ondragstart="return false" onselectstart="return false"

Thursday, April 11, 2013

အစိုးရ အဖွဲ့နဲ့ လွှတ်တော် ထိပ်ပိုင်း ခေါင်းဆောင်တို့ရဲ့ နိုင်ငံရေး အခင်းအကျင်း လှုပ်ရှားမှုများ - အပိုင်း (၂)


သိန်းစိန်၊ ဌေးဦး၊ မူတူး

လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ အစိုးရတို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ process လုပ်ငန်းစဉ်အား ဆက်လက်သုံးသပ်ရာမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေး ဆွေးနွေးပွဲမှ စစ်ဖက်နီးစပ်သူများရဲ့ ကြားသိရတာများကို တင်ပြလာပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ အဓိကတောင်းဆိုတဲ့ အချက်ဖြစ်တဲ့ ဖက်ဒရယ် တောင်းဆိုမှုအပေါ် လိုက်လျောပေးရမယ့် အခြေအနေ ကြုံတွေ့နေရ ပါတယ်။ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှ ဖက်ဒရယ်အား လိုက်လျောရ မည် ဆိုပါက တိုင်းရင်းသားအဖွဲ့တွေရဲ့ ကိုယ်ပိုင်စစ်တပ်ကိုတော့ ဆက်လက်ရပ်တည်ခွင့် မပြုနိုင်ဟု ဆွေးနွေးကြဟန် တူပါတယ်။ ဘာလို့လဲဆိုတော့ သူတို့နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကဖြစ်တဲ့ ကြံ့ဖွံ့ပါတီ ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဋ္ဌေးဦးက ဖက်ဒရယ် ပြဿနာမရှိပေမဲ့ ကိုယ်ပိုင်စစ်တပ်ကို ခွင့်မပြုနိုင်ဟု မီဒီယာတစ်ခုနှင့် တွေဆုံခဲ့စဉ်က ပြောကြားသွားပါတယ်။

နော်ဝေးနိုင်ငံကို အလည်အပတ်ရောက်ခဲ့တုံးက သမ္မတဦးသိန်းစိန် မိန့်ခွန်းအရ တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်အခွင့်အရေး၊ ခံစားခွင့် စတာတွေကို တောင်းဆိုလိုပါက လွှတ်တော်မှာ ဆက်လက် ဆွေးနွေး ရမယ်လို့ ဆိုပြန်တယ်။ ဒါကြောင့်လွှတ်တော်မှာ မဲအများစုရထားတဲ့ ကြံ့ဖွံ့ ပါတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်များ အကြိတ်အနယ်ဆွေးနွေးရမယ့် အနေအထားမျိုးရှိပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်က ဖင်လန်နိုင်ငံရောက်ပြန်တော့ စကားတမျိုး ပြောလာပြန်တယ်။ လွှတ်တော်အတွင်းမှာတောင် မဟုတ်တော့ဘဲ အစိုးရအဖွဲ့နဲ့ လွှတ်တော်က ကိုယ်စားလှယ်များ၊ လူထုလူတန်းစားနဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်မှ ကိုယ်စားလှယ်များ စုပေါင်းပါဝင်တဲ့ အဖွဲ့နဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေ ထပ်ပြီး ဆွေးနွေးရမယ်လို့ ဆိုပြန်တာကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ အလှမ်းဝေးဦးမှာ ဖြစ်နေတယ်လို့ စစ်ဖက်နီးစပ်သူများက သုံးသပ်ပါတယ်။

ဒါကြောင့် အစိုးရအဖွဲ့နဲ့ လွှတ်တော်ထိပ်ပိုင်း ခေါင်းဆောင်တို့ရဲ့ ငြိမ်းချမ်းရေး မဟာဗျူဟာမူဝါဒ ချမှတ်နိုင်ရေးအတွက် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကို ဖက်ဒရယ်နဲ့ ကိုယ်ပိုင်စစ်တပ် အလဲအလှယ် လုပ်သင့်/မလုပ်သင့် ထည့်သွင်းစဉ်းစားသုံးသပ် နိုင်ပါတယ်။ ဖယ်ဒရယ်ပေးမည် ဆိုလျှင်လည်း လက်ရှိရေးဆွဲထားသည့် အခြေခံဥပဒေကို တော်တော်များများ ပြန်လည် ပြင်ဆင် ပေးရမှာ ဖြစ်ပါတယ်။ (ကာ/လုံ) အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးနိုင်တာကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ယုံကြည်မှု မရသရွေ့ လက်နက်မစွန့်နိုင်ဘဲ သူတို့အား ပြည်နယ်စောင့် ရဲတပ်ဖွဲ့အဖြစ် အသွင်ကူးပြောင်းရေး ဆွေးနွေးညှိနှိုင်းဖို့ ရှိပါတယ်။ ဒါပေမဲ့ BGF အသွင်ကူးပြောင်းဖို့ကိုတော့ တိုင်းရင်းသား လက်နက်ကိုင်များက လက်မခံနိုင်ကြောင်း သူတို့ သိထားပါတယ်။

ဒါပေမဲ့ ရဲအဖွဲ့မှာဆိုရင် ဖွဲ့စည်းပုံနဲ့ လုပ်ထုံးလုပ်နည်းအရ လက်နက်ကြီးများကို ထားခွင့်ပြုမှာ မဟုတ်ပြန်တာကြောင့် ဆွေးနွေးသဘောတူညီချက် ရရှိဖို့က အဖုအထစ် အခက်အခဲများစွာ ရှိနေပြီး အချိန်ကြာကြာ ဆွေးနွေးကြဦးမှာ ဖြစ်ပါကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ် တင်ပြသွားပါတယ်။
http://photayokeking.org/breaking-news/1137-political-status-between-top-leaders-of-the-government-and-parliment-2

No comments:

Post a Comment