ondragstart="return false" onselectstart="return false"

Monday, January 14, 2013

ရန်ကုန် ကရင်နှစ်သစ်ကူးပွဲ KNU တက်ရောက်

သူရစိုး
12.01.2013


ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကနေ ဘယ်တော့မှ ခွဲထွက်မှာ မဟုတ်သလို နိုင်ငံတော်က ချမှတ်ထားတဲ့ ဒို့တာဝန် အရေးသုံးပါး ကိုလည်း ပူးပေါင်းပြီး ထိန်းသိမ်း စောင့်ရှောက်သွားမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့နယ်မှာ ပြုလုပ်တဲ့ (၇၅) ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်ကို တက်ရောက်ခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောလိုက်ပါတယ်။ ဒါ့အပြင် ဒီနှစ်မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့အတွက်လည်း ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ဒီအကြောင်းအပြည့်စုံကို နှစ်သစ်ကူးပွဲတော် ကျင်းပတဲ့ အ.ထ.က.(၁) အလုံ ကျောင်းဝင်းထဲကို ကိုယ်တိုင်သတင်း သွားယူခဲ့တဲ့ ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုသူရစိုးရ တင်ပြထားပါတယ်။

နှစ်ပေါင်းများစွာ အတွင်းမှာ ပထမအကြိမ် တက်ရောက်လာတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် က ကရင်အမျိုးသား အစည်းအရုံး အနေနဲ့ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင် တည်ဆောက်သွားမှာ ဖြစ်ပြီး နိုင်ငံရေး ပြဿနာ ကိုလည်း နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းသွားမယ်လို့ ကရင်အမျိုးသား အစည်းအရုံးကိုယ်စား အခုလို ပြောသွားခဲ့ပါတယ်။

“ညီညွတ်ရေး၊ ငြိမ်းချမ်းရေးကို ကျနော်တို့ မျှော်မှန်းပြီးတော့ ဘယ်လိုပဲ အခက်အခဲ၊ ဘယ်လိုပဲ စိန်ခေါ်မှု၊ ဘယ်လိုပဲ စမ်းသပ်မှုတွေ ကြုံတွေ့ရပါစေ၊ ကျနော်တို့ ငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်သွားမယ်။ ကရင်အမျိုးသားတွေရဲ့ အခွင့်အရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းနဲ့ နိုင်ငံရေး စားပွဲပေါ်မှာ တန်းတူရည်တူ ဂုဏ်သိက္ခာရှိရှိတဲ့ ဖြေရှင်းသွားမယ်ဆိုတာကို KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ သဘောထားကိုယ်စား ပြောကြားရင်း နိဂုံးချုပ်ပါတယ်။”

ဒါ့အပြင် ဒီကနေ့ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း သ၀ဏ်လွှာတစောင် ပေးပို့ခဲ့ပါတယ်။ တိုင်းရင်းသားအားလုံးအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေး။ တန်းတူညီမျှရေးအတွက် မိမိတို့ကံကြမ္မာကို မိမိတို့ ပြဌာန်းနိုင်တဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေး အပြောင်းအလဲ များစွာကို ကရင်တိုင်းရင်းသားများကိုယ်တိုင် အားထုတ် ဖန်တီး ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့သ၀ဏ်လွှာကို ကရင်တိုင်းရင်းသူ တဦးက အခုလို ဖတ်ပြသွားခဲ့ပါတယ်။

“အခုလို ကရင်အမျိုးသားများရဲ့ နှစ်သစ်ကူး အခါသမယမှာ ကရင်အမျိုးသားများ အပါအ၀င် တိုင်းရင်းသားလူမျိုးများ အားလုံးအတွက် စစ်မှန်ပြီး ငြိမ်းချမ်းတဲ့၊ အားလုံး တန်းတူပြီး မိမိတို့အရေး မိမိတို့ ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ပြဌာန်းနိုင်တဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အပြောင်းအလဲ များစွာကို ကရင်အမျိုးသားများ ကိုယ်တိုင် အားထုတ်ပါဝင် ဖန်တီး နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ (ဒေါ်အောင်ဆန်းစုကြည်)”

ကရင်နှစ်သစ်ကူးပွဲတော်ကို တက်ရောက်လာကြတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေနဲ့ ခရစ်ယာန် သင်းအုပ်ဆရာတွေ အပါအ၀င် တက်ရောက်လာတဲ့ ခေါင်းဆောင်တွေက မြန်မာပြည် ငြိမ်းချမ်းရေး အတွက် ဖယောင်းတိုင် မီးထွန်းပြီး ဆုတောင်းခဲ့ကြပါသေးတယ်။

ကရင်ပြည်နယ်ကို ရောက်ရှိနေတဲ့ အမေရိကန် သံအမတ်ကြီးဟာလည်း ကရင်နှစ်သစ်ကူး ကျင်းပတဲ့ ကျေးရွာတချို့ကို သွားရောက်ခဲ့သလို ကရင်ပြည်နယ် ဖားအံ မြို့မှာလည်း နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ NLD ပါတီ ကရင်ပြည်နယ် တာဝန်ခံ ဒေါ်နန်းခင်ထွေးမြင့် က ပြောပါတယ်။

1 comment:

hotladylay@gmail.com said...

