ondragstart="return false" onselectstart="return false"

Friday, February 28, 2014

ငြိမ်းချမ်းရေးသို့ သွားရာလမ်း...

ဆောင်းပါး - Agga

ပြည်ထောင်စု ဆိုတာက Sub-national တွေစုပေါင်းပြီး National အဖြစ်တည်ထောင်ထားတဲ့နိုင်ငံဖြစ်တယ်။
လူတမျိုးတည်းက ထီးနန်းစိုက်ထူအုပ်ချုပ်ရေးတည်ထောင်ဖြစ်ရှိခဲ့တဲ့ နယ်ပယ် တချို့ ဟာ ထီးနန်းဆုံးရှုံးခဲ့ခြင်းမရှိဘဲ ဆက်လက်ရပ်တည်နေတာဖြစ်ရင်
လူတမျိုးတည်းဖြစ်ပေမဲ့ National တခုအဖြစ်သတ်မှတ်ခံရနိုင်တဲ့ အဆင့်ကိုရောက်တယ်။ ဥပမာ-ထိုင်းနိုင်ငံ။

ထိုင်းနိုင်ငံက သူတို့ တိုင်းပြည်မှာလူမျိုးစုံရှိတယ်လို့ မီဒီယာတွေကနေတဆင့်ဂုဏ်ယူဖေါ်ထုတ်လေ့ရှိလို့  သာမန်အရပ်သားအမြင်နဲ့ ကြည့်ရင်မြန်မာပြည်လို
Mulitination လို့ ထင်မြင်ကြမှာဖြစ်ပေမဲ့ ပထ၀ီနိုင်ငံရေးအရတော့ ထီးပိုင်နန်းပိုင်လူမျိုးကြီးတမျိုးတည်း
ရှေးခေတ်ကတည်းကထူထောင်ရပ်တည်ခဲ့တဲ့ တပြည်ထောင်နိုင်ငံမျှသာဖြစ်တယ်။
ကိုလိုနီခေတ်က နယ်နိမိတ်ရေးဆွဲပိုင်းခြားကြရာမှာထိုင်း-မြန်မာ၊ ထိုင်း-မလေး နယ်စပ်တွေကို အင်္ဂလိပ်က အထက်စီးယူပြီးရေးဆွဲတာဖြစ်ပြီး
ထိုင်း-လာအိုနဲ့  ထိုင်း-ကမ္ဘောဒီးယားကိုတော့ ပြင်သစ်က ရေးဆွဲခဲ့တာလို့ ဆိုရပါမယ်။
ဒီနယ်နိမိတ်တွေရေးဆွဲရာမှာ ဗဟိုထိုင်းနေပြည်တော်နဲ့ စဉ်ပြိုင်ဖြစ်ခဲ့တဲ့ သျှမ်းက အင်္ဂလိပ်ပိုင်မြန်မာပြည်ထဲပါသွားပြီး
လောတွေကတော့ ပြင်သစ်လွမ်းမိုးထားတဲ့ လာအိုနိုင်ငံဖြစ်သွားခဲ့တယ်။
ဒီနယ်ပယ်ကြီး၂ခု ဟာ ဒီနေ့ ထိတိုင်ထိုင်းနိုင်ငံထဲမှာဘဲရှိနေမယ်ဆိုရင် ထိုင်းနိုင်ငံဟာလဲ ခုလိုတပြည်ထောင်စနစ်အစား
ပြည်ထောင်စုစနစ်ကိုလက်ခံကျင့်သုံးရမဲ့ အခြေအနေမှာရှိနေမှာပါ။
ဒီအခြေခံအရ လူဦးရေအနည်းအကျဉ်းသာရှိတဲ့ ပြည်တွင်းကတခြားလူမျိုးကွဲလေးတွေရဲ့ ပြသနာတွေဟာကြီးမားတဲ့နိုင်ငံရေးပြသနာအဆင့်ကို
မရောက်တာမို့  ထိုင်းနိုင်ငံဟာ တပြည်ထောင်နိုင်ငံအဖြစ် ထူထောင်တာမှာ အခက်အခဲမရှိရတာပါ။

