ondragstart="return false" onselectstart="return false"

Sunday, April 14, 2013

ပြင်းထန် လာနေသော အစိုးရနှင့် KIA တိုက်ပွဲများ

Written by အဲာပိုန်

ကချင် ပြည်နယ် ဗန်းမော် ခရိုင် မန်စီ မြို့နယ်အတွင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁) တပ်ဖွဲ့အား အစိုးရ တပ်ဖွဲ့တို့က ယမာန်နေ့က လာရောက် တိုက်ခိုက် လိုက်သဖြင့် မန်ဂျယ်ကျေးရွာ နှင့် နာဇ ရက်ကျေးရွာ ကြား ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားခဲ့ သည်ဟု KIA ရာရှိတစ်ဦးက ပြောပါသည်။

“တိုက်ပွဲက နံနက် ၁၀ နာရီ ကနေ ညနေ (၂) နာရီ အထိ ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်။ ကျနော်တို့ KIA တပ်ရင်း (၁) စခန်းချ ထားတဲ့ Hatamawk post နေရာကို သူတို့ စစ်ကြောင်းနဲ့ တက်လာတော့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ ရတယ်။ တိုက်ပွဲရဲ့ ထိခိုက်မှု အခြေအနေတွေကတော့ လောလောဆယ် မသိရသေးဘူး” ဟုဆိုပါသည်။

ကချင်ပြည်နယ် ဗန်မော်ခရိုင် မံစီမြို့နယ် အတွင်းရှိ KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁) Hatamawk post တပ်စခန်းကို အစိုးရ ခလရ ၆၉ နှင့် ခမရ ၂၄၀ စစ်ကြောင်း တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဤတိုက်ပွဲတွင် အစိုးရတပ်ဖွဲ့ ဘက်က ၁၂၀ မမ လက်နက်ကြီးဖြင့် (၄) ကြိမ်ပစ်ခတ်ပြီး ၆၀ မမ ဖြင့် ၉ ကြိမ် ပစ်ခတ်ပြီး တိုက်ခိုက်ခဲ့ပါသည်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့က KIA နှင့် အစိုးရကိုယ်စား တရုတ်နိုင်ငံ ရွှေလီမြို့တွင် စစ်ပြေငြိမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ် ပြီးနောက် ယင်းဒေသတွင် ပထမအကြိမ် ဖြစ်ပွားသည့် တိုက်ပွဲ ဖြစ်ကြောင်း ဆိုပါသည်။

အစိုးရတပ် ဖွဲ့များသည် kIA တပ်ဖွဲ့များရှိရာကို မကြာခဏ လာရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုပါသည်။ ပြီးခဲ့သည့် ဧပြီလ (၈) ရက်နေ့ တွင်လည်း ရှမ်းပြည်မြောက်ပိုင်း ကွပ်ခိုင်မြို့နယ် ရှိ KIA တပ်မဟာ (၄) ဧရိယာတွင် တနေ့ထဲ၌ တိုက်ပွဲသုံး နေ ရာ ဖြစ်ခဲ့ပါသည်။ KIA တပ်ဖွဲ့နှင့်အတူ ပြည်ထောင်စုတပ်မတော် တခုဖြစ်သော တအာင်းလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့်လည်း ချိန်ကိုက်တိုက်ပွဲများဖြင့် ပူးပေါင်းတိုက်ခိုက် ခဲ့ပါသည်။

ထို့အပြင် KIA တပ်မဟာ(၂) ဧရိယာနှင့် အခြားတပ်ရင်းများတွင်လည်း ကြိုကြားတိုက်ပွဲများ ဖြစ်ပွားနေခဲ့ပါသည်။ ဤသည် အစိုးရ၏ ပိုင်းခြားစစ်ဆင်သည့် စစ်ဆင်ရေး နည်းဗျူဟာဖြစ်ကြောင်း၊ တနည်းအားဖြင့် KIA နယ်မြေ တခုလုံးအား အပိုင်း ပိုင်းပြီး တပိုင်းပြီးတပိုင်း စစ်ဆင်သွားခြင်းကို ဆိုလိုသည်ဟု KIA နိုင်ငံခြား ဆက်ဆံရေး ဒုတာဝန်ခံ ဂျိန်း လွန်းတောင်က ပြောပါသည်။

