALL. KNU, SPDC ARE THE WORSE MOTHER FUCKER. KAREN HAVEN'T GOT BRAIN. THAT'S WHY THEY HAD FUCKED BY MOTHER FUCKER THEIN SEIN GOV...TRY TO PUSH HARDER ...THEIN SEIN....

Anonymous said...

အပစ်ရပ် လက်မှတ်ထိုးပြီး လက်နက်နဲ့ မဟုတ်တော့ဘဲ ကွန်မင့်များ တွင် ၀င်ရောက်ပြီး ဆက်လက်ထိုးစစ်ဆင်နေသော သိန်းစိန်ဘက်တော်သားများရဲ့ ထိုးနှက်ချက် စကားများကို အထက်ပါအတိုင်း သောသီခိုသတင်းကွန်မင့်တွင် ဖတ်ရှုနိုင်ကြောင်း။

Anonymous said...

ကိုယ့်လူမျိုးထဲမှာဒီလိုအနံ့အသက်ထွက်လာတော့အလွန်ဝမ်းနဲမိပါတယ်။
ဒါပေမဲ့ဗမာလူမျိုးကိုကြည့်လိုက်ပြန်တော့ဘုရင်ခေတ်ကစပြီး၊ဦးနု၊ဦးနေ၀င်း၊
ဦးသန်းရွှေ၊ဦးသိန်းစိန်၊ဦးအောင်မင်းစသည်ဖြင့်တဆက်ပြီးတဆက်နိုင်ငံရေးလုပ်
လုပ်စားလာခဲ့တာပါဘဲ။ နဲနဲစားတာနဲ့၊များများစားတာဘဲကွာပါတယ်။ အဲဒီလိုဘဲ
တခြားနိုင်ငံတွေလဲဒီအတိုင်းပါဘဲ။ နဲနဲပါးပါးစားယင်တော့မပြုတ်ဘူးပေါ့။ မသိ
သာဘူးပေါ့။ လူတစ်ယောက်မကောင်းတာနဲ့ ကိုယ်လူမျိုးတမျိုးလုံးကို မမုန်း
ပါနဲ့။ ဗမာတွေတောင်ခေါင်းဆောင်တွေဒီလောက်တိုင်းပြည်ကိုနှိပ်စက်၊ညာ
စားနေတာတောင် ခုထက်ထိသူ့တို့ကိုယ်သူတို့လူမျိုးကြီးဝါဒကျင့်သုံးနေတုံး၊
သူ့အမျိုးကိုသူချစ်တုံးဘဲမဟုတ်လား။ ဗမာတွေကတစ်ယောက်နဲ့တစ်ယောက်
ဘယ်လောက်ဘဲရန်ဖြစ်သော်ငြားလည်း ဗမာဟေ့လို့ပြောလိုက်ရင်စည်းလုံး
ပြီးသားဘဲ။ အဲဒီကောင်းတဲ့အချက်ကိုငါတို့ကရင်တွေလည်းကျင့်သုံးဖို့လိုပါ
လိမ့်မယ်။ ကိုယ်လူမျိုးကိုကိုယ်မချစ်ယင်ဘယ်သူမှလာမချစ်ဘူး။ အဲဒီလိုဘဲ
တန်းတူညီတူအခွင့်အရေးကို ကရင်လူမျိုးတွေစည်းစည်းလုံးလုံးနဲ့ ဆက်လက်တောင်းဆိုရမှာဘဲ။ မတစ်ရာသားထဲမှာ ငကန်း၊ငစွေတွေတော့
ပါမှာဘဲဆိုတာ လက်မခံလို့တော့မရဘူး။ ဒါကြောင့် knu ရေအသံတော့
ကြားနေရပြီ ဟုတ်မဟုတ်ဆိုတာတော့ စီစစ်ပေးပါ။ ဟုတ်တယ်ဆိုယင်တော့
အကျိုးအကြောင်းပြောပြပြီး ချက်ချင်းလူစားလဲပေးပါ။ ဘာဖြစ်လို့လဲဆိုယင်
knu ကိုနိုင်ငံတကာကအားပေးထောက်ခံနေတဲ့အချိန်မှာ၊အားလုံးကယုံကြည်
စိတ်ချနေတဲ့အချိန်မှာ သတိကြီးစွာထားပြီးအလုပ်လုပ်ရမဲ့အချိန်အခါဖြစ်နေပါ
တယ်။ အများတကာရဲ့ ယုံကြည်စိတ်ချမှုကိုဆက်လက်ထိန်းသိမ်းနိုင်တဲ့
ငါတို့က၇င်အမျိုးသားအဖွဲ့အစည်းဖြစ်နိုင်ပါစေလို့။

Anonymous said...

