ondragstart="return false" onselectstart="return false"

Thursday, February 13, 2014

ပဒိုမန်းရှာ အမှတ်တရ (အထူးစပါယ်ရှယ်)

အတီးမန်းရှာရေ...တချက်လောက်နောက်လှည့်ကြည့်ပါအုံးလား... အခြေအနေတော့ သိပ်မကောင်းဘူးထင်တယ်။ အတီးမရှိတော့တဲ့နောက် သိပ်သိသာတဲ့အချက်တွေက ဘာလည်းဆိုရင် ဒူးပလာယာမှာ လူတွေဝိုင်းဘေလို့  ပဒိုဇော်နောင်လည်း မခံနိုင်လို့ တိုင်းတပါးကို ထွက်သွားပြီ။ အတီးနဲ့ အင်မတန်အတွဲညီတဲ့ အရင်းနှီးဆုံးလုပ်ဖော်ကိုင်ဖက် "ကိုကြီး"လို့  အတီးအမြဲတမ်းခေါ်တဲ့ ပဒိုစောဒေးဗစ်တာကပေါ်နှင့် အတီးရဲ့ တပည့်လက်ရုံး ဗိုလ်မှူးစောလှငွေတို့ ကိုလည်း လူတွေမြောင်းထည့် တွန်းပို့ လိုက်တယ်။ သူတို့ ကို လူတွေက အမာလိုင်း ဆိုပြီးခေါ်တယ်။ အတီးနဲ့ ဒသာန တူတဲ့လုပ်ဖေါ်ကိုင်ဖက်တွေအားလုံး အမာလိုင်းဆိုပြီး ၀ိုင်းပြီးတံဆိပ်ခတ်ခံနေကြရတယ်။

တဖက်မှာ မီဒီယာတွေက သူတို့ ကို အပျော့လိုင်းလို့ ခေါ်ကြတာပဲ.. ပျော့ပျောင်းတယ်တဲ့..ဘိုလိုပြောရင် ဆော့လိုင်းနာတို့  ဒီပလိုမေစီသမားတွေပေါ့... ကဗျာဆန်ဆန်ပြောရရင် လေယူရာယိမ်းနွဲ့ နိုင်တယ်တဲ့ ယိမ်းနွဲ့ ပန်းတွေပေါ့....

အင်း...ဟုတ်လားမဟုတ်လားတော့မသိဘူးအတီး... အဖျားရှူးသွားတဲ့ ၀ါးပင်တွေလည်း လေနဲ့ အတူ ကနိုင်တာပဲမဟုတ်လားအတီး...ပြီးတော့ ပြာပုံအောက်က နံ့စော်နေတဲ့ ကြောင်ချီးတွေလည်း ပျော့ပျောင်းတာပဲမဟုတ်လားအတီး...

အခုလေးတင်ပူပူနွေးနွေးပဲအတီးမန်းရှာရေ... ဟိုးပြည်တွင်းမှာ မန်းငြိမ်မောင် ခွေးရူးတစ်ကောင်လိုက်ပတ်ရမ်းနေတယ်...




Type the rest of your post here.

1 comment:

William phan said...

ကောင်းလိုက်တာဗျာ။ ပျော့စိစိသမားတွေက ဦးဏှောက်အလုပ်လုပ်တယ်နော်။ ဟင်း...စီးပွားရေး၊ ကြီးပွားရေး၊ အမာသမားတွေက ခေါင်းကို နံရံနဲ့တိုက်သလို တိုက်ပြီးရင်းတိုက် ခေါင်းကွဲပြီးသွေးတွေလည်း ပန်းထွက်ကုန်ပြီဗျ..

Post a Comment