“အစိုးရစစ်ဗျူဟာက ဒီလိုပါ။ အစက ကျနော်တို့ လိုင်ဇာဗဟို ဌာနချုပ်ကို တိုက်ခိုက်ခဲ့တဲ့ အချိန်မှာ တခြားKIA တပ်မ ဟာ ဒေသဘက်ကိုတော့ သူတို့က စစ်အင်အားတွေ လက်နက်ပစ္စည်းတွေ ရိက္ခာတွေ ပို့ဆောင်ပြီး စစ်ဆင်ရေးအတွက် ပြင် ဆင် နေခဲ့တယ်။ လိုင်ဇာတိုက်ခိုက်မှုလည်းပြီးရော သူတို့က တခြား တပ်မဟာတွေကို ဆက်ပြီးစစ်ဆင်တော့တယ်။ ဒီအချိန် မှာ စစ်ဆင်ရေးကိုရပ်ထားတဲ့ လိုင်ဇာစစ်မျက်နှာကိုလည်း နောက်ထိုးစစ်ဆင်အတွက် ပြင်ဆင်အင်းအားဖြည့်ပြန်တယ်။ သူတို့ က KIA ကိုအဲဒီလိုနည်းဗျူဟာနဲ့ KIA အားနည်းအောင် တိုက်နေတယ်ဆိုတာ ထင်ရှားတယ်လေ” ဟု ဆိုပါသည်။

ဤအခြေအနေများကြောင့် အစိုးရတပ်ဖွဲ့များသည် လိုင်ဇာဗဟိုဌာနချုပ်တ၀ိုက်ကို မကြာခင် စစ်ဆင်နိုင်ဖွယ်ရာရှိနေ ကြောင်း KIA ဖက်မှ သုံးသပ်နေပါသည်။

ဤကဲ့သို့ အစိုးရဖက်မှ အစီစဉ်အပါဝင် တိုက်ပွဲများ ဆက်လက်တိုက်ခိုက်နေခဲ့သော်လည်း နိုင်ငံရေးမျှော်မှန်းချက်တခု အတွက် အစိုးရ ကိုယ်စားလှယ် များနှင့် တွေ့ဆုံ ဆွေးနွေးရေး အစီစဉ်ကို ဆက်လုပ်ဆောင် သွားမည်ဟု KIA ဖက်က ဆိုပါ သည်။

“ကျနော်တို့ရဲ့ တွေ့ဆုံမှုဟာ အစိုးရဘက်က ပြောတာတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုလို့ ပြောတာပေါ့နော်။ ကျနော်တို့ ဘက် ကတော့ အဲဒီလို မပြောနိုင်ဘူး ခင်ဗျ။ နိုင်ငံရေး ဆွေးနွေးမှု လမ်းကြောင်း ဖြစ်ပေါ်လာဖို့ အတွက် လမ်းကြောင်း ရှာတဲ့ အနေနဲ့ တွေ့ဆုံတဲ့သဘောလို့ ခံယူထားပါတယ်။” ဟု ဦးလနန်းက ပြောသည်။

ဆွေးနွေးမှုများမှတဆင့် နှစ်ဦး နှစ်ဖက် ယုံကြည်မှုများ တည်ဆောက်နိုင်သည့် အတိုင်းအတာ တစ်ခု ရောက်ရှိ လာသော အခါ ဆွေးနွေး မှုနေရာ ရွေးချယ်ရေး ပြဿနာ သည်လည်း ပြေလည် သွားလိမ့်မည် ဖြစ်ပါသည်။
http://www.phophtawnews.org/burmese/index.php/news/internal-news/item/243-kia.html

No comments:

Post a Comment