မြန်မာနယ်နိမိတ်ထဲက လူမျိုးစုများ(အပိုင်း ၂)
ဂါမဏိဖေ့ဘွတ်မှ
မြန်မာနယ်နိမိတ်ထဲက လူမျိုးစုများ(အပိုင်း ၂)
ကမ္ဘာမှာ မွန်ဂိုလွိုက်၊ ကော့ကေးဆွိုက်၊ နီဂရွိုက်ဆိုတဲ့ မူရင်းလူမျိုးရင်းကြီး ၃ ခုရှိတဲ့အနက် ယနေ့ မြန်မာနိုင်ငံလို့ ခေါ်တဲ့ ပထဝီအပိုင်းအခြားတခုထဲမှာမူရင်းလူမျိုးရင်းကြီးနှစ်ခုက ပေါက်ဖွားလာတဲ့ လူမျိုးစုတွေကို တွေ့ရပါတယ်။ မြန်မာနိုင်ငံကိုအရင်ဦးဆုံးရောက်ရှိနေထိုင်ခဲ့တဲ့ နီးဂရွိုက်ကပ္ပလီမျိုးတွေကို နောက်မှဝင်လာတဲ့ မွန်ဂိုလွိုက်မျိုးတွေကမောင်းထုတ်လိုက်လို့ ကပ္ပလီကျွန်းတွေနဲ့ အရှေ့တောင်အာရှကျွန်းဆွယ်အစွန်အဖျားကျွန်းတွေဆီရောက်သွားခဲ့ပါ တယ်။ လက်ရှိနေထိုင်သူအများစုဟာ အရှေ့တိုင်းအာရှလူမျိုးများလို့ခေါ်တဲ့မွန်ဂိုလွိုက်အနွယ်တွေ ဖြစ်ပြီး မြန်မာနိုင်ငံ အနောက်ဖက် အိမ်နီးချင်းအိန္ဒိယတိုက်ငယ် မှာတော့ကော့ကေးဆွိုက်အနွယ်တွေ အဓိကပျံ့နှံ့နေထိုင်တဲ့အတွက် သဘာဝကျစွာဘဲ နယ်နိမိတ်ချင်းကပ်လျက်ဖြစ် တဲ့မြန်မာပြည်ထဲကိုလည်း ကူးဝင်လာကြတာရှိသလို အာသံ၊ မဏိပူရ၊ နီပေါ၊ တိဘက်၊ တရုတ်၊ လော၊ထိုင်း၊ မလေးရှားတို့နဲ့ အပြန်အလှန်ပျံ့နှံ့ ကူးယှက်နေထိုင်ကြတဲ့ မွန်ဂိုလွိုက်လူမျိုးတွေလည်း တော်တော်များများရှိနေကြပါတယ်။
မွန်ဂိုလွိုက်လူမျိုးရင်းထဲက ပင်မမျိုးကွဲ၅ မျိုးကို ဗမာပြည်ထဲမှာ တွေ့ပါတယ်။ ဒါတွေက-
၁) တရုတ်-တိဘက်ထဲက တိဘက်-ဗမာလူမျိုးကြီး နဲ့ တရုတ်လူမျိုးကြီး
၂) တိုင်း(ရှမ်း)-ခတိုင်းထဲက ကမ်း-တိုင်းလူမျိုးကြီး
၃) သြစတြိုအေးရှားတစ်ထဲက မွန်-ခမာလူမျိုးကြီး
၎) သြစတြိုနီးရှန်းထဲက မလေး-ပေါ်လီနီးရှန်းလူမျိုးကြီး
၅) မြှော့-မြောင် တို့ဖြစ်ပါတယ်။
ကော့ကေးဆွိုက်လူမျိုးရင်းထဲက ဗမာပြည်ထဲတွေ့တဲ့ပင်မမျိုးကွဲကတော့ အင်ဒို-ဥရောပမျိုးကွဲတွေ ဖြစ်ပါတယ်။
XXX
မြန်မာနယ်နိမိတ်ထဲမှာ တိဘက်-ဗမာလူမျိုးကြီးကနေဆင်းသက်လာတဲ့ လူမျိုးစုတွေကတော့-
