ondragstart="return false" onselectstart="return false"

Wednesday, April 24, 2013

KIA တပ်ရင်း (၁၇) အား ပြင်းထန်စွာ အစိုးရ စစ်ဆင်နေ

Written by အဲာပိုန်


ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အရှေ့ဘက်တွင် ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရတပ်ဖွဲ့ တို့ ပြင်းထန်စွာ တိုက်ပွဲ ဖြစ်လျက်ရှိကြောင်း KIA နိုင်ငံခြား ဆက်ဆံရေး ဒုတာဝန်ခံ ဂျိန်လွန်းတောင် က ပြောပါသည်။

“ဗမာ အစိုးရက ကတိတည်တဲ့ လူစားမျိုးမှ မဟုတ်တာ။ တွေ့ဆုံဆွေးနွေးရေး တွေ အကြိမ်ကြိမ် လုပ်တယ်။ ဂတိတွေလဲ အကြိမ်ကြိမ် ပေးထားတတယ်။ ဒါပေမဲ့ ကျနော်တို့ကို ဟို အကြောင်းပြ ဒီအကြောင်းပြပြီး တပ်ဆုတ်ပေးလို့ ပြောတယ်။ မဆုတ်ဘူးဆိုရင် တိုက်တယ်လေး။ အခုလဲ အဲဒီ တပ်မဟာ ၄ ဘက်မှာ နေ့တိုင်း တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ပြော လို့ရ တယ်။” ဟု ဆိုပါသည်။

အစိုးရတပ်ဖွဲ့များသည် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အရှေ့ဘက်ရှိ KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၁၇) နယ်မြေ အတွင်း၌ ဧပြီလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိ (၃) ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း KIA ဗဟို စစ်ရုံးချုပ်မှ သတင်းထုတ်ပြန် ထားပါသည်။

http://www.kachinnet.net/news/628-kia-masat-17-dap-dung-manau-bum-kaw-laja-lana-gasat-poi-byin

ယင်းတိုက်ပွဲတွင် အစိုးရတပ်ဖွဲ့မှ ခလရ ၁၂၇၊ ခမရ ၃၂၂၊ ခမရ ၃၁၂၊ ခလရ ၁၂၉ ၊ ခလရ ၁၄၅ တပ်ဖွဲ့များ စုပေါင်းပြီး လာရောက် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဆိုပါသည်။

ဤကဲ့သို့ တိုက်ပွဲပြင်းထန်နေချိန်တွင် အစိုးရစစ်ကူများသည် စစ်ကား အစီး (၂၀) ခန့်ဖြင့် KIA တပ်ရင်း (၁၇) ဘက်သို့ ယမာန်နေ့တွင် ထပ်မံစစ်ကူသွားခဲ့ကြောင်း ကွတ်ခိုင်မြို့နယ်ရှိ နယ်မြေခံ မျက်မြင်တစ်ဦးက ဆိုပါသည်။

KIA နှင့် အစိုးရ တို့သည် တရုတ်နိုင်ငံတွင် ကျင်းပသော စစ်ပြေငြိမ်းရေး ဆွေးနွေးပွဲ အပါဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ (၁၄) ကြိမ်ခန့် တွေ့ဆုံ ဆွေးနွေး ခဲ့သော် လည်း ပြေလည်မှုများ မရှိသည့်အပြင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိနေ ဆဲ ဖြစ်ပါသည်။

KIA သည် တိုင်းရင်းသားများ အခွင့်အရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက် ရမှသာ အပစ်အ ခတ်ရပ်စဲ လိုပါသည်။ အစိုးရဖက်ကမူ အပစ်အခတ်ရပ်စဲရေးကို အရင်ရယူပြီးမှ နိုင်ငံရေးအရ ဆွေးနွေးသွားရန် လိုလားနေ ပါသည်။

သို့သော် အစိုးရသည် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကတည်းက KIA နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ခဲ့ပါသည်။ ဤကဲ့သို့ လက်မှတ် ရေးထိုး ထားသော်လည်း တိုင်းရင်းသားများ မျှော်လင့်နေသော နိုင်ငံရေးဆွေးနွေးပွဲ မဖြစ်လာဘဲ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ၌နယ်ခြားစောင့်တပ် အသွင်ကို ပြောင်းလဲပေးရန် ဖိအားပေးခြင်း ခံခဲ့ရပါသည်။

အစိုးရတပ်ဖွဲ့များသည် KIA နှင့် အပစ်အခတ်ရပ်စဲရေး တစ်လခန့် အကြာတွင် ကချင် ပြည်နယ် အတွင်းသို့ စစ်အင်အား အလုံရင်းဖြင့် ဝင်ရောက်လာခဲ့သည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရန် KIA မှ ဆုတ်ခွာ ပေးခဲ့သော တပ်စ ခန်းနေရာများသို့ အစိုးရ တပ်ဖွဲ့များက ဝင်ရောက် နေရာယူခဲ့ကြောင်း ဂျိန်လွန်းတောင်က ဆိုပါသည်။

“အဲဒီတုန်းက ဂတိတွေ အများကြီး ပေးထားပြီးတော့ တစ်လဘဲကြာတယ်။ သူတို့ဘက်က သူတို့ထားရှိတဲ့ ဂတိတွေ ကို ဖျက်လိုက်တယ်။ ကျနော်တို့ တပ်စခန်းတွေကို လိုက်သိမ်းတယ်။ နောက်ဆုံး ကျနော်တို့ သည်းမခံနိုင်တော့ဘဲ့ ၂၀၁၁ ခုနှစ် ဇွန်လမှာ ပြန်တိုက်ခဲ့ကြတယ်။” ဟု ဆိုပါသည်။

ယနေ့ဖြစ်ပွားနေသည့် တိုက်ပွဲများသည်လည်း အစိုးရဘက်က ဂတိမတည်သော တိုက်ပွဲများပင် ဖြစ်သည်။ လက်ရှိ မြန်မာ့ ငြိမ်းချမ်းရေးသည် အစိုးရ ဂတိတည်မှု အပေါ် များစွာ မူတည်ကြောင်း ဂျိန်လွန်းတောင် က သုံးသပ် ပြောဆို သွားပါသည်။

အစိုးရသည် အပစ်အခတ်ရပ်စဲထားသော အင်အားကြီးသည့် တိုင်းရင်းသားအဖွဲ့များကို ၄င်းတို့ ပေးထားသော ဂတိများကို ဗြောင်ချိုးဖေါက်ပြီး တိုက်ခိုက်နေပါသည်။ အထူးသဖြင့် သွေးခွဲအုပ်ချုပ်ရေး နည်းဗျူဟာအရ KIA ၊ SSPP နှင့် RCSS တို့အား တိုက်ခိုက်နေပြီး KNU ၊ KNPP နှင့် NMSP တို့အား အဆင်ပြေဆုံးနည်းဖြင့် ဆက်ဆံထားသည်ကို တွေ့နေရပါ သည်။
http://www.phophtawnews.org/burmese/index.php/news/internal-news/item/252-kia.html

No comments:

Post a Comment