ondragstart="return false" onselectstart="return false"

Sunday, January 20, 2013

UNFC ထုတ်ပြန်ကြေငြာချက် ( 20 Jan 2013)

Unfc Press St Pr Unit by Thaw Thi Kho



Type the rest of your post here.

1 comment:

hotladylay@gmail.com said...

"ကချင်နှင့် ကရင် တပြိုက်နက်ကြဆုံးသွားခြင်း(သို့)အကြမ်းနည်း နှင့် အနုနည်း(သို့)တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့အစီးများအပေါ်တွင် ဗမာစစ်တပ်နှင့် အစိုးရသစ်၏ မမှန်သောစေတနာ သဘောထားဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်"

ခေါင်းစဉ်ကြီးကတအားပြင်းထန်သွားလျှင်ခွင့်လွှတ်ပါရန်ပန်ကြား ရင်းပြောစရာရှိတာပြောပါရစေ အထက်ပါ UNFC ရဲ့ကြေငြာချက်မတိုင်မီ ကချင်တိုက်ပွဲတခုလုံး ကရင် KNU အဖွဲ့နဲ့ ငြိမ်းကိစ္စတွေအပါအ၀င် KNU ၁၅ ကြိမ်မြောက်ကွန်ဂရက် Secret Votes & Open Votes ကနေပေါ်ထွက်လာတဲ့ KNU ခေါင်းဆောင်သစ်တွေရဲ့ Movements နဲ့ ပြည်တွင်းပြည်ပ က သတင်း Comments တွေကိုလေ့လာသုံးသပ်ပြီး အချက် (၅)ချက်တင်ပြပါမည် မှားခဲ့လျှင် သီးခံကြပါ။
(၁)ဦးသိန်းစိန်အစိုးရနှင့် စစ်ဦးစီးချုပ်သည် ကချင်ဒေသကိုအပြီးတိုင်ချေမှုန်းလိုသော်လည်း ဖြစ်ပေါ်လာသောပြည်တွင်းပြည်ပ ဖိအားများကြောင့် တိုက်ပွဲကိုယုတ်ချဉ်းရပ်ပြစ်လိုက်ပါသည် (သို့သော်လဲ)လိုင်ဇာကို ၂၄ နာရီအတွင်းသိမ်းနိုင်မည့်အနေအထားကျမှသာ ထိုးစစ်ကိုရပ်လိုက်ကြောင်းကြေငြာပြီးလိုအပ်လျှင်ဆက်ထိန်းတိုက်ကြဖို့ အောက်ခြေတပ်များကိုတရားမ၀င်အမိန့်ပေးထားပြီးဖြစ်သည်။
(၂)ကရင် KNU/KNLA ကို အနုနည်းဖြင့်လိုသလိုအသုံးချလို့ရမဲ့ ခေါင်းဆောင်များကိုရွှေးချယ်အသက်သွင်းသောနည်းဖြင့် သပ်လျှိုသွေးခွဲဖြိုခွင်းပြီး ၁၅ ကြိမ်မြောက် KNU ကွန်ဂယက်ကြီးကို အဝေးထိန်းချုပ်စံနစ်ဖြင့်အောင်မြင်စွာကရင်လက်နှက်ကိုင်အဖွဲ့ကြီးကိုအနု နည်းဖြင့်အောင်မြင်ခဲ့ပေသည်။
(၃)ပြည်တွင်းပြည်ပမီဒီယာများအပါအ၀င် အားလုံးသိထားကြသော သမတဦးသိန်းစိန်သည် ကာလုံ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အပေါ် အာဏာမတည်ခြင်းကို မီဒီယာများမှတဆင့် ကာလုံသည် သမတ ၏ အမိန့်အတိုင်းလိုက်နာဆောင်ရွှက်နေသည်ကိုဟန်ဆောင်ခြင်း။
(၄)ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားအရေးကိစ္စများ ၄င်းနှင့် ၄င်းပါတီနှင့်မသက်ဆိုင်သောကိစ္စမျုားအားလုံး လွှတ်တော်တွင်း တာဝန်ပေးခြင်း သမတမှတောင်းဆိုခြင်းမှလွဲ၍ မဆောင်ရွှက်နိုင်ခြင်း။
(၅)ဗိုလ်ချုပ်ကြီးသန်းရွှေသည် နိုင်ငံရေးကိုဝင်မစွက်သော်လည်း တိုင်းပြည်ဒီမိုကရေစီစံနစ်တိုးတက်မှုအခြေအနေကိုအမြဲတစေစောင့်ကြည့် နေခြင်းကို ကြံဖွံ့ ဥက္ကဌ ဗိုလ်ချုပ်ဌေးဦးမှတဆင့်မီဒီယာများမှတဆင့်ဝါဒဖြန့်ခြင်း။

အထက်ပါလတ်တလော နိုင်ငံရေးစစ်ရေး တိုင်းရင်းသား ငြိမ်းချမ်းရေးအခင်းအကျင်းများကိုလေ့လာခြင်းအားဖြင့် UNFC မှတင်ပြသောဆောင်းပါးသည် မှန်ကန်ကြောင်းသတိထားလေ့လာစရာလိုကြောင်းနှင့် ပြုပြင်ပြောင်းလဲရေးနှင့်စီးကမ်းရှိသောဒီမိုကရေစီ ဆိုသည်မှာ "EU America Japan အစရှိသော International Societies မြန်မာပြည်တွင်းပြည်ပအသိုင်းအ၀ိုင်းကိုအဆင့်မြင့်မြင့် လှည့်စားခြင်းသာဖြစ်ပြီး ပြည်ထောင်စုတခုလုံးရှိတိုင်းရင်းသားအဖွဲ့အစည်းအားလုံးပေါ်တွင် စေတနာမမမှန်သေးကြောင်း စစ်တပ်မှမတရား အနိုင်ကြင့်လူမျိုးကြီးဝါဒအကင်းမသေသေးကြောင်းလေ့လာမိပါသည်
အချုပ်အားဖြင့်ပြောရသော် ကချင်ဒေသကို စောစီးစွာကထဲကငြိမ်းချမ်းရေးမကမ်းလှမ်းပဲ အပိုင်စစ်တိုက်နယ်မြေစိုးမိုးလို့ရတဲ့အချိန်ကြမှ ငြိမ်းချမ်းရေးကမ်းလှမ်းခြင်းသည် ကြိုးတုပ်ပြီးမှရိုက်စစ်သလို တဖက်သတ်အနိုင်ယူခြင်းဖြစ်သည်ဟုယူဆပါသည်
ထို့ကြောင့်ပြည်တွင်းစစ် မပြီးဆုံးနိုင်တော့သလို ငြိမ်းချမ်းရေးအစစ်နှင့်ဝေးကွာသွားပြီဖြစ်ကြောင်းပြောကြားယင်းနိဂုန်းချုပ်လိုက်ပါသည်။

Post a Comment