ondragstart="return false" onselectstart="return false"

Saturday, April 6, 2013

ကေအန်ယူ ဒု-ဥက္ကဋ္ဌ စီးနင်းလာသည့်ကား တိမ်းမှောက်

Published on April 5, 2013 by ဒီဗွီဘီ

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန် စီးနင်းလာတဲ့ကား ဟာ ဒီနေ့ မွန်းလွဲ ၃ နာရီလောက်မှာ ထိုင်း-မြန်မာနယ်စပ် ထာ့ဆောင်ယန်းမြို့နယ် မယ်ရမတ်နဲ့ မယ်လ ဒုက္ခသည်စခန်းကြားမှာ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

ကရင်အမျိုးသမီးအစည်းအရုံး အတွင်းရေးမှူး ၂ ဖြစ်သူ နော်စီးယိုဖောက “မယ်လစခန်းနဲ့ မယ်ရမတ်ကြားမှာ တိမ်းမှောက်သွားတာ ဖြစ်တယ်။ ကားပေါ်မှာ ဒရိုင်ဘာ အပါအ၀င် ၆ ယောက်ပါတယ်။ ကားက ချောက်ထဲကျသွားတော့ ၆ ယောက်စလုံး ဒဏ်ရာရတယ်။ ၂ ယောက်က ဒဏ်ရာအပြင်းအထန်ရတယ်။ ဆရာမ စီဖိုးရာ အခြေအနေကိုတော့ မသိသေးဘူး” လို့ ပြောပါတယ်။

ကေအန်ယူ ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်နဲ့ အဖွဲ့ဟာ ကရင်ပြည်နယ် ကေအန်ယူ တပ်မဟာ ၇ ထိန်းချုပ်နယ်မြေတနေရာမှာ ဒီနေ့ ကျင်းပပြုလုပ်တဲ့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) နေ့ အခမ်းအနားကို တက်ရောက်ပြီး အပြန်မှာ အခုလို ကားတိမ်းမှောက်ခဲ့တာပါ။

ကေအန်ယူ ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်အပါအ၀င် ဒဏ်ရာရရှိသူတွေကို မဲဆောက်မြို့ ဆေးရုံကြီး ပို့ဆောင်ထားတယ်လို့ နော်စီးယိုဖောက ပြောပါတယ်။

No comments:

Post a Comment