ondragstart="return false" onselectstart="return false"

Wednesday, January 9, 2013

တရုတ်နှင့် ဂျပန်တွေစိတ်ဝင်စားနေတဲ့ သဲများအကြောင်းသိထားသင့်သမျှ

ဒီတလောသတင်းတွေမှတွေ့ နေရတာက ရခိုင်ပြည်နယ်က အနက်ရောက်သဲများကို တရုတ်ပြည်က စိတ်ဝင်စားပြီးလာေ၇ာက်စမ်းသပ်မှုတွေပြုလုပ်နေတယ်ဆိုတာပါဘဲ။ မြန်မာပြည်သူ အများစုကတော့အဲဒီ အနက်ရောင်သဲတွေကဘာလဲ ဘယ်မှာသွားသုံးမှာလဲ၊ ဘာတန်ဘို့ ရှိလည်းဆိုတာ သိကြဦးမည်လို့ မထင်ပါ။



စာရေးသူ ကိုယ်တိုင်လည်း အဲဒီသဲတွေကိုမမြင်ဘူး အကြောင်းလည်းမသိပါ။ အရေးကြီးတယ်သိထားသင့်တယ်ယူဆလို့  ရှာဖွေမိသလောက်ဝေမျှပေးလိုက်ပါတယ်။ တစ် ခုတော့ ကြိုတင်စကားခံပါရစေ စာရေးသူဟာအဲဒီအနက်ရောင်သဲတွေဟာ rare earth နှင့်ဆက်စပ်နေတယ်။ အဲဒီမှာ rare earth ပါဝင်မည်လို့ ယူ ဆပါတယ်။ ဖတ်မိရတဲ့သတင်း အချက်အလက်အတိုင်းအတာကြောင့် အတိအကျ rare earth ဟုတ်မဟုတ်မသေချာပေမည့်လည်း စာဖတ်သူများအနေနှင့် ဗဟုသုတ တစ်ခုရသွားမည်လို့ ယုံကြည်ပါတယ်။

အဆိုပါအနက်ရောင်သဲများက အင်္ဂလိပ်လို တော့ rare earth လို့ ခေါ်ပါတယ်။ တိုက်ရိုက်ပြန်ရင်ရှားပါးတဲ့မြေပေါ့။ ဒါပေမည့်အဲဒီ ဟာ ကရှားလည်းမရှားပါ။ မြေကြီးလည်းမဟုတ်ဘူး rare earth ဆိုတာက ဒြပ်စင်ပေါင်း ၁၇ မျိုးပါဝင်တဲ့ သတ္တုဒြပ် အမျိုးအစားတွေကိုခေါ်ပါတယ်။ အဲဒlါတွေက scandium (Sc-21), yttrium (Y-39),lanthnaum (La-57),cerium(Ce-58),praseodymium(Pr-59),neodymium ( Nd-60) ,promethium (Pm-61),samarium( Sm-62),europium (Eu-63),
gadolinium( Gd-64),terbium (Tb-65),dysprosium(Dy-66),holmium(Ho-67),erbium(Er-68),thulium (Tm-69),ytterbium(Yb-70),and luteium (lu -71)တို့ 
ဖြစ်ပါတယ်။ အဲဒီ သတ္တု တွေကို တစ်ချို့ က the silent heroes of modemtechnolog လို့  တင်စားကြပါတယ်။ rare earth ကမရှားပါးပေမည့်အဲဒီဒြပ်စင်သတ္တုတွေ
က တစ်မျိုးတည်းသီးခြားတွေ့ ရဖို့ မဖြစ်နိုင်ပါဘူး။ တူးဖော်ရတဲ့ ရတဲ့ မြေကြီးသို့ မဟုတ်အနက်ေေ၇ာင်သဲများမှာ အထက်ပါသတ္တုတွေ ရောနောပါဝင်နေမှာဖြစ်ပြီး ပါဝင်နေတဲ့တစ်ခုစီ ၏ အချိုးအစားရာခိုင်နှန်းမတူညီဘဲရှိတတ်ပါသည်။ မရှားပါးပေမဲ့ အဲဒီရောစပ်နေတဲ့ rare earth ထဲမှာ ပါဝင်နေတဲ့ဒြပ်သတ္တု တစ်ခုချင်းကို သန့် စင် ခွဲထုတ်ဘို့ က အန္ဒရာယ်များ ခက်ခဲလွန်းပြီး စီးပွားဖြစ်ပမာဏရဘို့ မလွယ်ကူဘူးလို့ သိရပါတယ်။ ကျနော်တို့ နေ့ စဉ်ထိတွေ့ သုံးစွဲနေတဲ့ အရာများစွာမှာ rare earth သတ္တု အမျိုးမျိုးသေခြာပေါက်ပါဝင်နေပါတယ်။