၁) ကချင်- ဒီထဲမှာ ဂျိန်းဖော (မရစ်၊ မရမ်၊အင်ခွန်၊ လဖိုင်၊ လထော်၊ မဂေါင်၊ ဒူလင်း-ခခူ၊ ဂေါ်ရီ-ဂျဆင်း၊ လေပဲယာ၊ ငှခုပ်၊ ?လတိန်၊?လဘန်)၊ ရဝမ် (ဒရု၊ လွန်မီ၊ မတ်ဝမ်၊ ထလု၊ ထရုံ စသည်များ)၊ မရူ-လောင်ဝေါ်၊ အဇီး-ဇိုင်ဝါး၊လရှီ-လချိတ်၊ လီဆူး-လီရှောမျိုးနွယ်ကြီးတို့ပါဝင်။
၂) ထမန်
၃) ကဒူး-ကနန်း
၎) နာဂ- ဒီထဲမှာ ထငံ၊ ဟိုင်းမြေ၊ ဆွမ္မရာ၊ ဟဲစန်း တို့ပါဝင်။
၅) ကရင်- ဒီထဲမှာ စကော (ပကူး၊ မိုးနေပွား၊ တာလေပွား၊ ဝေဝေါ်)၊ ပိုး (ဖလုံ၊ အနောက်ပိုး၊မွန်းပွား၊ ထိုကီ)၊ ဘွဲ (ပလေကီး၊ ဂေဘား)မျိုးနွယ်ကြီးတို့ပါဝင်။
၆) ပအိုဝ့်
၇) ကယား- ဒီထဲမှာ မနူးမနော၊ ယင်းတလဲ၊ ကယောမျိုးနွယ်ကြီးတို့ပါဝင်။
၈) ကယန်း- ဒီထဲမှာ လဝီ၊ ဂေခို၊ ယင်းဘော်၊ လထ မျိုးနွယ်တို့ပါဝင်။
၉) ချင်း- ဒီထဲမှာ ကူကီး၊ ဇိုမီး၊ လိုင်မီး၊ မရာ၊ ရှို၊ ချို၊ မီဇို၊ ခူမီး(မရို)မျိုးနွယ်ကြီးတို့ပါဝင်။
၁၀) ဖွန်း
၁၁) မိုင်းသာ
၁၂) ဗမာ- ဒီထဲမှာ ယော၊ ယဗိန်းတို့ပါဝင်။
၁၃) ရခိုင်- ဒီထဲမှာ တောင်သား၊ ချောင်းသား၊ ရမ်းဗြဲ တို့ပါဝင်။
၁၄) သက်
၁၅) ဒိုင်းနက် ခေါ် ချက္ကမာ (ဘင်္ဂါလီစကားပြော ဗုဒ္ဓဘာသာဝင်)
၁၆) မရမာကြီး
၁၇) ဓနု
၁၈) အင်းသား
၁၉) တောင်ရိုး
၂၀) ထားဝယ် (ဘိတ်သား)
၂၁) အခါ
၂၂) လားဟူ
တို့ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေ၊ ပြည်နယ်တွေရဲ့ပင်မတိုင်းရင်းသားအဖြစ် သတ်မှတ်ထားကြတဲ့ ၂၃) တိဘက်၊ ၂၄) လင်ဘူး၊ ၂၅) ဂေါ်ရခါး၊ ၂၆) ကသည်းလူမျိုးတွေလည်းအနောက်မြောက်နယ်စပ်ဒေသ ဗမာပြည်ဘက်ခြမ်းထိ ရှေး ယခင်ကတည်းက ပျံ့နှံ့နေထိုင်ကြပါတယ်။နယ်စပ်တလျှောက်နေထိုင်တဲ့ ကချင်၊ နာဂ၊ ချင်း၊ ကရင်၊ ကယား၊ ရခိုင်၊ ဒိုင်းနက်၊ သက်၊မရမာကြီး၊ ထားဝယ်၊ အခါ၊ လားဟူလူမျိုးတွေဟာလည်း တဖက်နိုင်ငံတွေအထဲထိ ပျံ့နှံ့နေထိုင်ကြပါတယ်။ ဓနု၊ အင်းသား၊ ထားဝယ်၊ တောင်ရိုး တို့ကို မူလက ဗမာလူမျိုးရဲ့ စကားကွဲ တွေအဖြစ်သတ်မှတ်ခဲ့ပေမဲ့ အခုအခါ သီးသန့်လူမျိုးတွေအဖြစ် ရပ်တည်နေကြပါတယ်။