ထိုင်းနိုင်ငံအကြောင်းနဲ့ စလိုက်ရတာက တခါတလေ မီဒီယာတချို့ က လူမျိုးစုအရေးနဲ့ပတ်သက်လို့ ထိုင်းနဲ့ မြန်မာကိုနှိုင်းယှဉ်ကိုးကားကြတဲ့အခါမှာ
အခြေအမြစ်အရကွာခြားတဲ့အချက်ကိုမယူဘဲ အပေါ်ယံကနေကြည့်ပြီးဆင်တူရိုးမှားလို့ ထင်မြင်နေကြတာကိုတွေ့ ခဲ့ရဘူးလို့ ပါ။
အနီးကပ် နက်နက်ရှိုင်းရှိုင်းကြည့်မှဘဲ လူမျိုးစုအရေးဖက်ဒရယ်အရေးမှာ ထိုင်းနဲ့မြန်မာက အခြေအနေခြင်းပြောင်းပြန်ဖြစ်နေတာကိုတွေ့ မှာဖြစ်ပါတယ်။
ဒီတော့ ဖက်ဒရယ်ကိစ္စပြောကြမယ်ဆိုရင် ထိုင်းနိုင်ငံကိုနမူနာအဖြစ်ထည့်သွင်းလို့ လုံးဝမဖြစ်နိုင်တာကိုရှင်းရှင်းလင်းလင်းသဘောပေါက်သွားကြမယ်။

ဘက်ဂရောင်းပြောင်းပြန်ဖြစ်နေတဲ့ ထိုင်းကိုလေလာ့ပြီးတော့ အခု ကျနော်တို့  မြန်မာပြည်အနေအထားကိုကြည့်ရအောင်..
မြန်မာပြည်ကဘာလို့ ပြည်ထောင်စုနာမယ်ခံထားတဲ့ တပြည်ထောင်လုပ်လို့ မရတာလဲ။ အဖြေကတော့ ရှင်းပါတယ်။
ပြောခဲ့သလိုဘဲ ထိုင်းဟာ စတင်ဖြစ်တည်လာကတည်းက တပြည်ထောင်ဘဲရှင်းရှင်းလင်းလင်းဖြစ်နေခဲ့လို့ တပြည်ထောင်လုပ်နေတာဖြစ်ပြီး
မြန်မာပြည်ကတော့ ဒုတိယကမ္ဘာစစ်အပြီးမှာမှ နိုင်ငံရေးစစ်ရေးတိုးတက်မှုဖြစ်စဉ်အဆင့်အတန်းသိတ်မကွာခြားတဲ့ ညီနောင်လူမျိုး(၈)မျိုး
ပူးပေါင်းပြီးတည်ထောင်လာခဲ့ကြတာမို့ ပါ။ ဒါကိုရှင်းရှင်းလင်းလင်းသဘောပေါက်နိုင်ဖို့  သမိုင်းကျောရိုးကိုနဲနဲပြန်ကြည့်ကြရအောင်...

မွန်ရခိုင်သျှမ်းဟာ မြန်မာမင်းအဆက်ဆက်နဲ့ ထီးပြိုင်နန်းပြိုင်တွေဖြစ်ခဲ့သလို ကရင် ကချင် ချင်း တပ်တွေဟာလဲ ဖက်ဆစ်ဂျပန်စစ်ကြောင်းကြီး
တွေမြန်မာပြည်နယ်နိမိတ်ထဲကိုစတင်ကျူးကျော်ဝင်ရောက်လာကတည်းက ဂျပန်တပ်တွေကိုတပ်ရင်းလိုက်ပြုတ်အောင် ခံတိုက်ခဲ့ကြသူတွေဖြစ်တယ်။
ကရင် ကချင် ချင်းတပ်တွေတိုက်အားစွမ်းရည်မြင့်ရတဲ့အကြောင်းက ရိုင်ဖယ်ခေတ် စစ်ရေးအတွေ့ အကြုံ နှစ်(၁၀၀)ရှိနေခဲ့ကြတာကတကြောင်း
ကိုယ်ကျွမ်းကျင်တဲ့နယ်မြေဖြစ်တာကတကြောင်းကြောင့်ဖြစ်သလို ဂျပန်ခုခံရေး အာရှ ပစိဖိတ်အဆင့်စစ်ဆင်ရေးကြီးမှာ အင်္ဂလိပ်
အမေရိကန်တွေကတရုပ် မွန်ဂိုလ် ကုလားနယ်ခံတပ်တွေနဲ့အတူ မြန်မာပြည်ကို လေကြောင်းရေကြောင်းကြည်းကြောင်းအားလုံးကနေ ဘေးဝိုက် ခုခံထားတာမို့ လဲဖြစ်တယ်။

