ondragstart="return false" onselectstart="return false"

Thursday, February 27, 2014

တိုင်းရင်းသား မျိုးမပျောက်ရေး သန်းကောင်စာရင်း ကိစ္စ ညီနောင်လူမျိုးစုများသို့  တင်ပြချက်..

“မြေမြို၍ လူမျိုးမပျောက်၊ လူမြို၍သာ လူမျိုးပျောက်သည်” ဆိုတဲ့အတိုင်း
လ၀ကအမှုထမ်းတွေက ခေတ်အဆက်ဆက် လူမြိုလုပ်ငန်းကိုဝတ္တရားအဖြစ်မပျက်မကွက်လုပ်ဆောင်


ဆောင်းပါး - Agga

ဒီမိုကရေစီအစိုးရလို့ ပြောလာကြတဲ့ လွန်ခဲ့တဲ့၃နှစ်လောက်ကစပြီး လူမျိုးစုတွေရဲ့ နာမယ်ရှေ့ မှာ လူမျိုးခြား တွေရဲ့ သင်္ကေတရှေ့ စီးတွေမထည့်ဖို့ အထူးသဖြင့် ဦး ဒေါ်တွေအစား ကရင်ဖြစ်ရင် စော မန်း နော် နန်းစတာတွေကိုအမှန်အတိုင်းထည့်ပေးဖို့  အီးမေးလ် နဲ့ မီဒီယာ တချို့ မှာ ကျနော်ဝေစာတွေမျှပေးခဲ့ပါတယ်။ ဥပဒေအောက်က ကရင် နိုင်ငံရေးပါတီအတွေ အပြင် မွန်၊ သျှမ်း၊ ချင်း၊ ကချင်၊ ကရင်နီ၊ ရခိုင်၊ အဲန်အဲလ်ဒီ၊ အောင်ဆန်းစုကြည်၊ ဒီဖီအဲန်အက်စ်၊ အေဘီအက်စ်ဒီအက်စ်၊ ကြံ့ ဖွံ့ ၊ သမ္မတ စတဲ့ ရသမျှ ဆိုရှယ်မီဒီယာလိပ်စာတွေကနေပြီးတော့ လဲ ကွန်မန့် တွေအဖြစ်ညတိုင်းနီးပါးဖြန့် ပေးခဲ့ပါတယ်။
မကြာခင်မှာ ဒီကိစ္စအတွက် ကရင် ၄ပါတီကနေပူးပေါင်းဆောင်ရွက်မှုတွေကိုတွေ့ လာရတယ်။ နောက်မကြာခင်မှာဘဲ ချင်း အဖွဲ့ အစည်းတွေဒီကိစ္စကို ပြောလာကြတယ်။ သျှမ်းနီတွေနဲ့ မွန်တွေဘက်မှာလဲ ဒီအရေးဟာအသက်ဝင်အားကောင်းလာတယ်။ နောက်ဆုံးတော့ လွှတ်တော်မှာပြောကြဆိုကြတဲ့အဆင့်ကိုရောက်တယ်။

ဒီလိုဖြစ်လာတာကို လိုလားမှာမဟုတ်တဲ့ စစ်တပ်လက်ဝေခံဦးသိန်းစိန်အစိုးရဘက်ကဘာတွေတုံ့ ပြန်မယ်ဆိုတာကို ကြိုတင်ခန့် မှန်းကြည့်ရာမှာ သူတို့ ခုလက်ရှိလုပ်နေသလို တိုင်းရင်းသားနာမယ်သင်္ကေတအစိတ်စိတ်အမွှာမွှာခွဲပစ်မယ် ဆိုတာကိုတွက်မိခဲ့ပါတယ်။ ဒီနည်းက တိုင်းရင်းသား ၇ပြည်နယ်ကို ၁၃၅မျိုးခွဲခြားလိုက်တဲ့ နည်းနဲ့တထပ်ထည်းပါဘဲ။
ဒီနည်းက တိုင်းရင်းလူမျိုးစုတစုစီအတွင်းအချင်းချင်းစိတ်ဝမ်းကွဲသွေးအခွဲနိုင်ဆုံးနည်းဖြစ်လို့ ပါဘဲ။
ဒီတော့ ကရင်အပါအ၀င်ညီနောင်တိုင်းရင်းသားလူမျိုးစုအားလုံးကို ကျနော်အကြံပေးချင်တာတခုကိုတင်ပြပါရစေ။