တရုတ်လူမျိုးကြီးထဲက မြောက်ပိုင်းသားမန်ဒါရင်တရုတ်လူမျိုးတချို့ဟာ၁၆၆၀ ခုနှစ်ဝန်းကျင်မှာ မန်ချူးလူမျိုးစုတွေက တိုက်ထုတ်လိုက်လို့ မင်မင်းဆက်နောက်ဆုံးဘုရင်ယုံလီနဲ့အတူ ဗမာပြည်ထဲ တိမ်းရှောင်ခိုလှုံလာပြီးနောက် ဗမာ ဘုရင်နဲ့ သိန္နီစော်ဘွားညှိပြီးနယ်မြေသတ်သတ်မှတ်မှတ်ချပေးလိုက်လို့ ၂၇) ကိုးကန့်လူမျိုး ဖြစ်လာခဲ့ပါတယ်။
တခြားတရုတ်မျိုးနွယ်တွေဖြစ်တဲ့ ဖူးကျင့်၊ ဟတ်ကား၊ကွမ်တုံ၊ ယူနန်၊ ပန်းသေးမျိုးနွယ်တွေကတော့ ကုန်းလမ်း၊ ပင်လယ်လမ်းတွေက ဝင်လာခဲ့ကြပြီးပြည်တွင်းနေရာအနှံ့မှာ ၂၈) ပင်လယ်ရပ်ခြားတရုတ်လူမျိုးတွေ ဖြစ်နေကြပါ တယ်။
(တိုင်း-ခတိုင်း) ခမ်း-တိုင်း(ရှမ်း)လူမျိုးကြီးထဲကဆင်းသက်လာပြီး ဗမာပြည်နယ်နိမိတ်ထဲ နေထိုင်နေကြတဲ့-
၂၉) ရှမ်း- (တိုင်းယိုင်-ရှမ်းကြီး၊တိုင်းမော-မောရှမ်း၊ တိုင်းနူ-ခေးတိုင်းနူ-ရှမ်းတရုတ်၊ တိုင်းခွန်-ဂုံရှမ်း၊ တိုင်းခမ်းတီး-ခမ်းတီးရှမ်း-တိုင်းအွန်၊တိုင်းလျံ-ရှမ်းနီ၊ ဒရယ်၊ တိုင်းလု-တိုင်းလိ-စစ်ဆောင်ပနားရှမ်း၊တိုင်းလမ်-မုံးလမ်ရှမ်း)
လူမျိုးဟာ နယ်ချင်းစပ်နေတဲ့ တဖက်နိုင်ငံတွေကိုလည်းပျံ့နှံ့နေသလို တဖက်နိုင်ငံတွေက ပင်မတိုင်းရင်းသားတွေ ဖြစ်တဲ့ ထိုင်း (တိုင်းနွဲ့-ရှမ်းကလေး)၊ယွန်းရှမ်း (လန်နားထိုင်း)၊ လောရှမ်းလူမျိုးတွေလည်း ဗမာပြည်ဖက် နယ်စပ်ကျော် ပျံ့နှံ့နေထိုင်ရင်းရှမ်းလူမျိုးအဖြစ်ဘဲ ခံယူခဲ့တာ ကြာပြီဖြစ်ပါတယ်။ တိဘက်-ဗမာလူမျိုးကြီးကဆင်းသက်တဲ့ ကတူး-ကနန်း၊ထမန်၊ ဖွန်း နဲ့ မိုင်းသာတို့ဟာလည်း ရှမ်းလူမျိုးအဖြစ် ခံယူနိုင်တဲ့ အခြေအနေရှိနေပါတယ်။
(သြစတြိုအေးရှားတစ်) မွန်-ခမာလူမျိုးကြီးထဲကဆင်းသက်လာတာက-
၃၀) မွန်
၃၁) ခမူ
၃၂) တအာင်း (ပလောင်)