တချိန်က ရခိုင် မွန်နဲ့ သျှမ်း ကိုနိုင်ခဲ့ဘူးတဲ့ မြန်မာတွေကတော့ သီပေါမင်းပါတော်မူတဲ့နှစ်ကစပြီး ရာစုနှစ်တ၀က်ကျော်စစ်တပ်ဖျက်သိမ်းခံခဲ့ရတာမို့ 
ဂျပန်တပ်တွေကိုအံတုယှင်ပြိုင်တိုက်ခိုက်နိုင်တဲ့ သေနပ်ခေတ်စစ်ရေးအတွေ့ အကြုံတွေပြတ်လတ်နေခဲ့တာလဲဖြစ်တယ်။ မရှေးမနှောင်းမှာ ဂျပန်က
အာရှသား အာရှသွေး ဆိုတဲ့ ကြွေးကျော်သံနဲ့အာရှနယ်ခံတွေကိုအကြောင်ရိုက်စည်းရုံးပြီး တရုတ် ဖိလိပိုင် မလေးနဲ့ မြန်မာပြည်က
အင်္ဂလိပ်ကိုဝင်တိုက်တယ်။ တရုပ်မှာရော ဖိလိပိုင်မှာရော မလေးမှာပါ စပိုင်မွေး လူမွေးလုပ်တယ်။ ဟန်ပြစစ်တပ်တွေကိုလဲ ထူထောင်ပေးခဲ့တယ်။
စစ်တပ်တွေထူထောင်ပေးရာမှာ မြန်မာပြည်အနေနဲ့ ကတော့ ဘီအိုင်အေအဖြစ်လူသိများလာကြပါတယ်။ ဟန်ပြတပ်သာဖြစ်တာမို့ လဲ ဘီအိုင်အေရဲ့ စစ်ဦးစီးချုပ်အဖြစ်
စစ်တခါမှမတိုက်ဘူးသေးတဲ့ကျောင်းသားဟောင်းတဦးကို ဘန်ကောက် ကရုံးခန်းတခုမှာ ဂျပန်ကခန့် အပ်ပေးရဲခဲ့တာပါ။
အဲလိုတပ်တွေထောင်ပေးတာဟာ နယ်ခံတွေက အာရှသားဂျပန်ကို ထောက်ခံလာဖို့ ဂျပန်တွေရဲ့ အာရှပစိဖိတ် စစ်အော်ပရေးရှင်းကြီးအဆင့်မှာ
ချမှတ်ထားတဲ့ အရောင်ပြနည်းဗျူဟာလေးတခုသာဖြစ်ခဲ့ပါတယ်။ အင်္ဂလိပ်ကို တိုက်ပွဲကြီးတွေအဖြစ်တကယ်တိုက်ခဲ့တာက
တရုတ်ပြည်နဲ့ အာရှဒေသမှာ ၅သန်းခွဲတပ်အင်အားချထားတဲ့ ဂျပန့် ဧကရာဇ်ဘုရင့်ကြည်းရေလေတပ်မတော်ကြီးသာလျှင်ဖြစ်ခဲ့ပါတယ်။