တီဗွီ၊ ကွန်ပြုတာ၊ ရေနံတူးစက် သေးငယ်တဲ့ အီလက်ထရောနစ်အစိတ်အပိုင်းများ ၊မော်တော်ကား hybrid ကား၊ အလင်းဖန်မျှင်ကြိုး စစ်လက်နက်ကိရိယာများ နုးကလီးယးဓါတ်ပေါင်းဖိုနှင့် အာကာသယဉ်ကိုယ်ထည်တွေမှာ အဲဒီသတ္တု တမျိုးသို့ မဟုတ် တစ်မျိုးထည့်ပြီးအသုံးပြုထားပါတယ်။ ဥပမာပြရရင် neodyumium သတ္တုကိုသေးငယ်တဲ့ အီလက်ထရွန်းနစ်အစိတ်အပိုင်းဖြစ်တဲ့ ကွန်ပြူတာ hard disk..နားကျပ်၊ စပီကာ၊ တာဘိုင်၊ ရေနံ တူး ဖော်တဲ့လွန်ပူနှင့် သံလိုက်ဓာတ်သုံးရတဲ့နေရာတိုင်းလိုလိုမှာ ထည့်သုံးထားပါတယ်။ neodyumium ကိုသေးငယ်ပေါ့ပါးပြီးအလွန်မာကြောတဲ့ ကိရိယာအစိတ်အပိုင်းတွေမှာ အဓိကသုံးရပါတယ်။ erbium သတ်ထုကိုနေကာမျက်မှန်အလှဆင်ပန်းအိုး လေဆာခွဲစိတ်မှုနှင့် သတင်းအချက်အလက်လျှင်မြန်စွာစီးဆင်းစေတဲ့ အလင်းဖန်မျှင်ကြိုးတွေမှာ မရှိမဖြစ်သုံးရပါတယ်။

Europium သတ္တုကို တီဗီဖန်သားပြင် Led မီးလုံးတွေနှင့် နူးကလီးယားဓါတ်ပေါင်းဖိုမှာအသုံးပြုပါတယ်။ Hybrid ကား (ဆီနှင့်ဘက်ထရီနှစ်မျိုးသုံး ) မောင်းနှင်နေတဲ့ကားပိုင်ရှင်တွေကိုယ်တိုင် rare earth ကိုသူတို့ နေ့ စဉ်သုံးနေရတယ်ဆိုတာမသိကြပါဘူး။ Toyota prius Hybrid ကားတိုင်းမှာ Lanthanum
၁၀ ပေါင်ထည့်သုံးထားပါတယ်။ ဟိုင်းဘရစ်ကားမှာပါတဲ့ဘက်ထရီအမျိုးအစားဟာ Nickle -metal hydride က lanthanum သတ်ထုကို သုံးထားတာပါ။ ကမ်ဘာ့အကြီးဆုံး ဖြစ်တဲ့တိုယိုတာကား ရဲ့  ထုတ်လုပ်မှုနှန်းမှာ prius ဟိုင်းဗရစ်ကားဟာ ၈ ရာခိုင်နှုန်းရှိပါတယ်။ အဲဒါနှင့်အခြားဟိုင်းဗရစ်ကားတွေင်္ရယ် တရုတ်ပြည်မှာသုံးနေတဲ့ဘက် ထရီကားငယ်လေးတွေ အားလုံးပေါင်းလိုက်ရင် လိုအပ်မည့် lanthanum ကဈေးကွက်မှာလုံလောက်စွာမရှိပါဘူးလို့ rare earth ကျွမ်းကျင်ပညာရှင် jake lifton ကဆိုပါသည်။