၃၃) ယင်း (ယင်းနက်၊ ယင်းကျား၊ ဆက်)
၃၄) ဓနော
၃၅) ဝ
တို့ဖြစ်ပြီး ယင်း နဲ့ ဓနော ကလွဲလို့ အိမ်နီးချင်းနိုင်ငံတွေမှာလည်းပျံ့နှံ့နေထိုင်ကြပါတယ်။
(သြစတြိုနီးရှန်း) မလေး-ပေါ်လီနီးရှန်းလူမျိုးကြီးကပေါက်ဖွားလာပြီး ဗမာပြည်ထဲနေတာက-
၃၆) မော်ကင်း(ဆလုံ) ဖြစ်ပြီး အိမ်နီးချင်းထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလိပိုင်နိုင်ငံတွေထိ ပျံ့နှံ့နေသလို မလေးရှား နိုင်ငံရဲ့ပင်မလူမျိုးဖြစ်တဲ့ ၃၇) မလေး (ပသျှူး) လူမျိုးတွေလည်း မြန်မာနယ်နိမိတ်ထဲ ပျံ့နံှ့နေထိုင်တာနှစ်ပေါင်းရာချီ ရှိနေပြီဖြစ်ပါတယ်။
(မြှော့-မြောင်)လူမျိုးကြီးထဲက ဆင်းသက်လာတဲ့-
၃၈) မြောင် (မြောင်ဇီး၊ယောင်၊ အိုက်ဆွယ်၊ မြောက်၊ မြင်၊ မြှော့)
ဟာလည်း မြန်မာပြည်တွင်မက အိမ်နီးချင်း တရုတ်၊လော၊ ထိုင်းတို့မှာလည်း ပျံ့နှံ့ရှိနေပါတယ်။
အင်ဒို-ဥရောပလူမျိုးကြီးကနေ ဆင်းသက်လာတဲ့ အင်ဒို-အာရိယန်နဲ့ ဘင်ဂါလီ-အာသံ စကားပြောလူမျိုးတွေကိုလည်း လက်ရှိဗမာပြည်ဧရိယာထဲမှာ တွေ့ရပါတယ်။
တရုတ်ဘုရင်ယုံလီနဲ့ တချိန်တည်းလောက်မှာဘဲ မြန်မာနိုင်ငံအနောက်ဘက်အိန္ဒိယနိုင်ငံက မွတ်စလင် မဂိုဘုရင် ရှာရှုဂျာလည်း ရခိုင်ပြည်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့ရာကသူ့နောက်လိုက်လေးသည်တော်တွေဟာ ၃၉) ကမန်လူမျိုးတွေ ဖြစ်လာ ခဲ့ပါတယ်။ ကိုးကန့်တွေလိုနယ်မြေသတ်သတ်မှတ်မှတ်မရှိဘဲ ရခိုင်တွေနဲ့ ရောနှောနေထိုင်ခဲ့တဲ့အတွက် မူလ အင်ဒို-အာရိယန်ဘာသာ စကားတွေမေ့ပျောက်သွားပြီး ရခိုင်ဘာသာစကားကိုဘဲ မိခင်ဘာသာအဖြစ် လုံးဝခံယူသုံးစွဲလာကြ ပါတယ်။
ဘင်္ဂါလီမဟုတ်တဲ့ တခြားအင်ဒို-အာရိယန်လူမျိုးကြီးဝင်တွေက-
၄၀) ဟိန္ဒူကုလား (တမီးလ်-ကလယ်၊ ဂူဂျရာတီ၊ ဂေါ်ရင်ဂျီ၊ ပန်ချာပီ၊ မာရဝါရီ၊ တေလဂူ)
၄၁) ဗမာမူဆလင် (မြေဒူး၊ ဇေရဘာဒီ၊ ပသီ၊ မဂို)ဖြစ်ပြီး ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်နဲ့ ကိုလိုနီခေတ် ကတည်းက ဝင်ရောက်လာကြတာ ဖြစ်ပါတယ်။