အပေါ်ကကောင်.. အပျော့ဆွဲကလေးနဲ့ ဖင်လာယားမနေနဲ့။ အရင်ကတည်းက အကျင့်ပျက်သစ်တောဝန်ထမ်းတွေကို စစ်ဆေးဖမ်းဆီးပြီး အပြစ်ဒါဏ်အနေနဲ့ သစ်တောကြိုးဝိုင်းမှာ အချိန်အကန့်အသတ်နဲ့ ကျွန်းပြန်စိုက်ခိုင်းတာကို ကေအင်ယူက ဟိုးအရင်ကတည်းက လုပ်ခဲ့ပြီးသား။
နိုင်ငံတကာက ကရင်တွေနဲ့ လက်ရှိကေအင်ယူကိုလည်း လာပြီးခြောက်မနေနဲ့။ နိုင်ငံတကာက ကရင်တွေက ငါတို့ အလျှင်မီငွေမပို့လိုက်နိုင်လို့ ဟိုကရဲဘော်တွေ ဒုက္ခရောက်ပြီး အသုံးစရိတ်ရှာမိလို့ နာမည်ပျက်စရာဖြစ်ကုန်ပြီဆိုပြီး သူတို့ကိုယ်ကိုဘဲ သူတို့ အပြစ်တင်ဝမ်းနဲနေတာကွ။
ပဒိုကွယ်ထူးဝင်းကို လူလဲပေးပါဘာညာဆိုပြီး မင်းတို့နာမည်ဖျက်နေတာ ပဒိုကွယ်ထူးဝင်းလို ထက်မျက်ပြီး အသက်ငယ်ငယ်ကတည်းက ခရိုင်မှူးဖြစ်နေတဲ့ ကေအင်ယူထဲက အရည်အချင်းရှိသူကို တမင်သက်သက် ဦးတည်ပြီး တိုက်ခိုက်နေတယ်ဆိုတာလည်း သိတယ်ကွ။
ဖင်လာမယားနဲ့။ စောက်ဂရုမစိုက်ဘူး။

Anonymous said...

အခုလိုယဉ်ကျေးစွာရှင်းပြပေးတဲ့အတွက် သူငယ်ချင်းကိုအထူးကျေးဇူးတင်ပါ
တယ်။

Anonymous said...

ကိုယ့်လူမျိုး။ ကိုယ့်အဖွဲ့ အစည်း၊ ကိုယ့်ရဲဘော်တွေ ကိုယ်အကာအကွယ်မပေးဘူးဆိုရင် ဘယ်သူကကာကွယ်ပေးမလဲဗျာ၊ ဒီလိုလုပ်ရပ်တွေလဲ ကေအဲန်ယူမှာမူမရှိပါဘူးကွာ ၊သောသီခိုလည်း ကိုယ့်ဒူးကို ကိုယ်ပေါက်စရာမလိုဘူးဗျာ၊

Anonymous said...

ကျွန်တော်ထင်တာက သောသီခိုက knu ကအမှန်တွေရေးတယ်လို့ထင်လို့ပါ။
နောက်ဆိုသောသီခိုကိုလည်းသတိထားရမှာပေါ့နော။

Anonymous said...

ဒါဟာအင်မတန်မှရှက်စရာကောင်းပြီးအောက်တန်းကျတဲ့လုပ်ရပ်တခုပါ။ကဲအမိ KNU ခေါင်းဆောင်တွေ ဒီကိစ္စအတွက်အမြန်ဖြေရှင်းပေးပါ...

Anonymous said...

အမှန်ကိုအမှန်တိုင်းတင်ပြပေးတဲ့သောသီခိုကိုကျေးဇူးတင်တယ်...

Anonymous said...

တရားဥပဒေစိုးမိုးလာသည့်တစ်နေ့ ကျရင်သူတို့ တတွေလည်းကြိုးစင်ပေါ်မှာ ငါတို့ တတွေနှင့်အတူလူထုတွင်တွေ့ ရအောင်ဗမာစစ်တပ်ကလက်တွဲခေါ် ဆောင်တာပါဟယ်`.... နင်တို့ တွေကလည်းဘာတွင်လျှောက်ပြောနေတာတုန်း`.. ဟီဟိ`...

Anonymous said...

အရေးထဲက သောသီခိုကို ပြသနာရှာချင်တဲ့ကောင်တွေကရှိသေး.. ဟီးဟီးရီရတယ်.. ဟေ့ကောင်တွေ မင်းတို့ ဗမာစာမဖတ်တတ်ဘူးလားကွ.. သတင်းမူရင်းက ကေအိုင်စီသတင်းဌာနက..ကွ.. သတင်းရေးသူက စောခါးဆူးညါး.. သောသီခိုအဖွဲ့ က သူများသတင်းကို သွားယူပြီး ပြန်လာတင်ဒါလေးကို များဟားဟာ.. တကယ်ဆို ကေအိုင်စီသတင်းမှာလည်း မင်းတို့ သွားဆွေးနွေးသင့်တယ်. ဒီမှာသွားကြည့်ကြပါအုံး ဆက်သွယ်ရန်လိပ်စာအီးမေးတွေပေးထားတယ်. ခင်ဗျားတို့ ဝေဖန်ဖို့ ကေအိုင်စီအီးမေးပေးထားတယ်.. ဒီမှာကြည့်ကြ. http://www.kicnews.org/?p=11052

Anonymous said...

ဟုတ်တယ်ကွ.. ဒီသတင်းကို ပဒိုလည်းဖြစ် ကွယ်ကလူအယ်ဒီတာလည်းဖြစ်တဲ့ အဲနာ တစ်ယောက်သူ့ ကွယ်ကလူမှာမရေးဘူးကွ.. မဖေါ်ပြဘူးကွ.. ချီးထုတ်တွေနဲ့ စကားသွားပြောတဲ့ ဓါတ်ပုံနဲ့ သတင်းတွေကို ပဲတင်တယ်.. အံ့သြစရာပဲ... ကြည့်ရဒါ အားလုံးရိုက်စားတွေပဲလားမသိဘူး.. ဟဲဟဲ

Anonymous said...

This thing are going on since 1949. Media is the only thing to keep crook politician straight.Let talk about it .

Post a Comment