ondragstart="return false" onselectstart="return false"

Monday, January 21, 2013

ကချင်နှင့်ကရင် တပြိုင်နက်ကျဆုံးသွားခြင်း

မနေ့ ကတင်ထားသော UNFC ထုတ်ပြန်ကြေငြာချက် ( 20 Jan 2013)- ပို့ စ်တွင် စိတ်ဝင်စားစရာကွန်မက်တစ်ခုကို ပို့စ်အဖြစ် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။ မူရင်းကွန်မက်ရေးသားသူ ကလောင်နာမည်က Hot Lady ဖြစ်ပါသည်။
xxxxxxx

"ကချင်နှင့် ကရင် တပြိုက်နက်ကြဆုံးသွားခြင်း(သို့)အကြမ်းနည်း နှင့် အနုနည်း(သို့)တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့အစီးများအပေါ်တွင် ဗမာစစ်တပ်နှင့် အစိုးရသစ်၏ မမှန်သောစေတနာ သဘောထားဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်"

ခေါင်းစဉ်ကြီးကတအားပြင်းထန်သွားလျှင်ခွင့်လွှတ်ပါရန်ပန်ကြား ရင်းပြောစရာရှိတာပြောပါရစေ အထက်ပါ UNFC ရဲ့ကြေငြာချက်မတိုင်မီ ကချင်တိုက်ပွဲတခုလုံး ကရင် KNU အဖွဲ့နဲ့ ငြိမ်းကိစ္စတွေအပါအ၀င် KNU ၁၅ ကြိမ်မြောက်ကွန်ဂရက် Secret Votes & Open Votes ကနေပေါ်ထွက်လာတဲ့ KNU ခေါင်းဆောင်သစ်တွေရဲ့ Movements နဲ့ ပြည်တွင်းပြည်ပ က သတင်း Comments တွေကိုလေ့လာသုံးသပ်ပြီး အချက် (၅)ချက်တင်ပြပါမည် မှားခဲ့လျှင် သီးခံကြပါ။

(၁)ဦးသိန်းစိန်အစိုးရနှင့် စစ်ဦးစီးချုပ်သည် ကချင်ဒေသကိုအပြီးတိုင်ချေမှုန်းလိုသော်လည်း ဖြစ်ပေါ်လာသောပြည်တွင်းပြည်ပ ဖိအားများကြောင့် တိုက်ပွဲကိုယုတ်ချဉ်းရပ်ပြစ်လိုက်ပါသည် (သို့သော်လဲ)လိုင်ဇာကို ၂၄ နာရီအတွင်းသိမ်းနိုင်မည့်အနေအထားကျမှသာ ထိုးစစ်ကိုရပ်လိုက်ကြောင်းကြေငြာပြီးလိုအပ်လျှင်ဆက်ထိန်းတိုက်ကြဖို့ အောက်ခြေတပ်များကိုတရားမ၀င်အမိန့်ပေးထားပြီးဖြစ်သည်။

(၂)ကရင် KNU/KNLA ကို အနုနည်းဖြင့်လိုသလိုအသုံးချလို့ရမဲ့ ခေါင်းဆောင်များကိုရွှေးချယ်အသက်သွင်းသောနည်းဖြင့် သပ်လျှိုသွေးခွဲဖြိုခွင်းပြီး ၁၅ ကြိမ်မြောက် KNU ကွန်ဂယက်ကြီးကို အဝေးထိန်းချုပ်စံနစ်ဖြင့်အောင်မြင်စွာကရင်လက်နှက်ကိုင်အဖွဲ့ကြီးကိုအနု နည်းဖြင့်အောင်မြင်ခဲ့ပေသည်။

(၃)ပြည်တွင်းပြည်ပမီဒီယာများအပါအ၀င် အားလုံးသိထားကြသော သမ္မတဦးသိန်းစိန်သည် ကာလုံ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အပေါ် အာဏာမတည်ခြင်းကို မီဒီယာများမှတဆင့် ကာလုံသည် သမ္မတ ၏ အမိန့်အတိုင်းလိုက်နာဆောင်ရွှက်နေသည်ကိုဟန်ဆောင်ခြင်း။