ဘင်္ဂါလီ-အာသံလူမျိုးဝင်တွေက-
၄၂) ဟိန္ဒူဘင်္ဂါလီ
၄၃) မူဆလင်ဘင်္ဂါလီ
၄၄) စစ်တကောင်းသား (ရိုဟင်ဂျာ)
တို့ဖြစ်ပြီး ဘင်္ဂလားနယ်နဲ့ နယ်ချင်းစပ်နေတဲ့ရခိုင်ပြည်ထဲကို ပျံ့နှံ့နေထိုင်ကြပါတယ်။
လူမျိုးစုတစုစီမှာ မျိုးနွယ်စု၊ ဆွေမျိုးစုတွေအများကြီးထပ်ခွဲထားတာ မဆန်းပါဘူး။ ဒါပေမဲ့ လူမျိုးအားဖြင့် တမျိုးတည်း ဘဲဖြစ်ပါတယ်။လူမျိုးစုအသစ်တွေ ပေါ်ပေါက်လာတာ ရှိသလို လူမျိုးစုဟောင်းတွေ ပျောက်ကွယ်သွားတာလည်း မဆန်းပါ။လူမျိုးသတ်မှတ်ဖို့အတွက် စကား၊ ယဉ်ကျေးမှု၊ နယ်မြေအနေအထား၊ သမိုင်းနောက်ခံ၊ စိတ်နေ သဘောထားတို့ကိုအခြေခံရတာ နိုင်ငံတကာထုံးစံ၊ မနုဿဗေဒထုံးစံ၊ ဘာသာဗေဒထုံးစံဖြစ်ပါတယ်။ တိုးတက်တဲ့ နိုင်ငံတွေမှာတော့DNA နဲ့ စစ်ဆေးသတ်မှတ်တာတွေလည်း ရှိနေပါပြီ။
ဒါကြောင့် ဗမာပြည်ဧရိယာထဲနေထိုင်နေကြတဲ့ လူမျိုးတွေဟာ(မျက်နှာဖြူအနောက်နိုင်ငံသားတွေမပါ) အများဆုံး လူမျိုး ၄၄ မျိုးဘဲရှိပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ပင်မတိုင်းရင်းသားတွေကို ဖယ်ထုတ်လိုက်ရင် ဌာနေတိုင်းရင်းသားလို့ ပြောနိုင်တာက ၃၃ မျိုးဘဲရှိပါတယ်။ချင်း၊ ကချင်၊ ကရင်၊ ရှမ်းတို့လို တခြားလူမျိုးတွေကလည်း တစုတစည်းတည်း လူမျိုးတမျိုးတည်းအဖြစ်ခံယူကြရင် တိုင်းရင်းသားအရေအတွက် ၃၀ အောက် ထပ်လျော့သွားနိုင်ပါတယ်။
ဂါမဏိ
1 comment:
I though something had a good writing except the part of the conclusion. Why did you mean about Chin, Kachin, Karen, Shan and other ethnic groups should to combine as the same group? It was impossible because they all had different back grounds and histories. Did not try to confuse the readers and future generation!
Post a Comment