ondragstart="return false" onselectstart="return false"

Sunday, April 21, 2013

ကရင်ပြည်နယ်အဆောက်အဦးကို ကြံ့ဖွတ်ပါတီ သိမ်း

ကရင်ပြည်နယ်ရုံးကို ကြံ့ဖွတ်ပါတီက သိမ်းလိုက်ပါတယ်။ ဒီရုံးက မော်လမြိုင်မြို့ ပန်းပဲတန်းရပ်ကွက်မှာ မှာရှိတယ်။ ကရင်ဂေဟာလို့ လူသိများတယ်။ အဆောက်ဦးက နှစ်ထပ်တိုက်။ ပေ၁၀၀ ပတ်လည်ခန့် ရှိတယ်။ ၁၉ ၅၃ ခုနစ် ဦးနုအစိုးရလက်ထက်က ကရင်ပြည်နယ် ကို ပေးတဲ့ အဆောက်ဦးဖြစ်ပါတယ်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဘမောင်ချိန်ကလက်ခံယူခဲ့တယ်လို့ ဆိုတယ်။ ကရင်ပြည်နယ်ရုံးအဖြစ်ခေတ်အဆက်ဆက်သုံးချလာခဲ့ကြတယ်။

မော်လမြိုင်ကြံ့ဖွတ်ပါတီက ဒီရုံးကို သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ် ။ ဒီအတွက်ကရင်လူထုက သိပ်ကိုစိတ်ဆိုးနေကြတယ်။ သူတို့ ရုံးရှိပြီးသားကို ငါဒို့ ရုံးကို သက်သက်သိမ်းတာလို့  ကရင်ဆရာမကြီးတဦးက ပြောပါတယ်။ မော်လမြိုင်မှာကြံ့ဖွတ်ရုံး နစ်ရုံးနေပါ တယ်။

နိင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်း ဥပဒေ၊ အခန်း ၃၊ ပုဒ်မ ၁၂၊ ၅ (က) အရ နိုင်ငံရေးပါတီများအနေဖြင့်
နိုင်ငံပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက် အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော
နည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်းအား ပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့်မရှိကြောင်း လို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ကြံ့ဖွတ်ပါတီဟာ အခြေခံဥပဒေကို
ချိုးဖေါက်နေပါတယ်။ မြန်မာ တပြည်လုံးမှာရှိတဲ့အစိုးရအဆောက်ဦးတွေကိုထင်သလိုလိုက်လံသိမ်းဆည်းနေပါတယ်။
မကြာသေးခင်ကပဲတောင်ဥက္ကလာမှာ နိင်ငံပိုင်အဆောက်ဦးတခုကို ကြံ့ဖွတ်ပါတီက မတရားသိမ်းပိုက်ခဲ့ပါတယ်။
http://komoethee.blogspot.com.au/2013/04/blog-post_5598.html

Type the rest of your post here.

No comments:

Post a Comment