ဒါအပြင်တိုရိုတာကား company က Lanthanum တူးဖော်ထုတ်လုပ်ရေးမှာ ရင်းနှီးမြုပ်နှံသော တစ်ခုတည်းသော company ဖြစ်ကြောင်းလည်းသိရပါတယ်။ အချက်အလက်များအရကမ်ဘာပေါ်မှာတစ်ရုတ်ပြည်က rare earth အများဆုံးပိုင်ဆိုင်ထားပြီး ပြည်တွင်းစက်မှုလုပ်ငန်းများမှာအသုံးပြုဘို လုံလောက်အောင်ဆိုပြီး ၂၀၁၀ ခုနှစ်မှာပြည်ပသို့ တင်ပို့ ရောင်းချမှုကို ကန့် သတ်လိုက်ပါတယ်။ အဲဒီသတင်းကြောင့် rare earth ရဲ့ ဈေးနှန်းဟာ ခုံတတ်သွားခဲ့ပါတယ်။ rare earth ၏ဈေးနှန်းကတော့ ဈေးကွက်မှာရှိတဲ့ ပမာဏနှင့် ၀ယ်လိုအားအပေါ်မူတည်ပြီး ပြောင်းလဲနေတတ်ပါတယ်။ ဒီဇင်ဘာ ၂၀ ရက် ၂၀၁၂ ခုနှစ် HEFA ရဲ့  ဈေးနှန်းအရ ၁ ကီလိုဂရမ်းဈေးကိုဖော်ပြထားပါတယ်။ Scandium metal -အမေရိကန် ဒေါလာ ၁၅၀၀၀ (တစ်ကီလိုဈေး) Terbium metal -2500,Neodymium metal - ၁၁၅$ ,lanthanum ၂၇၅၊cerium metal ၂၅ ဒေါ်လာ၊

မြန်မာပြည်က အဖိုးတန်ကြွယ်ဝတဲ့သယံဇာတတွေကို ပြည်သူတွေမသိရှိရဘဲ ပြည်ပတိုင်းပြည်တွေကပေါချောင်ကောင်းနှင့် တိတ်ဆိတ်စွာသယ်ထုတ်သွားခဲ့တာ တိုင်းပြည်အတွက်ပြည်သူအတွက်အလွန်ကိုနစ်နာပါတယ်။ မိမိတိုင်းပြည်ကငွေကြေးအရ နည်းပညာအရ ကိုယ်
တိုင်းတူးဖော်ထုတ်လုပ်နိုင်ခြင်းမရှိလို့ နိုင်ငံခြားရင်းနှီးမြုပ်နံသူများကို ဖိတ်ခေါ်ရတယ်ဆိုရင်လည်း ပြည်သူတွေရဲ့အကြိုးစီးပွားကိုပထမဦးစားပေး ထည့်သွင်းစဉ်းစားရပါမည်။

သတ္တုတွင်းတူးဖော်ခွင့်ပြုမည့်နေရာတစ်ဝိုက်ရဲ့ သဘောဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှု နေထိုင်ကြတဲ့ပြည်သူထုများရဲ့ကျန်းမာရေး အကျိုးသက်ရောက်မှု ဘေးထွက်စွန့ှ်ုပစ်စည်းများ စီမ့ထိန်းသိန်းမှု စတာတွေကို ဦးစွာစမ်းသပ်လေ့လာရပါမည်။ ထို့  အပြင် တူးဖော်မည့်နေရာဒေသတစ်ဝိုက်မှာ နေထိုင်ကြတဲ့ပြည်သူတွေနှင့် တွေ့ ဆုံဆွေးနွေးပြီး သူတို့  ရဲ့ သဘောထင်မြင်မှုကို ထည့်သွင်းစဉ်းစားရပါမည်။ နောက်ဆုံးမှခွင့်ပြုချက်ပေးသင့်မပေးသင့်ကို ဆုံးဖြတ်ရပါမည်။ ဒါကြောင့်နိုင်ငံခြားမှလာရောက်ရင်းနှီးမြုတ်နှံသူတွေကို ကြေးနီ၊ ရွှေ၊ ရေနံ၊ ဂက်စ် စတဲ့ သတ်ထုတွင်းများမှာ တူးဖော်ခွင့်ပေးထားပေမည့် အချောင်ရော ပါသွားနိုင်တဲ့ (တစ်နည်း)ခိုးထုတ်သွားမည့် အဆိုပါအနက်ရောင်သံခေါ် rare earth အကြောင်းကို မြန်မာပြည်သူတွေဂရုစိုက် သိထားသင့်ကြောင်း ရေးသားလိုက်ပါသည်။ (ကံချွန်)


စာေ၇းဆရာ ကံချွန်၏ ဆောင်းပါးကို တစ်ဆင့်ပြန်လည် ဝေငှခြင်းဖြစ်ပါသည်။.......
ကညောကော်

No comments:

Post a Comment