(၄)ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားအရေးကိစ္စများ ၄င်းနှင့် ၄င်းပါတီနှင့်မသက်ဆိုင်သောကိစ္စမျုားအားလုံး လွှတ်တော်တွင်း တာဝန်ပေးခြင်း သမ္မတမှတောင်းဆိုခြင်းမှလွဲ၍ မဆောင်ရွှက်နိုင်ခြင်း။

(၅)ဗိုလ်ချုပ်ကြီးသန်းရွှေသည် နိုင်ငံရေးကိုဝင်မစွက်သော်လည်း တိုင်းပြည်ဒီမိုကရေစီစံနစ်တိုးတက်မှုအခြေအနေကိုအမြဲတစေစောင့်ကြည့် နေခြင်းကို ကြံဖွံ့ ဥက္ကဌ ဗိုလ်ချုပ်ဌေးဦးမှတဆင့်မီဒီယာများမှတဆင့်ဝါဒဖြန့်ခြင်း။

အထက်ပါလတ်တလော နိုင်ငံရေးစစ်ရေး တိုင်းရင်းသား ငြိမ်းချမ်းရေးအခင်းအကျင်းများကိုလေ့လာခြင်းအားဖြင့် UNFC မှတင်ပြသောဆောင်းပါးသည် မှန်ကန်ကြောင်းသတိထားလေ့လာစရာလိုကြောင်းနှင့် ပြုပြင်ပြောင်းလဲရေးနှင့်စီးကမ်းရှိသောဒီမိုကရေစီ ဆိုသည်မှာ "EU America Japan အစရှိသော International Societies မြန်မာပြည်တွင်းပြည်ပအသိုင်းအ၀ိုင်းကိုအဆင့်မြင့်မြင့် လှည့်စားခြင်းသာဖြစ်ပြီး ပြည်ထောင်စုတခုလုံးရှိတိုင်းရင်းသားအဖွဲ့အစည်းအားလုံးပေါ်တွင် စေတနာမမမှန်သေးကြောင်း စစ်တပ်မှမတရား အနိုင်ကြင့်လူမျိုးကြီးဝါဒအကင်းမသေသေးကြောင်းလေ့လာမိပါသည်။

အချုပ်အားဖြင့်ပြောရသော် ကချင်ဒေသကို စောစီးစွာကထဲကငြိမ်းချမ်းရေးမကမ်းလှမ်းပဲ အပိုင်စစ်တိုက်နယ်မြေစိုးမိုးလို့ရတဲ့အချိန်ကြမှ ငြိမ်းချမ်းရေးကမ်းလှမ်းခြင်းသည် ကြိုးတုပ်ပြီးမှရိုက်စစ်သလို တဖက်သတ်အနိုင်ယူခြင်းဖြစ်သည်ဟုယူဆပါသည်
ထို့ကြောင့်ပြည်တွင်းစစ် မပြီးဆုံးနိုင်တော့သလို ငြိမ်းချမ်းရေးအစစ်နှင့်ဝေးကွာသွားပြီဖြစ်ကြောင်းပြောကြားယင်းနိဂုန်းချုပ်လိုက်ပါသည်။
http://thawthikho.blogspot.com.au/2013/01/unfc-20-jan-2013.html#comment-form

2 comments:

saw saw said...

လူကြီးမင်းခင်ဗျား အောက်ပါ နံပါတ်(၂)အချက်ကို နည်းနည်းလောက်ဝေဖန်ခွင့်ပြုပါခင်ဗျား
(၂)ကရင် KNU/KNLA ကို အနုနည်းဖြင့်လိုသလိုအသုံးချလို့ရမဲ့ ခေါင်းဆောင်များကိုရွှေးချယ်အသက်သွင်း သောနည်းဖြင့် သပ်လျှိုသွေးခွဲဖြိုခွင်းပြီး ၁၅ ကြိမ်မြောက် KNU ကွန်ဂယက်ကြီးကို အဝေးထိန်းချုပ်စံနစ်ဖြင့် အောင်မြင်စွာကရင်လက်နှက်ကိုင်အဖွဲ့ကြီးကိုအနု နည်းဖြင့်အောင်မြင်ခဲ့ပေသည်။

