ondragstart="return false" onselectstart="return false"

Thursday, January 3, 2013

နော်ဝေနိုင်ငံ ကရင်နှစ်သစ်ကူးကျင်းပပြီးစီး (ဓါတ်ပုံသတင်း)


သတင်း + ဓါတ်ပုံ Y.K Ak47

ဘယ်လိုအခြေအနေ၊ဘယ်ဒေသဘယ်နေရာကိုဘဲရောက်ရောက် ကိုယ့်ရိုးယာယဉ်ကျေးမှုထုံးတမ်းအစဉ်အလါအရဖြစ်စေ၊အမျိုးသားရေးအရဘဲဖြစ်စေ နိုင်ငံရေးအရဘဲဖြစ်စေ မမေ့မပျောက်ဘဲနေ့ထူးနေ့မြတ်တွေကို အခြေအနေအရ အခက်အခဲအမျိုးမျိုးကြားကနေ ကြိုးစားအားထုတ်ပြီး ကျင်းပကြတာဟါလဲ အမျိုးသားရေးသမိုင်းတာဝန်တရပ်ကိုထမ်းဆောင်ခြင်းလို့ပဲခံယူကြမယ်ထင်ပါတယ်။

နော်ဝေး နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ကရင်အဖွဲ့အစည်းဖြစ်တဲ့ NNKC (Northern Norway Karen Community) ကဦးစီးပြီး ၂၇၅၂ နှစ်မြောက် ကရင်ရိုးယာနှစ်သစ်ကူးပွဲတော်ကို (၁.၁.၂၀၁၃)ရက်နေ့ (၁၁း၀၀)နာရီ အချိန် Harstad မြို့လေးမှာ ကျင်းပပြီး ကရင်အမျိုးသားအလံကိုအလေးပြုခြင်း၊ရိုးယာတူရိယာ အက တွေကိုတီးမှုတ်ဖျော်ဖြေခြင်း၊သက်ကြီးရွယ်အိုတွေကိုဂုဏ်ပြုခြင်း၊
အတူတကွနေ့လည်စာစားသုံးကြခြင်း၊လူငယ်တွေရဲ့သဘာဝ ခေတ်ပေါ်တေးဂီတတွေနဲ့ဖျောဖြေသီဆိုပျော်ရွှင်ကြခြင်းဟာ လဲကိုယ့်ရပ်ကိုယ့်ရွာကိုယ့်ဒေသကို တဒင်က ခဏပြန်ရောက်နေရသလိုဆွေးမြေ့စွာခံစားရမိပြီး တနေ့နေ့တချိန်ချိန်မှာ အခြေအနေအရ ကွဲကွာနေကြရတဲ့မိသားစုတွေ လုပ်ဖေါ်ကိုင်ဘက်ရောင်းရင်းမိတ်ဆွေတွေ၊ဆွေမျိုးသဂဟ ညီအကိုမောင်နှမတွေ ချစ်သူတွေ ပြန်လည်ဆုံဆည်းနိုင်ကြပါစေလို့ နဲ့ ပြည်တွင်းစစ်ကြီးအမြန်အဆုံးသတ်ပြီးဆုံးပြီး ကရင်လူမျိုးတွေနဲ့တိုင်းရင်းသားမျိုးနွယ်စုတွေ လိုလါးတောင့်တလိုချင်ကြတဲ့စစ်မှန်တဲ့ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်ရှိပြီးတန်းတုအခွင့်ရေးရှိတဲ့ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ပါစေလို့ နှစ်သစ်မှာဆုတောင်းလိုက်ပါတယ်။

No comments:

Post a Comment