ခုလို သမိုင်းကျောရိုးမှန်တွေကို အာရှည်ပြီးပြောပြနေရတာက မြန်မာသမိုင်းမှာ ဒီလိုပိုပြီး Logical consequence ကျတဲ့ ရှုဒေါင့်ကနေ ရေးထားတာတွေမတွေ့ ရသေးလို့ ပါ။
မြန်မာသမိုင်းဆိုတာကြီးက သူရဲခေါင်းနဲ့ ဘီလူးကြီးဆိုတဲ့ ၀တ္တုတွေ ကာတွန်းတွေလို သားသမီးအထင်ကြီးအောင်နင်းကန်ရွှမ်းထားတဲ့ အဖေ့ရဲ့ ကိုယ်တိုင်ရေး အတ္ထုပတ္တိတွေလိုဖြစ်နေတယ်။
နောင်လာနောက်သားတွေဟာ Miss leading တွေဖြစ်ပြီးတကယ်နဲ့ အာလူးတွေကိုမခွဲခြားမခန့် မှန်းတတ်အောင်လဲဖြစ်နေကြတယ်။
သမိုင်းမှန်မသိတော့ မြန်မာပြည်ဖြစ်ပေါ်လာပုံအစစ်အမှန်ကိုလဲဘဲ အလွဲလွဲအချော်ချော်ပုံဖေါ်နေကြတော့
ကာ ပြည်ထောင်စု အတုစစ်စစ်နဲ့ ဘယ်လိုမှမအေးနိုင်၊ မဖြစ်နိုင်ဘူးဆိုတာကို သိတ်ပြီး မယုံသလိုလိုဖြစ်နေကြတာပေါ့။

ထိုင်းတွေကံကောင်းသွားတာက အင်္ဂလိပ်ခေတ်မတိုင်မီထဲက မြန်မာကိုပြန်တိုက်ထုတ်နိုင်ခဲ့လို့ ဘဲ။
အဲလိုသာမနိုင်ခဲ့ရင် ခုဆိုထိုင်းကလဲ သျှမ်းလိုဘဲ မြန်မာပြည်ရဲ့ အတုအရောင်ပြည်နယ်တခုထဲမှာအပါအ၀င်ဖြစ်ပြီး
မြန်မာမင်းတွေရဲ့ သမိုင်းကိုဘဲ ထိုင်းသမိုင်းအဖြစ်သင်ကြား၊ ဗမာစာသည်တို့ စာ ဗမာစကားသည် တို့ စကား လို့ ရွတ်ဖတ်နေကြရင်း ကမ္ဘာမကျေဗမာပြေ ဒို့ ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နှိုးသလေ..
ဆိုတာကိုဘဲကုန်းအော်သီဆိုနေကြရမှာမလွဲပေါ့၊

ဒီတော့ ဒီမှာဘဲချုပ်လိုက်မယ်ဆိုရင် မြန်မာပြည်ရဲ့ လွတ်လပ်ရေးရှယ်ရာထည့်ဝင်ရင်းနှီးခဲ့ကြတဲ့(၈) လူမျိုးစု တပြည်နယ်စီရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်တန်းတူမရှိဘဲနဲ့ ပြည်ထောင်စုစစ်စစ်မဖြစ်လာနိုင် သလို ပြည်ထောင်စုစစ်စစ်မဖြစ်လာဘဲနဲ့ လဲ
တတိယကမ္ဘာစစ်တိုင်အောင် ငြိမ်းချမ်းဖို့ မရှိဘူးဆိုတဲ့ အခြေအနေမှန် ရောဂါမှန်ကို သိရှိကြဖို့ အသိပေးချင်တယ်။ တဆက်တည်းမှာဘဲ
ငြိမ်းချမ်းရေးအရသာကိုတကယ်ဘဲခံစားကြချင်တယ်ဆိုရင် ဖက်ဒရယ်ပြည်ထောင်စု စစ်စစ် တည်ဆောက်ရေးကို မပျက်မကွက် ၀ိုင်းဝန်းအားစိုက်ကြဖို့ တလမ်းဘဲရှိပါတော့တယ်.........



1 comment:

Anonymous said...

Good job, brother.

Post a Comment