သိပ်မှန်တာပေါ့ မန်းငြိမ်းမောင်ရေ အခုအချိန်ဆိုတာ ချစ်စခင်စကျင်နာကာစ အသစ်စက်စက်လင်မယားလို ၂ဖက်လုံး လျှာဖြားမှာသကာလူးကြရမဲ့အချိန်လေ။ နောက်ပြီး ကချင်ဟာ ပြည်ထောင်စုကနေခွဲထွက်ဖို့ကြိုးစား၊မဆိုင်တဲ့နေရာတွေ ကိုပြစ်မှတ်ထားဖြက်ဆီး စစ်ကိုလိုလားတိုက်နေလို့ ဗမာစစ်တပ်က တိုင်းပြည်ကိုကာကွယ်ဖို့ Defense လုပ်ရနေရတာပါတိုတဲ့စကားလုံးလှလှတွေသုံးပြီး လေကြောင်း လက်နှက်ကြီးတပ်တွေနဲ့ အပြတ်ချေမှုံးနေလို့ မနေ့က လိုင်ဇာမှာအပြစ်မဲ့တဲ့ပြည်သူတွေ သေကြဆေးရုံရောက်ကြနဲ့လေ။ကျွဲ ၂ကောင်ခတ်တဲ့ကြားကမြေဇာပင်လို ကချင်ရော ကရင်ရော ကျန်တဲ့တိုင်းရင်းသားတွေပါခေါင်းစင်တပ်တာက "တော်လှန်ရေး။အမျိုးသားရေး၊ကိုပိုင်လွတ်လပ်ရေး" စတဲ့ နားဝင်ချိုတဲ့ စကားလုံးတွေပဲ ဒါပေမဲ့ တော်လှန်ရေး အောင်လဲ ပြည်သူကလူမွှဲနင်းပြားပဲ ငြိမ်းချမ်းရေးရလဲ ပြည်သူဆင်းရဲမြဲ အမျိုးချစ်လို့ထောက်ပန့်ပေးရတာလဲ ပြည်သူပဲ လက်နှက်ကိုင် ၂ဖွဲ့ (ဗမာစစ်တပ်နဲ့ တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့) ကျွဲခတ်သလိုခတ်ကြလို့ သေကြေကြတာလဲပြည်သူပဲ။ ၂ဖက် စစ်သားတွေ အသက်တွေသေကြရတာလဲ တကယ်တော့ပြည်သူတွေပဲဟုပ်လား တိုင်းတပါးသား တွေမှမပါတာ။
နှလုံးသားထဲကမပါတဲ့ငြိမ်းချမ်းရေးအတုအယောင်တွေကိုပေးပြီးစကားလုံးလှလှတွေနဲ့ မလှဲ့စားပါနဲ့ ကိုလဲကရင် သူလဲကရင် (ကရင်တွေဟာ"ဟင်"ဆိုယင်လှဲ့မကြည့်တော့ဖူးဆိုတဲ့စိတ်ကို ကရင်အစစ်အချင်းချင်းပဲ တန်ဖိုးထားတတ်တာ)ကရင်မစစ်တဲ့သူတွေတန်ဖိုးမထားတတ်ဖူး (သင်တန်ဖိုးမထားလျှာင် ငတို့လဲ တန်ဖိုးမထားဖူးနော် "သင့်ကို"အ ပြောထက် အလုပ်သက်သေပြကြပါ ကချင်ပြည်သူတွေလို ထွက်ပြေးရအောင်လာမလုပ်နဲ့နော် (အဝေမတဲ့လို့ဖြစ်တဲ့စစ်ပွဲ တရားသောစစ်တဲ့လား) မရှက်ကြဖူးလား အကောင်းစားလက်နှက်တွေကိုင်ထားကြတဲ့သူတွေ။အခုဟာကခွဲထွက်ဖို့တိုက်ပွဲဝင်နေကြတာမဟုပ်ဖူးနော် "ကရင်တကျပ် ဗမာတကျပ်" "မတူတာခြင်းငြိမ်းချမ်းစွာအတူတကွလက်တွဲနေထိုင်ရေး"နော် ကရင်တွေပေါ် သယံဇာတအရင်းအမြင်တွေပေါ် လယ်သူစား။တိုက်စား၊ပေါင်းစား ဒေသခံတွေ အိုးမဲ့အိမ်မဲ့လယ်ယာမဲ့ "နင်တို့ပေါင်းလဲ လူတွေနာ မပေါင်းလဲ လူတွေနာ ဆိုယင်တော့ ဖက်ဆစ် ဂျပန်ကို တော်လှန်သလို မိန်မ ယောင်္ကျား ခေလေး ခွေးပါမကျန် ဓါဒရယင်ဓါး၊ဒုတ်ရယင်ဒုတ်၊ခဲရယင်ခဲ ငတို့ တိုက်ပွဲဝင်ရမှာပဲ (ဗမာစစ်တပ်ရော ကရင်စစ်တပ်ပါပြောချင်တယက) လက်နှက်ဆိုတာ သေနပ်မှလက်နှက်ခေါ်တာမဟုပ်ဖူး လူတွေရဲ့ ရင်ထဲက မခံနိုင်တဲ့ စိတ်ဟာ လက်နှက်ပဲ (အခုဟာက လက်နှက်ကိုင်အဖွဲ့အခြင်းခြင်းပြီးယင် ပြီးပြီလို့သဘောထားပြီး ပြည်သူတွေ လိုလားတဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးမရလို့ကတော့ ကရင်အချင်းချင်း၊ရှမ်းအချင်းချင်း သတ်သင့်ရင်လဲသတ်ရမှာပဲ ဘာလို့လဲဆိုတော့ သစ္စာဖေါက်သွားပြီဖြစ်တဲ့ အတွက်ကြောင့်ပဲ

Post a Comment