လေးစားအပ်ပါသောလူကြီးမင်းခင်ဗျား
လက်ရှိ KNU/KNLA အစိုးရအသစ်ရဲ့လုပ်ဆောင်ချက်များကို ဘာကြောင့်မကြေမနပ်ဖြစ်နေပါသလဲခင်ဗျား။
လက်ရှိသပ်လျှိုသွေးခွဲတာ မြန်မာနိုင်ငံအစိုးရမဟုတ်ဘူး မိမိကိုယ်တိုင်ဖြစ်နေတယ်ဆိုတာကော လူကြီးမင်း သဘောပေါက်လက်နားလည်ထားဖို့သင့်တယ်။ ကရင်အချင်းချင်း စည်းလုံးညီညွတ်မှူပျက်ပြားပြီး အချင်းချင်း ပြန်လည်သတ်ဖြတ်အညိုးအတေးတွေ ရှိအောင် လုပ်ဆောင်နေတဲ့ လူကြီးမင်းရဲ့လုပ်ရပ်တွေကို ဖြစ်နိုင်ရင် ရပ်တန်းကရပ်ပေးစေချင်ပါတယ်ခင်ဗျား။ ကရင်တွေရဲ့ နိုင်ငံရေး၊စီးပွားရေး၊လူမှူရေးအစရှိတဲ့ ဘက်စုံဖွံ့ဖြိုးတိုး တက်လာအောင် လက်ရှိအစိုးရအသစ်က ဟန်ချက်ညီညီလုပ်ဆောင်နေတာတွေကို လူကြီးမင်းသာမန်အတွေး အခေါ်နဲ့သဘောထားကြီးကြီး လက်ခံနားလည်သဘောပေါက်ဖို့လိုပါတယ်။ မိမိသာ ကရင်လူမျိုးသာဆိုရင် ဒုတိယ နိုင်ငံ၊ တတိယနိုင်ငံ မှာနေပြီး မိမိကရင်လူမျိုးဖွံ့ဖြိုးတိုးတက်ဖို့အတွက် တသက်လုံးလုပ်ဆောင်သွားတော့မှာလား။ မြန်မာနိုင်ငံက ကရင်လူမျိုးတွေအပါအ၀င် တစ်ခြားသောတိုင်းရင်းသားညီအကိုမောင်နှမတွေရဲ့ ဘ၀ကို မငဲ့ညာ တော့ဘူးလား။ မိမိ အမိမြေ မွေးရပ်မြေက ကရင်ညီအကိုမောင်နှမအားလုံးနဲ့လက်တွဲပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တော်သစ်ဆီသို့ အတူတကွလက်ချင်းယှက် လုပ်ဆောင်နိုင်ဖို့ကြိုးစားလိုက်စမ်းပါဗျား။

လေးစားသောအားဖြင့်

hate said...

saw saw မအေလိုးလား နင်ကရင်မှဟုတ်ရဲ့လား ကျူပင်ခုတ်ကျူငုတ်မကျန် ဆိုတဲ့ နင့်ပုထွေးဗမာပြောသွားတာမမှတ်မိဘူးလား နောက်တခါဒီအပြောမျိုးလာမပြောနဲ့ ငါတို့ကခံရတဲ့သူကွ ယခုငါ ရှေ့တန်းမှာနေ နေတာ သေနတ်ကိုင်ပြီးဘုန်းကြီးမ၀တ်ချင်ဘူး နောက်တစ် ခါဒီစကားမျိုးလာပြောရင် ငါနင့်ကို မြေရှိုးမိုးပြံ ရှာပြီးမရဏပြည်ပို့မယ်နားလည်လား ငါစစ်တိုက်နေတာကရင်ပြည်ရရှိဘို့ကွနားလည်လား နင်ဗမာတွေပေးနေတဲ့တိုက်အိမ်တွေလိုချင်နေတယ်မဟုတ်လား အချိန်တန်လို့ တိုက်အိမ်တွေသော့ပိတ် တိုက်ပိတ်ခံနေရတဲ့နေ့ကြရင် ကယ်ပါ ဦးလို့လာအော်မနေနဲ့ အဲ့ဒီအချိန်မှာနင့်ပါးစပ်ကိုငါ့လီးနဲ့လာပိတ်ပေးမယ် နားလည်လား၊။။။။။

Post a Comment