ondragstart="return false" onselectstart="return false"

Tuesday, April 24, 2012

စစ်ရေး လေ့ကျင့်ရေးကျောင်းဟာ ကရင်နီကိုတိုက်ဖို့ မဟုတ်ဟု ဦးအောင်မင်းပြောကြား

Written by ဖဲမော့၊ စောဟေရှာယ

ကရင်နီပြည်ဖရူဆိုမြို့နယ်မှာ စစ်ရေးလေ့ကျင့်ရေးကျောင်း တည်ဆောက်ဖို့ အစိုးရကနေ ပြည်သူပိုင်လယ်ယာမြေများ သိမ်းဆည်းခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ အစားထိုးမြေယာများ ပြန်လည်ရှာပေးဖို့ လူထုကိုယ်စားလှယ်တွေက KNPP လူထုစည်းရုံးရေးခရီးစဉ် အတောအတွင်းမှာ တင်ပြထားပါတယ်။

စစ်ရေးလေ့ကျင့်ရေးကျောင်းအတွက် အဆောက်အဦးများ ဆောက်လုပ်ပြီးစီးနေပြီဖြစ်သလို အစိုးရနေနဲ့ လက်လွန်နေပြီဖြစ်တဲ့အတွက် အဲဒီကိစ္စနဲ့ပတ်သက်လို့ KNPP အနေနဲ့ ခွင့်လွတ်ပေးဖို့ အစိုးရငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက KNPP ထိပ်သီးခေါင်းဆောင်တွေနဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့စဉ်မှာ ယခုလို တင်ပြဆွေးနွေးထားပါတယ်။

KNPP နဲ့ ဦးအောင်မင်းတို့ ထိုင်းနိုင်ငံမယ်ဟောင်ဆောင်မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးစဉ် (ဓါတ်ပုံ-ကေအဲန်ပီပီ)

“အဲဒီဥစ္စာက တော်တော်လက်လွန်နေပြီ။ အဆောက်အဦးကလည်း ဆောက်ပြီးပြီ။ ဖွဲ့စည်းပုံကလည်း ကျပြီးသားဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ကျနော်ပြောတာ ဒီဥစ္စာက တပ်မတော်ရဲ့ လေ့ကျင့်ရေးကျောင်းအနေနဲ့ဘဲရှိမယ်။ ကရင်နီကို တိုက်ဖို့အတွက်… လုပ်တဲ့အကြောင်း မဟုတ်ပါဘူး။ နောက်တနေ့ကျရင် ကျနော်တို့က ဘယ်လောက်ထိ ရည်ရွယ်ထားလဲဆိုရင်… အရင်တုန်းက ကယားစစ်တို့ဘာတို့ရှိပါတယ်။ မြန်မာ့တပ်ထဲမှာ စစ်တိုက်တာအရမ်းတော်တာဘဲ အဲဒီကယားတပ်တွေက အဲလိုတပ်ရင်းမျိုးတွေဖွင့်မယ်ဆိုရင်လည်း... ဦးရယ်တို့ဘက်က ဆန္ဒရှိတယ်ဆိုရင် သူတို့ကို regular army ပြန်ပြီးတော့ဖွဲ့မယ်။ အဲတပ်ကိုလည်း ဒီနယ်မြေမှာဘဲထားမယ်။ အဲဒီတော့ ဒီကလူတွေလည်း ထူးချွန်တယ်ဆိုရင်တော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်လည်း ဖြစ်သွားနိုင်တယ်။ အခုနောက်ပိုင်း အဲသလိုပြန်လုပ်သွားမယ်။”

ကရင်နီပြည်မှာ စစ်ရေးသင်တန်းလေ့ကျင့်ရေးကွင်း တည်ဆောက်ဖို့အတွက် ဖရူဆိုမြို့နယ်အတွင်းမှာ ပြည်သူပိုင် လယ်ယာမြေ ဧက ၂၇၀၀ ကျော်ကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်အတွင်းမှာ သိမ်းဆည်းခဲ့တာပါ။

သိမ်းဆည်းခံရတဲ့မြေယာတွေ ထိုက်သင့်တဲ့ လျော်ကြေးတွေ ပြန်လည်ပေးဆောင်နိုင်ဖို့ လူထုကိုယ်စားလှယ်တွေက KNPP ကို တင်ပြထားသလို ဥပဒေနည်းလမ်းအရ အထောက်အကူပြုနိုင်မည့် ရှေ့နေတွေကိုလည်း လူထုတို့အနေနဲ့ ရှာကြံနေတယ်လို့ သိရှိရပါတယ်။

စစ်မှန်တဲ့ငြိမ်းချမ်းရေးဖေါ်ဆောင်နိုင်ဖို့ အစိုးရနဲ့ KNPP အကြား ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲမသွားခင် ပြီးခဲ့တဲ့မတ်လ ၂၁ ရက်နေ့မှာ ဦးဆောင်းမင်း ဦးဆောင်တဲ့အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့နဲ့ KNPP ထိပ်သီးကိုယ်စားလှယ်တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
http://www.ktimes.org/index.php/rokstoriesnews/170-2012-04-23-12-02-35

No comments:

Post a Comment