မိမိလူမျိုးအတွင်းမှာရှိတဲ့ လူမျိုးကွဲတွေက သူတို့ ရဲ့ မူလရှိပြီးသားသီးခြားရှေ့ စီးသင်္ကေတတွေကို သုံးချင်ရင် သုံးခွင့်ပေးလိုက်ပါ။ သူ့ လက်ရှိ အခြေအနေအရဖြစ်ပေါ်နေတဲ့ အသိစိတ်ဓါတ်နားလည်မှုအဆင့်အတန်းနဲ့သူတို့ ကိုယ်တိုင်ဆုံးဖြတ်ကြပါစေ။
ဒီကိစ္စတွေကို ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာတဲ့အခါဗဟိုအစိုးရရဲ့ သွေးခွဲ ပယောဂလုံးဝမပါစေဘဲ ပြည်နယ်တခုစီရဲ့  အတွင်းရေးကိစ္စအဖြစ် အချင်းချင်းညှိနှိုင်းရင် အဖြေရှာရမခက်ပါ။ ခုချိန်မှာတော့ စစ်တပ်လက်ဝေခံအစိုးရကအဓိကဆူးညောင့်ခလုတ်ဖြစ်နေတာမို့ တိုင်းရင်းသားတွေ
လှုပ်လေ နစ်လေဖြစ်သွားပါမယ်။ အခု အဓိကအရေးအကြီးဆုံးဟာ တိုင်းရင်းသားမှန်သမျှရဲ့ နာမယ်ရှေ့ မှာ ဦးတွေဒေါ်တွေနဲ့ အစားထိုးလှီးလွှဲ အုပ်စီးချုပ်နှောင်ထားခံရတာကနေလွတ်မြောက်ဖို့ တခုထဲပါ၊ ဒီနည်းက တိုင်းရင်းသားလူမျိုးစု လူဦးရေအချိုးအစား ကို အမှန်အတိုင်း ပြန်သိလာမဲ့နည်းဖြစ်တယ်။

ခုဆိုတိုင်းရင်းသားတွေ စုစုပေါင်း ၃၀%ဘဲရှိတော့တယ်လို့ မီဒီယာရော ဆိုင်ရာအစိုးရအဖွဲ့ အစည်းတချို့ ကပါစပြောနေကြပြီ။ ဒါဟာ ညီနောင်တိုင်းရင်းသားအချင်းချင်းတွေအကြားမှာ လူမျိုးရေးအသာစီးရသထက်ရဖို့ အတွက် စိတ်ဓါတ်ဗေဒသက်ရောက်မှုပျင်းထန်တဲ့သူတို့ လုပ်နေကြ လှည့်ကွက်တခုပါ။ ဒါဟာသူတို့ ရဲ့ အတောမသတ်နိုင်သေးတဲ့ လူမျိုးရေးတကိုယ်ကောင်းစိတ်ဓါတ်တခုပါ။ ဒီနေရာမှာ သမိုင်းကြာင်းလေးကိုနဲနဲပြန်နွှေးဖို့ လိုတာမို့ ပြောပါရစေ။ အင်္ဂလိပ်ခေတ်အစဦးပိုင်းမှာ အင်္ဂလိပ်က ဘားမားဆိုပြီးကင်ပွန်းတပ်ခေါ်ဆိုလိုက်တဲ့
ဘားမားဆိုတဲ့ အင်ပါယာမှာ ဗမာလူမျိုးတွေကအထင်ရှားဆုံးဖြစ်ခဲ့တယ်။ လူဦးရေအရကြည့်ရင် အောက်ပိုင်းကိုလွမ်းမိုးထားခဲ့တဲ့ မွန်ရယ် အရှေ့ နဲ့ မြောက်မှာ နယ်စားပယ်စားတွေဖြစ်နေကြတဲ့ သျှမ်း အနောက်ပင်လယ်ကမ်းရိုးတန်းတလျှောက်ကိုမင်းလုပ်အုပ်ချုပ်ခဲ့တဲ့ ရခိုင်စတဲ့ လူမျိုးတွေထက် ဗမာက ပိုများမယ်လို့ 
အဂ်လိပ်ကထင်မြင်ခန့် မှန်းခဲ့ပါတယ်။ အဂ်လိပ်ခေတ်မှာရော ဂျပန်ခေတ်မှာပါ သူတို့ အစိုးရရုံးစိုက်ရာ မြို့ ပြတွေကိုအခြေခံတဲ့ သန်းကောင်းစာရင်းအကြမ်းတွေကိုကောက်ယူခဲ့ကြပါတယ်။

