ondragstart="return false" onselectstart="return false"

Thursday, January 10, 2013

ဟန်ကိုင်းတောင် အစိုးရ လက်နက်ကြီးကုန်းအား KIA ၀င်စီးခဲ့

Written by ရွှေဟင်္သာသတင်းဌာန

11009009KIO ဌာနချုပ် လိုင်ဇာအပါဝင် KIA စခန်းများကို ပစ်ကူပေးနေသော ဒေါ့ဖုန်းယန်ရှိ ဟန်ကိုင်းတောင် လက်နက်ကြီးကုန်း ကိုKIA တပ်ဖွဲ့မှ ယမန်နေ့က စစ်ဆင်တိုက်ခိုက်ရာ လက်နက်ကြီးများ ပျက်စီး ခဲ့သည်ဟု ၄င်းရှေ့တန်း စခန်းကို ကွပ်ကဲ နေသော KIA အရာရှိ တဦးက ရွှေဟင်္သာ သတင်းဌာနကို ပြောပါသည်။



“ နေ့လည်ပိုင်း ၂ နာရီ လောက်မှာ တက်တိုက်ခဲ့တာပါ။ ကျနော်တို့လည်း လက်နက်ကြီး ပစ်အားကို တအားသုံးတော့ သူတို့ ဆင်ထားပြီးသား ရှိနေတဲ့ ၁၀၅ မမနဲ့ ၁၅၅ မမဟော်ဝစ်ဇာ အမြောက်တွေကို ထိသွားတယ်လေ။ (၂) လက်ပျက် တယ်လို့ သိရတယ်။ ဒီစခန်းမှာ ရှိနေတာက (၃) လက်လေ။ စခန်းကလည်း ပျက်စီး သလောက်ဖြစ်လို့ ကျန်တဲ့ လက်နက်ကြီးတွေ နေရာ ရွှေ့နေရတယ်လို့ ကြားရတယ်ဗျ။” ဟု ဆိုပါသည်။

ဟန်ကိုင်းတောင် လက်နက်ကြီး ကုန်းကို KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၁၉) တပ်ဖွဲ့က ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ၁၀၅ မမ တလက်နှင့် ၁၅၅ မမတလက် ပျက်စီးသွားသည်ဟု KIA ဖက်က ဆိုပါသည်။

ဤသို့ကြောင့် ဒေါ့ဖုန်ယန်းရှိ ဟန်ကိုင်းတောင် အစိုးရ လက်နက်ကြီး ကုန်းမှ ယနေ့တိုက်ပွဲ ဖြစ်ပွားနေသော ဖွန်းပျဉ် ဘွမ်ရှိ တပ်ရင်း (၂၄) စခန်း တိုက်ပွဲများသို့ ပစ်ကူများ မပေးနိုင်တော့ကြောင်း၊ Bum Re Bum ခေါ် ပွိုင့် ၇၇၁ စခန်းကသာ တပ်ရင်း (၂၄) တိုက်ပွဲကို ပစ်ကူ ပေးနေရသည်ဟု KIA က ဆိုပါသည်။

KIA သည် အစိုးရ တပ်များ ထပ်မံ နယ်ချဲ့မှုကို ကာကွယ်ရန်၊ ရည်ရွယ်၍ အစိုးရ သိမ်းဆည်း ထားသော ပွိုင့်၇၇၁ စခန်း အား KIA အမှတ် (၂၃) တပ်ရင်းတပ်ဖွဲ့များက ၀ိုင်းရံထားပါသည်။ ဤကဲ့သို့ ၀ိုင်းရံ ထားသဖြင့် ပွိုင့် (၇၇၁) စခန်း အနီးရှိ လုံလော့စခန်းမှ အစိုးရ တပ်များက KIA အားမနက်ကတည်းက တိုက်ခိုက်ခဲ့ရာ ညနေ (၄) နာရီ အထိ တိုက်ပွဲဖြစ်နေဆဲ ဟု KIA ရှေ့တန်း တပ်မှူးများက ဆိုပါသည်။

No comments:

Post a Comment