အဲဒီတုန်းကလဲ ဗမာလူမျိုးကပိုများပြီး တပြည်လုံးရဲ ၃၀%ထက်မနဲရှိမယ်ဆိုတာကိုအကြမ်းဖျင်းပြောဆိုမှတ်တမ်းတင်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနှစ်ပိုင်းအတွင်းမှာဘဲ ဗမာလူမျိုးက ၄၀%နဲ့ ကျန်တာက တိုင်းရင်းသားပေါင်းစုံလို့ ပြောကြပြန်တယ်။ နောက်ပိုင်းမှာ တိုင်း(၇)တိုင်းပြည်နယ်(၇)လို့ အညီအမျှခွဲလိုက်ပြီး လူဦးရေကိုလဲ ၅၀-၅၀ ဖြစ်သရောင်ပုံဖေါ်လာခဲ့တယ်။
နေ၀င်းမဆလစစ်အစိုးရခေတ်မှာတော့ဂဏန်းအရေအတွက်တွေပြောင်းပြန်စဖြစ်လာတယ်။ တိုင်းရင်းသား ၄၀% ဗမာ ၆၀% လို့ ပြောဆိုလာကြတယ်။ ခု စစ်တပ်လက်ဝေခံဦးသိန်းစိန်အစိုးရခေတ်ရောက်တော့ တိုင်းရင်းသား ၃၀% ဗမာ၇၀%လို့ စပြောနေကြပြီ။ ဒါဟာ တိုင်းရင်းသားလူမျိုးစုတွေနည်းမျိုးစုံ ဖျောက်ဖျက်ခံရမှုအရှိန် အဟုန်မြင့်မားပျင်းထန်မှုကိုထင်ထင်ရှားရှားပြနေတဲ့အချက်ဘဲ။ ဒီနှုန်းနဲ့သွားနေရင် နောက်ဆယ်စုနှစ် တခု နှစ်ခု အတွင်းမှာ တိုင်းရင်းသား ၅% ဗမာ ၉၅% ဖြစ်လာမှာကိုသချာင်္နည်းနဲ့တွက်ကြည့်နိုင်တယ်။

ပဒေသရာဇ်မင်းအဆက်ဆက်-အစိုးရအဆက်ဆက်နဲ့ သူတို့ ရဲ့ အထုံဗီဇ အမွေခံ အလိုတူအလိုပါတွေဟာ တိုင်းပြည်စည်းလုံးဖို့  လူတမျိုးတည်းရှိနေရမယ်ဆိုတဲ့ သီအိုရီယုံကြည်ချက်တွေတူနေသလို နယ်ပယ်အသီးသီးကနေ နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်ချက်တွေကလဲတူနေတယ်။ ဒီတော့ခေတ်အဆက်ဆက် ဒီသဘောတရားနဲ့ လုပ်ဆောင်ခဲ့မှုတွေကြောင့် ဖြစ်ပေါ်နေခဲ့တဲ့ သက်ရောက်မှုမှန်သမျှကို ရပ်တန့် ဖို့ 
ကျနော်တို့ တိုင်းရင်းသားညီကိုလူမျိုးစုအားလုံးက ကိုယ့်နာမယ်ရှေ့ မှာ ဦးတွေဒေါ်တွေကိုဖြုတ်ပစ်ခြင်းဟာ စိတ်ဓါတ်အရရောလက်တွေ့ အရပါ အထိရောက်ဆုံးနည်းဖြစ်ပြီး လက်ရှိဖွဲ့ စည်းပုံဥပဒေနဲ့ ဌာနဆိုင်ရာ အက်ဥပဒေပုဒ်မတခုတလေကိုမျှဖေါက်ဖျက်စရာလဲမလိုတဲ့လှုပ်ရှားမှုဖြစ်တာမို့ - လူအားလုံးက မိမိနေ့ စဉ်ဘ၀အနေအထားမပျက်တဲ့နည်းတွေနဲ့  ဒီအရေးအခင်းကိုပါဝင်ပြိး ကိုယ့်လူမျိုးအရေ
အတွက်ခြေမှုန်းဖျေက်ဖျက်ခံနေရမှုကနေ ကျော်လွန်အောင်မြင်နိုင်မှာဖြစ်ပါတယ်။

လူမျိုးကိုဖျောက်ဖျက်ရာမှာ ဘာသာစကားစာပေ နဲ့ဝတ်စားဆင်ယင်မှုတွေကိုသွားပြီး ထိပါးရိပါးလုပ်တာက ခါးသီးတဲ့ခံစားချက်နဲ့ ပျင်းထန်တဲ့အသက်စွန့် တုံ့ ပြနှ်ုတွေကျယ်ကျယ်ပြန့် ပြန့် ဖြစ်ပွားလာစေမှာမို့  အဲလိုလုပ်မဲ့အစား သန်းကောင်စာရင်းမှာ လူမျိုးမပေါ်အောင်လုပ်လိုက်တာက အလွန့် အလွန်လွယ်ကူပြီး အလွန့် အလွန်ထိရောက်တဲ့နည်းဖြစ်ပါတယ်။ ဒီနည်းဟာ တပြည်လုံး ငလျှင်လှုပ်သလိုလှုပ်ခါသွားစေလောက်အောင်ကြီးမားတဲ့ ပြသနာကြီးတခုကို သာမန်အစိုးရဌာနခွဲလေးတခုကနေ ရုံးစာရေးလောက်အဆင့် ကနေပြီး နေ့ စဉ်ပုံမှန်လုပ်နေကျ
အသေးဖွဲတာဝန်လေးတခုလို အလွယ်တကူ လုပ်ဆောင်နိုင်တဲ့နည်းပါ။ ဒါပေမဲ့ အဲဒီလောက်အလွယ်တကူ လုပ်လို့ ရတဲ့ နည်းနာအောက်မှာ တိုင်းရင်းသားတွေ မျိုးပျောက်လုပြီလေ။

ကိုယ့်အမျိုးသားဝတ်စုံလေးကိုယ်ဝတ်ခွင့်ရလို့ ကြည်နူးနေတဲ့  အသင်ဟာ သင့်ရဲ့ လူမျိုးစာရင်းမှာပါပါရဲ့ လား။
ဗမာစကားကိုမပီကလာ ပီကလာပြောရင်း ကိုယ့်အိမ်ထဲမှာကိုယ့်ဘာသာစကားပြောခွင့်ရနေသူ အသင်ဟာ သင့်ရဲ့ လူမျိုးစာရင်းမှာပါပါရဲ့ လား။ ရိုးရာအကတွေကိုကပြသီဆိုရင်း ရွှင်မြူးနေတဲ့ အသင်ဟာ အသင်ဟာ သင့်ရဲ့ လူမျိုးစာရင်းမှာပါပါရဲ့ လား။ တကယ်တော့ လူမျိုးတမျိုးဆိုတာ မျိုးရိုးဇာတိကိုအခြေခံတဲ့ သဘာဝအဖွဲ့ အစည်းကြီးတခုပါ။
သင်ဘာအ၀တ်အစားဘဲဝတ်ဝတ်၊ဘာစကားဘဲပြောပြော ပြီးတော့ဘယ်အကဘဲကက သင့်လူမျိုးစာရင်းမှာသင်မပါရင် သင်ဟာ သင့်လူမျိုးမဟုတ်ပါဘူး။
ဒီနည်းနဲ့ သင်ဟာ သင့်လူမျိုးကို ကိုယ်တိုင်ဖျောက်ဖျက်နေသူလဲဖြစ်နေပါမယ်။
သန်းကောင်စာရင်းဟာ သင့်လူမျိုးရဲ့ အလေးထားလောက်တဲ့ တရားဝင်အင်အားပါဘဲ။
သန်းကောင်စာရင်းဟာ သင့်လူမျိုးတွေရဲ လေးစားလောက်တဲ့စုစည်းမှုအဆင့်အတန်းကိုလဲပြနေတာပါဘဲ။

“မြေမြို၍ လူမျိုးမပျောက်၊ လူမြို၍သာ လူမျိုးပျောက်သည်” ဆိုတဲ့ ဆိုင်းပုဒ်တွေကို လ၀ကရုံးတိုင်းမှာ ခေတ်အဆက်ဆက်
လ၀ကအမှုထမ်းတွေက လူမြိုလုပ်ငန်းကိုဝတ္တရားအဖြစ်မပျက်မကွက်လုပ်ဆောင်ကြဖို့ သွေးထိုး ကျောက်တိုင်တွေအဖြစ်စိုက်ထူထားဆဲဖြစ်နေပါတယ်။ ဒီဆိုင်းပုဒ်ပါသြ၀ါဒကိုကိုင်စွဲပြီး လ၀ကအမှုထမ်းတွေက တိုင်းရင်းသားတွေကို လူမြိုရေးလုပ်နေကြဆဲလဲဖြစ်ပါတယ်။ တကယ်တော့ဘယ်လူမျိုးကဘယ်လူမျိုးကိုမှ မမြိုအောင် လုပ်ဆောင်ပေးရမှာက လ၀က အမှုထမ်းအဆင့်ဆင့်ရဲ့ ပြည်ထောင်စုစိတ်ဓါတ်နဲ့ တိုင်းရင်းသားတွေအပေါ်ကောက်ကျစ်စင်းလဲမှုကင်းစင်တဲ့စိတ်ဓါတ်သဘာဝတွေအပေါ်မှာအဓိကတည်နေပါတယ်ခင်ဗျား....

အမှန်တရားကိုလေးစားလျှက်
Agga

No comments:

Post a Comment